ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးများသည် ဘာကြောင့် တစ်နေ့လျှင် သုံးနပ်စားဖို့ လိုအပ်သလဲ

တစ်နေ့ကို အစာသုံးကြိမ်စားခြင်းသည် ဟိုးရှေးယခင် အချိန်များကတည်းက စာအုပ်များတွင် ဖော်ပြထားပြီး ကလေးများအတွက် ကျန်းမာရေးကောင်းစေမည့် အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ထိုသို့စားခြင်းသည်အရသာကိုလည်းကောင်းစေသလို အစာများကိုလည်း ပုံမှန်အတိုင်းစားနိုင်စေပါသည်။ မိဘများအနေဖြင့် မိမိကလေးများကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားတတ်စေရန် ကူညီပေးရမည်ဖြစ်ပါသည်။ မနက်စာမစားခြင်းသည် အများထင်ထားသလို ကိုယ်အလေးချိန်မကျစေဘဲ ကိုယ်အလေးချိန်ကို ပိုတိုးစေပါသည်။ မနက်စာစားခြင်းဖြင့် စွမ်းအင်များရရှိကာ ကျောင်းတွင်လည်း စာများကို အာရုံစူးစိုက်နိုင်မည်ဖြစ်ပါသည်။ ကလေးများသည် နေ့လည်စာကိုကျောင်းမှာ စားကြရပါသည်။ ထို့ကြောင့် နေ့လည်စာကို အခြားအချိန်များထက် သကြားဓါတ်နည်းပြီး အာဟာရဓါတ်နှင့်ကျန်းမာစေသော အဆီဓါတ်များ ပိုပါအောင် စီစဉ်ပေးသင့်ပါသည်။ ပုံမှန်အားဖြင့် ညစာတွင် အာဟာရတန်ဖိုးများစွာပါဝင်သည့်အတွက် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အဓိကအားပေးခြင်းဖြစ်ရာ ညစာမစားခြင်းသည် ကလေးများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ အကောင်းဆုံး အာဟာရတန်ဖိုးများရရှိအောင် ကြိုးစားခြင်း တစ်နေ့တွင် သုံးနပ်စားခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ ကလေးများသည် တနေကုန် စွမ်းအင်များ သူ့အချိန်နှင့်သူရရှိနေသည့်အတွက် ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် […]


ကလေးငယ်အာဟာရ

ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

မိခင်များသည် ကလေးများအတွက် ဖော်စပ်ထားသော နို့မှုန့်များထက် နွားနို့ကို ပိုပြီးအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် ပိုပြီး သဘာဝအရင်းအမြစ်ဖြစ်ခြင်းနှင့် အာဟာရဓာတ်များ ပိုပြည့်စုံမည်ဟုထင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နွားနို့သည် သင့်ကလေး အသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သော အရာဖြစ်ပါသည်။ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်ဟု ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတာဖြစ်ပါသည်။ အဘယ်ကြောင့် နွားနို့ကို ကလေးအသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သလဲ။ အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ ကလေးကို အသက် ၁ နှစ် မပြည့်မချင်းနွားနို့ကို လုံးဝမတိုက်သင့်ကြောင်း ပြောထားပါသည်။ နွားနို့တွင် ကလေး၏ အစာခြေစနစ်နှင့် ကျောက်ကပ်စနစ်တို့မှ ခြေဖျက်ရန်၊ စွန့်ထုတ်ရန် ခက်ခဲသော ပရိုတင်းဓာတ်များ များစွာပါဝင်နေခြင်းကြောင့် မိခင်နို့ ၊ နို့မှုန့်များထက်စာလျှင် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

လက်ရေးလက်သားသည် ကလေးများအတွက် ဘာကြောင့် အရေးပါသလဲ

စက်မှုနည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများ လျှင်မြန်နေသော ယနေ့ခေတ်ကြီးထဲတွင် ပုံမှန်အတိုင်းလက်ဖြင့် ရေးသားမည့်အစား ကွန်ပျူတာဖြင့် လက်ရေးလက်သားများအတိုင်း ပုံနှိပ်ခြင်းများကို ပြုလုပ်နိုင်လာကြပါသည်။ သို့သေည် ထိုသို့သော တိုးတက်ပြောင်းလဲမှုသည် ကောင်းသောပြောင်းလဲခြင်းဖြစ်မဖြစ် လူထုကြားတွင် စဉ်းစားစရာတစ်ခုဖြစ်နေပါသည်။ ထိုသို့သမာရိုးကျဖြစ်သော လက်ဖြင့်စာရေးခြင်းစနစ် အားနည်းလာခြင်းချိန်တွင် ကလေးများအတွက်မူ ထိုစနစ်ရှိနေခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်း အောက်ဖော်ပြပါများအရ သိရှိနိုင်ပါသည်။ သင့်ကလေးကို ကွန်ပျူတာစာရိုက်ခြင်းမသင်ပေးမီ ဘာကြောင့် လက်ဖြင့်ရေးခြင်းကို အရင်သင်ပေးသင့်သလဲ။ ကွန်ပျူတာ ကီးဘုတ် တွင် စာရိုက်ခြင်းနှင့် နှိုင်းစာသော် လက်ဖြင့်စားရေးခြင်းသည် သင့်ကလေး၏ အသိအမြင်စွမ်းရည်ကို ပိုတိုးတက်စေပါသည်။ · လက်ချောင်းလေးများကို အစီအစဉ်အတိုင်း လှုပ်ရှားခြင်းဖြင့် သင့်ကလေး၏ ဦးနှောက်ထဲရှိ အမြင်နှင့် လှုပ်ရှားမှုကို ဆက်စပ်ထားသော စွမ်းရည်များတိုးတက်လာခြင်း၊ ဘာသာစကားများကို မှတ်သားတတ်လာခြင်း၊ မှတ်ဉာဏ်ကို တိုးတက်စေခြင်း၊ စာလုံးလေးများ ရေးသားပုံကို မှတ်သားခြင်းဖြင့် အာရုံစူးစိုက်မှုတိုးလာခြင်း စသည့် အကျိုးများရရှိစေနိုင်ပါသည်။ ထို့ကြောင့် လက်ဖြင့် […]


မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

ကလေးများသည် လူအများကြားထဲတွင် ဂျီကျလျှင် ဘာလုပ်မလဲ

ကလေးများသည် မူကြိုကျောင်းနေရွယ်အချိန်များတွင် မိဘများကို ဂျီကျတတ်ပါသည်။ ထိုသို့ဖြစ်လျှင် မိဘများသည် စိတ်အလိုမကျခြင်းကြောင့် ထိုသို့ဂျီကျဂျစ်တိုက်ခြင်းများမဖြစ်စေရန် အကောင်းဆုံးလုပ်ပေးနိုင်ရန် ကြိုးစားလာကြပါသည်။ အောက်ပါတို့သည် ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။ ကလေးများသည် ပင်ပန်းလာချိန်၊ ဗိုက်ဆာလာချိန်များတွင် ဂျီကျတတ်ကြပါသည်။ ထိုသို့ဖြစ်လာလျှင် ဈေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံများသို့ခေါ်သွားခြင်း၊ အစာများကျွေးခြင်း၊ အနားပေးခြင်း၊ မုန့်များကို လက်တကမ်းတွင် ဆောင်ထားခြင်းများဖြင့် ချော့မြူနိုင်ပါသည်။ ကလေးများသည် စိတ်ရှုပ်လာလျှင် ဂျီကျတတ်ပါသည်။ ကလေးများသည် တိရိစ္ဆာန်ရုံများသို့သွားရန် ပူဆာခြင်းများပြုလုပ်လာပါက တတ်နိုင်သလောက်အချိန်ပေးခြင်း၊ ခရီးသွားခြင်းများပြုလုပ်ရန် စီစဉ်ခြင်းများ ပြုလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် ကလေးများကို အလိုလိုက်ခြင်းမဟုတ်ဘဲ ကလေးများဂျီကျခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းတခုဖြစ်လို သူတို့ခံစားချက်များကို မဖြည့်ဆည်းပေးလျှင် ဖြစ်လာမည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများမဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါသည်။ တခါတရံတွင် ကလေးများဂျီကျသည့် အရာအားလုံးကို လုပ်ပေးရန် မဖြစ်နိုင်ပါ။ ကလေးများသည် အကြောင်းမဲ့သက်သက်လည်း ဂျီကျတတ်ပါသည်။ သူတို့သည် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မည်သည့်အကြောင်းများကြောင့် မွေးကင်းစကလေးများတွင် အသားဝါခြင်း ဖြစ်ရသလဲ

မွေးကင်းစကလေးများ၏ အသားအရေနှင့် မျက်လုံးများဝါလာခြင်းကို စပြီးသတိပြုမိပါက ထိုကလေး၏ ကိုယ်ထဲတွင် အဝါဓါတ်များနေပြီ ဖြစ်ပါသည်။ အဝါဓါတ်များခြင်းကို ဖြစ်စေသော အဓိက အကြောင်းများ သွေးထဲတွင်ရှိသော အဝါဓါတ် (Bilirubin)များ ပိုလျှံနေခြင်းကြောင့် အသား၊ မျက်လုံးများဝါခြင်းဖြစ်ရပါသည်။ ထိုအဝါဓါတ်များသည် ကိုယ်ထဲမှ သုံးစွဲပြီးသား သွေးနီဥများ ပြိုကွဲရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထိုအဝါဓါတ်များကို သွေးထဲမှတဆင့် အသည်းမှ စစ်ယူပြီး အစာချေစနစ်ထဲသို့ စွန့်ထုတ်ပါသည်။ မွေးကင်းစကလေးများတွင် အသည်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသည့်အတွက် အဝါဓါတ်များကို စွန့်ထုတ်နိုင်ခြင်းမရှိသေးသည့်အတွက် အသားဝါလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မွေးကင်းစကလေးများတွင်အသားဝါခြင်းသည် ဇီဝဖြစ်စဉ်ကြောင့် ဝါခြင်းဖြစ်ပြီး ၂ ရက် ၃ ရက်သားခန့်တွင် စတင်ဖြစ်ပေါ်လေ့ရှိပါသည်။ အခြားအကြောင်းများ အခြားသော အကြောင်းများကြောင့် အသားဝါခြင်းများသည် အထက်ဖော်ပြပါဖြစ်စဉ်ထက် စောပြီး ဝါလေ့ရှိပါသည်။ ထိုသို့ဖြစ်စေနိုင်သော အကြောင်းများမှာ · အတွင်း ကလီစာများတွင် သွေးထွက်ခြင်း · သွေးဆိပ်တက်ခြင်း · ဗိုင်းရပ်စ်ပိုးများ၊ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးများတွင် ချာချာလည်အောင် မူးဝေခြင်းကိုဖြစ်စေသော အကြောင်းများက ဘာတွေလဲ

သင့်ကလေးသည် မတ်တပ်ရပ်လျက်အနေအထားတွင် ရှိနေသော်လည်း သူ့ကို ဆွဲလှည့်ထားသလို မူးဝေခြင်း၊ လှုပ်ရှားနေသလို ခံစားရခြင်းများသည် ချာချာလည်အောင်မူးဝေခြင်းပင်ဖြစ်သည်။ ယင်းသည် လူကို နေထိုင်ရခက်စေသော်လည်း စိုးရ်မ်စရာ ကျန်းမာရေး အခြေအနေတော့မဟုတ်ပါ။ ထိုရောဂါသည် သက်သာမှုရရှိစေရန် ကုသနိုင်သောရောဂါဖြစ်ပါသည်။ ဟန်ချက်အကြောင်းသိနားလည်ခြင်း ကျွန်ုပ်တို့ ခန္ဓါကိုယ် တွင် နား၏အတွင်းပိုင်းသည် ခန္ဓါကိုယ်၏ ဟန်ချက်ကို ထိန်းပေးရာတွင် အရေးပါပါသည်။ ထို့ပြင် ခန္ဓါကိုယ်၏လှုပ်ရှားမှုများနှင့် အနေအထားများကို ပါထိန်းပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်၏ဟန်ချက်အနေအထားအားလုံးသည် နားအတွင်းပိုင်းအပေါ်မူတည်နေခြင်းဖြစ်သည်။ လှုံ့ဆော်မှုများသည် ဦးနှောက်မှတဆင့် နားအတွင်းပိုင်းသို့ရောက်ရှိကာ ထိုမှတဆင့် မျက်လုံးများ နှင့် အခြားသော ကိုယ်ခန္ဓါ အစိတ်အပိုင်းများသို့ရောက်ရှိခြင်းဖြစ်ပြီး လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။ ချာချာလည်အောင်မူးဝေလျှင် ဘာဖြစ်မလဲ။ ချာချာလည်အောင်မူးဝေရခြင်း အကြောင်းကို တိကျစွာမသိသေးပါ။ သို့သော် ကလေးများတွင် နားအတွင်းပိုင်းတွင် ပြသနာများရှိခြင်းကြောင့် ဦးနှောက်မှ အချက်ပေးစနစ်များ မှားယွင်းကယ ချာချာလည်အောင်မူးဝေခြင်းဖြစ်ပါသည်။ ကလေးများတွင် […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးများသည် အသက်ငယ်ရွယ်စဉ် အချိန်တွင် ဆေးလိပ်စသောက်လျှင် ဘယ်လို နောက်ဆက်တွဲများ ဖြစ်လာမလဲ

တကမ္ဘာလုံးဆိုင်ရာ စာရင်းပြုစုချက်များအရ ဆေးလိပ်သောက်နေသူများ၏ ၈၀% သည် အသက် ၁၈နှစ်မတိုင်မီကပင် ဆေးလိပ်သောက်ခြင်းအကျင့် ရှိသူများဖြစ်ကြောင်းတွေ့ရသည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် နှစ်စဉ် တနှစ်လျှင် ၆သန်းခန့်သည် ဆေးလိပ်သောက်ခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးနေရခြင်းဖြစ်ပေသည်။ ဆေးလိပ်သောက်သူအများအပြားသည် ထိုသို့စောစီးစွာသေဆုံးရခြင်းအကြောင်းများက ဘာတွေလဲ။ စီးကရက် တခုတွင် ဓါတုဓါတ်ပေါင်းများ ၄၀၀၀ ကျော်ပါဝင်သည်။ စီးကရက် တခုတွင် မှန်းခြေအားဖြင့် ဓါတုဓါတ်ပေါင်းများ ၄၀၀၀ ကျော်ပါဝင်သည်။ ထိုအနက် အမျိုးပေါင်း ၅၁ ခုနှင့် အထက်သည် ကင်ဆာဖြစ်စေသော ဓါတုဓါတ်ပေါင်းများဖြစ်ပါသည်။ ဥပမာအားဖြင့် ဖော်ပြရသော် ဘက်ထရီများတွင် သုံးသော ကတ်တမီယံဓါတ်၊ ကြွက်သတ်ဆေးတွင် သုံးသော အာဆင်နိတ်ဓါတ် နှင့် လက်နက်များတွင် သုံးသော ဟိုက်ဒြိုဂျင်ဓါတ်များဖြစ်ပါသည်။ ထို့ပြင် စီးကရက်ကို စွဲလန်းမှုဖြစ်စေသော အဓိကဓါတ်ဖြစ်သည့် နီကိုတင်းဓါတ်သည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများတွင် သုံးသော […]


ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးသည် ဘယ်အချိန်မှာ လိင်ပြောင်းရန်လိုအပ်ပါသလဲ

သင့်ကလေးသည် ယောကျာ်း မိန်းမ ခွဲမရသော လိင်ဖြင့် မွေးဖွားလာပါက သူတို့ကို လိင်းပြောင်းရန်လိုအပ်ပါသည်။ ထိုသို့ပြောင်းလဲခြင်းကို လိင်ပြောင်းခြင်းဟုခေါ်ပါသည်။ ယင်းသည် ခွဲစိတ်မှုတစ်ခုမဟုတ်ပါ။ ထိုသို့ လိင်ပြောင်းရန် များစွာသော အဆင့်များကို ပြုလုပ်ရပါသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် ပြောင်းလဲမှုများဖြစ်ခြင်း လိင်ပြောင်းခြင်းသည် အပြောင်းခံရသူများသည် လောကကြီးတွင် ဖြစ်တည်မှု တမျိုးဖြစ်သွားစေပါသည်။ သင့်ကလေးသည် သူ့စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး အဝတ်အစားများကိုဝတ်ဆင်ခြင်း၊ ဆံပင်ပုံစံများကို ပြောင်းလဲခြင်းတို့ ပြုလုပ်မည်ဖြစ်ပါသည်။ ထို့ပြင် သူတို့ စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး နာမည်များပြောင်းလဲ ခေါ်စေလိုခြင်း၊ နာမ်စားများပြောင်းလဲ အသုံးပြုစေလိုခြင်းများဖြစ်လာမည်ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲမှုများကို အိမ်မှာနေချိန်တွင် စသတိထားမိမည်ဖြစ်ပြီး သင့်အနေနှင့် ကူညီဖေးမပေးပါမှ နောက်ကြာလာလျှင် သူနှင့် လိင်တူကလေးများကြားထဲတွင် လူဝင်ဆန့်လာမည်ဖြစ်ပါသည်။ ဆေးဝါးများဖြင့် ပြောင်းလဲခြင်း လိင်ပြောင်းထားသောကလေးများသည် အရွယ်ရောက် ချိန်တွင် အခက်ခဲဆုံးအချိန်များကို ကြုံရတတ်ပါသည်။ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်များတွင် ကိုယ်ခန္ဓါတွင် ဟော်မုန်းများ ထုတ်လွှန်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာကြပါသည်။ […]


ကလေးငယ်ပထမနှစ်

ရုတ်တရက် တစ်နှစ်အောက်ကလေး သေဆုံးမှု အကြောင်းရင်းများ

တစ်နှစ်အောက်ကလေး ရုတ်တရက်သေဆုံးရခြင်းဆိုတာဘာလဲ တစ်နှစ်အောက်ကလေးရုတ်ရက်သေဆုံးရခြင်းဆိုတာကျန်းမာနေပုံရတဲ့ တစ်နှစ်အောက်ကလေးတစ်ယောက် အကြောင်းရင်းမဖော်ပြနိုင်ဘဲသေဆုံးခြင်း ဖြစ်ပါတယ်။ အများအားဖြင့်ကလေးငယ်တွေဟာပုခက်၊ အိပ်ရာအတွင်းအိပ်ပျော်နေစဉ် သေဆုံးတတ်ကြသည့်အတွက် ပုခက်တွင်းသေဆုံးမှုဟုလဲခေါ်ကြပါသည်။ ကလေးငယ်ရုတ်တရက်သေဆုံးခြင်းကိုတိကျသောအကြောင်းရင်းတစ်ခုထဲဖြင့် မဆုံးဖြတ်နိုင်သော်လည်းကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက် အစိတ်အပိုင်းတစ်ခုမူမမှန်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟုသုတေသနပညာရှင် များကတွေ့ရှိခဲ့ကြသည်။ တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့် အကြောင်းရင်းများ ရုပ်ပိုင်းချို့ယွင်းချက်များ ဦးနှောက်မူမမှန်ဖြစ်ခြင်း : ကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက်အစိတ်အပိုင်းကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင်ပါသည်။ သည်အချက်ကိုဆရာများနှင့် မိဘများပါ မကာကွယ်နိုင်ပါ။ ကလေးမွေးစဉ် အလေးချိန်မပြည့်ခြင်း : လမစေ့ပဲမွေးဖွားခြင်းနှင့် အမွှာမွေးဖွားကလေးဖြစ်ခြင်းတို့သည်တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့်အဓိကအကြောင်းရင်းများဖြစ်ပါသည်။ ပေါင်မစေ့သောကလေးများသည် ဦးနှောက်မူမမှန်မှုများကြောင့် အသက်ရှုခြင်းနှင့်နှလုံးခုန်ခြင်းတို့ကိုထိန်းချုပ်ရာတွင်ခက်ခဲတတ်ပါသည်။ ထို့ကြောင့်ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုအဖြစ်များပါသည်။ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း : ရုတ်တရက်သေဆုံးသောကလေးအများစုသည် မသေဆုံးခင် အအေးမိခြင်းနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းတို့ခံစားခဲ့ရကြောင်းတွေ့ရှိရသည်။ အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်ခြင်းသည် ကလေးငယ်၏အသက်ရှုခြင်းကိုပုံမမှန်ဖြစ်စေခြင်းကြောင့် ရုတ်တရက် အသက်ဆုံးရှုံးမှု ပိုဖြစ်စေနိုင်သည်။ အိပ်စက်မှု မူမှန်ဖြစ်ခြင်း မှောက်အိပ်တတ်တဲ့ကလေးတွေနဲ့ ဘေးတစောင်းအိပ်တဲ့ကလေးတွေကပက်လက်အိပ်တဲ့ကလေးတွေထက် အသက်ရှုရပိုခက်ခဲနိုင်ပါသည်။ အိပ်ရာပျော့လွန်းခြင်း : မျက်နှာကိုမှောက်အိပ်ခြင်းနှင့် စောင်ခေါင်းမြီးခြုံအိပ်ခြင်းတို့သည်လဲကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကိုပိတ်စေပြီးအသက်မရှုနိုင်ဖြစ်စေတဲ့အတွက် အလွန် အန္တရာယ်များပါတယ် မိဘများနှင့် အတူသိပ်ခြင်း : မိဘများနှင့် အိပ်ရာတစ်ခုထဲအတူအိပ်ခြင်းသည်လဲပျော့ပြောင်းတဲ့အရာများသောကြောင့် အသက်ရှုလမ်းကြောင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ် ဘယ်လိုကလေးတွေမှာအဖြစ်များသလဲ ဥပမာ · […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးငယ်များတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများနှင့် ပတ်သက်ပြီး သိထားရမည့် အချက်များ

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ ဆိုတာဘာလဲ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဆိုသည်မှာ အအေးမိတုပ်ကွေးဖြစ်ခြင်းကိုဆိုလိုပြီး ယင်းသည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပါသည်။ ထိုသို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးဝင်လျှင် နှာခေါင်း၊ လည်ချောင်း၊ နားများနှင့် နှာခေါင်းဘေးတွင်းရှိလေအိတ်ငယ်များသို့ ပျံ့နှံ့ခြင်းများ ဖြစ်နိုင်ပါသည်။ ကလေးငယ်များသည် တစ်နှစ်လျှင် ၅ ကြိမ်မှ ၈ ကြိမ်အထိ အအေးမိတုပ်ကွေး ဖြစ်တတ်ကြပြီး အသက် ၆ နှစ်ကျော်သွားလျှင် အအေးမိတုပ်ကွေးဖြစ်နိုင်ချေ ကျဆင်းသွားကြောင်း တွေ့ရသည်။ အအေးမိခြင်း၏ အကြောင်းရင်းများကဘာလဲ။ အအေးမိတုပ်ကွေးဖြစ်ခြင်းသည် ယင်းကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ခြင်းဖြစ်ပြီး အဆိုပါဗိုင်းရပ်စ်ပိုးများသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများကြောင့် လေထဲမှတဆင့်ကူးစက်ခြင်း၊ ဗိုင်းရပ်စ်ပိုးရှိသော လူ သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့မှ ကူးစက်ခြင်းဖြစ်ပါသည်။ အအေးမိလျှင် ဘယ်လို ရောဂါလက္ခဏာများ ခံစားရသလဲ။ အအေးမိလျှင် အောက်ပါ ရောဂါလက္ခဏာများ ခံစားနိုင်ပါသည်။ · နှာရည်ယိုခြင်း၊ နှာစေးခြင်း · နှာချေခြင်း၊ ချောင်းဆိုးခြင်း · လည်ချောင်းယားခြင်း၊ အသံနာခြင်း · မျက်လုံးများနီရဲနေခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း