ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးစေရန် ပြုစုပျိုးထောင်ခြင်း

မိဘများအနေဖြင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ကလေးကို လိမ္မာရေးခြား ရှိစေချင်၊ ပါရမီတစ်ခုခု ပါစေချင်ကြသည်။ အနည်းဆုံး တန်ဖိုးရှိအသုံးဝင်သော လူတစ်ယောက် ဖြစ်လာစေ ချင်ကြသည်။ အချို့မိဘများသည် သူတို့ကလေးများအား ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း စသည်တို့နှင့် ရင်းနှီးစေ ကြသည်။ အချို့မှာ အားကစားတစ်ခုခုနှင့် ရင်းနှီးကျွမ်းဝင် စေသည်။ ဂီတဆိုရင်ရော? သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးအောင် ဘယ်လို ပြုစုပျိုးထောင်မလဲ။ အသံတွေအကြောင်း ပထမဆုံးသင်ကြားပေးပါ။ ဂီတသည် ပတ်ဝန်းကျင်မှာ ရှိသည့် ရိုးရှင်းသော အရာတွေစီမှ လာတယ်ဆိုတာကို သင့်ကလေးအား သိပါစေ။ အိမ်အပြန်လမ်း တွင် သင့်ကလေးအား ထရပ်ကားများ၏ အသံကို စက္ကန့် အနည်းငယ် ပေးနားထောင်ပါ။ မီးဖိုချောင်ထဲတွင် ချက်ပြုတ် နေစဉ် သစ်သီးဖျော်စက်မှ ဆူညံသံကို သင့်ကလေးအား သတိထား နားထောင်ခိုင်းကြည့်ပါ။ ကဗျာဆန်ဆန်ဆိုလျှင် သင့်ကလေး အား […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင့်ကလေးသည် အလွန်ရွှင်ပျ ဖျတ်လတ်နေသလား

သင့်ကလေးသည် စွမ်းအင်ပြည့်ဝနေပုံ ပေါ်သည်။ တစ်နေ့လုံး ဆော့ကစားနေပြီး ရပ်ရန်ပြောသောအခါ အိမ် တွင် ငိုပြီး ဂျီကျနေသည်။ ကလေးများ အားလုံးသည် လှုပ်ရှား တက်ကြွသည်ဟု ထင်သောကြောင့် သင်သည် ၎င်းကို ပုံမှန်ဟု မြင်သည်။ သို့သော်လည်း အလွန်အမင်း ရွှင်ပျဖျတ်လတ်နေသော ကလေးသည် အာရုံစူးစိုက်မှု မရသော အလွန်တက်ကြွသည့်ရောဂါ ဖြစ်နေနိုင်သည်ကို သင်တွေးဖူးပါသလား။ အာရုံစူးစိုက်မှု မရသော အလွန်တက်ကြွသည့်ရောဂါ (AHDH) ဆိုတာဘာလဲ။ ၎င်းသည် ကလေးများနှင့် ဆယ်ကျော်သက်များ တွင် အဖြစ်များသော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ မကြာသေးမီက လေ့လာမှုတစ်ခုအရ AHDH သည် အသက် ၇နှစ်အရွယ် ကလေးများတွင် ဖြစ်လေ့ရှိပြီး မိန်းကလေးများထက် ယောက်ျားလေးများတွင် ပိုဖြစ် သည်။ အောက်ပါ အချက်သုံးချက်ရှိပါက သင့်ကလေး တွင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးလေးကို အစာကျွေးဖို့ခက်နေသလား

ကလေးအများစုက အစာထွေးထုတ်ခြင်း၊ ကျွေးနေကျမဟုတ်တဲ့အစာတွေကို စားဖို့ငြင်းဆန်ရန်ကြိုးစားခြင်း၊ အချို့အချိန်တွေမှာ အစားစားဖို့ငြင်းခြင်းစတဲ့ အစားနဲ့ဆိုင်တဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သာ ကြည့်တတ်ကြပြီး ကလေးနေမကောင်းဖြစ်နေတယ်လို့ မမြင်တတ်ကြပါဘူး။ ကလေးက အချိန်အတော်ကြာ အစားကိုစိတ်မဝင်စားဘဲ အစာတွေ အရည်တွေကို ငြင်းနေမယ်ဆိုရင် သတိပြုရမယ့်ပြဿနာတွေရှိနေနိုင်ပါတယ်။ ကလေးအစားကျွေးမရခြင်းပြဿနာရဲ့ လက္ခဏာများ အစားကျွေးမရတဲ့ကလေးတွေမှာ လက္ခဏာအတော်များများပြတတ်ပါတယ်။ တစ်ယောက်ချင်းစီက သက်ဆိုင်ရာအခြေအနေနဲ့ အစားကျွေးမရခြင်းပြဿနာအပြင်းအထန်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အစာကျွေးမရတဲ့ကလေးငယ်တွေရဲ့ လက္ခဏာတွေက အစာကျွေးနေစဉ် နောက်ကျောနဲ့ ကိုယ်တစ်ကိုယ်လုံး ကုန်းနေခြင်း အစားကျွေးနေချိန် စိတ်ဝင်စားမှုမရှိခြင်း အစာအစာ၊ အရည်တွေကို ငြင်းဆန်ခြင်း အရောင်အဆင်းကွဲသွားတဲ့ အစာတွေကို ငြင်းဆန်ခြင်း အစားစားချိန်ကြာလွန်းခြင်း အစားဝါးရခက်ခြင်း နို့ဘူး ဒါမှမဟုတ် နို့တိုက်ရခက်ခြင်း အစားစားနေစဉ် ချောင်းဆိုးခြင်း၊ ပျို့ခြင်း သွားရည် တမြားမြားကျခြင်း အစားစားနေစဉ်၊ အရည်သောက်နေစဉ်တွင် အသက်ရှူခက်ခြင်း ထွေးထုတ်ခြင်း၊ အော့အန်ခြင်း အဆုတ်ရောင်ရောဂါ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးကြီးထွားမှုနှေးခြင်း

ကလေးကြီးထွားမှုနှေးခြင်း ဆိုတာဘာလဲ။ ကလေးကြီးထွားမှုနှေးခြင်းဆိုသည်မှာ ကလေးသည် သက်တူတန်းဖော် (အသက်တူ၊ လူမျိုးတူ၊ လိင်တူ) များ၏ ပျမ်းမျှအရပ်ကို မရောက်နိုင်ခြင်း ဖြစ်သည်။ ဤအခြေအနေ သည် ကျန်းမာရေး မကောင်းခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ ကြောင့် ဖြစ်နိုင်သည်။ ကြီးထွားမှုနှေးခြင်းသည် ကလေးများအပေါ် ဘယ်လိုသက် ရောက်နိုင်သလဲ။ ကလေး၏ ပထမ အသက်၅နှစ်တွင် အရပ်အလွန်ပုခြင်း သည် သေဆုံးနိုင်သော လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ပထမ ရက် ၁၀၀၀ တွင် အာဟာရ ချို့တဲ့ခြင်းသည် ကလေး၏ ပညာရေးကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန်ကျခြင်း၊ ညဏ် ရည်မကောင်းခြင်း၊ အလုပ်ရနိုင်ချေ နည်းခြင်း၊ ဝင်ငွေနည်းခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။ ရှာဖွေ တွေ့ရှိချက်များအရ ကြီးထွားမှုနှေးသော အမေများ၏ ကလေးများသည် အသက် ငယ်ရွယ်စဉ် သေဆုံးကြသည်။ ဘာအရာတွေက ကလေး၏ ကြီးထွားမှုကို […]


ကလေးငယ်ပထမနှစ်

သင့်ကလေး ပထမဆုံးပြောမည့် စကားလုံးများ

ကလေးများဟာ စကားလုံးတွေကို သေချာ မပြောနိုင်သေးခင်မှာ ပြောသမျှဟာ အဓိပ္ပါယ်ကောက် မရဘဲ တတွတ်တွတ်ပြောနေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အဓိပ္ပါယ်မပေါ်သေးပေမယ့် ကလေးတွေရဲ့ ဘာသာစကား ဖွံ့ဖြိုးမှုအတွက်တော့ အရေးကြီးတဲ့ မှတ်တိုင်တခုပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ သူတို့ဆီက စကားလုံးတွေကို ပီပီသသကြားရပါမလဲ? ဒီဆောင်းပါးမှာ ကလေးတွေ ပထမဆုံး ပြောတတ်တဲ့ စကားတွေအကြောင်း၊ သင့်ကလေးရဲ့ ဘာသာစကား စွမ်းရည်ကို ဖွံ့ဖြိုးဖို့ ဘယ်လိုကူညီရမယ့်အကြောင်း ဖော်ပြပေးပါမယ်။ ဘယ်အချိန်မှာ ကလေးတွေ ပထမဆုံး စကား စပြောသလဲ ကလေးများ စတင်ပြောဆိုတာကတော့ စကားနဲ့ မဟုတ်ပါဘူး။ မွေးပြီးခါစမှာ ငိုယိုခြင်း၊ အော်ဟစ်ခြင်း၊ မအီမသာဖြစ်၍ အသံပြုခြင်း စတာတွေပဲ ဖြစ်ပါတယ်။ နောက်လတွေမှာတော့ အောက်ပါအတိုင်း ဖွံ့ဖြိုးလာပါလိမ့်မယ်။ ၃ လ ၃လအရွယ် ကလေးတွေဟာ သင့်စကားပြောတာကို ကြည့်နိုင်ပြီး နားလည်းထောင်တတ်ပါတယ်။ ဒါ့အပြင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို သတိတရားရှိအောင် စတင်သင်ကြားပါ

မိဘများဟာ ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားတတ်ကြသလို စိတ်ပိုင်းဆိုင်ရာကိုလည်း လစ်လျူရှုထားလို့ မရပါဘူး။ ယနေ့ခေတ်ကာလမှာ အရာရာဟာ မြန်ဆန်လွန်းတာမို့ မိမိကိုယ်ကို သိပ်ပြီး ဂရုစိုက်နေချိန်မရပါဘူး။ အဲဒီအခါ အပျက်သဘောဆောင်တဲ့ အတွေးတွေ၊ ခံစားမှုတွေ ဝင်လာပါတယ်။ အပျက်သဘောအတွေးတွေ လျှော့ချဖို့အတွက် ငယ်ရွယ်စဉ်ကတည်းက သတိတရား လက်ကိုင်ထားတတ်အောင် လေ့ကျင့်ယူရပါမယ်။ သင့်ကလေးများကို အခုကတည်းက စတင်သင်ကြားပေးရအောင်။ သတိတရားဆိုတာဘာလဲ သတိတရားရှိခြင်းဆိုတာ တကယ်တော့ ရိုးရှင်းပါတယ်။ မျက်မှောက် ဖြစ်ပျက်နေတာတွေကို သတိရှိရှိ သိမှတ်နေပြီး ဘဝကို အကဲဖြတ်ခြင်းမရှိဘဲ တွေ့ကြုံခံစားနေခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခတွေ ကြုံလာတိုင်း စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ နည်းလမ်းဖြစ်ပါတယ်။ သတိတရားရှိခြင်း၏ အကျိုးကျေးဇူး သတိတရားဆိုတာ သင့်ရဲ့ အတွေးအခေါ်၊ အမူအကျင့်ကို ပိုပြီး သတိပြုနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ မျက်မှောက်ကာလကို အာရုံစိုက်နိုင်ပြီး လုပ်ကိုင်ဆောင်ရွက်မှု […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် မျက်ရည်ကြောင်းပိတ်ခြင်း

ပုံမှန်မျက်ရည်ဖြစ်ပေါ်ခြင်းနှင့် မျက်ရည်လမ်းကြောင်း ပိတ်ခြင်း အညစ်အကြေး အမှုန်အမွှားများကို ကာကွယ်ဖို့ မျက်လုံးမှာ စိုစွတ်တဲ့ မျက်ရည်ပြင် အလွှာ၃လွှာ ပါဝင်ပါတယ်။ ပထမဆုံး အဓိကအလွှာကတော့ မျက်လုံးအပေါ်ပိုင်းမှာရှိတဲ့ မျက်ရည်ဂလင်းက စီးထွက်လာပါတယ်။ မျက်တောင်ခတ်တဲ့အချိန်မှာ မျက်ခမ်းဟာ မျက်ရည်များကို မျက်လုံးမျက်နှာပြင်ပေါ် ပျံ့နှံ့သွားစေပါတယ်။ ဒုတိယအရည်ပြင်ကတော့ အဆီပါတဲ့အလွှာဖြစ်ပြီး မျက်ခမ်းမှာရှိတဲ့ မိုင်ဘိုးမီးယန်းလို့ခေါ်တဲ့ ဂလင်းကနေ လာပါတယ်။ နောက်ဆုံးအလွှာကတော့ အပါးလွှာဆုံးဖြစ်ပြီး မျက်ကြည်လွှာကို အာဟာရဓါတ်ပေးတဲ့အပြင် မျက်လုံးမျက်နှာပြင်မှာ မျက်ရည်ဓါတ်ကို မြဲစေပါတယ်။ ပုံမှန်အခြေအနေမှာ မျက်လုံးကနေ မျက်ရည်ထုတ်ပေးပြီး မျက်ရည်အိတ်ထဲကို မျက်ရည်ကြောလေးတွေကနေ သွားပါတယ်။ အဲဒီကတဆင့် မျက်ရည်လမ်းကြောင်းနဲ့ နှာခေါင်းထဲကို စီးပါတယ်။ တကယ်လို့ မျက်ရည်လမ်းကြောင်း ကောင်းကောင်း မစီးရင် ပိတ်ဆို့မှု ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် မွေးကင်းစနဲ့ ပုခက်တွင်းနေ အရွယ်တွေဟာ ပိုဖြစ်တတ်ပါတယ်။ ဘယ်အရာတွေက မျက်ရည်လမ်းကြောင်း […]


မိခင်နို့တိုက်ကျွေးခြင်း

အလုပ်လုပ်သောမိခင်များ မိမိကလေးများကို မိခင်နို့တိုက်ကျွေးရန် မှတ်သားဖွယ်ရာများ

ယနေ့ခေတ်အခါမှာ အမျိုးသမီးများဟာ မိမိကလေးကို နို့တိုက်ကျွေးဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့အကြား ဗျာများရတတ်ပါတယ်။ ကျန်းမာရေးဌာန၊ မိခင်နို့တိုက်ကျွေးခြင်း ကော်မတီရဲ့ ဥက္ကဌ ဒေါက်တာ ဆူဇန်နီရဲ့ အဆိုအရ အလုပ်လုပ်ကိုင်သူ အမျိုးသမီးများရဲ့ ၇၀%မှာ အသက်၃နှစ်အောက် ကလေးရှိပြီး ၃ပုံ၁ပုံခန့်ဟာ မီးဖွားပြီး ၃လအကြာမှာ လုပ်ငန်းခွင်ကို ပြန်ဝင်တယ်၊ ၃ပုံ၂ပုံဟာ ၆လအတွင်း ပြန်ဝင်တယ်လို့ သိရှိရပါတယ်။ မိခင်များဟာ မိခင်နို့တိုက်ဖို့နဲ့ အလုပ်ပြန်ဆင်းဖို့ကြား ရွေးချယ်စရာ ဖြစ်လာတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီ၂မျိုးကို အဆင်ပြေအောင် ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။ ကြိုတင်စီစဉ်ပါ မိမိရဲ့ အလုပ်ရှင်ဖြစ်စေ၊ လူ့အရင်းအမြစ်ဌာနကို ဖြစ်စေ မီးဖွားပြီးစ မိခင်များ ကလေးနို့တိုက်ရာမှာ ကူညီဖို့ ဘယ်လိုမူဝါဒတွေရှိတယ်ဆိုတာ စုံစမ်းပါ။ ဒါဟာ ဖြစ်နိုင်ခြေကိစ္စတွေအတွက် ကြိုတင်ပြင်ဆင် နိုင်ပါတယ်။ တချို့ ကုမ္ပဏီတွေဟာ မိခင်တွေ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သောကလေးများကို ပြုစုစောင့်ရှောက်ခြင်း

ကလေးများဟာ နတ်သား နတ်သမီးလေးများ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနတ်သား နတ်သမီး လေးတွေဟာ အမြဲတမ်း ပြီးပြည့်စုံ နေတာတော့ မဟုတ်ပါဘူး။ တခါတရံ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြုံရပါတယ်။ ဒီဆောင်းပါးမှာ ဒီကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ ဘာတွေကြုံနိုင်လဲဆိုတာ ဆွေးနွေးထားပါတယ်။ စိတ်ဖိစီးမှု စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိနေတဲ့ ကလေးတယောက်ကို ကိုင်တွယ်ရာမှာ အင်အားတွေ၊ ပြောင်းလွယ်ပြင်လွယ်မှုတွေ အများကြီးလိုပါတယ်။ ပုံမှန်ကလေးအတွက် လိုအပ်ချက်တွေသာမက အပိုဆောင်း ဂရုစိုက်ပေးရခြင်းတွေ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ ပြုစုစောင့်ရှောက်တဲ့ ကိစ္စတွေမှာ တာဝန်ယူရခြင်းဟာ ကြီးမားတဲ့ ဖိစီးမှုပါပဲ။ ဒီလိုအခြေအနေဟာ သင့်ကို ဖိစီးလွန်းလို့ အသက်ရှူ မဝနိုင်အောင် ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ အားပေးကူညီမှု၊ စာနာမှုတွေဟာ အရေးကြီး လှပါတယ်။ စိတ်ပိုင်းဆိုင်ရာ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးများ အကြားအာရုံချို့ယွင်းခြင်း

ကလေးတွေမှာ အကြားအာရုံ ချို့ယွင်းခြင်းဟာ ငယ်စဉ်ကာလမှာကတည်းက တွေ့ရတတ်ပါတယ်။ ဒါကြောင့် အကြားအာရုံ ချို့ယွင်းခြင်းကို မြန်နိုင်သမျှမြန်အောင် ကုသပေးဖို့ အရေးကြီးလှပါတယ်။ ဆေးဝါးကုသရင် တခြားကလေးတွေလိုပဲ ကြီးပြင်းလာနိုင်ပါတယ်။ ကလေးတွေမှာ ဘာကြောင့် အကြားအာရုံ ချို့ယွင်းကြသလဲ အဓိကပြသနာတွေကတော့ နားအတွင်း ပိုးဝင်ရောင်ရမ်းခြင်း။ ကလေးတွေမှာ တွေ့ရတတ်တဲ့ နားပိုးဝင်ခြင်း ဖြစ်ပါတယ်။ နားအလယ်ပိုင်းနဲ့ နှာခေါင်းကို ဆက်ထားတဲ့ ပြွန်လေးမှာ အရည်တွေ ပြည့်လာရင် ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အရည်များစုခြင်းဟာ ကလေးများရဲ့ အကြားအာရုံကို အနှောက်အယှက်ပေးပါတယ်။ မွေးရာပါပြသနာများ။ တချို့ကလေးများဟာ မွေးကတည်းက အကြားအာရုံနဲ့ ပတ်သက်တဲ့ ပြသနာတွေ ရှိနေတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ပါတယ်။ တခါတရံ ကလေးများ အကြားအာရုံပြသနာ ရှိခြင်းဟာ မိခင်များမှာ ဆီးချို၊ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း စတဲ့ရောဂါတွေ ရှိနေတာကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း