ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအရေပြားပြဿနာများ

ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း

အပူဖုဆိုတာ ဘာလဲ။ အပူဖုကို ချွေးဖု၊ မိတ်ဖု၊ miliaria သို့မဟုတ် နွေရာသီတွင် ထွက်သော အဖုဟုလည်း ခေါ်သည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်သော သေးငယ်သော အနီစက်များ၊ အဖုများ ဖြစ်သည်။ အပူဖုများသည် ကလေးများ အလွန်ပူသောအခါ ပေါ်လာတတ်သည်။ အပူဖုကို ဘာတွေက ဖြစ်စေသလဲ။ ကလေးများ ချွေးအလွန်ထွက်သောအခါ ချွေးပေါက် ပိတ်ဆို့ပြီး ချွေးများအပြင်သို့ မထွက်နိုင်တော့ပါ။ ထိုအခါ အပူဖုများ ဖြစ်လာသည်။ နို့စို့ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးများသည် အပူဖု ပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ချွေးဂလန်းများသည် မဖွံဖြိုး သေးသောကြောင့် ဖြစ်သည်။ အပူဖုများသည် ပူပြင်းသော ရာသီဥတုတွင် မကြာခဏ ပေါ်တတ်သည်။ သို့သော် ကလေးသည် အဝတ်များစွာ ထပ်ဝတ်ထားသောအခါ သို့မဟုတ် အဖျားရှိနေသောအခါ ဆောင်းရာသီတွင်လည်း အပူဖု ဖြစ်နိုင်သည်။ အပူဖုသည် ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များတွင် သောက်သုံးသင့်သည့် အရည်များနှင့် ကန့်သတ်ပြီး သောက်သုံးစေခြင်း

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များသည် တနေ့လျှင် ရေ ၄ ခွက်မှ ၆ခွက်အထိ သောက်တတ်ကြောင်းယူဆရသည်။ သို့သော် ကလေးများ၏ ကြီးထွားမှုအတွက် ရေသာမက အာဟာရဓါတ်များနှင့် အဆီဓါတ်များလည်း လိုအပ်ပါသည်။ သင့်ကလေးသည် လမ်းသွားကာစအရွယ်တွင် အစားကောင်းကောင်းမစားခြင်းသည် ရေအသောက်များပြီး ဗိုက်ပြည့်နေသောကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ထိုသို့မဖြစ်အောင် အစားစားပြီးမှ ရေသောက်စေသော အလေ့အကျင့်ပြုလုပ်ပေးသင့်သည်။ ထို့ပြင် အောက်ပါနည်းလမ်းများကလည်း သင့်ကလေးအတွက် အထောက်အကူဖြစ်ပါလိမ့်မည်။ ရေခွက်နှင့် ပြောင်းသောက်စေပါ။ ထိုသို့ပြုလုပ်ခြင်းသည် နို့ဘူးသောက်သော ကလေးများတွင် ပိုလုပ်ရလွယ်ပါသည်။ မိခင်အနေဖြင့် သင့်ကလေးသည် နို့ဘူးကို မကြာခဏစို့နေတတ်သော ကလေးဖြစ်ကြောင်း သတိပြုမိလျှင် ထိုကာလသည် အရည်ကို ခွက်ဖြင့် သောက်ရန်ပြောင်းလဲရလွယ်သော ကာလဖြစ်ပါသည်။ ခွက်ထဲတွင် နို့ရည်နည်းနည်း၊ ရေ သို့မဟုတ် ရေဖြင့်ဖျော်ထားသော အသီးဖျော်ရည်များကို ထည့်ပြီး စသောက်ခိုင်းပါ။ ထို့နောက် အစာများ၊ သရေစာများကို နို့၊ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ချို့ယွင်းချက်ရှိနေသော ကလေးများကို အိမ်သာတက်နည်း သင်ပေးခြင်း

ကလေးတစ်ယောက်ကို အိမ်သာအိုးထိုင်တတ်ဖို့ သင်ပေးရခြင်းသည် လုံးဝမလွယ်ကူပါ။ အထူးသဖြင့် သင့်ကလေးတွင် အထူးလိုအပ်ချက်၊ ချို့ယွင်းမှုများ ရှိနေသည်ဆိုလျှင်ပေါ့။ သင့်သင်ကြားမှုကို ဘယ်တော့မှ အလျင်စလိုမလုပ်ပါနဲ့။ သင့်ကလေး၏ စွမ်းဆောင်နိုင်စွမ်းကို အရင်ဆုံး နားလည်ဖို့ အချိန်လိုအပ်သည်။ ဘယ်အချိန်ကစပြီး ကလေးတစ်ယောက် သည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင်သင့်ဖြစ်ပြီလဲ။ ဘယ်အချိန်မှာ သင့်ကလေးသည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင့်သင့်ဖြစ်ပြီလဲဆိုတာကို အတိအကျပြောဖို့ ခက်ပါသည်။ များသောအားဖြင့် ပုံမှန်ဖွံ့ဖြိုးမှုရှိသော ကလေးများသည် နှစ်နှစ်ကျော် သုံးနှစ်နီးပါးတွင် အဆင်သင့်ဖြစ်သည့် လက္ခဏာများ ပြသတတ်သည်။ သို့သော် ချို့ယွင်းချက်ရှိနေသော ကလေးများအတွက်တော့ အနည်းငယ် ကွဲပြားနိုင်ပါသည်။ ထိုကလေးများသည် သူတို့ဖွံ့ဖြိုးနှုန်းနှင့် သူတို့သွားနေသော ကလေးများဖြစ်သည်။ ထို့ကြောင့် သူတို့လေးတွေ အဆင်သင့်မဖြစ်သေးခင် အိမ်သာအိုးထိုင်နည်း လေ့ကျင့်ပေးဖို့ အတင်းအကျပ် မကြိုးစားပါနဲ့။ ထိုအစား သူတို့ပြသော လက္ခဏာများကို စောင့်ကြည့်ပါ။ ၎င်းတို့မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ထိပ်တန်း မိဘအုပ်ထိန်းနည်းများ

ကလေးထိန်းနည်းများစွာရှိသော်လည်း အများစုမှာ သဘောထား ကွဲလွဲမှုလေးများ ရှိနေပါသည်။ ထိုကြောင့် မိဘများမှာ ကိုယ်လုပ်တာမှားများသွားသလားဆိုပြီး စိတ်ရှုပ်ထွေးမှု မကြာခဏဖြစ်ရပါသည်။ သို့သော် ကလေးထိန်းခြင်း၏ အရေးကြီးဆုံး အချက်ကတော့ ကလေးကိုအနိုင်ရဖို့ကြိုးစားရန်မဟုတ် ကလေးနှင့် မိဘကြား ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ဖို့ပဲ ဖြစ်ပါသည်။ သင့်အတွက် အထောက်အကူဖြစ်မည့် ထိပ်တန်း ကလေးထိန်းနည်း အချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ ၁။ သင့်ကလေးနှင့် နေ့စဉ် အချိန်အတူကုန်ဆုံးပေးပါ။ သင့်ကလေးတစ်ယောက်ချင်းစီအတွက် အချိန်သတ်သတ်မှတ်မှတ်ပေးထားပါ။ ထိုအချိန်အတွင်းတွင် သင့်ကလေးကို အပြည့်အ၀ ဂရုစိုက်ပေးပါ။ သင်နှင့်အတူ သူတို့ဘာလုပ်ချင်တယ်ဆိုတာကို ရွေးချယ်ခွင့်ပေးနိုင်သည် (သို့) သင်တို့နှစ်ယောက်အလှည့်ကျ ရွေးချယ်နိုင်သည်။ အခြားသော ကလေကို လုပ်စရာတစ်ခုခုရှိနေပါစေ။ သို့မှသာ သူတို့ဝင်ရောက် မနှောင့်ယှက်မည်ဖြစ်သည်။ သင့်ဖုန်းကိုလည်း ပိတ်ထားလိုက်ပါ။ ဤနည်းသည် သင့်ကလေး၏ အမှားများကို ပြုပြင်ပေးဖို့ အနီးကပ်နေနိုင်သည့် အခွင့်အရေးဖြစ်သည်။ ၂ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးတွင် ဆိုရီရေးစစ်ရောဂါ ကုသမှုနည်းလမ်းများ

ဆိုရီရေးစစ်ရောဂါ ဆိုတာဘာလဲ။ ဆိုရီရေးစစ်ရောဂါဆိုသည်မှာ အရေပြားဆဲလ် ဖြစ်ပျက်မှု ဖြစ်စဉ်အပေါ် သက်ရောက်မှုရှိသော အဖြစ်များသည့် အရေပြားရောဂါတစ်ခုဖြစ်သည်။ ဆိုရီရေးစစ်ရောဂါသည် အရေပြားမျက်နှာပြင်တွင် ဆဲလ် အလျင်အမြန်တည်ဆောက်ခြင်းကို ဖြစ်ပေါ်စေသည်။ အရေပြားဆဲလ်အပိုများသည် ထူထဲပြီး ငွေရောင်အကြေးခွံရှိသော ယားယံ၊ခြောက်သွေ့၊ နီရဲသည့် အကွက်များဖြစ်သည်။ ထိုအကွက်များသည် တစ်ခါတစ်ရံ နာကျင်သည်။ ကလေးတွင် ဆိုရီရေးစစ် ရောဂါ လက္ခဏာများ ဆိုရီရေးစစ်ရောဂါသည် ပုံစံမျိုးစုံရှိသည်။ တစ်မျိုးချင်းစီတွင် ထူးခြားသော လက္ခဏာများရှိကြသည်။ ကလေးတွင် ဆိုရီရေးစစ်၏ အဓိကလက္ခဏာများမှာ အများအားဖြင့် နီရဲပြီး ငွေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသော အရေပြားအကွက်များ (အများအားဖြင့် တစ်နှစ်အောက်ကလေး သေးခံလောင်သော အကွက်များနှင့် မှားတတ်သည်။) တစ်ခါတစ်ရံ သွေးထွက်တတ်သော ခြောက်သွေ့ကွဲအက်နေသည့် အရေပြား ဆိုရီရေးစစ်ဖြစ်သော အရေပြားတွင် ယားယံ၊ နာကျင်ပြီး ပူစပ်ပူလောင် ခံစားရခြင်း အစင်းထနေသော ထူထဲပြီး ချိုင့်နေသည့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် ဖြစ်သော အမျိုးအစား (၁) ဆီးချို

သင့်ကလေးတွင် ဆီးချိုရောဂါရှိနေပြီဟု ဆရာဝန်ကပြောလိုက်သောအခါ စိတ်ဓါတ်မကျပါနဲ့။ သင့်ကလေးတယောက်တည်း ဆီးချိုရောဂါဖြစ်ခြင်းမဟုတ်ပါ။ ဆီးချိုရောဂါဆိုသည်မှာ ဂရုတစိုက်ပြုရမည့် နာတာရှည်ရောဂါဖြစ်ပါသည်။ သို့သော် သင်သည် လက်တွေ့ကျသော ဗဟုသုတအချို့ကို သိထားခြင်းဖြင့် သင့်ကလေးအား အကောင်းဆုံးကူညီ ထောက်ပံ့မှုများကို ပေးနိုင်ပါလိမ့်မည်။   ဆီးချိုရောဂါဆိုတာ ဘာလဲ။ ဆီးချိုသည် လူများတွင် ဖြစ်နိုင်သော ရောဂါဖြစ်ပါသည်။ သင်စားလိုက်သော အစားအစာများသည် သင့်ကိုယ်ထဲတွင် သကြားဓါတ်များအဖြစ်ပြောင်းလဲသွားသည်။ ထိုအခါ မုန့်ချိုအိတ်သည် ထိုသကြားဓါတ်များကို စုပ်ယူနိုင်ရန် ခန္ဓါကိုယ်အတွက် အရေးပါဆုံးဟော်မုန်းဖြစ်သည့် အင်ဆူလင်ဟော်မုန်းတမျိုးကို ထုတ်ပေးပါသည်။ ကျွနုပ်တို့စားပြီးသောအခါ အင်ဆူလင်သည် ကိုယ်ထဲရှိ ဆဲလ်များအတွင်းသို့ စွမ်းအင်များရရှိအောင် ပို့ဆောင်ပေးသော အဓိက သော့ချက်ဖြစ်ပါသည်။ ဆီးချိုသမားများတွင် အဆိုပါဖြစ်စဉ် လုပ်ဆောင်မှုမမှန်ကန်ခြင်းဖြစ်ပြီး ဆီးချိုရောဂါကို မကုဘဲထားပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်လာစေပါသည်။ အမျိုးအစား ၁ ဆီးချိုရောဂါသည် မုန့်ချိုအိတ်မှ အင်ဆူလင်လုံးဝမထုတ်ခြင်းကြောင့် သွေးတွင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များအတွက် စိတ်မချရသော အစားအသောက်များ

သင့်ကလေးသည် ကြီးထွားလာသည်နှင့်အမျှ သူစားသော အစားအစာများသည်လည်း ပိုမိုများပြားလာပါသည်။ သို့သော ်အချို့သောအစားအစာများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် သင့်ကလေးစားသော အစားအစာများကို ဂရုစိုက်သင့်ပါသည်။ အောက်ပါတို့သည် သင့်ကလေးကို ထိခိုက်စေသော အချို့သော အစားအစာများဖြစ်ပါသည်။ သကြား ကလေးများသည် သဘာဝအားဖြင့် အချိုကြိုက်တတ်ကြသည်။ သကြားလုံးများ၊ ဂျယ်လီများ၊ ဘီစကစ်နှင့် ကိတ်မုန့်များသည် ကလေးများအကြိုက်ဖြစ်ပြီး ထိုအစားအစာများကို စားခြင်းဖြင့် အခြားသော ကျန်းမာစေသည့် အစားအစာများကို နေရာမပေးချင်ဘဲဖြစ်တတ်ကြသည်။ ထို့ကြောင့် ထိုအချိုများသော အစားအစာများကို ကလေးအသက်၂ နှစ်အရွယ်လောက်ထိ တတ်နိုင်သမျှ လျှော့စားစေခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားများပျက်စီးခြင်းကို ကယကွယ်နိုင်ပေလိမ့်မည်။ ပန်းသီးဖျော်ရည် အခြေခံအားဖြင့် အသီးဖျော်ရည်များသည် ကျန်းမာရေးအတွက်ကောင်းမွန်သော်လည်း ပန်းသီးဖျော်ရည်သည် သကြားဓါတ်အများအပြားပါဝင်ကြောင်းတွေ့ရသည်။ မိဘများသည် ပန်းသီးဖျော်ရည်က လိမ္မော်ရည် ၊ မက်မွန်ရည်နှင့် စပျစ်ဖျော်ရည်များထက် ပိုပြီး ကျန်းမာစေမည်ဟု မှားယွင်းယူဆနေကြသည်။ ၁၀၀ % […]


ကလေးငယ်အာဟာရ

ကလေးများ၏ စိတ်ခံစားမှုနှင့် အစာစားချင်စိတ် ဆက်နွယ်မှု

အစာစားခြင်းဟာ ကလေးတိုင်းရဲ့ဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ အစာကောင်းကောင်းစားခြင်းဟာ ခန္ဓါကိုယ်ဖွံ့ဖြိုး၍ ကျန်းမာစေရုံသာမကပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ဓါတ်ပိုင်းတွင်လည်းတိုးတက်စေပါတယ်။ အစာစားချင်းနှင့်အစားအစာရွေးချယ်မှုကိုနေထိုင်ရာပတ်ဝန်းကျင် ၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်၏အပူချိန်တို့က လွှမ်းမိုးပါတယ်။   စိတ်ခံစားမှုကြောင့် အစာစားခြင်းဆိုတာဘာလဲ။ စိတ်၏စေခိုင်းမှုကြောင့် အစာစားခြင်းမှာ အာဟာရပြည့်ဝရန်ထက် သက်တောင့်သက်သာရှိစေရန် ၊ ပျင်းရိမှုမှလွတ်မြောက်ရန် သို့ စိတ်လှုပ်ရှားမှုကိုတုံ့ပြန်ခြင်းအားဖြင့် ဖြစ်စေ စားခြင်းဖြစ်ပါတယ် ။ ကလေးများ ၊ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူများတောင်မှစိတ်၏အလိုအရ တစ်ခါ သို့ တစ်ခါထက်ပိုပြီး စားမိတတ်ကြပါတယ် ။ စိတ်ခံစားမှုကြောင့် အစာစားခြင်းသည်အမှန်တစ်ကယ်ဆာ၍စားခြင်းနှင့် မည်သို့ကွာသလဲ။ ကလေးတွေဟာ အခြေအနေတစ်ခု သို့ အတွေ့အကြုံတစ်ခုနှင့်ကြုံတွေ့ရတဲ့အခါမှာ စိတ်လှုပ်ရှားပြီး အစားစားချင်စိတ်များ အလွန်ဖြစ်ပေါ်လာတတ်ပါတယ်။ အခြားတစ်ဖက်မှာတော့ခန္ဓါကိုယ်လိုအပ်ချက်ကြောင့်ဗိုက်ဆာတဲ့ကလေးတွေဟာတော့ သူတို့ရဲ့အစာအိမ်ထဲမှာ ဘာမှမကျန်တဲ့အခါမှသာအစာစားချင်စိတ်ဖြစ်ပေါ်လာကြပါတယ်။ စိတ်ခံစားမှုကြောင့်အစာစားတဲ့ကလေးများဟာ အစားအစာတစ်မျိုးထဲကိုပဲစားချင်စိတ်ပြင်းထန်နေတတ်ကြပြီး ပုံမှန်ဗိုက်ဆာတဲ့ကလေးတွေဟာတော့မည်သည့်အစားအစာဖြစ်စေ ကျေနပ်တတ်ကြပါတယ် ။ ဥပမာအားဖြင့် သူငယ်ချင်းများနှင့်ရန်ဖြစ်ပြီးတဲ့ကလေးတွေဟာရေခဲမုန့်တွေအများကြီးစားတာကိုသူတို့ဘာသာသတိထားမိတတ်ကြပြီး အချို့ကတော့ သတိမထားမိတတ်ကြပါဘူး ။ စိတ်ခံစားမှုကြောင့်အစာစားခြင်းဟာ ဘာကြောင့်မကျန်းမာစေသလဲ။ စိတ်အလိုလိုက်၍ အစာစားခြင်းဟာ အဝလွန်ခြင်း( အလွန်အကျွံစားသုံးမိ၍) ၊လုံလောက်သောခန္ဓါကိုယ်အလေးချိန်မရှိခြင်း( […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို နည်းမှန်လမ်းမှန်ဖြင့် အားပေးချီးကျုးခြင်း

မိဘအများစုအဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ သူတို့ကလေးတွေကို ပျော်ပျောရွှင်ရွှင်၊ အောင်အောင်မြင်မြင် အသက်ကြီးလာစေချင်ကြတာပါပဲ။ ဒါကြောင့် ကလေးတွေ ကောင်းတာတစ်ခုခုလုပ်တာနဲ့ အားပေးချီးမြှောက်ကြပါတယ်။ ဒါပေမဲ့လည်း အားပေးမှုတိုင်းက မှန်နေသလား။ ဒါမှမဟုတ် မကောင်းတဲ့ဘက်တွေကို ရောက်သွားစေနိုင်သလား။ သင့်ကလေးစိတ်ဓါတ်ကောင်းတစ်ခုရရှိရန်အတွက် ဘယ်လိုအားပေးချီးမြှောက်ရမယ်ဆိုတာ အောက်တွင်ဖတ်ရှုပေးကြပါ။ အားပေးချီးမြှောက်မှုတွေက ကလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နဲ့တန်ဖိုးထားတတ်စေရန်အတွက် အဓိကနေရာမှာ ပါဝင်နေပါတယ်။ ကောင်းမွန်တဲ့အားပေးချီးမြှောက်မှုတစ်ခုက သူတို့မှန်တာကို လုပ်နေတာလို့ ယုံကြည်စေနိုင်ပါတယ်။ အဲဒီအကြောင်းအရာကနေပြီး တစ်သက်လုံးမှန်ကန်တဲ့လုပ်ရပ်တွေ လုပ်တတ်တဲ့အကျင့်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း အမြဲတမ်းတော့ အားမပေးရပါဘူး။ အားပေးချီးမြှောက်ခြင်းရဲ့ အကျိုးနဲ့အပြစ်တွေ သိရှိပြီး ယင်းအားပေးမှုရဲ့ တန်ဖိုးကို နားလည်စေရပါမယ်။ ဘယ်အရာကို အားပေးချီးကျူးတယ်ဆိုတာ သေသေချာချာပြောပါ။ ပုံဆွဲထားသည်ကို အားပေးချီးကျူးခြင်းက သူတို့ကို ပျော်ရွှင်သွားစေနိုင်သော်လည်း ပုံဆွဲထားခြင်းမှာဘယ်အရာတွေက ကောင်းနေတာလဲဆိုတာကိုတော့ သိစေမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် ပုံဆွဲကောင်းကြောင်းပြောပြီး အရောင်လေးတွေ စုံစုံလင်လင်ထည့်သွင်းပေးသင့်တယ်၊ အဲဒါက ဖန်တီးနိုင်စွမ်းဖြစ်တယ်ဆိုတာကို ပြောပြရပါမယ်။ သင့်အားပေးချီးကျူးမှု […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့်

ကလေးငယ်အတွက်သူတို့ရဲ့ပထမဆုံး ၆လမှာအာဟာရအရင်းအမြစ်ဟာ မိခင်နို့ပဲဖြစ်ပါတယ် ။ မိခင်နို့ကို  နို့ဦးရည် ၊ Transitional milk (နို့ဦးရည်ထွက်ပြီးနောက်၂ပတ်အတွင်းထွက်သောနို့ရည်) နှင့် Mature milk (မီးဖွားပြီး၂ပတ်နောက်ပိုင်းထွက်သောနို့ရည်)ဟူ၍ အဆင့် ၃ ဆင့်ခွဲခြားထားပါတယ်။ နို့ဦးရည် ။ နို့ဦးရည်ဆိုသည်မှာ မိခင်နို့ရည်ရဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပေါ်လာပြီး အဝါရောင် သို့ ပျစ်နှစ်သောအရောင်ရှိပါတယ် ။ နို့တိုက်စဉ်မှာထုတ်သော နို့ရည်ထက်လည်း ပိုပြီးပျစ်ပါတယ် ။ ကလေးမွေးပြီးတဲ့အခါမှာတော့ နို့ဦးရည်အဆင့်ကနေ ပြောင်းလဲဆဲနို့ရည်အဆင့်သို့ ၂ ရက်မှ၄ ရက်အတွင်းပြောင်းလဲပါတယ်။ နို့ဦးရည်မှာ အသားဓာတ် ၊ အဆီတွင်ပျော်ဝင်သော ဗီတာမင်များ၊သတ္ထုဓာတ်များနှင့်  (immunoglobulins)ကိုယ်ခံအားအတွက်အရေးပါတယ့်ပစ္စည်းများပါဝင်ပါတယ်။Immunoglobulin ဆိုသည်မှာ မိခင်မှကလေးငယ်ဆီသို့ရောက်၍ ကလေးငယ်အတွက်ကိုယ်ခံအားကောင်းစေတဲ့ပဋိပစ္စည်းများပဲဖြစ်ပါတယ်။ သဘာဝကိုယ်ခံအားသည်ကလေးငယ်ကို ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်များကြောင့် ဖျားနာမှုများမှကာကွယ်ပေးပါတယ်။ Transitional Milk(နို့ဦးရည်ထွက်ပြီးနောက်၂ပတ်အတွင်းထွက်သောနို့ရည်) ။ ၎င်းနို့ရည်မှာ နို့ချိုတိုက်ကျွေးသည့်အချိန်မှစ၍ဖြစ်ပေါ်လာပါတယ်။ မိခင်မှာ မိမိနို့ထွက်ပြီဟု စတင်ပြောလာလျှင် အဲ့ဒါဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း