ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

သကြားဆိုတာ သင့်ကလေးကိုအငြိမ်မနေစေတာ ဟုတ်ပါသလား

ကလေးများကို ကောင်းကောင်းမွန်မွန်ပြုမူစေချင်သည့်အခါ သင့်စကားနားထောင်စေချင်သည့်အခါ ချိုချဉ်၊ သကြားနှင့်လုပ်သည်များကို မပေးပါနှင့်။ လူတိုင်းလိုလို ထိုသို့ပြောကြပါသည်။ ရာစုနှစ်များစွာကြာသည်အထိ သကြားသည် ကလေးများတွင် အငြိမ်နေခြင်း ဆူပူသောင်းကျန်းခြင်းနှင့် ဆက်စပ်ကြောင်း ယုံကြည်ခဲ့ကြသည်။ အကျိုးအပြစ်ဆက်စပ်မှုကို တိတိကျကျလေ့လာပြီးနောက် ထိုယုံကြည်မှုသည် အချက်အလက်တစ်ခုအနေနှင့်ဖြစ်လာပါသည်။ အံ့သြစရာကောင်းသည်က မကြာသေမီကလုပ်ထားသော သုတေသနများတွင်တော့ ၎င်းနှင့်ဆန့်ကျင်ဖက်ကို သက်သေပြထားနိုင်ခဲ့ပါသည်။ သကြားနှင့် ကလေးအငြိမ်မနေခြင်း ဆက်စပ်ပုံကို ဘာကြောင့် လူတွေကယုံကြည်ကြတာလဲ။ - လမ်းလျှောက်တတ်စအရွယ်များတွင် သကြားနှင့် အငြိမ်မနေခြင်း ဆက်စပ်မှုရှိကြောင်းကို ၁၉၇၃ ခုတွင် ဓာတ်မတည့်မှုကျွမ်းကျင်သူ Benjamin Feingold, M.D သည် Feingold diet (ဖြည့်စွက်ပစ္စည်းကင်းသည့် အစာ) အကြောင်း တင်ပြခဲ့သည်။ ထိုမှတ်တမ်းသည် သူ၏ယခင်သုတေသနဖြစ်သော ဖြည့်စွက်ဓာတုပစ္စည်းများနှင့် ကလေးများ၏ အငြိမ်မနေမှုအပေါ် ဆက်စပ်ချက်ပေါ် အခြေခံထားခြင်းဖြစ်သည်။ Feingold diet ဆိုသည်မှာ အရသာတု၊ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

စူပါဟီးရိုးတွေဆိုတာ ကောင်လေးတွေအတွက် ဆိုးဝါးတဲ့စံပြတွေများဖြစ်နေမလား

စူပါဟီးရိုးများသည် ကျွန်တော်တို့၏ ယနေ့ခေတ်ယဉ်ကျေးမှုတွင် အထင်ကရဖြစ်လာပြီး ကလေးများ အထူးသဖြင့် ယောက်ျားလေးများအပေါ် လွှမ်းမိုးလျက်ရှိသည်။ စူပါဟီးရိုးများသည် ကလေးများ၏ ဖန်တီးနိုင်စွမ်းကို လှုံစော်ရာတွင် အကူအညီရနိုင်သလို အရေးကြီးသည့် စံပြပုဂ္ဂိုလ်များနေရာမှလည်း ပါဝင်နေပါသည်။ သို့သော် စူပါဟီးရိုးဇာတ်လမ်းများကို အလွန်အကျွံနှစ်သက်သည့် ကလေးများတွင်တော့ အန္တရာယ်ရှိလာနိုင်ပါသည်။ လက်တွေ့မကျသော သို့မဟုတ် အန္တရာယ်ရှိသော အပြုအမူများ လုပ်မလာပဲ ရိုးရိုးကြိုက်နှစ်သက်ရုံလောက်သာဆိုလျှင် ကိစ္စမရှိပါ။ စူပါဟီးရိုးတွေက ကလေးများအတွက် မကောင်းတဲ့စံပြပုဂ္ဂိုလ်တွေ ဖြစ်သွားနိုင်မလား။ တီဗီအစီအစဉ်များ ဇာတ်ကားများတွင် ခဏခဏပါတတ်သော Batman တို့ Hulk တို့လို စူပါဟီးရိုး ဇာတ်ကောင်များရော၊ လူပျင်းဇာတ်ကောင်များပါ ကလေးများအတွက် မကောင်းသည့်စံပြပုဂ္ဂိုလ်များ ဖြစ်လာနိုင်၏။ စူပါဟီးရိုးအဖြစ်သရုပ်ဆောင်သူသည် လူအများအပေါ် လွမ်းမိုးနိုင်သည့် အစွမ်း၊ အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ်တာမျိုး၊ သူတို့၏ ချမ်းသာမှုကို ကြွားဝါတတ်တာမျိုး၊ အရွဲ့တိုက် အထက်စီးပုံစံတွေကနေတစ်ဆင့် သူတို့၏ကျားဆန်မှုကို ဖော်ပြတတ်သည်။ တစ်ခြားတစ်ဖက်တွင် […]


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေကို ဂရုစိုက်ပေးနိုင်မည့် နည်းလမ်းများ

သင့်ကလေးငယ်၏အသားအရေသည် အလွန်နူးညံ့ ချောမွတ်နေလျှင် မနမ်းပဲနေနိုင်မည်မဟုတ်ပါ။ သို့သော် ထိုအတိုင်းထိန်းထားဖို့ကတော့ ခက်ပါ၏။ တခြားအင်္ဂါများနှင့်မတူ အရေပြား၏ ဖွံဖြိုးရန်လိုသည့်ချိန်သည် မိခင်ဝမ်းထဲ၌ ၉ လလုံးလုံး ဖြစ်သည်။ ကလေးအများစုတွင် အမေဖြစ်သူ၏ ဟော်မုန်းများကြောင့် မွေးကင်းစဝက်ခြံလေးများ ပေါက်တတ်သည်။ ငယ်ရွယ်ပြီးအထိမခံသည့် ကလေးအသားရေကို ထိန်းသိမ်းပေးဖို့ရာ အချိန်နှင့် လူအားတော့ လိုပါလိမ့်မည်။ မွေးကင်းစဝက်ခြံများကို ဘယ်လိုစီမံရမလဲ။ မွေးကင်းစဝက်ခြံများကို ဘာမှလုပ်ပေးရန်မလိုပါ။ သင်အကောင်းဆုံးလုပ်ပေးနိုင်သည်မှာ သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားပေးပါ။ ညှစ်ပစ်ချင်စိတ်ကို ထိန်းပါ။ မဟုတ်လျှင် ကလေးကြီးလာသည်အထိ အမာရွတ် ထင်သွားနိုင်ပါသည်။ ဝက်ခြံဖုများက သူ့အလိုလိုပျောက်သွားပါလိမ့်မည်။ သို့သော် ပျောက်မသွားပဲ ယားယံခြင်း မသက်မသာဖြစ်ခြင်းတို့နှင့်အတူ ပိုဆိုးလာပါက ဆရာဝန်ဆီ အကြံဉာဏ်တောင်းပါ။ ညှင်းခူလို တခြားအရေပြားရောဂါလည်းူ ဖြစ်နေနိုင်ပါသည်။ ကလေးများအတွက် ထုတ်ထားသည့်ပစ္စည်းများက တကယ်စိတ်ချရရဲ့လား။ စိတ်ချရသည်တော့မဟုတ်ပါ။ ကလေးများအတွက် အသားအရေနှင့် ဆံသားထိန်းသိမ်းပစ္စည်းများတွင်လည်း ထိခိုက်စေသည့်ပစ္စည်းများ ပါဝင်ပါသည်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလိုအတုခိုးပြီးပြောခြင်းက ဝုန်းဒိုင်းကြဲနေခြင်းကို ရပ်သွားစေမည်

ဝုန်းဒိုင်ကြဲနေသည့်ကလေးအား စိတ်ငြိမ်သွားစေသည့် အံ့သြစရာနည်းလမ်းကောင်းတစ်ခုမှ ကလေး၏ခံစားချက်ကို လက်ခံပေးပြီး ကလေးလိုအတုခိုးလိုက်ပြောခြင်းပင်ဖြစ်သည်။ လမ်းလျှောက်စအရွယ်များသည် ဂူအောင်းလူသားနှင့် တူသည်။ သူတို့စိတ်ဆိုးလာသည့်အခါ သင့်ကို ဝုန်းဒိုင်းကြဲပြတတ်ပါသည်။ တံတွေးတွေစင်အောင် အော်ဟစ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ပစ္စည်းများလွှတ်ပစ်ခြင်း ပြုလုပ်တတ်၏။ အဓိကလုပ်ပေးရမည် နည်းလမ်းနှစ်ခုမှာ ဦးစားပေးနည်းနှင့် ကလေးလိုအတုခိုးပြောနည်း တို့ဖြစ်ပြီး ထိုမှသာ သောင်းကျန်းနေသည့် ကလေးကို ငြိမ်သွားစေမှာ ဖြစ်သည်။ ဦးစားပေးနည်း စိတ်ဆိုးနေသည့် တစ်ယော်ယောက်နှင့် သင်စကားပြောတိုင်း သူတို့ကို အရင်ပြောခွင့်ပေးပါ။ သူတို့ခံစားချက်များကို တခြားဘာမှမလုပ်ခင် အရင်နားထောင်ပေးပါ။ ကလေးလိုအတုခိုးစကားပြောခြင်း အော်ဟစ် နှာရှုပ်နေသည့် ကလေးကို သူတို့အသံထွက်အတိုင်း ပြောပါ။ သူတို့ခံစားချက်နှင့်ဆိုင်သည့် စကားစုလေးများကို ကိုယ်အမူအယာနှင့်ရော မျက်နှာအမူအယာနှင့်ပါ တွဲပြီး ထပ်ခါထပ်ခါ ပြောပေးပါ။ ဆရာလုပ်စရာမလိုပါ။ သူတို့နှင့်လယ်ဗယ်တူ ပြောဆိုလိုက်တာကမှ သူတို့နှင့်ဆက်သွယ်နိုင်သည့် အကောင်းဆုံးနည်းဖြစ်သည်။ ကလေးများအတွက် သူတို့ပြောတာ နားထောင်ကြောင်း နားလည်ကြောင်း ခံစားမိစေဖို့ လိုသည်။ ကလေး၏ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်သမီးအား လိင်ပညာပေး ဆွေးနွေးခြင်း

ယနေ့ခေတ်အခါမှာ လူမှုကွန်ယက်များရှိ နာမည်ကြီးခေါင်းစဉ်များတွင် လိင်အကြောင်းက တစ်ခုအပါအဝင်ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် သင်၏သမီးသည် လိင်ပိုင်းဆိုင်ရာ အသိပညာတချို့ကို သိထားပြီးသားဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်းပဲ မိဘပြောစကားသည် သမီးဖြစ်သူအတွက် လိင်ပညာပေး ဆွေးနွေးရာတွင် အဓိကကျသည့်နေရာတွင်ရှိနေကြောင်း သိထားရန်အရေးကြီး၏။ ထို့ကြောင့် ကလေးအတွက်အန္တရာယ်ကင်းစေရန် နှောင့်နှေးမနေဘဲ စပြီး ပြောဆိုသင်ကြားပေးပါ။ အောက်တွင် မိဘများ ဆယ်ကျော်သက်သမီးကို လိင်ပညာပေးရာတွင် အထောက်အကူပြုမည့် အကြံဉာဏ်များကို ဖော်ပြထားပါသည်။ ဘယ်အချိန်မှာ ဘယ်လိုစပြောရမလဲ စပြောတော့မည့်ခဏသည် နှစ်ဦးစလုံးအတွက် ကသိကအောက်ဖြစ်နိုင်သည်။ သင်ကလဲ မပြောချင် သမီးကလဲ နားထောင်ချင်စိတ်မရှိ ဖြစ်တတ်ပါသည်။ OB/GYN သူနာပြု Janine J. Sherman အရ လိင်ပညာပေးရန် စပြောအသင့်ဆုံး အချိန်သည် သူ့အလိုလို သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးနှင့်သာ အချိန်တန်လာပါလိမ့်မည်။ ဥပမာ သင်ရော သင့်သမီးပါ ကိုယ်ဝန်ဆောင်တစ်ဦးကို မြင်လိုက်ရသည့်အချိန်မျိုး သို့မဟုတ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း

ပါရမီများ၊ စွမ်းရည်များသည် ကလေးတစ်ယောက်တွင် မွေးရာပါဖြစ်သော်လည်း ယဉ်ကျေးလိမ္မာခြင်းကတော့ မွေးရာပါမဟုတ်ပါ။ ကြမ်းတမ်းမှုများနှင့် ပြည့်နေသည့် လောကကြီးအတွင်း ကလေးများ လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေးနေစေဖို့ သွန်သင်ပေးရမှာ မိဘတို့၏ တာဝန်သာဖြစ်သည်။ ယဉ်ကျေးလိမ္မာတယ်ဆိုတာ ဘာတွေလဲ။ ယဉ်ကျေးတယ်၊ လိမ္မာတယ်ဆိုသည်မှာ ထမင်းစားဝိုင်းမှာ စည်းကမ်းမရှိစားတာမျိုးလောက်တင်မဟုတ်ပါ။ တစ်ယောက်၏ ခံစားချက်အပေါ် တစ်ယောက်က အလေးထားခြင်းတို့အထိပါ ပါဝင်ပါသည်။ ယဉ်ကျေးလိမ္မာခြင်းသည် ဘဝနေနည်းတစ်ခု ဖြစ်သည်။ လူမှုရေးဆိုင်ရာ အခမ်းအနားတွေရှိမှ ဟန်လုပ်ရမည်မျိုးမဟုတ်ပါ။ ထို့ကြောင့် ကလေးများကို ငယ်စဉ်ကတည်းက စောနိုင်သလောက် စောစောသင်ပေးပါမှ သူတို့အတွက် အကျင့်တစ်ခုလိုဖြစ်သွားစေမည် ဖြစ်၏။ ကလေးများကို ဘာကြောင့် ယဉ်ကျေးလိမ္မာအောင် သွန်သင်ရပါသလဲ။ ကျွမ်းကျင်သူများက ကလေးများကို စောစောစီးစီး လိမ္မာယဉ်ကျေးအောင် သင်မပေးထားလျှင် ဆိုးကျိုးများစွာ ရင်ဆိုင်ရမည်ဟု ယုံကြည်ကြ၏။ ကြီးကြီးငယ်ငယ် ဘယ်သူမှ ဆိုးသွမ်းသည့်ကလေးမျိုးကို ကြိုက်မည် မဟုတ်ပါ။ လိမ္မာယဉ်ကျေးအောင် မသွန်သင်ဘဲ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မိမိကိုယ်ကို တန်ဖိုးထားတတ်ရန် သင်ပေးပါ

မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်းသည် အောင်မြင်ခြင်း အတွက် အရေးပါသည်။ မိမိကိုယ်ကို တန်ဖိုးထားခြင်းဆို သည်မှာ သင်ပြောသော၊ လုပ်သော အရာသည် မှန်ကန် သည်ဟု သင့်ကိုယ်သင် ဂုဏ်ယူခြင်း ခံစားမှုတစ်မျိုး ဖြစ်သည်။ သင့်ကလေးသည် မိမိကိုယ်ကို တန်ဖိုးထားခြင်း ခံစားမှု တစ်ခါရရှိသွားပါက သူတို့သည် ဘဝခရီး တစ်လျှောက်တွင် ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းနှင့် စိတ်ခံစား မှု ဖွံ့ဖြိုးခြင်း နည်းလမ်းကို အမှန်တကယ် ရရှိသွားနိုင်သည်။ သို့သော်လည်း မိမိကိုယ်ကို တန်ဖိုးထားခြင်း အလွန်များသွား ပါက အောက်ခြေ အလွန်မခိုင်ဘဲ အဖျက်သဘောဆောင် သော ဆိုးကျိုးများ ဖြစ်စေသည်။ ထို့ကြောင့် မိဘ တစ်ယောက်အနေဖြင့် သင်သည် သင့်ကလေးကို အစောပိုင်း အချိန်မှစပြီး မိမိကိုယ်ကို တန်ဖိုးထားခြင်း၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို သင်ပေးရန် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးအား ဆရာဆရာမများနှင့် ဆက်ဆံပုံများကို သွန်သင်ပေးခြင်း

ကျောင်းတက်ရခြင်းသည် ကလေးများအတွက် ပျော်ရွှင်နေရသည်ချည်းမဟုတ်ပါ။ ကလေးနှင့်ဆရာများကြား ပြဿနာများ ခဏခဏဖြစ်တတ်ကြောင်း သင်မြင်ဖူးပါလိမ့်မည်။ ထိုကဲ့သို့ အခြေအနေမျိုးမှာဆို ဘယ်လိုကိုင်တွယ်ကြမလဲ။ အဆင့် ၁။ အမှန်ကိုသိအောင်လုပ်ပါ သင့်ကလေးက အိမ်ပြန်ရောက်ရောက်ချင်း “မေမေ သားကို ဆရာကဆူတယ်” ဟု ပြောပါလျှင် ထိုစကားကို ဖြစ်နိုင်သည့်ရှု့ထောင့်မျိုးစုံမှ သင်ဆန်းစစ်ဖို့ လိုပါသည်။ ထိုသို့လုပ်ခြင်းအား ကလေး၏စကားကို အထုပ်ဖြေခြင်းဟု ခေါ်သည်။ မေးခွန်းများကိုမေးပြီး အချက်အလက်များ ပိုရရှိစေရန် ကြိုးစားပါ။ “ဆရာက ဘာတွေပြောလိုက်တာလဲ” “သူငယ်ချင်းတွေကရော ဆူနေတုန်း ဘယ်လိုတွေ လုပ်ပြကြလဲ” တစ်ခါတစ်ရံကလေးက ချဲ့ကားပြောတတ်သည်ကို သတိပြုပါ။ “ဆူသည်” ဆိုသည်မှာ ဒီနေရာတွင် “အိမ်စာမလုပ်ခဲ့လို့” ဆိုတာမျိုး ဖြစ်နိုင်ပါသည်။ အကယ်၍ထိုသို့ဖြစ်နေပါက ဆရာက စေတနာဖြင့်ပြောဆိုကြောင်းကို ရှင်းပြရမည်မှာ သင့်တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် အရေးကြီးဆုံးဗျူဟာမှာ ကလေးပြောသည်၏နောက်ကွယ်က အကြောင်းကို ကောင်းကောင်းသိရှိဖို့ရန်ပင် ဖြစ်သည်။ အဆင့် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သေဆုံးခြင်းအကြောင်း သင့်ကလေးများကို သင်ကြားပါ

အချို့ကလေးများသည် သူတို့ဘဝတွင် ပြင်းထန်သော စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု ခံစားရနိုင်သည်။ ငယ်ရွယ် သော်လည်း ကလေးများသည် မိဘများ၏ မျက်နှာတွင် ဝမ်းနည်းခြင်းကို သတိထားနိုင်သည်။ တုန်လှုပ်ဖွယ် အဖြစ် အပျက်များ ဖြစ်ပွားပြီး သူတို့မှတ်ညဏ်တွင် အချိန်အလွန် ကြာစွာ အမာရွတ်စွဲထင်ခြင်း ရှိနိုင်သည်။ မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးများ ဆုံးရှုံးခြင်း၊ အိမ်မွေး တိရစ္ဆာန် သို့မဟုတ် သူငယ်ချင်းကောင်း တစ်ယောက် သေဆုံးခြင်း သည် ကလေးများကို အလွန်စိတ်ထိခိုက်သော အခြေအနေသို့ ရောက်စေသည်။ ထို့ကြောင့် မိဘများသည် ကလေးများကို သေခြင်းအကြောင်း ပြောရာတွင် ဂရုတစိုက် သတိပြုရမည်။ သင်သည် မိမိဘာသာ တည်ငြိမ်သော စိတ်အခြေအနေ ရအောင် ပြင်ဆင်ပါ။ စတင်ရန်အတွက် သင်သည် တစ်စုံတစ်ယောက်၏ သေဆုံးခြင်းအပေါ် ဘယ်လိုခံစားသလဲဆိုတာ ရှင်းလင်း အောင်လုပ်ထားသင့်သည်။ သင့်ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မျှမျှတတလုပ်ဆောင်တတ်စေရန် သွန်သင်ပေးခြင်း

မျှမျှတတဖြစ်ခြင်းသည် လူများနေ့စဉ် ဆက်ဆံကြရာ၌ လိုအပ်သောအရာဖြစ်ပြီး ကလေးများအားလုံး သိထားရမည့် အရာဖြစ်ပါသည်။ မျှတခြင်းဆိုသည်မှာ သူ့အလှည့် ကိုယ်အလှည့်ပေးခြင်း၊ မျှဝေသုံးစွဲခြင်း၊ စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်း၊ တခြားသူများစကားကို နားထောင်ပေးခြင်း၊ ပြဿနာတစ်ခုအား အဖက်ဖက်မှသုံးသပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ကလေးတစ်ဦးအား မျှတစွာ လုပ်ဆောင်တတ်စေရန် သင်ပေးခြင်းသည် ကိုယ်ကျင့်တရား ကောင်းမွန်စေသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မျှတမှုနှင့် ဦးနှောက် စိတ်ခံစားမှုကို အကူအညီပေးသည့် ဦးနှောက်တွင်းမှ ဓါတုပစ္စည်းတစ်ခုဖြစ်သော စီရိုတိုနင်သည် တရားမမျှတမှုကို မျက်မြင်တွေ့ရှိရာတွင် စိတ်ထဲစနိုးစနှောင့်ဖြစ်အောင် ဆောင်ရွက်သည်ဟု ထင်ရပါသည်။ သုတေသနများ၌ မမျှတများကို ကျွန်တော်တို့ တုန့်ပြန်သည့်အခါ စီရိုတိုနင် ကျသွားကြောင်း သက်သေပြထားပါသည်။ တစ်ခြားတစ်ဖက်မှကြည့်လျှင်လည်း ကျွန်တော်တို့၏ တရားမျှတမှုအပေါ် ခံစားချက်များသည် ကိုယ်သိထားခဲ့သည့် လူမှုရေးရာစည်းမျဉ်များပေါ် မမှီခိုကြောင်း ဆိုလိုပါသည်။ ၎င်းသည် ကျွန်န်ုပ်တို့ဦးနှောက်၏ ကျေနပ်မှုအပေါ် တုန့်ပြန်သည့်မရှိမဖြစ်ပုံစံတစ်ခုလည်း ဖြစ်ပါသည်။ အနှိမ်ခံရသူတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း