ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများသူတို့ရဲ့ပါးစပ်ထဲသို့မထည့်သင့်သောအရာများ

ကလေးများဟာ သူတို့ရဲ့ပါးစပ်ထဲသို့ဘာကြောင့် ပစ္စည်းများထည့်လေ့ရှိကြသလဲ။ တစ်ခုခုကိုစုပ်နေခြင်းဟာ ကလေးအများစုကို သက်တောင့်သက်သာရှိစေပြီး နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရစေပါတယ်။ သူတို့မိခင်ရဲ့သားအိမ်ထဲတွင်ရှိနေစဉ်ကပင် သူတို့ရဲ့လက်မများကို စုပ်နေလေ့ရှိကြပါတယ်။ မွေးဖွားပြီးတဲ့အခါမှာလည်း သူတို့ကို အာဟာရရှိစေရန် သူတို့ရဲ့မိခင်များဆီမှ နို့ချိုတိုက်ကျွေးပြုစုခြင်းခံရသောကြောင့် ဒီလိုစုပ်လေ့ရှိတဲ့အလေ့အကျင့်ဟာ ဆက်လက်ရှင်သန်ကြီးထွားလာပါတယ်။ ကလေးများဟာ ကြီးထွားလာတာနှင့် အမျှ ( အထူးသဖြင့် အရာဝတ္ထုများကို ကိုင်ဆုပ်ဖို့လက်များ ကြီးထွားလာပြီးတဲ့အချိန်ဖြစ်တဲ့အသက်၆ လမှ ၁၂ လအရွယ်အတွင်းတွင်) သူတို့ကိုသူတို့ တည်ငြိမ်၍ လုံခြုံစိတ်ချမှုကိုခံစားရစေရန် သူတို့ရဲ့ပါးစပ်ထဲကိုအရာဝတ္ထုများ ထည့်တတ်ကြပါတယ်။ ပါးစပ်ထဲသို့ပစ္စည်းများထည့်ခြင်းဟာ ကလေးတွေရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ပစ္စည်းအမျိုးမျိုးကို အရသာခံ၍လေ့လာပြီး ကမ္ဘာကြီးကိုနားလည်ချင်သော ဆန္ဒများကိုညွန်ပြနေသောကြောင့် ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ကလေးများ သူတို့ရဲ့ပါးစပ်ထဲသို့မထည့်သင့်သောအရာများ။ စားစရာလို့မထင်တဲ့အရာများကိုတော့ သင့်ကလေးဟာ ပါးစပ်ထဲကိုထည့်မှာမဟုတ်ပါဘူး။ အရာအားလုံးဟာ အန္တရာယ်မရှိပေမယ့် ကလေးများအတွက်ကျန်းမာရေးနှင့် ပတ်သတ်ပြီး စိတ်ချရစေရန် ကလေးများနှင့် ဝေးဝေးထားသင့်သောအရာများ ရှိပါတယ် ။ ထိုအရာအများစုကတော့.... - အင်းစက်များနှင့် ပရိုတိန်းဓါတ်နှင့် အာဟာရပြည့်ဝသော အစားအစာများ ။ အင်းစက်များဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အမြွှာလေးတွေ ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်ပြီး သင်မသိသေးသော အချက်အလက်များ

အမြွှာလေးတွေကို ပြုစုပျိုးထောင်ရတာ အတွေ့အကြုံရှိတဲလူတွေအတွက်တောင် စိတ်ရှုတ်စရာဖြစ်ပါတယ်။ စီမံခန့်ခွဲနိုင်ဖို့ အဓိကသော့ချက်ကတော့ ကြိုတင်စီစဉ်ခြင်းပါပဲ။ အမြွှာလေးတွေကိုထိန်းကျောင်းပေးဖို့ အကြံဉာဏ်တွေရှာနေပါသလား။ ယခုဖော်ပြမည့် ဆောင်းပါးကို ဖတ်ရှုလိုက်ပါ။ အစီအစဉ်ချထားခြင်းက စီမန့်ခန့်ခွဲနိုင်ဖို့ သော့ချက်ပါပဲ ကလေးအများကြီးမပြောနှင့် တစ်ယောက်ထဲမွေးထားတာတောင် တော်တော်လေးထိန်ကျောင်းရခက်ပါတယ်။ အမြွာလေးတွေမွေးထားမယ်ဆိုရင်တော့ အခက်အခဲက ဆတိုးပွားသွားနိုင်ပါတယ်။ လုပ်ငန်းဆောင်တာတွေအားလုံးကို စီမန်ခန့်ခွဲနိုင်ဖို့ အရာအားလုံးအချိန်စာရင်းနဲ့ အစီအစဉ်တကျဖြစ်နေဖို့လိုပါတယ်။ လင်မယားနှစ်ယောက်လုံး များပြားလာပြီဖြစ်တဲ့ မိသားစုကြားမှာ လိုက်ရောညီထွေဖြစ်အောင်ကြိုးစားတဲ့နေရာမှာ အထောက်အကူပြုဖို့ အစာကျွေးခြင်း၊ ကလေးသိပ်ခြင်း၊ ကစားခြင်း၊ ရေချိုးပေးခြင်းနဲ့ ဆရာဝန်ပြသခြင်းတို့ကို သေသေချာချာအစီအစဉ်ချထားသင့်ပါတယ်။ ကလေးနှစ်ယောက်လုံးကို တစ်ချိန်ထဲမှာ နို့တိုက်ဖို့က လုံးဝကို မဖြစ်နိုင်ပါဘူး။ ကလေးနှစ်ယောက်လုံးကို တစ်ချိန်ထဲမှာ နို့တိုက်ဖို့က ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အမေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ယောက်စလုံးကို နို့တိုက်နေတဲ့အခါမှာ ရင်သားတစ်စုံကို သေချာထိန်းထားဖို့လိုလို့ပါ။ ဒါကြောင့် ကျွမ်းကျင်သူတွေက အမြွှာကလေးအမေတွေကို တစ်ယောက်ကို နို့စို့စေပြီး နောက်တစ်ယောက်ကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် ကိုလက်စရောစစ်ဆေးခြင်းနှင့် ပက်သတ်သော သိထားစရာများ

ကိုလက်စရောပမာဏများခြင်းဟာ လူကြီးတွေမှာပဲတွေ့ရတဲ့ ပြသနာလား။ ကိုလက်စရောပမာဏများခြင်းဟာ လူကြီးတွေမှာပဲတွေရတာ မဟုတ်ပါဘူး။ ကလေးတွေမှာလဲ တွေ့ရတတ်ပါတယ်။ ကိုလက်စရောပမာဏများတာကို ခံစားဖူးတဲ့ကလေးတွေက အသက်ကြီးလာတဲ့အခါမှာ ကျန်းမာရေးချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ ကိုလက်စရောပမာဏအရမ်းများတဲ့အခါ နှလုံးနဲ့ ကိုယ်တွင်းကလီစာတွေကို ထောက်ပံ့တဲ့ သွေးလွှတ်ကြောတွေမှာ အဆီအခဲတွေ ဖြစ်စေနိုင်ပါတယ်။ အဆီအခဲတွေဟာ သွေးလွှတ်ကြောနံရံတွေကို ကျဉ်းစေပြီး နှလုံးဆီသို့ သွေးစီးဆင်းတာကို ပိတ်ဆို့နိုင်ပြီး နှလုံးနှင့်ဆိုင်သော ပြသနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုလက်စရောများခြင်းက လေဖြတ်တာကဲ့သို့ ကျန်းမာရေးပြနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။   ကိုလက်စရောပမာဏများခြင်းကို အဖြစ်များစေတဲ့ အကြောင်းတွေက ဘာတွေလဲ။ သင့်ကလေးရဲ့ ကိုယ်ခန္ဓါမှာ အာရုံကြောတွေကို ကာကွယ်ဖို့၊ ဟော်မုန်းတွေကို ထုတ်ဖို့နဲ့ တစ်ရှူးတွေကို ထုတ်လုပ်ဖို့ ကိုလက်စရောကို လိုအပ်ပါတယ်။ ဒါပေမယ့် ကိုလက်စရောပမာဏများခြင်းဟာ သွေးကြောတွေမှာ အဆီအခဲတွေ ကပ်စေနိုင်တဲ့အတွက် သွေးကြောတွေကို ပျက်ဆီးစေပါတယ်။ ဆေးကုသမှုမခံယူဘဲ အချိန်အကြာကြီးထားလျှင် အဆီခဲတွေဟာ သွေးခဲတွေအဖြစ်ပြောင်းသွားပြီး သွေးစီးဆင်းမှုကို […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်မြီးကောင်ပေါက်အရွယ်ကလေးတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းများ

သင့်ရဲ့ကလေးတွေကြီးပြင်းလာသည့်အခါသူတို့က "ဆယ်ကျော်သက်" ဟုခေါ်သည့်ကာလကို ကျော်ဖြတ်ရပါလိမ့်မယ်။ အများအားဖြင့်, ဒီကာလမှာ သူတို့ရဲ့ လိင်, စိတ်ပိုင်း သို့မဟုတ်အပြုအမူတွေအများအပြားပြောင်းလဲမှုများရှိနေပါတယ်။ မိဘတစ်ဦးဖြစ်ရင် သင့်ရဲ့ တာဝန်ကတော့ သူတို့ကိုသင့်ရဲ့လမ်းညွှန်မှု အောက်မှာ ကိုယ်ပိုင်ရွေးချယ်မှုလွတ်လပ်ခွင့်ပေးဖို့နဲ့ စည်းကမ်းရှိဖို့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ သင့်ကလေးကို ဆက်ဆံပုံဟာ သူတို့ရဲ့အမူအကျင့်များနှင့်အိမ်တွင်း ပဋိပက္ခတွေကို အကျိုးသက်ရောက်စေပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ သင်တို့ကြိုးစားကြည့်နိုင်တဲ့ အကြံပြုချက်များကိုပြသပါလိမ့်မယ်။ သင့်ကလေးကို လေးစားမှုပြပါ။ ဤကာလများမှာ ဆယ်ကျော်သက်တွေဟာ သူတို့ကိုယ်သူတို့လက်ခံနိုင်အောင် တစ်နည်းနည်းနဲ့ဖော်ပြပါလိမ့်မယ်။ သူတို့ကမလေးစားသလို လုပ်ပြီး မိဘတွေရဲ အာရုံစိုက်မှုရအောင်လုပ်ပါလိမ့်မယ်။ ဒီအချိန်က သင်စိတ်တည် ငြိမ်ဖို့အရေးကြီးပါတယ်။ သူတို့ကို လေးစားမှုပြပြီး စကားပြောရင်းအချိန်ဖြုန်းကြည့်ပါ။ ဒီအခါ သူတို့ဆက်ဆံခံရတဲ့ နည်းအတိုင်း သင့်ကို တုံ့ပြန်ပါလိမ့်မယ်။ သင့်အနေနဲ့လည်း အခြားသူများကိုလေးစားမှုရှိတာဟာ အရွယ်ရောက်ကြီးပြင်းဖို့အတွက် လေ့ကျင့်ရန်လိုအပ် တဲ့ အပြုအမူဖြစ်ကြောင်း သူတို့သိအောင်ပြောပြပါ။ သင့်ကလေးနှင့်အတူ ထူးခြားတဲ့ အချိန်တွေကုန်ဆုံးပါ။ ကြီးထွားလာသည့်အခါကလေးတွေက တစ်ဦးတည်းနေဖို့ လိုချင်ပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးနည်းများ

မိဘအများစုသည် ကလေးငယ်များအား မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးရာတွင် အခက်တွေ့လေ့ရှိကြသည်။ ယေဘုယျအားဖြင့် ဤအချက်သည် ကလေးငယ် အဆင်သင့် ဖြစ်မဖြစ်ပေါ်တွင် မူတည်သောကြောင့် မိဘများကဂရုစိုက်စောင့်ကြည့်သင့်ပါသည်။ အများအားဖြင့် အသက် ၁၈ လမှ ၂၄လအတွင်း နှင့် အချို့မှာစော၍ အချို့မှာနောက်ကျတတ်ပါသည်။ ကလေးငယ်များအား potty train ရာတွင်မိဘများ၏ ကြိုးစားအားထုတ်မှုများလိုအပ်ပါသည်။ အောက်ပါအချက်များသည် ကလေးငယ်များအားလေ့ကျင့်ပေးရာတွင် အကူအညီရနိုင်ရန်ဖြစ်ပါသည်။ အပေါ့အလေးသွားခြင်းကိုကလေးငယ်နားလည်အောင် ဖော်ပြနိုင်မည့် စကားလုံးများကိုအသုံးပြုပါ။ (ရှုးရှုး ။ အင်းအင်း။ အိမ်သာ) 'အင်းအင်းပါလား' စသည်ဖြင့်မေးပါ။ ဆီးသွားခြင်းနှင့် အလေးသွားခြင်း၏လိုအပ်မှုကို သင့်ကလေးသိနိုင်ပါသည်။ သေးခံစို လျှင်ပြောရန်သင်ပေးထားပါ။ ကလေးငယ်အလေ့အကျင့်ရစေရန်အတွက် အိမ်သာတွင်အသုံးပြုသောကုလားထိုင်ကိုအသုံးပြုပါ။ ကလေးအးလေ့ကျင့်ပေးရာတွင် လုံလောက်သောအချိန်ယူပါ။ ကလေးအဆင်သင့်မဖြစ်သေးပါကအိမ်သာခွက်/အိုးပေါ်တွင် အတင်းထိုင်ခိုင်းခြင်းမလုပ်ပါနှင့်။ အိမ်သာခွက်ပေါ်တွင်ထိုင်နည်းကိုမိမိအရင်လုပ်ပြ၍ ကလေးငယ်အားတစ်ဆင့်ခြင်းစီရှင်းပြပါ။ ကလေးငယ်ကြည့်၍လိုက်လုပ်ပါစေ။ အပေါ့အလေးသွားရန်အတွက် ပုံမှန်အလေ့အကျင့်တစ်ခုပြုလုပ်ထားပါ။ ကလေးငယ် အလေးသွားချင်သည့်အခါ ညည်းခြင်း၊ ဆောင့်ကြောင့်ထိုင်ချခြင်း၊မျက်နှာနီလာခြင်းတို့ ဖြစ်တတ်သည်ကိုလဲဂရုပြုပါ။ gastro colic reflex ကိုသုံးပြီးလဲသင့်ကလေး၏အူများလှုပ်ရှားမှုကိုခန့်မှန်းနိုင်ပါသည်။ အစာအိမ်ပြည့်လာခြင်းကအူမကြီးအတွင်းရှိအစာဟောင်းများကိုစွန့်ထုတ်ရန်ပိုမိုအားပေးသောကြောင့် သင့်ကလေးအစာစားပြီး ၁၅မိနစ်မှ မိနစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အားကစားစရာများကြောင့်ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ

ကလေးငယ်များသည် ကစားစရာများနှင့် နေ့စဉ် ထိတွေ့ကစားကြသောကြောင့် ဟောင်းနွမ်းညစ်ပေသော၊အလွန်သေးငယ်သောကစားစရာများသည် သင့်ကလေးငယ်ကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။ အောက်ပါဆောင်းပါးတွင် သင့်ကလေးငယ်ကိ ုကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှ ကာကွယ်နိုင်သည့်နည်းလမ်းများကိုဖော်ပြထားပါသည်။ သင့်ကလေးငယ်အား ကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ - ကလေးငယ်၏ အသက်အရွယ်နှင့်သင့်တော်သောကစားစရာများကိုရွေးချယ်ပါ။ ကစားစရာအများစု ၏အပြင်ဘက်တွင် ကစားရန်သင့်တော်သောကလေး၏အသက် ဖော်ပြထားပါသည်။ မည်သည့်အသက်အရွယ် ကလေးက အန္တရာယ်မဖြစ်စေပဲ ကောင်းကောင်းကစားနိုင်မည်ကို တွက်ဆထားသောကြောင့် ကစားစရာများတွင်ပါဝင်သော ညွှန်ကြားချက် အတိုင်းလိုက်နာပါ။ - ဈေးကြီးသောကစားစရာမျာထက် သေချာစွာပြုလုပ်ထားသောကစားစရာများကိုရွေးချယ်ပါ။ ကလေးငယ် ကစားနေစဉ် ပါးစပ်ထဲထည့်မိခြင်း၊ ပါဝင်ပစ္စည်းများနှင့်ထိမိခြင်းတို့ဖြစ်နိုင်သောကြောင့် ကစားစရာများတွင်ပါဝင် အစိတ်အပိုင်းများ၊ ပြုလုပ်သည့်ပစ္စည်းများ၊ သေချာစွာ ပြုလုပ်ထားခြင်းရှိမရှိနှင့် အန္တရာယ်ရှိသောဓါတုပစ္စည်းများပါဝင်ခြင်းရှိမရှိတို့ကိုစစ်ဆေးပါ။ ကလေးငယ်နှင့် ဓါတ်မတည့်သောအရာများပါဝင်ခြင်းရှိမရှိကိုလဲ ညွှန်ကြားချက်တွင်စစ်ဆေးပါ။ ကလေးငယ်ကစားရာတွင် အလွယ်တကူကျိုးပဲ့ ပျက်စီးခြင်းမဖြစ်စေရန်အတွက် ကစားစရာများအား သေချာစွာတွဲစပ်ပြုလုပ်ထားခြင်းရှိမရှိနှင့် အစိတ်အပိုင်းများလွတ်နေခြင်း၊ အပ်ချည်များလွတ်နေခြင်းရှိမရှိကိုလဲစစ်ဆေးပါ။ - အမျော်အမြင်ရှိပါ။ ပါးစပ်ထဲထဲ့မိပြီး နင်နိုင်သောကြောင့် သင့်ကလေးအသက် ၃နှစ်မတိုင်ခင်အထိ ကလေးပါးစပ်ထက်ကြီးသော ကစားစရာများကိုသာ ပေးဆော့သင့်ပါသည်။ သင့်အနေဖြင့် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ်

ယနေ့ခေတ်တွင် ကိုယ်အလေးချိန် လွန်ကဲသော ကလေးများစွာရှိနေသော်လည်း ကိုယ်အလေးချိန် တက်လာဖို့ လိုတဲ့ ကလေးများလည်း ရှိပါသည်။ ကယ်လိုရီများကို တိုးတိုးထဲ့ခြင်းဖြင့် ကလေးများ၏ အစားအသောက်ပုံစံများကို တဖြည်းဖြည်း ပြောင်းလဲယူနိုင်ပါသည်။ အောက်ပါတို့သည် ကိုယ်အလေးချိန်နည်းသော ကလေးများကို အထောက်အကူဖြစ်စေမည့် နည်းလမ်းများဖြစ်ပါသည်။ သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ် သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ် ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်လား။ အကြောင်းရင်းကို သိရှိနားလည်ခြင်း အောက်ပါတို့သည် ကလေးများအတွက် ကိုယ်အလေးချိန် တက်ရန် ခဲယဉ်းစေသော အချက်များဖြစ်ပါသည်။ · ဟော်မုန်းနှင့် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များ · သောက်နေသောဆေးများ · ဆော့လွန်းခြင်းသည် ပုံမှန်ထက်အဆီများကိုလောင်းကျွမ်းစေသည်။ · အစားအစာများနှင့် ဓါတ်မတည့်ခြင်းများ · သူငယ်ချင်းများထံမှ ရသော စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်များ ထိုသို့ဖြစ်လာပါက မိဘများအနေဖြင့် ကလေးဆရာဝန်နှင့် တိုင်ပင်ရန် ဝန်မလေးသင့်ပါ။ သင့်ကလေး၏ ကြုံတွေ့နေရသော အခက်အခဲများနှင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို အစားကောင်းကောင်းစားစေရန် နည်းလမ်းများ

သင့်ကလေးကို ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားစေရန်အတွက် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းသည် သင့်ကလေးကို ကျန်းမာစေမည့် နည်းလမ်းဖြစ်ပါသည်။ အောက်ပါ ၁၀ ချက် သည် သင့်ကလေးကို ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်သော အစားအစာများကိုစားအောင် ပြုလုပ်ပေးသည့် နည်းလမ်းများဖြစ်ပါသည်။ အစားအစာများကို မစားရန် ကန့်သတ်ထားခြင်းကို ရှောင်ကြဉ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အစားအစာများကို လွန်ကျူးစွာစားခြင်း၊ မည်သည့်အစာကိုမှ ခံတွင်းမတွေ့တော့ခြင်း စသည့် ကျန်းမာရေးပြသနာများ ဖြစ်လာစေနိုင်ပြီး သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် အစားအစာမျာကို မစားရန် ကန့်သတ်မည့်အစား ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသော အသားများ၊ နို့များ၊ ကောက်ပဲသီးနှံများ စသည့် ကျန်းမာရေးနှင့် ညီညွတ်စေမည့်အစားအစာများကို ပြောပြပြီး စားသုံးရန်တွန်းအားပေးခြင်းတို့ ပြုလုပ်သင့်ပြီး အရည်အသွေးနိမ့်သော သရေစာများနှင့် စီမံပြုလုပ်ထားသော အစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကို […]


ကလေးငယ်ပထမနှစ်

သင့်ကလေး ငယ်သွားစပေါက်တဲ့အချိန်မှာ ကူညီခြင်း

Teething ဆိုတာ ကလေးတွေရဲ့ ပထမဦးဆုံးသွား ( ငယ်သွား ) ထွက်ပေါ်လာတာကို ဖော်ပြတဲ့ အသုံးအနှုန်းပါ။ အသက် ၆လလောက် ရောက်တဲ့အခါမှာ သင့်ကလေးဟာ သူ့ရဲ့ ပထမဆုံးသွား စပေါက်လာတတ်ပါတယ်။ ဒါပေမယ့် teething မှာ စောတာ နောက်ကျတာတွေလဲ ရှိတတ်ပါတယ်။ သင့်ကလေး အသက် ၃နှစ်အရွယ်ရောက်ရင် သူ့မှာ ငယ်သွား အချောင်း ၂၀လောက် ပိုင်ဆိုင်ထားပြီး ဖြစ်ပါလိမ့်မယ်။ ဒီလို သင့်ကလေး ငယ်သွားစပေါက်တဲ့အချိန်မှာ ဘာတွေ ဂရုစိုက်ပေးရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ Teething timeline ( ငယ်သွားပေါက်မယ့် အချိန်စာရင်း ) ငယ်သွားတွေက အစုံလိုက် ပေါက်လေ့ရှိပါတယ်။ အလယ်က ၂ချောင်းက အရင်ပေါက်မယ်။ ပြီးရင် သူ့အပေါ်က ၂ချောင်းက နောက်တစ်လအကြာလောက်မှာ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် တချို့ကလေးငယ်တွေမှာ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက် စိတ်မကျန်းမာခြင်း။ အဖြစ်အပျက်များကို နားလည် သဘောပေါက်ခြင်း

လူသားများ ကြီးပြင်းလာသည်နှင့်အမျှ စိတ်ဖိစီးမှုများ နှင့် ပို၍ ရင်ဆိုင်လာရသည်။ ထို့ကြောင့် သင်၏ ဆယ်ကျော် သက်ကလေးသည် ကျောင်း၊ ဘဝ သို့မဟုတ် ဆက်ဆံရေးရှိ ဖိအားများကြောင့် ဒေါသထွက်ခြင်း၊ မောပန်းခြင်း ဖြစ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော်လည်း စိတ်ဖိစီးမှုသည် ပုံမှန်နည်းဖြင့် အလွန်ဖြစ်ပေါ်လာသောအခါ စိတ်မကျန်းမာ ခြင်း ဖြစ်နိုင်ချေ ရှိလာသည်။ စိတ်မကျန်းမာခြင်း၏ အခြေခံ အဓိပ္ပါယ်ဖွင့်ဆိုချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ စိတ်ကျန်းမာရေး ဆိုသည်မှာ မိမိ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ကို သဘော ပေါက်ပြီး ဘဝ၏ ပုံမှန်ဖိအားကို ရင်ဆိုင်နိုင်သော၊ လူထု အတွက် အကျိုးရှိသော ကူညီမှုလုပ်နိုင်သော စွမ်းရည် ကို ခေါ်ပါသည်။ စိတ်မကျန်းမာခြင်းဆိုသည်မှာ တွေးခေါ်ခြင်း၊ စိတ်ခံစားမှု သို့မဟုတ် အပြုအမူပုံစံများ ပြောင်းလဲသွားသော ကျန်းမာရေးအခြေအနေများကို ခေါ်ပါသည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း