ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်အရွယ် sexting

Sexting ဆိုတာဘာလဲ။ Sexting ကို sex texting လို့လဲ သိကြပြီး လက်ကိုင်ဖုန်း သို့မဟုတ် အင်တာနက်မှာတဆင့် ဗီဒီယို၊ စာတို၊ လိင်ပိုင်းဆိုင်ရာ ပုံများကို အတိအလင်း ပေးပို့ခြင်း၊ လက်ခံခြင်း၊ သို့မဟုတ် တဆင့်ပို့ခြင်းတို့ကို ဆိုလိုပါတယ်။ Sexting မှာ ဥပမာအများအပြားရှိပါတယ်။ - ဝတ်လစ်စလစ် သို့မဟုတ် ဝတ်လစ်စလစ်နီးပါး ဓါတ်ပုံ သို့မဟုတ် selfies - ဝတ်လစ်စလစ်၊ သံဝါသ၊ သို့မဟုတ် လိင်စိတ်လှုံ့ဆော်သော အခန်းများပါတဲ့ ဗီဒီယိုများ - သံဝါသအပြုအမူ သို့မဟုတ် သံဝါသပြုဖို့ ရည်ညွှန်းသော စာတိုများ ဆယ်ကျော်သက်တွေ ဘာလို့ sext လုပ်ကြတာလဲ။ ဆယ်ကျော်သက်တွေ sext လုပ်တဲ့အတွက် အပြစ်တင်ရမယ့် အကြောင်းအရာတွေ အများကြီးပါပဲ။ - ဟာသအဖြစ် လုပ်ခြင်း၊ အာရုံစိုက်မှု ခံလိုခြင်း - သူငယ်ချင်းတွေရဲ့ ဖိအားပေးမှု - ဆွဲဆောင်မှု တစ်မျိုး - […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်တွေနဲ့ OTCဆေး အလွဲသုံးစားသုံးစွဲမှု

OTC ဆေးတွေကို အလွဲသုံးစားလုပ်ခြင်းက ၁၃ နှစ်ကနေ ၁၆နှစ်အတွင်းမှာရှိတဲ့ ဆယ်ကျော်သက်လေးတွေအတွက်သာ ရေပန်းစားတာမဟုတ်ဘဲ ဒီနှစ်ပိုင်းအတွင်းမှာကလေးတွေကြားထဲမှာလည်း အလွန်ကို ရေပန်းစားလာတာပါ။ ကယ်လီဖိုးနီးယားမှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ ဖြေဆိုသူ ၁၆.၂%ဟာ OTCဆေးဝါးတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ ဒါဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ (အသက် ၁၂နှစ်မှ ၂၅နှစ်အတွင်း) လူပေါင်း ၃သန်းကျော်ဟာ OTCဆေးဝါးတွေကို သုံးစွဲမူးယစ်ဖို့ ကြိုးစားခဲ့တယ်လို့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဆယ်ကျော်သက် ထောင်ပေါင်းများစွာဟာ အရက်နဲ့ အခြားသော မူးယစ်ဆေးတွေနဲ့အတူ OTCဆေးဝါးတွေကိုလည်း သုံးစွဲဖို့ခွင့်ပြုထားတာထက် (အဆ ၃၀ မှ ၄၀ခန့်လောက်ထိ) အများကြီးပိုပြီး သုံးစွဲနေကြပါတယ်။ အထူးသဖြင့် ပါတီတွေ၊ ဘားတွေ သို့မဟုတ် ကလပ်တွေမှာပေါ့။ OTC ဆေးဝါးတွေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း OTCဆေးဝါးတွေကို မိသားစု အများစုမှာ တွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

အိပ်စက်ခြင်းနဲ့ ဖွံ့ဖြိုးခြင်းတို့ရဲ့ ဆက်နွှယ်မှု

လေ့လာမှုအသစ်တွေအရတော့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်ခြင်းဟာ မကြာခဏအိပ်စက်ခြင်းတို့နဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ၄၈နာရီအတွင်းမှာ တိုင်းတာထားရရှိထားတဲ့ တစ်နေ့တာလုံး အိပ်စက်ခဲ့တဲ့ အကြိမ်အရေအတွက်တွေနဲ့ အချိန်ကာလအပိုင်းအခြားဟာ ခန္ဓါကိုယ်အလျားဖွံ့ဖြိုးလာမှုနဲ့ သိသာထင်ရှားစွာ ဆက်စပ်နေပါတယ်။ နောက်ထပ်လေ့လာမှုတွေကတော့ အိပ်ချိန်တစ်နာရီစာပိုရင် ၂၀% နဲ့ အိပ်တဲ့အကြိမ်အရေအတွက် တစ်ကြိမ်ပိုလာရင် ၄၃% ကြီးထွားမှုဖွံ့ဖြိုးမှု မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အိပ်စက်ခြင်း၊ ကြီးထွားမှုနဲ့ ဟော်မုန်းများ လူတွေကိုကြီးထွားစေတဲ့ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ရဲ့ endocrine စနစ်အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေပါ။ အထူးသဖြင့်တော့ ကလေးငယ်တွေကို ကြီးထွားဖွံ့ဖြိုးစေတဲ့နေရာမှာ ပါဝင်ပါတယ်။ (ကလေးတွေ အရပ်ရှည်လာစေတဲ့ ဇီဝကမ္မဖြစ်စဉ်ကတော့ ဒါတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။) HGH ကိုသွေးကြောထဲရောက်အောင် အိပ်ပျော်နေစဉ်မှာ ဦးနှောက်က ထုတ်ပေးပါတယ်။ ပြီးတော့ ဒီထုတ်လွှတ်မှုဟာ အိပ်စက်နေစဉ်အတွင်း ပြန်လည်ပြုပြင်ခြင်းနဲ့ သိုလှောင်ခြင်းတွေ လုပ်ဆောင်နိုင်ခြင်းအတွက် အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီဟော်မုန်းဟာ ဦးနှောက်ရဲ့ Pituitaryဂလင်းကထုတ်လွှတ်ပေးတဲ့ ရှုပ်ထွေးတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပြီး […]


ကလေးပြုစုစောင့်ရှောက်ခြင်း

နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း တို့ကြားက ကွာခြားချက်များ

နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း(bullying) တွေမှာ ပုံမှန်အားဖြင့် ကျွန်တော်တို့ အမြင်မှာ ရယ်စရာကောင်းနေတဲ့သူတစ်ယောက်ယောက်ကို ရယ်စရာလုပ်ခြင်း၊ သူတို့ကို သုံးစားမရဘူးဆိုတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ခြင်း၊ စနောက်ခြင်း၊ နှောက်ယှက်ခြင်း သို့မဟုတ် သူတို့ကိုဦးတည်လို့ ဟာသလုပ်နေခြင်း စတာတွေ ပါဝင်ပါတယ်။ တစ်ခါတလေမှာ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းတွေဟာ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်တတ်ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းရဲ့ကြားမှာ အရေးပါတဲ့ ကွာဟမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်း ကြားက ကွာခြားမှုများ စနောက်ခြင်းမှာတော့ ကစားလိုခြင်းနဲ့ ပျော်ပျော်ပါးပါး ဟာသလုပ်ခြင်းတွေပါဝင်ပါတယ်။ စနောက်ခြင်းမှာ လူမျိုး၊ ဘာသာ၊ ပုံပန်းသဏ္ဍာန်နဲ့ အခြားသော တစ်ဘက်သားရဲ့သိသာထင်ရှားထူးခြားနေခြင်းတွေ ပါဝင်ခဲပါတယ်။ အနိုင်ကျင့်ခြင်းမှာတော့ ကစားလိုခြင်းတွေ နဲ့ ဟာသဖောက်ခြင်း (Mutual joshing around) တွေ မပါဝင်ပါဘူး။ အနိုင်ကျင့်ခြင်းမှာ ဘာသာရေး၊ လူမျိုးရေး၊ ပုံပန်းသဏ္ဍာန်နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို သင်ကြားပေးရန် တန်ဖိုးများ

ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခြင်းကို အဓိကထားသော ခေတ်ကြီး ထဲတွင် ကိုယ်ကျင့်တရားတန်ဖိုးများကို အသိအမှတ်ပြုခြင်း နည်းလာပါသည်။ မိဘတစ်ဦးအနေဖြင့် သင့်ကလေးများကို စောစီးသောအချိန်ကတည်းက လူများနှင့် ဆက်ဆံရေးများနှင့် ဆိုင်သော တန်ဖိုးများ၊ အပြုအမူကောင်းများ ရရှိစေရန် သင်ကြားပြသ ပေးရမည်။ ၎င်းသည် သူတို့ကို ရုပ်ဝတ္ထု ပစ္စည်းများ စွဲလန်းခြင်း၏ အန္တရာယ်ကို သတိပြုစေရုံသာမက သူတို့၏ ဂုဏ်အင်္ဂါကို ဖော်ညွှန်းရာတွင်လည်း ကူညီပေးနိုင် ပါသည်။ ကြင်နာခြင်း ကလေးငယ်များသည် မိဘများ၏ မေတ္တာ၊ ဂရုစိုက်မှုတို့ဖြင့် ကြီးပြင်းလာရသောကြောင့် သူတို့သည် တစ်ကိုယ်ကောင်း ဆန်နိုင်ပြီး အခြားသူများ၏ ခံစားမှုကို နားလည်ရန် ခက်ခဲကြ သည်။ သင့်ကလေးသည် အစပိုင်းတွင် ကြင်နာခြင်း၊ လေးနက် စွာ တွေးခေါ်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်းစသော တန်ဖိုးများကို နားမလည်နိုင်ပါ။ ဘယ်လိုမျှဝေရမလဲနှင့် မျှဝေခြင်း၏ တန်ဖိုး […]


ကလေးငယ်အာဟာရ

ကလေးတွေ ဖွံ့ဖြိုးမှုမှာ omega 3 နဲ့ omega 6 တို့ရဲ့ အရေးပါမှု၊ မိခင်တွေအနေနဲ့ omega 3 အကြောင်း ဘာတွေသိထားဖို့ လိုအပ်သလဲ

Omega 3 ကို လူတွေရဲ့ ကျန်းမာရေး၊ အထူးသဖြင့် ကလေးတွေ ဖွံ့ဖြိုးမှုအတွက် ကောင်းကျိုးအများရရှိမှုနဲ့ ပတ်သက်ပြီး သိကြတာ ကြာပါပြီ။ ဒါပေမယ့် omega 3 ချို့တဲ့တဲ့ အစားအသောက်သာ စားရတဲ့ ကလေးတွေ အများအပြားရှိပါသေးတယ်။ သင့်ကလေးတွေရော။ Omega 3 ဆိုတာဘာလဲ။ Omega 3 fatty acids ဆိုတာ သင့်ခန္ဓါကိုယ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ omega 3 အဓိကအရေးကြီးတဲ့ အမျိုးအစား ၂မျိုးရှိပါတယ်။ EPA နဲ့ DHA ပါ။ ဒါ့အပြင် ALA လည်းပါဝင်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ် အထူးသဖြင့် ကလေးတွေရဲ့ ခန္ဓါကိုယ်ဟာ ကျန်းမာရေး အန္ထရာယ်အတော်များများကို ရှောင်ရှားဖို့နဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ omega […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေရဲ့ ကြီးထွားမှုအတွက် ဗီတာမင်တွေရဲ့ အရေးပါမှုများ

ဗီတာမင်ဆိုတာကတော့ အခြေခံအားဖြင့် ရှင်သန်ခြင်းရဲ့ အဓိက ရင်းမြစ်လို့ အဓိပ္ပါယ်ရပါတယ်။ ဗီတာမင်တွေနဲ့သတ္တုဓါတ်တွေဟာ ကျွန်တော်တို့ခန္ဓါကိုယ်တွေ အထူးသဖြင့် ကလေးတွေအတွက် အရေးပါတဲ့ ကွန်ပေါင်းတွေပါပဲ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကျွန်တော်တို့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင် အရိုးတွေ၊ ကြွက်သားတွေ၊ အရည်ပြားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ တည်ဆောက်နိုင်ဖို့အတွက်နဲ့ ကူးစက်ရောဂါတွေကိုလည်း ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တစ်ခုခု ချို့တဲ့ခြင်းဟာ ပြင်းထန်တဲ့ ပြဿနာတွေအများစုကို ဦးတည်စေတတ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်များ ၊ အခြေခံများ သင့်ကလေးဟာ သူ့ရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ (essential vitamins and minerals)ကို လိုအပ်ပါတယ်။ ဒီထဲမှာတော့ ဗီတာမင် A, B, C, D, E စသဖြင့်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ အိုင်အိုဒင်း၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မူကြိုအရွယ်တွင် လုံလောက်စွာ မအိပ်စက်ခြင်း၏ အကျိုးဆက်များ

မူကြိုအရွယ်ဆိုသည်မှာ ကလေးငယ်များ မူလတန်း ကျောင်းတွင် အတန်းပညာ မတက်မီ အသက် ၃နှစ်မှ ၅နှစ် အရွယ်ကို ခေါ်ပါသည်။ ယေဘုယျအားဖြင့် မူကြိုကလေး များသည် ၁၁ နာရီမှ ၁၃နာရီအထိ အိပ်စက်ရန် လိုအပ်သည်။ ထိုအသက်အရွယ်တွင် လုံလောက်စွာ မအိပ်ခြင်းသည် ပြဿ နာတစ်ခု ဖြစ်ပြီး ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေသည်။ မူကြိုကလေးများတွင် အိပ်ရေးပျက်ခြင်း၏ လက္ခဏာများ အဖြစ်အများဆုံး လက္ခဏာများမှာ မနက်တွင် အိပ်ယာ ထရန် ခက်ခဲခြင်း၊ နေ့ဘက်တွင် အာရုံမစိုက်နိုင်ဘဲ ဆက်တိုက် အိပ်နေခြင်းတို့ ဖြစ်သည်။ ကလေးများတွင် အိပ်ရေးပျက်ခြင်း ၏ အခြားလက္ခဏာတစ်ခုမှာ အာရုံစိုက်မှုမရသော အလွန် တက်ကြွသောရောဂါ (Attention deficit hyperactivity disorder) နှင့်ဆက်စပ်ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် El […]


ကလေးငယ်အာဟာရ

သင့်ကလေးကို ဖြည့်စွက်စာကျွေးရန် နည်းလမ်း

ဖြည့်စွက်စာကျွေးတာက အမေတွေအတွက်သာမက ကလေးတွေရဲ့ ဘဝအတွက်ပါ အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ဖြည့်စွက်စာကျွေးဖို့ အခက်တွေ့နေတယ်ဆိုလျှင် အောက်ပါအချက်အလက်တွေက သင့်ကို ကူညီပါလိမ့်မယ်။ ဘယ်အချိန်မှာ ဖြည့်စွက်စာကျွေးဖို့ အကောင်းဆုံးလဲ။ အမေရိကန် ကလေးကျန်းမာရေးပညာပေး အဖွဲ့အစည်းရဲ့ အဆိုအရ ကလေးတွေကို မွေးပြီး ၆လအထိ မိခင်နို့တစ်မျိုးထဲကို တိုက်သင့်ပြီး အဲ့နောက်ပိုင်း မိခင်နို့နဲ့ အစားနဲ့ကို ကလေးအသက် ၁နှစ်အထိ ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကို သင်နှင့် သင့်ကလေးဆန္ဒရှိတဲ့ အချိန်အထိ တိုက်ကျွေးနိုင်ပါတယ်။ သင့်ကလေးကို ဘယ်အချိန်မှာ ဖြည့်စွက်စာ စသင့်တယ်ဆိုတာက သင့်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုလျှင် ဘာမှမစခင် သင်နဲ့ သင့်ကလေးရဲ့ လိုအပ်ချက်ကို အရင်ဆုံးစဉ်းစားပါ။ သင့်အခြေအနေကို တခြားမိသားစုတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ တကယ်လို့ သင်ဟာကိုယ်ဝန်ဆောင် သို့မဟုတ် သင့်ကလေးက မွေးခါစဖြစ်လျှင် ဖြည့်စွက်စာကို […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးများတွင် အသက်ရှူမွန်းကြပ်ခြင်း။ အဖြစ်များသော အကြောင်းရင်းများ

ဆေးပညာအရ အောက်စီဂျင်မရခြင်းဟုခေါ်သော အသက်ရှူ မွန်းကြပ်ခြင်း ဆိုသည်မှာ ခန္ဓါကိုယ်တွင် အောက်စီ ဂျင်ပမာဏ အလွန်နည်းပါးသွားခြင်း ကြောင့်ဖြစ်သော သေစေ နိုင်သော အခြေအနေတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်း အသက် ၆နှစ်အောက်ကလေး များတွင် သေစေနိုင်သော အကြောင်းရင်းကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ကလေးများကို အသက်ရှူမွန်းကြပ်ခြင်းမှ ဘယ်လိုကာကွယ် သင့်သလဲ။ ထိုကဲ့သို့ သေဆုံးတော့မည့် အခြေအနေရောက် နေသော လူတစ်ယောက်ကို တွေ့ပါက ဘာလုပ်သင့်သလဲ။ ဘယ်သူတွေမှာ ဖြစ်နိုင်ချေ အများဆုံးရှိသလဲ။ အသက်ရှူ မွန်းကြပ်ခြင်းသည် ကမ္ဘာတစ်ဝန်း မွေးကင်းစ ကလေးငယ်များနှင့် လေးဖက်သွားကလေးများတွင် သေစေ နိုင်သော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ သုတေသန များအရ အသက်ရှုမွန်းကြပ်ပြီး သေဆုံးခြင်း အများစုသည် မွေးကင်းစ တစ်နှစ်သားများတွင် ဖြစ်ပွားပြီး အသက် ၉-၁၁ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း