သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Comfrey (ကွန်းဖရေး)

အသုံးပြုပုံများComfrey ကို ဘာအတွက်အသုံးပြုကြသလဲ Comfrey ကို ဗိုက်နာခြင်း၊ အနာဖြစ်ခြင်း၊ ရာသီများခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးသွေးပါခြင်း၊ ချောင်းကြာရှည်စွာ ဆိုးခြင်း၊ အသက်ရှူစဉ် နာကျင်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ ကင်ဆာနဲ့ ရင်ဘတ်အောင့်ခြင်းတွေအတွက် အသုံးပြုပါတယ်။ သူ့ကို သွားဖုံးရောဂါနဲ့ လည်ချောင်းနာခြင်းတွေအတွက် အာလုပ်ကျင်းရည် အဖြစ်လည်း အသုံးပြုပါတယ်။ Comfrey ကို အရေပြား အနာ၊ ဒဏ်ရာ၊ အဆစ်ရောင်ခြင်း၊ အညိုအမဲစွဲခြင်း၊ သွေးကြောဖေါင်းခြင်း၊ ဂေါက်ရောဂါနဲ့ အရိုးကျိုးခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ သူဟာ အသည်းကို အဆိပ်အတောက်ဖြစ်စေတာကြောင့် Comfrey ကို ကိုယ်ခန္ဓါအတွင်းပိုင်းမှာ အသုံးမပြုသင့်ပါဘူး။ Comfrey ဘယ်လိုအလုပ်လုပ်လဲ Comfrey ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ […]


သဘာဝဆေးဖက်ဝင်

Celandine (ဆီလန်ဒင်း)

အသုံးပြုပုံများCelandine ကို ဘာအတွက်အသုံးပြုကြသလဲ နှစ်ပေါင်းများစွာ Celandine ကို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ၊ အစာမကြေခြင်းတွေနဲ့ သည်းခြေ ရောဂါတွေကို ကုသဖို့ အသုံးပြုပါတယ်။ Celandine မှာ ပျော့တဲ့ စိတ်ငြိမ်စေတဲ့ အစွမ်းရှိပြီး သူ့ကို ပန်းနာရင်ကျပ်၊ လေပြွန်ရောင်ခြင်းနဲ့ ကြက်ညှာချောင်းဆိုးရောဂါတွေမှာလည်း အသုံးပြုပါတယ်။ မကြာသေးမီ နှစ်တွေက Celandine ကို အစာမကြေခြင်းနဲ့ သည်းခြေအိတ်ဆိုင်ရာ ရောဂါတွေမှာသာမက အရေပြားရောဂါတွေနဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုကြပါတယ်။ Celandine ရဲ့ အမြစ်တွေဟာ ဓမ္မတာ မမှန်ခြင်းနဲ့ သွားနှုတ်ခြင်း၊ သွားနာခြင်းတွေမှာ နာကျင်မှု လျော့ကျစေဖို့ အသုံးပြုပါတယ်။ Celandine ဘယ်လိုအလုပ်လုပ်လဲ Celandine ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ […]


သဘာဝဆေးဖက်ဝင်

Barberry (ဘယ်ရီပင်တစ်မျိုး)

အသုံးပြုပုံများ( Barberry )ဘယ်ရီပင်တစ်မျိုး ကို ဘာအတွက်အသုံးပြုကြသလဲ Barberry ဟာ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ အသီး၊ အခေါက်နဲ့ အမြစ်တွေဟာ ဆေးဘက်ဝင်ပါတယ်။ Barberry ကို တိုင်းရင်းဆေးမှာ အောက်ပါ ရောဂါလက္ခဏာတွေ အတွက်အသုံးပြုပါတယ်။ • သွားချိုး၊ သွားဖုံးရောင်ခြင်း • ရင်ပူခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ အသည်းရောဂါ၊ သရက်ရွက်ရောဂါ • လေပြွန်နဲ့ အဆုတ်ရောဂါ • ဂေါက်ရောဂါ၊ အဆစ်ရောင်ခြင်း • သွေးလှည့်ပတ်မှု ဆိုင်ရာ ပြဿနာများ • ကိုယ်ခံအားတိုးမြှင့်စေဖို့ အသုံးပြုကြပါတယ်။ ဒါပေမယ့် Barberry ဟာ ကျန်းမာရေးအခြေအနေတွေအတွက် ကုသဖို့ အာနိသင်ရှိလားဆိုတာ တိကျသေချာစွာ မပြောနိုင်ပါဘူး။ သူ့ကို ဆေးကုသဖို့အတွက် FDA က ထောက်ခံချက် ပေးမထားပါဘူး။ Barberry ကို သင့်ဆရာဝန်က မညွှန်ကြားဘူးဆိုရင် ဆေးအနေနဲ့ အသုံးမပြုသင့်ပါဘူး ( Barberry […]


သဘာဝဆေးဖက်ဝင်

Figwort (ဖစ်ဝေါ့)

အသုံးပြုပုံများFigwort ကို ဘာအတွက်အသုံးပြုကြသလဲ Figwort ကို ရေဆေးလို့ ခေါ်ပြီး ဆီးသွားမှုကို များစေကာ ဖေါရောင်ခြင်းကို ကျစေတဲ့ ဆေးအဖြစ် အသိများကြပါတယ်။ Figwort ကို တခါတလေ အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူ၊ Psoriasis၊ လိပ်ခေါင်း၊ ရောင်ရမ်းခြင်းနဲ့ အနီကွက်ထခြင်းတို့အတွက် အရေပြားပေါ်ကို တိုက်ရိုက်လိမ်းပြီး အသုံးပြုကြပါတယ်။ လူအချို့က Figwort ကို devil’s claw ရဲ့ အစားထိုးအဖြစ်သုံးပါတယ်။ သူတို့ နှစ်မျိုးဟာ တူညီတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ Figwort ဘယ်လိုအလုပ်လုပ်လဲ Figwort ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက Figwort မှာ အရောင်ကျတာကို လျော့ကျစေတဲ့ ပစ္စည်းပါဝင်တယ်လို့ […]


သဘာဝဆေးဖက်ဝင်

Blessed Thistle (ဘလပ်စ် တစ်စတယ်)

အသုံးပြုပုံများဘလပ်စ် တစ်စတယ် ကို ဘာအတွက်အသုံးပြုကြသလဲ Blessed thistle ဟာ အပင်တစ်မျိုးဖြစ်ပါတယ်။ လူတွေဟာ ပန်းပွင့်တဲ့ အပေါ်ပိုင်းတွေ။ အရွက်တွေနဲ့ ပင်စည် အပေါ်ပိုင်းတွေကို ဆေးအဖြစ်အသုံးပြုကြပါတယ်။ ယခုအခါ Blessed thistle ကို အစာခြေရည်တွေနဲ့ တံတွေးတွေ ပိုမိုထွက်စေဖို့အတွက် အသုံးပြုကြပြီး လက်ဖက်ရည်အနေနဲ့ အစာစားချင်စိတ်မရှိခြင်းနဲ့ အစာမကြေခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ သူ့ကို ဆီးပိုထွက်စေဖို့ ဆီးဆေးအနေနဲ့ လည်းအသုံးပြုကြပြီး နို့တိုက်မိခင်တွေမှာ နို့ပိုထွက်စေဖို့လည်း အသုံးပြုကြပါတယ်။ လူအချို့ဟာ Blessed thistle ကို ဂွမ်းနဲ့စိမ်ပြီး မီးလောင်ဒဏ်ရာနဲ့ ရိုးရိုးအနာတွေကို ပျောက်ကင်းစေဖို့ အသုံးပြုကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Blessed thistle ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် […]


သဘာဝဆေးဖက်ဝင်

Fumitory (ဖြူမီထရီ)

အသုံးပြုပုံများFumitory ကို ဘာအတွက်အသုံးပြုကြသလဲ Fumitory ကို ဗိုက်အောင့်ခြင်းနဲ IBS ကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။ အသည်းက ထုတ်ပြီး အဆီခြေဖျက်ခြင်းမှာ အရေးပါတဲ့ သည်းခြေရည် ပိုမိုစီးဆင်းဖို့အတွက်လည်း အသုံးပြုကြပါတယ်။ Fumitory ကို အရေပြားရောဂါ၊ မျက်လုံးယားယံခြင်း၊ နှလုံးရောဂါ၊ ဖေါခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့အတွက်လည်း အသုံးပြုကြပါတယ်။ Fumitory ဘယ်လိုအလုပ်လုပ်လဲ Fumitory ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက သည်းခြေပြွန် (သို့) အူတွေ ညှစ်ခြင်းကို သက်သာစေမယ့် အရာဝတ္ထုတစ်ခု Fumitory မှာ ပါဝင်တယ်လို့ ဆိုကြပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များFumitory အသုံးမပြုခင် ဘာတွေသိသင့်သလဲ Fumitory ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို […]


သဘာဝဆေးဖက်ဝင်

Flax (နှမ်းကြတ်ပင် )

အသုံးပြုပုံများနှမ်းကြတ်ပင် ကို ဘာအတွက်အသုံးပြုကြသလဲ Flaxseed ကို အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းဆက်တိုက်ချုပ်ခြင်း၊ ဝမ်းသွားဆေး အသုံးများသောကြောင့် အူပျက်စီးခြင်း၊ ဝမ်းလျှောခြင်း၊ အူမကြီး နံရံရောင်ခြင်း၊ IBS၊ အူမကြီးနံရံမှာ အနာများရှိခြင်း၊ အစာအိမ်နံရံ ရောင်ခြင်းနဲ့ အူသိမ်ရောင်ခြင်းတို့မှာ အသုံးပြုကြပါတယ်။ Flaxseed ကို နှလုံးနဲ့ သွေးကြောရောဂါတွေဖြစ်တဲ့ ကော်လက်စထရောများခြင်း၊ သွေးကြောခဲခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေမှာလဲ အသုံးပြုကြပါတယ်။ Flaxseed ကို ဝက်ခြံအတွက်၊ ADHD ရောဂါ၊ SLE ရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ ကျောက်ကပ်ရောဂါ၊ သွေးဆုံးတဲ့ လက္ခဏာတွေနဲ့ ရင်သားနာကျင်မှုတွေမှာ အသုံးများပါတယ်။ သူ့ကို ဆီးချို၊ အဝလွန်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ HIV၊ စိတ်ကျရောဂါ၊ ဆီးအိမ် ပိုးဝင်ခြင်း၊ ငှက်ဖျားနဲ့ အဆစ်ရောင်ရောဂါတွေမှာလည်း အသုံးပြုကြပါတယ်။ လည်ချောင်းနာခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း အတွက်လည်း […]


သဘာဝဆေးဖက်ဝင်

American Hellebore (ခရစ်စမတ်နှင်းဆီပင်)

အသုံးပြုပုံများခရစ်စမတ်နှင်းဆီပင် ကို ဘာအတွက်အသုံးပြုကြသလဲ American hellebore သည် မြန်မာလို ခရစ်စမတ်နှင်းဆီပင်ဟုခေါ်သော အပင်တစ်မျိုးဖြစ်သည်။ အဖူးနှင့် အမြစ်ကို ဆေးဖော်ရာတွင် အသုံးပြုသည်။ သမိုင်းကြောင်းအရ American hellebore ပင်သည် ရောမခေတ်တွင် အဆိပ်မြှားများပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။ ၎င်းကို သွေးတိုးကျရန် အသုံးပြုခဲ့ကြသော်လည်း သုတေသနပြုလုပ်ထားသည်မှမရှိပေ။ ခရစ်စမတ်နှင်းဆီပင် ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဤအပင်သည် သွေးတိုးကျခြင်း၊ ကိုယ်တွင်းအဂါၤများသို့ သွေးစီးဆင်းမှုကောင်းစေခြင်းစသော နှလုံးသွေးကြောနှင့် ပတ်သတ်သော အာနိသင်များရှိကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။ ၎င်းကို ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါကို ကုသရန် စိတ်ငြိမ်ဆေးအဖြစ်အသုံးခဲ့ကြသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များခရစ်စမတ်နှင်းဆီပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ ဤဆေးပင်သည် အဆိပ်ဖြစ်စေလွယ်သောကြောင့် အသုံးနည်းသည်။ များသောအားဖြင့် ဤဆေးပင်ကို အသုံးမပြုကြပဲ စိတ်ချရသော အခြားသော […]


သဘာဝဆေးဖက်ဝင်

Corkwood

အသုံးပြုပုံများ Corkwood ကို ဘာအတွက်အသုံးပြုကြသလဲ scopolamine (အမူးသက်သာစေသောဆေး) ကို စီးပွားဖြစ်မထုတ်လုပ်မီက corkwood အပင်ကို လှုပ်ရှာနေသောအရာကြောင့် (ကားမူးခြင်း စသည်) မူးခြင်း၊ ပျို့အန်ခြင်း များကို ကာကွယ်ရန် အသုံးပြုသည်။ အစာအိမ်အူလမ်းကြောင်းကျုံ့ခြင်းကို သက်သာစေရန်လည်း အသုံးပြုကြသည်။ ဘေးကင်းစိတ်ချရမှုကို မသေချာသော်လည်း corkwood ပင်ကို ဆေးရွက်ကြီးငုံသကဲ့သို့ ဆာလောင်ခြင်း၊ နာကျင်ခြင်း၊ နှင့် မောပန်းခြင်းများကို သက်သာစေရန် ဝါးစားကြသည်။ Corkwood ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ပင်တွင် ပင်မအာရုံကြောကို သက်ရောက်မှုရှိစေသော ဓါတုပစ္စည်းများပါဝင်ကြောင်း အချို့သော လေ့လာမှုများက တွေ့ရှိထားသည်။ ထိုအရာများထဲမှ တစ်ခုသည် လှုပ်ရှားမှုကြောင့် […]


သဘာဝဆေးဖက်ဝင်

Aconite (အေကိုနိုက်)

အသုံးပြုပုံများAconite ကို ဘာအတွက်အသုံးပြုကြသလဲ Aconite သည် အလွန်အဆိပ်ရှိသောကြောင့် ၎င်းကို မတော်တဆ စားမိလျှင် အဆိပ်မိနိုင်သည်။ အဆိပ်နှင့်ပတ်သတ်သော လေ့လာမှုများမှ အပ ၎င်းနှင့်ပတ်သတ်သော သုတေသနလုပ်ထားခြင်း အလွန်ရှားပါသည်။ အလွန်ကျွမ်းကျင်သော ပညာရှင်များသည် ၎င်းကို သေချာစွာ ပုံစံပြောင်းလဲပြီးမှသာ အသုံးပြုကြသည်။ အပင်၏ အမြစ်သည် တရုတ်ရိုးရာဆေးများတွင် အသုံးများသည်။ Aconite သည် အပူများသောကြောင့် လက်များခြေများ အေးသည့်အခါ နှင့် အစာမကြေသည့် အခါ တွင် အသုံးပြုကြသည်။ Aconite ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဤအပင်သည် အောက်ပါအာနိသင်များရှိကြောင်း ဖော်ပြထားသော လေ့လာမှုအချို့ရှိပါသည်။ • နှလုံးသွေးကြောနှင့် ပတ်သတ်သော အာနိသင်များ • အကိုက်အခဲပျောက်ခြင်း၊ အရောင်ကျခြင်း၊ • ခုခံအားစနစ်ကို လှုံ့ဆော်ခြင်း Aconite ပင်တွင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း