ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးနှင့် ဗီတာမင် အေ

ဗီတာမင်နှင့် သတ္တုဓါတ်များသည် ကလေးကျန်းမာရေး နှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင် အေ သည် ထိုအရေးကြီးသော ဗီတာမင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မျက်စိအမြင်အာရုံ နှင့် အရိုးကြီးထွားမှုအတွက် အရေးပါပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ဤဆောင်းပါးတွင် ကလေးများအတွက် ဗီတာမင် အေ ၏ အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြလိုက်ပါသည်။ ဗီတာမင်အေ ဆိုတာဘာလဲ။ ဗီတာမင်အေ ပင်မရင်းမြစ်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ retinol နှင့် beta-cartoene တို့ဖြစ်ပါတယ်။ Retinol ကို စစ်မှန်သော ဗီတာမင်အေ ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်အတွက် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီး ၎င်းကို အသား (ဥပမာ။ ။ အသည်း၊ ဥ နှင့် အဆီများသောငါး) နှင့် စီရီယယ်များတွင် အလွယ်တကူ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးတွင် ဗီတာမင်နှင့် သတ္တုဓါတ် ချို့တဲ့မှု

သင့်ကလေးသည် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာပါ အပြည့်အ၀ ဖွံ့ဖြိုးဖို့ ဗီတာမင်နှင့် သတ္တုဓါတ်များ အလုံအလောက်ရရှိရန် လိုအပ်သည်။ ထို့ကြောင့် သင့်ကလေး ကျန်းကျန်းမာမာ ကြီးထွားဖို့ ဗီတာမင်နှင့် သတ္တုဓါတ်များ အလုံအလောက်ရရှိတာ သေချာစေရန် ကလေးတွင် အာဟာရဓါတ်ချို့တဲ့မှု လက္ခဏာများရှိမရှိ စောင့်ကြည့်ပါ။ အာဟာရ ချို့တဲ့သော လက္ခဏာ (၁၀) ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ စိတ်ဓါတ်ကျခြင်းနှင့် ပူပန်သောကရောက်ခြင်း (အမိုင်နိုင်အက်ဆစ် ပါဝင်သော ပရိုတင်းဓါတ် ချို့ တဲ့မှု ကြောင့် ဖြစ်သည်။) ၂။ အတက်ကြွလွန်ခြင်း ၃။ စကားပြောနှေးခြင်း (သို့) ဆွံ့အခြင်း (ဗီတာမင် ဘီ၁၂ ချို့တဲ့မှုနှင့် ဆက်နွယ်သည်) ၄။ ဆံပင်၊အရေပြား ခြောက်သွေ့ခြင်း (အဆီတွင်ပျော်ဝင်သော ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ ၂ ချို့တဲ့မှုကြောင့် ဖြစ်သည်။) ၅။ […]


ကလေးငယ်အာဟာရ

ကလေးနှင့် ဗီတာမင်

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်များတွင် ဗီတာမင်သည် အရေးကြီးဆုံး အစိတ်အပိုင်းထဲမှ တစ်ခု ဖြစ်သည်။ ကလေး၏ ခန္ဓါကိုယ်သည် လိုအပ်သလောက် ဗီတာမင် ပမာဏကို မထုတ်လုပ်ပေးနိုင်သောကြောင့် ဗီတာမင်ဓါတ်များကို အစားအသောက်မှ နေ့စဉ် ရရှိရန်လိုအပ်သည်။ ဗီတာမင် အေ ဗီတာမင်အေကို အဝါရောင်၊ လိမ္မော်ရောင်ရှိသော အစားအစာများ (ဥပမာ။ ။ မုန်လာဥ၊ ဝဥ ၊ ဖရုံသီး၊ နို့၊ ဒိန်ခဲ၊ ဥ) တွင် အလွယ်တကူ တွေ့ရှိရသည်။ ထိုဗီတာမင်သည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု၊ တစ်ရှုးနှင့် အရိုးပြန်လည် ပြုပြင်မှု၊ အရေပြားနှင့် မျက်လုံးကျန်းမာရေး၊ ကိုယ်ခံအား တို့ကို တိုးမြှင့်ပေးသော အစွမ်းအာနိသင်ရှိသည်။ ဗီတာမင် ဘီ ဗီတာမင်ဘီ အုပ်စုတွင် ဗီတာမင် ဘီ ၂၊ ၃၊ ၆ နှင့် ၁၂ တို့ပါဝင်ပါသည်။ ၎င်းတို့သည် […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ကလေးများတွင် ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်သောရောဂါအတွက် သတိပြုရမည့် အချက်များ

စိတ်ကစဉ့်ကလျားဖြစ်ခြင်း ဆိုတာဘာလဲ။ စိတ်ကစဉ့်ကလျားဖြစ်ခြင်းသည် အတွေးများ မူမှန်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ လွန်အမင်းကြောက်တတ်ခြင်းများဖြစ်ကာ အပြုအမူများ စိတ်သဘောထားများ မူမမှန်ဖြစ်ခြင်းကို ဆိုလိုပါသည်။ ကလေးများနှင့် လူငယ်များတွင် စိတ်ကစဉ့်ကလျားဖြစ်လျှင် အမှန်တရားကို ဝေမှန်ပိုင်းခြားနိုင်စွမ်းမရှိခြင်း၊ တခုခုမှားယွင်းနေသည်ဟု ခံစားရခြင်း၊ သူတို့စိတ်ထဲတွင် ဖြစ်နေသောအရာများကို မပြောပြတတ်ခြင်းစသည်တို့ဖြစ်တတ်ပါသည်။ ကလေးများတွင် စိတ်ကစဉ့်ကလျားဖြစ်ခြင်းသည် ဖြစ်ခဲပြီး ရောဂါ လက္ခဏာများကိုလည်း သတိပြုမိခဲပါသည်။ ကလေးဘဝတွင် စတင်ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်ခြင်းရောဂါ အသက် ၁၂နှစ်မပြည့်မီကလေး အရွယ်များတွင် စိတ်ကစဉ့်ကလျားဖြစ်သောရောဂါခံစားရလျှင် သတိပြုမိခဲပါသည်။ သို့သော် အရွယ်ရောက်လာလျှင်၊ လူပျို အပျိုဖော်ဝင်ချိန်များတွင် ရောဂါလက္ခ ဏာများကို သတိပြုမိလာတတ်ကြပါသည်။ ထိုသို့စတင်သတိပြုမိသော လက္ခဏာများကို ရှေ့ပြေးလက္ခဏာများဟု ခေါ်ပါသည်။ ယင်းတို့သည် ကလေးများအနေဖြင့် သူတို့တွေးနေသည်များကို မူမမှန်အတွေးများဟုထင်လာခြင်းဖြစ်ပြီး ယင်းသည် စတင်သတိပြုစရာ လက္ခဏာတစ်ခုဖြစ်လာပါသည်။ သို့သော် ကလေးများသည် ထိုသို့ဖြစ်ခြင်းကို ဝန်ခံမည်မဟုတ်ပါ။ ကလေးများတွင် ခံစားရသော စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါအတွက် […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

သင့်ကလေးတွင် အကြားအာရုံချို့ယွင်းခြင်းဖြစ်နေလျှင် ဘယ်လိုအကောင်းဆုံး ကူညီဖြေရှင်းမလဲ

ကလေးများတွင် အကြားအာရုံချို့ယွင်းရခြင်းသည် မွေးရာပါနှင့် မွေးပြီးမှဖြစ်သော အကြားအာရုံချို့ယွင်းခြင်း ဟူသော အဓိက အကြောင်းရင်း ၂ခုကြောင့်ဖြစ်နိုင်ပါသည်။ နားကြားနေမှသာ ပတ်ဝန်းကျင်ရှိအရာများကို စူစမ်းလေ့လာခြင်း၊ အတုခိုးခြင်းများပြုလုပ်တတ်လာပြီး ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးလာခြင်းဖြစ်ပါသည်။ ထိုသို့အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည့်အတွက် ထိုကလေးများကို အခြားသော သာမန်ကလေးများကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှုရရှိစေရန် မတူညီသော ပြုစုပျိုးထောင်မှုနည်းလမ်းများကို အသုံးပြုရပါသည်။   သင့်ကလေးသည် အကြားအာရုံချို့ယွင်းနေပါက သင်ဘာလုပ်သင့်သလဲ။ သင့်ကလေးကို ပေါင်းသင်းဆက်ဆံတတ်စေရန် အားပေးပါ။ အကြားအာရုံချို့ယွင်းနေသော ကလေးများသည် ဘာသာစကားများကိုလေ့လာရာတွင် အခြားကလေးများထက် နောက်ကျပါသည်။ ကလေးများသည် သူတို့၏အားနည်းချက်ကို ရှက်စိတ်ဖြစ်လာလေလေ လူအများနှင့် မဆက်ဆံချင်တော့လေလေဖြစ်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို အခြေအနေကို နားလည်အောင်ရှင်းပြခြင်း၊ ပြုလုပ်ရန်တွန်းအားပေးခြင်း၊ အတတ်နိုင်ဆုံး ပုံမှန်ပတ်ဝန်းကျင်တစ်ခုတွင် နေရသည့် စိတ်ခံစားမှုမျိုးကိုရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပြုလုပ်ပေးသင့်ပါသည်။ နေ့စဉ်ပြောနေကျ စကားများကို ပြောပေးခြင်း၊ စာအုပ်များဖတ်ပြခြင်း၊ သီချင်းများဖွင့်ပြခြင်း၊ စကားလုံးများကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးငယ်ရှိ လက်မ စုပ်သော အကျင့်ကိုဖျောက်ပစ်ရန် နည်းလမ်းများ

သင့်ကလေးငယ် လက်မ စုပ်နေသည်ကိုကြည့်ရတာ ချစ်စရာကောင်းပါသလား။ သို့သော် လက်မ စုပ်ခြင်းသည် ကလေးငယ်၏ကျန်မာရေးကို အနှေးနှင့် အမြန်ထိခိုက်စေသောကြောင့် မိဘများအနေနှင့် လက်တွေ့တွင် ထိုအကျင့်ကို ဖျောက်ပစ်ရန်ကြိုးစားကြပါသည်။ ကလေးငယ်များတွင် ကြီးသွားများပေါက်လာချိန်တွင် လက်မ စုပ်ခြင်းကြောင့် သွားပေါက်ခြင်းညီညာမှုမရှိဖြစ်စေပါသည်။ အောက်ပါတို့သည် လက်မ စုပ်သော ကလေးငယ်များတွင် သွားပြသနာများ မဖြစ်ရအောင်ကာကွယ်ရမည့် နည်းလမ်းများဖြစ်ပါသည်။ အထူးသဖြင့် မူကြိုအရွယ်ကလေးများသည် သူတို့လက်မကလေးများကို ပါးစပ်ထဲသို့စုပ်လိုက် ထုတ်လိုက် ပြုလုပ်တတ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေး၏ကျန်းမာရေးကို ထိခိုက်ရုံသာမက မေးရိုးနှင့် သွားများကြီးထွားဖွံ့ဖြိုးကြီးထွားမှုကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် ကလေးများသည် အသက်ကြီးလာသည်နှင့် အမျှ သူတို့တွင်ပျောက်သင့်သော လက်မစုပ်ခြင်းအကျင့်မပျောက်သေးလျှင် အောက်ပါနည်းများဖြင့် ကြိုးစားကြည့်နိုင်ပါသည်။   1. ကလေးများသည် အများအားဖြင့် အိပ်ရာဝင်ချိန်၊ နေ့ခင်းတရေးအိပ်ချိန်နှင့် ကျောင်းတွင်ရှိနေသော အချိန်များတွင်ပင် လက်မစုပ်တတ်ပါသည်။ မိဘများအနေဖြင့် ထိုအကျင့်မျိုးသည် ညဘက်မှသာလုပ်ရသောအကျင့်မျိုးဖြစ်ကြောင်း ပြောပြခြင်းဖြင့် […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ်များကို နို့ဗူးစို့သောအကျင့်ကို ဖျောက်ပြီး ခွက်ဖြင့်သောက်စေခြင်း

ကလေးငယ်များကို မိခင်နို့တိုက်ခြင်း၊နို့ဗူးတိုက်ခြင်းတို့ကိုရပ်ပြီး နို့ဖြတ်ရမည့်အချိန်သို့ရောက်လာမည်ဖြစ်ပါသည်။ နို့ဖြတ်ချိန်ဆိုသည်မှ ကလေးများကို နို့စို့ခြင်း၊ နို့ဗူးစို့ခြင်းအစား ခွက်များဖြင့် အရည်များကို သောက်ခြင်းအလေ့အကျင့်ကို စတင်သော အချိန်ကို ဆိုလိုခြင်းဖြစ်ပါသည်။   ဘယ်အချိန်မှာ နို့စဖြတ်ရမလဲ။ ကလေးငယ်များသည် တယောက်နှင်ြ တယောက်မတူညီပါ။ အများစုသော ကလေးများသည် အသက်၆လမှ ၁ နှစ်အရွယ်တွင် ခွက်များကို ကိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။ ကလေးငယ်သည် အခြားသူ၏အကူအညီမပါဘဲထိုင်နိုင်သည့်အချိန်၊ မိခင်နို့စို့နေရင်း အာရုံများပြောင်းလာခြင်း၊ နို့ဗူးကို သူ့လက်နှင့်သူကိုင်ရန်ကြိုးစားလာခြင်း စသည့်အပြုအမူများရှိလာပြီ ဆိုလျှင် သင့်ကလေးကို နို့ဖြတ်ရန်ကြိုးစားနိုင်သည့် အချိန်ဖြစ်ပါသည်။ အချို့သော ကလေးများသည် မိခင်၏နို့သီးခေါင်းအက်ကွဲခြင်းကြောင့်သော်လည်းကောင်း၊ မိခင်နှင့် ဝေးကွာနေခြင်းကြောင့် သော်လည်းကောင်းနို့မစို့နိုင်သော အခြေအနေများရှိရာ ခွက်ဖြင့်နို့တိုက်ခြင်းသည် ကလေးအတွက် အဆင်ပြေစေမည့် အခြားနည်းလမ်းတစ်ခုဖြစ်ပါသည်။ ဘယ်လို နို့စဖြတ်ရမလဲ။ ကလေးအသက် ၆လခန့်မှစပြီး ခွက်ဗလာတစ်လုံးကို ကလေးငယ်နားတွင် ထားပေးခြင်းဖြင့် ကလေးအားခွက်နှင့် ရင်းနှီးမှုရယူစေပါ။ သင်သောက်နေသောခွက်ဖြင့် သင့်ကလေးငယ်ပါးစပ်နားတွင် တေ့ပေးခြင်းဖြင့်လည်း […]


ကလေးငယ်

လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြသနာများ

လမစေ့ဘဲ မွေးသော ကလေးများသည် သာမန်ကလေးများနှင့်စာလျှင် နောက်ဆက်တွဲပြသနာများ ခံစားရလေ့ရှိပါသည်။ ထိုကလေးများသည် မိခင်၏ဝမ်းကြာတိုက်မှ အချိန်မတိုင်မီ ထွက်ခွာလိုက်ရသည့်အတွက် အချို့သော ကျန်းမာရေးပြသနာများနှင့် ရင်ဆိုင်ရတတ်ပါသည်။ ကိုယ်ဝန်အပတ် ၂၄ ပတ်မှ ၃၂ပတ်အတွင်းမွေးသော ကလေးများသည် များစွာသော နောက်ဆက်တွဲ ကျန်းမာရေးပြသနာများကို ခံစားရနိုင်ပါသည်။ အောက်ပါတို့သည် လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသည့် ကျန်းမာရေးပြသနာများဖြစ်ပါသည်။   သွေးအားနည်းခြင်း လမစေ့ဘဲမွေးသော ကလေးများသည် သွေးနီဥများ လုံလောက်စွာမရှိခြင်းကြောင့် သွေးအားနည်းရောဂါများ ခံစားရနိုင်ပါသည်။ ပုံမှန်အားဖြင့် ကလေးငယ်ထံတွင် သွေးနီဥများတည်ဆောက်ရန်အတွက် သံဓါတ်များကို သိုလှောင်ရခြင်းလုပ်ငန်းစဉ်ကို ကိုယ်ဝန်နှောင်းပိုင်းကာလများတွင် လုပ်ဆောင်ရပါသည်။ လမစေ့ဘဲ မွေးသော ကလေးများတွင် အဆိုပါဖြစ်စဉ်ကို လုပ်ဆောင်ချိန်မရလိုက်သောကြောင့် သွေးအားနည်းရခြင်းဖြစ်ပါသည်။ သွေးအားနည်းရောဂါရှိသော ကလေးများတွင် အစာစားခြင်းနှင့် ဖွံ့ဖြိုးကြီးထွားခြင်း တို့နှောင့်နှေးစေပြီး နှလုံးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ သွေးအားနည်းရောဂါရှိသော ကလေးများကို […]


ကလေးငယ်အာဟာရ

ကလေးများအတွက် အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ

လူတို့၏ အစာခြေစနစ်ထဲတွင် ကျန်းမာရေးကို အကျိုးပြုသော ပိုးကောင်များ သန်းပေါင်းများစွာ ရှိပါသည်။ ထိုပိုးကောင်များသည် ဗိုင်းရပ်စ်များ ၊ မှိုများ၊ ဘက်တီရီးယားများဖြစ်ကြပြီး ယေဘူယျအားဖြင့် ပြောရလျှင် လူတို့ အတွက် အကျိုးပြုစေသော ပိုးကောင်များ ဖြစ်ပါသည်။ ဘက်တီးရီးယားများတွင် ကောင်းသော ဘက်တီးရီးယားများနှင့် မကောင်းသာ ဘက်တီးရီးယားများဟူ၍ ၂ မျိုးရှိပါသည်။ ကောင်းသော ဘက်တီးရီးယားများသည် အစာချေလမ်းကြောင်းတွင်ရှိပြီး အစားအစာများနှင့် ဗီတာမင်များကို ချေဖျက်ရာတွင် ကူညီပေးပါသည်။ ကောင်းကျိုးမပြုသော ဘက်တီးရီးယားများသည် ပိုးသတ်ဆေးများဖြင့် နှိမ်နင်းသင့်သော ဘက်တီးရီးယားများ ဖြစ်ပါသည်။ ထို့ကြောင်းကောင်းကျိုးပြုသော ဘက်တီးရီးယားများကို ပွားများစေရန် နှင့် မကောင်းသော ပိုးကောင်များကို မကြီးထွားလာစေရန် ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ကလေးများသည် အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများကို သင့်တင့်မျှတစွာ စားပေးရန် လိုအပ်ပါသည်။ ကလေးများတွင် အကျိုးပြူ ဘက်တီးရီးယားများနှင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိဘများအနေဖြင့် အရှက်အကြောက်ကြီးသော ကလေးများကို အုပ်ထိန်းရန် နည်းလမ်းကောင်းများ

အရှက်အကြောက်ကြီးခြင်းသည် ပြသနာမဟုတ်ပါ။ အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် ကျောင်းတွင် ပြသနာဖြစ်လေ့မရှိပါ။ သူတို့သည် အများအားဖြင့် ကောင်းမွန်စွာ ပြုမူနေထိုင်တတ်ကြသည်။ ထို့ကြောင့် အရှက်အကြောက်ကြီးခြင်းသည် သင့်ကလေးအဆင်ပြေနေသ၍ ပြသနာတရပ်မဟုတ်ပါ။ သို့သော် သင့်ကလေးသည် · ကျောင်းသွားရန် ဝန်လေးလာခြင်း · သူငယ်ချင်းများမဖွဲ့နိုင်ခြင်း · မွေးနေ့ပွဲများကဲ့သို့ လူမှုရေးပွဲများကိုသွားရန် ကြောက်ရွံ့လာခြင်း · သူတို့ကိုယ်သူတို့ စိုးရိမ်တကြီးဖြစ်လာခြင်း စသည်တို့ကို ကြုံတွေ့လာရပြီ ဆိုလျှင် သင့်ကလေးကို သင့်ဘက်မှ ကူညီထောက်ပံ့မှုများ ပေးရန်လိုအပ်ပါသည်။ အများအားဖြင့် အရှက်အကြောက်ကြီးသော ကလေးများသည် သူတပါးအတွက်စဉ်းစားပေးခြင်း၊ မိမိကိုယ်ကို အားကိုးခြင်း နှင့် ကိုယ်ချင်းစာစိတ်ရှိခြင်း စသည့်စိတ်ဓါတ်များရှိတတ်ကြသည်။ သို့သော် လူအများစုက ထိုကလေးများကို လူမှုရေးခေါင်းပါးသော ကလေးများဟုထင်နေတတ်ကြသည်။ အမှန်မှာ လူအများနှင့် မည်သို့ လိုက်လျောညီထွေအောင်ပေါင်းရမလဲ မသိခြင်း နှင့် ပေါင်းသင်းဆက်ဆံရေးတွင် နည်းလမ်းများ မှားယွင်းနေခြင်းတို့ကြောင့်ဖြစ်ပါသည်။ သူတို့အတွက် ပတ်ဝန်းကျင်တခုနှင့် နေသားကျသွားရန် အချိန်လိုအပ်ပါသည်။ သူတို့ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း