ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးပြုစုစောင့်ရှောက်ခြင်း

အမြွှာကလေးများကို တစ်ဦးချင်း ပြုစုစောင့်ရှောက်ခြင်း

ဘာကြောင့် အမြွှာကလေးများကို တစ်ဦးချင်း ဆက်ဆံသင့် သလဲ။ လူတိုင်းတွင် ကိုယ်ပိုင်လက္ခဏာရှိသကဲ့သို့ သင်၏ အမြွှာ ကလေးများတွင်လည်း ရှိပါသည်။ အမှန်မှာ သူတို့သည် ရုပ်ချင်းတူသော်လည်း သူတို့ကို အထုပ်တစ်ခုဟုမြင်ခြင်းထက် သီးခြား တစ်ဦးတစ်ယောက်အဖြစ်မြင်ခြင်းကို နှစ်သက်ပါ သည်။ သို့သော်လည်း လူများသည် အမြွှာများတွင် သီးခြား လက္ခဏာရှိသည်ကို လျစ်လျူရုကြသည်။ ၎င်းသည် သီးခြား ပင်ကိုယ်စရိုက် ဖြစ်ပေါ်မှုကို တားဆီးသည်။ သို့ဖြစ်သော ကြောင့် သူတို့ကြီးပြင်းလာသောအခါ ပြဿနာများစွာ တွေ့ကြုံရနိုင်သည်။ သူတို့သည် အရေးပါသော ဆုံးဖြတ်ချက်များကို အခြားတစ်ဦး၏ သဘောတူမှု မရှိဘဲ ကိုယ်တိုင်မလုပ်နိုင်သော ကြောင့် သူတို့ကို သူတို့လွတ်လပ်မှု ဆုံးရှုံးလာသည်ဟု ခံစားရနိုင်သည်။ သူတို့မိဘများနှင့် အခြားမိသားစုဝင်များ ကပင် အမြွှာများသည် အတွေးတူရှိသင့်သည်ဟု ယူဆသော ကြောင့် တူညီသော ရွေးချယ်မှုများကိုသာ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

လမစေ့ဘဲမွေးသော ကလေးများတွင်ဖြစ်သည့် အရိုးနှင့် အခြားကျန်းမာရေးပြသနာများ

လမစေ့ဘဲ ကလေးမွေးခြင်းသည် မွေးကင်းစ တစ်လအောက် ကလေးများတွင် အသေအများဆုံးဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ ထိုကလေးများသည် အသက်ရှင်သွားလျှင်ပင် အသက်ကြီးလာသည်နှင့်အမျှ ဖွံ့ဖြိုးမှုနှေးခြင်း၊ နာတာရှည် အဆုတ်ရောဂါဖြစ်ခြင်း နှင့် ဦးနှောက်ဉာဏ်ရည်မမီခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရပါသည်။ ထိုအခါ မိသားစုဝင်များသည်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် ဆေးကုသစရိတ်အတွက် ငွေရေးကြေးရေး မပြေလည်မှုများကြုံတွေ့လာရသည်။   လမစေ့ဘဲ မွေးသောကလေးများတွင် အသက်ကြီးလာလျှင် ထိုကလေး၏ အရိုးများကို ဘယ်လိုသက်ရောက်မှုဖြစ်စေသလဲ။ လမစေ့ဘဲ ကလေးမွေးခြင်း၏ အသိသာဆုံးသော နောက်ဆက်တွဲပြသနာမှာ အရိုးပြသနာများဖြစ်ခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးအပတ်များတွင် မိခင်ထံမှ ကယ်လ်ဆီယံဓါတ်များသည် သန္ဓေသားဆီသို့ရောက်ခြင်းဖြင့် သန္ဓေသား၏အရိုးများကို အားဖြည့်ပေးခြင်းဖြစ်သည်။ လမစေ့ဘဲမွေးသော ကလေးများတွင် ထိုဖြစ်စဉ်ကို မမီလိုက်သောကြောင့် အရိုးသိပ်သည်းဆလျော့နည်းကယ အသက်ကြီးလာသည်နှင့်အမျှ အရိုးပြသနာများဖြစ်လာရခြင်းဖြစ်ပေသည်။ ယင်းသီအိုရီကို အမေရိကန်နိုင်ငံ ဟော်မုန်းနှင့် အရိုးရောဂါလေ့လာရေးမှ Professor Unni Syversen ကလေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုလေ့လာမှုတွင် […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်များ အိမ်မှထွက်ပြေးခြင်းကို တားဆီးခြင်း

ဆယ်ကျော်သက်အရွယ်သည် လူငယ်များ သူတို့ကိုယ် တိုင်နှင့် သူတို့ဘဝတွင် ပြဿနာများစွာကို ကြုံတွေ့ရသော အသက်အရွယ် ဖြစ်သည်။ အိမ် သို့မဟုတ် ကျောင်းတွင် အခက်အခဲများ တွေ့ကြုံရခြင်းသည် ထွက်ပြေးရန် အကြံကို ဖြစ်စေသည်။ ဆယ်ကျော်သက်များသည် ဘာကြောင့်ထွက်ပြေးကြသလဲ။ ဆယ်ကျော်သက်များသည် အကြောင်းရင်းများစွာကြောင့် ထွက်ပြေးကြပါသည်။ သူတို့ကိုယ်တိုင်ကြောင့် စိတ်ဝင်စားမှု လွန်ကျူးခြင်း ( အွန်လိုင်းအချစ်၊ ဗီဒီယို ဂိမ်းများ၊ ဆေးများ) အမိန့်မနာခံခြင်း မိဘများက အိမ်တွင် ထိန်းသိမ်းထားခြင်း ချစ်သူကောင်လေးမှ ခိုးပြေးခြင်း မိသားစုနှင့် နေထိုင်ရာနေရာကြောင့် မိဘများ ရန်ဖြစ်ခြင်း သို့မဟုတ် ကွာရှင်းခြင်း မိသားစုဝင်အချင်းချင်း ကြင်နာမှု မရှိခြင်း မိသားစု အလွဲသုံးစားလုပ်ခြင်း ငွေကြေး ခက်ခဲခြင်း အိမ်နီးနားချင်းများ မကောင်းခြင်း ဆယ်ကျော်သက်လူငယ်များ ထွက်ပြေးနိုင်သော လက္ခဏာ များ စိတ်ခံစားမှု ပုံမှန်မဟုတ်ဘဲ ပြောင်းလဲခြင်း ပုံပန်းသွင်ပြင် သတိထားမိဖွယ် […]


ကလေးအစာခြေစနစ်ပြဿနာများ

ပဋိဇီဝဆေးကြောင့်ဖြစ်တဲ့ ကလေးတွေဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် Probiotics များ

ပဋိဇီဝဆေးတွေနဲ့ ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ။ ပဋိဇီဝဆေးတွေကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ခြင်း (ADD)ဆိုတာ colonial နဲ့ gastrotestinal microflora မညီမျှခြင်းကြောင့် ဖြစ်ရတဲ့ ရလဒ်ပါ။ ဒီအခြေအနေကတော့ ပဋိဇီဝဆေးတွေသောက်ရတဲ့ လူနာတွေမှာ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။ ဒီဝမ်းပျက်ခြင်းကိုတော့ ဗိုက်ထဲမှာ သက်တောင့်သက်သာမဖြစ်ခြင်းနဲ့အတူ တစ်ရက်ကို ယေဘုယျအားဖြင့် အကြိမ်ပေါင်းများစွာ ဝမ်းအရည်တွေချည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ Probiotic ဆိုတာဘာလဲ။ Probiotic ဆိုတာဟာ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေနဲ့ yeast တွေဖြစ်ပြီး သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်ကျန်းမာစေနိုင်ပါတယ်။ လူတိုင်းရဲ့အစာခြေလမ်းကြောင်းတွေမှာ လုံလောက်တဲ့ Probiotic တွေ ရှိနေပေမယ့်လည်း လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး လယ်ဗယ်တွေ ပြောင်းလဲတတ်ပါတယ်။ Probiotic တွေ နည်းပါးခြင်း၊ မရှိခြင်းဟာ အစာမကြေခြင်းနဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်း နည်းပါးစေပါတယ်။ ဒါတွေအားလုံးဟာ လူတစ်ဦးချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ Probiotics တွေပေးစွမ်းနိုင်တဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများ ဝမ်းချုပ်ခြင်း၊ ဝမ်းထွက်ကျခြင်း

ကလေးများရဲ့ အူလမ်းကြောင်း လှုပ်ရှားမှု မကောင်းတဲ့ အခါ ဝမ်းသွားဖို့ ခက်ခဲလာပါတယ်။ ၃ရက်ထက် ကျော်လာရင်တော့ ဝမ်းချုပ်ခြင်း ဖြစ်ပေါ်ပါတယ်။ ဒီအခြေအနေဟာ ကလေးများ အမျှင်ဓါတ်ကို လုံလောက်စွာ မစားခြင်း၊ ရေသောက်နည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အများသုံးသန့်စင်ခန်းတွေကို အသုံးပြုရမှာ ဝန်လေးတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်လာရင် ဝမ်းသွားဖို့ အားစိုက်တဲ့အခါ နာကျင်မှု ဖြစ်လာစေပါတယ်။ ဒါကြောင့်လည်း ကလေးများဟာ အောင့်ထားတတ်ကြပါတယ်။ ဒါဆိုရင် ဝမ်းချုပ်ခြင်း ၊ဝမ်းမထိန်းနိုင်ခြင်း၊ ဝမ်းထွက်ကျခြင်း ဆိုတာကရော? ဒီ၃မျိုးဟာ ဘာတွေများ ကွာခြားပါသလဲ။ ဝမ်းမထိန်းနိုင်ခြင်း ဝမ်းမထိန်းနိုင်ခြင်းဆိုတာကတော့ ဝမ်းသွားဖို့ မထိန်းချုပ်နိုင်ခြင်း၊ နောက်ဖေးသွားဖို့ ပမာဏ များလာတာကြောင့် မထိန်းနိုင်ခြင်းလို့လည်း ခေါ်ဝေါ်ပြီး ကလေးများရဲ့ အောက်ခံဘောင်းဘီထဲကို ပါချမိခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ မထိန်းချုပ်နိုင်ပါဘူး။ များသောအားဖြင့် ဝမ်းချုပ်တဲ့အခါ […]


အခြားကလေးကျန်းမာရေးပြဿနာများ

လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုများကြောင့် ကလေးများ၏ သင်ယူမှု၊ အမူအကျင့်နှင့် ကျန်းမာရေးတွင် ထိခိုက်မှုဖြစ်ခြင်း

ကလေးများဟာ ထိရှလွယ်ပြီး ဆိုးကျိုးဖြစ်စေတဲ့ အကြောင်းအရာတွေက သက်ရောက်မှု လွယ်ကူပါတယ်။ ပြသနာတခုကတော့ လူမျိုးခွဲခြားမှု၊ အကြမ်းဖက်မှုတွေကို ခံစားရခြင်း ဖြစ်ပါတယ်။ သုတေသနတွေအရ ဒီပြသနာတွေကို ငယ်ရွယ်စဉ်မှာ ကြုံဖူးတဲ့ကလေးတွေဟာ သူတို့ရဲ့ သင်ယူမှု၊ အမူအကျင့်နဲ့ ကျန်းမာရေးကိစ္စတွေမှာ ရေရှည်ထိခိုက်မှု ဖြစ်စေပါတယ်။ ကလေးများတွင် ဆိုးရွားသော ဖိအားသက်ရောက်ခြင်း လူမျိုးခွဲခြားမှု ဒေါက်တာဂီးလ်ဘတ်နဲ့အဖွဲ့ရဲ့ သုတေသနပြုချက်အရ လူမျိုးရေးခွဲခြားမှုကြောင့် ကျန်းမာရေးချို့ယွင်းခြင်းပါ ဖြစ်ပေါ်စေပါတယ်။ အလားအလာရှိတဲ့ ကလေးများကို လူမျိုးရေး ခွဲခြားခံရမှုဟာ သူတို့ရဲ့ အနာဂတ် အခွင့်အလမ်းတွေကို ထိခိုက်မှု ဖြစ်စေပါတယ်။ ဆိုးရွားပြီး ရေရှည်ကြုံရတဲ့ အခြေအနေဆိုရင် လူ့သက်တမ်းပါ တိုစေနိုင်ပါတယ်။ ကလေးများငယ်စဉ်မှာ ခွဲခြားခံရရင် ဖိအားတွေ ကြုံနိုင်ပါတယ်။ ဒီဖိအားဟာ ကလေးများ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အာရုံကြောများ ဆက်သွယ်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ နောက်ထပ် တွေ့ရှိချက်အရ လူမျိုးခွဲခြားခံရသူများဟာ အဆီများတဲ့ အစာတွေ ပိုမိုစားသုံးပြီး […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် အစာမတည့်ခြင်း

အစာမတည့်ခြင်းဆိုတာ ဘာလဲ အစာမတည့်ခြင်းဆိုတာ ကိုယ်ခန္ဓါကနေ အစာတမျိုးမျိုးကို အန္တရာယ်ရှိတဲ့ ပစ္စည်းအနေနဲ့ ယူဆပြီး ကိုယ်ခံအားစနစ်ကို တိုက်ထုတ်ဖို့ အချက်ပြတဲ့အခါ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အစာနဲ့ဘယ်လိုထိတွေ့ပုံမဆို (ထိကိုင်ခြင်း၊ စားခြင်း၊ ရှူခြင်း) ဓါတုပစ္စည်းတချိုပကို ကိုယ်ခန္ဓါကနေ ထွက်ပေါ်လာစေပါတယ်။ ဟစ်တမင်းဟာ တခုအပါအဝင်ဖြစ်ပါတယ်။ သူဟာ အသက်ရှူစနစ်၊ အစာခြေစနစ်၊ နှလုံးသွေးကြောစနစ်တွေကို သက်ရောက်စေတဲ့ ဓါတ်မတည့်မှု လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ ကလေးမှာ အစာမတည့်မှုဖြစ်တာကို ဘယ်လိုသိနိုင်လဲ အောက်ပါလက္ခဏာတွေ အဖြစ်များပါတယ်။ မျက်နှာနီရဲလာခြင်း အင်ပျဉ်ထခြင်း နီရဲယားယံလာခြင်း နှုတ်ခမ်း၊ မျက်လုံး၊ မျက်နှာ ရောင်လာခြင်း နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ နှာစေးခြင်း၊ မျက်ရည်ကျခြင်း ပျို့ခြင်း၊ ထိုးအန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း ပါးစပ်နှင့် လည်ချောင်း ယားယံခြင်း ဓါတ်မတည့်မှုပိုဆိုးလာရင် အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ဖန်တီးနိုင်စွမ်းနဲ့ မိမိဖာသာဖော်ပြနိုင်စွမ်းကို မြေတောင်မြှောက်ပေးခြင်း

အများစုရဲ့ ယုံကြည်မှုနဲ့ မကိုက်ညီတာက ဖန်တီးနိုင်စွမ်းဟာ မွေးရာပါစွမ်းရည်ကြောင့်သာ မဟုတ်ဘဲ မိဘများရဲ့ မြေတောင်မြှောက်ပေးခြင်းနဲ့ သင်ယူဖြည့်ဆည်းနိုင်ပါတယ်။ မိမိခံစားမှုကို ဖော်ထုတ်ပြနိုင်စွမ်းဟာလည်း ကလေးများဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာ လေ့လာကြည့်ရအောင်။ တီထွင်ဖန်တီးနိုင်စွမ်း တီထွင်ဖန်တီးနိုင်ခြင်းဆိုရာမှာ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကိစ္စတွေအားလုံး အကျုံးဝင်ပါတယ်။ ဖန်တီးနိုင်စွမ်းရှိခြင်းဟာ ကလေးတွေကို ပြသနာဖြေရှင်းနိုင်သူများ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်သူများ ဖြစ်လာစေပါတယ်။ ဒီအချက်တွေဟာ အောင်မြင်မှုအတွက် သော့ချက်ပါပဲ။ အောက်ပါအချက်တွေကတော့ တီထွင်ဖန်တီးနိုင်စွမ်းကို ပျိုးထောင်ပေးရာမှာ မှတ်သားသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ လွတ်လပ်မှုပေးပါ ဒီနေရာမှာ အချိန်နဲ့နေရာကို ဆိုလိုပါတယ်။ အချိန်ဟာ တီထွင်ဖန်တီးနိုင်မှုအတွက် အဓိကကျတဲ့ အချက် ဖြစ်ပါတယ်။ ကလေးတွေကို ရှာဖွေစူးစမ်းဖို့၊ ထိတွေ့မြင်ယောင်ဖို့၊ သူတို့စိတ်ကူးစိတ်သန်းနဲ့ လုပ်ကိုင်နိုင်ဖို့ အချိန်တခုပေးပါ။ ကစားစရာအသစ်တွေ ပေးတိုင်းမှာ စည်းမျဉ်းအသစ်တွေ မပြောပြဘဲ သူတို့ဖာသာ စူးစမ်းပါစေ။ နေရာဟာလည်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

အစာစားချင်စိတ်မရှိတဲ့ ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ

ယနေ့အချိန်ထိလည်း အစာစားပုံမူမမှန်တဲ့ (eating disorders)ရောဂါတွေရဲ့ အဓိကအကြောင်းရင်းကို မသိနိုင်ကြသေးပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနဲ့ ပတ်ဝန်းကျင်ပြဿနာတွေ အားလုံးပေါင်းစည်းသွားခြင်းရဲ့ ရလဒ်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ၊ ဒါဟာ ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဆီ ဦးတည်စေနိုင်ပါတယ်။ ကလေးတွေဟာ စားချင်စိတ်ဘာဖြစ်လို့အစောကြီးဆုံးရှုံးရတာလဲ။ Anorexia ဟာ ကလေးဘဝမှာ ဒါမှမဟုတ် အရွယ်ရောက်ကာစအခြေအနေမျိုးမှာ အဖြစ်များတဲ့ အစားအသောက်ဆိုင်ရာမူမမှန်မှု ပြဿနာတစ်မျိုးပါ။ အကြောင်းရင်းကတော့ ဝလာမှာကြောက်လို့ ဒါမှမဟုတ် ကျောင်းကအခြားသူငယ်ချင်းတွေ စမှာစိုးလို့ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ မိန်းကလေးငယ်တွေကတော့ ပိုပြီးဖြစ်လွယ်ကြပါတယ်။ anorexia ခံစားနေရတဲ့ထဲကမှ ၅%ကနေ ၁၅%ထိသာ ယောက်ျားလေးတွေဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ စားသောက်မှုဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်းလည်း များစွာရှိပါတယ်။ အဖြစ်အများဆုံးတွေကတော့.. - သူတို့တွေ ပိုပိန်လေ ကျန်းမာရေးပိုကောင်းနိုင်လေလို့ အသိအမြင်မှားတာပါ။ - ကလေးတွေအပေါ် သူတို့ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ စကားတွေ၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုစု ပျိုးထောင်ပေးခြင်း

လူကြီးများကဲ့သို့ ကလေးများတွင်လည်း စိတ်ဖိစီးမှု ရှိတတ်ကြသည်။ ကျောင်း၊ လူမှုပတ်ဝန်းကျင်၊ မိသားစု ပဋိပက္ခများသည် ကလေးများအား ဝန်ထုတ်ဝန်ပိုးဖြစ်စေ၍ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါသည်။ မိဘများအနေဖြင့် ကလေး၏ စိတ်ဖိစီးမှုကို ကျန်းမာပျော်ရွှင်စေသော နည်းလမ်းများဖြင့် ကူညီဖြေရှင်း ပေးနိုင်ကြပါသည်။ သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုစု ပျိုးထောင်ပေးခြင်း သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် အခုလို ပြုစု ပျိုးထောင်ပေးလို့ ရအောင်ပါ။ သင့်ကလေး၏ စိတ်ဖိစီးမှုကို သတိထားမိကြောင်းပြောပြပါ။ သင့်ကလေး တစ်ခုခုဖြစ်နေသည်ဟု သတိထားမိလျှင် ကလေးနှင့် စကားပြောဆို ကြည့်သင့်ပါသည်။ သင့်ကလေး၏ စိတ်ဖိစီးမှုကို ရုတ်တရက် သတိထားမိလိုက် သကဲ့သို့ လိမ္မာပါးနပ်စွာ ပြောဆိုကြည့်သင့်သည်။ ထိုအခါ သူတို့ကို ဂရုစိုက်သည်ဟု ခံစားရလာလိမ့်မည်။ အချိန်ပြည့် အချိန်ဇယားများ ဆွဲပေးထားခြင်းမျိုး မလုပ်ပါနှင့်။ ကျောင်း၌ နာရီများစွာ တက်ရသည့်အပြင် အချိန်ပိုများ၊ အိမ်စာများ စသည်တို့ဖြင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း