သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Arginine

အသုံးပြုပုံများArginine ကို ဘာအတွက်အသုံးပြုကြသလဲ Arginine ဟာ အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ ဓါတုပစ္စည်းပဲ ဖြစ်ပါတယ်။ အစားအစာကနေရရှိပြီးကိုယ်ခန္ဓါအတွက် ပရိုတိန်းတည်ဆောက်ဖို့ လိုအပ်ပါတယ်။ နီတဲ့အသား၊ ကြက်ဘဲ၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာတွေ့နိုင်ပါတယ်။ ဓါတ်ခွဲခန်းမှာလည်းထုတ်လုပ်နိုင်ပြီးအောက်ပါရောဂါတွေအတွက် သုံးပါတယ်။ နှလုံးရောင်ပြီးအလုပ်မလုပ်တော့တဲ့ရောဂါ၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးသွေးလွှတ်ကြောရောဂါ နှာစေးအအေးမိခြင်း ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း Arginine ကိုဆေးညွှန်းမလိုဘဲမိမိဖာသာသုံးစွဲနိုင်တဲ့ ဆေးများစွာနဲ့ရောအညွှန်းပါတဲ့ ဆေးပေါင်းများစွာနဲ့ပါ တွဲဖက်သောက်သုံးနိုင်ပါတယ်။ ကျောက်ကပ်လဲလှယ် ထားပြီးချိန်မှာကျောက်ကပ်စနစ်ပိုကောင်းလာအောင် ကူညီပါတယ်။ အားကစားသမားတွေ စွမ်းဆောင်ရည်ကိုတက်လာစေပါတယ်။ ကိုယ်ခံအားကို မြှင့်ပေးပါတယ်။ လမပြည့်ဘဲမွေးတဲ့ကလေးတွေမှာအစာလမ်းကြောင်းရောင်ရမ်းတာကိုကာကွယ်ပေးပါတယ်။ Arginine ကဘယ်လိုအလုပ်လုပ်လဲ ဆေးနှင့်ပတ်သက်ပြီးလုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် လေ့လာချက်တချို့အရ နှလုံးနဲ့သွေးကြောဆိုင်ရာလုပ်ဆောင်ချက်တွေ ပန်းသေပန်းညှိုးပြသနာတွေ တခြားသွေးကြောရောဂါ၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးချို၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းစတာတွေနဲ့ ပတ်သက်မှု ရှိပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များArginine ကိုအသုံးမပြုခင် ဘာတွေသိသင့်သလဲ နိုက်ထရစ်အောက်ဆိုဒ် ပါဝင်မှုများခြင်းဟာဦးနှောက်ကိုအဆိပ်ဓါတ် ဖြစ်စေပါတယ်။ […]


သဘာဝဆေးဖက်ဝင်

Acidophilus (အက်စီဒိုဖီးလက်စ်)

အသုံးပြုပုံများAcidophilusကို ဘာအတွက်အသုံးပြုကြသလဲ Acidophilusဟာစီးပွားဖြစ်ထုတ်လုပ်ထားတဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အစာခြေစနစ်၊ ဆီးစွန့်စနစ်နဲ့ မျိုးပွားလုပ်ငန်းစနစ်တွေထဲမှာပုံမှန်နေထိုင်ပြီးဘာရောဂါမှ မဖြစ်စေတဲ့ အကျိုးပြုဘက်တီးရီယား ဖြစ်ပါတယ်။ Lactobacillus ဆိုတာကလည်း အချဉ်ဖောက်ထားတဲ့ စားစရာတချို့ (ဥပမာ- ဒိန်ချဉ်) မှာတွေ့နိုင်ပါတယ်။ Lactobacillus ကို ဝမ်းလျှောခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အရေပြားရောဂါဖြစ်ခြင်းစတာတွေကိုကာကွယ်ကုသရာမှာအသုံးပြုပါတယ်။ ကိုလက်စထရောနဲ့ဆိုင်တဲ့ ရောဂါတွေအတွက်၊ ကိုယ်ခံအားကို မြှင့်တင်ပေးရန်အတွက်လည်းသုံးပါတယ်။ Acidophilus ကဘယ်လိုအလုပ်လုပ်လဲ ဆေးနှင့်ပတ်သက်ပြီးလုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် အောက်ပါလေ့လာချက်တချို့တော့ရှိပါတယ်။ ပုံမှန် ဘက်တီးရီးယားတွေကို ပြန်လည်အားဖြည့်ပေးပြီးအစာကိုခြေဖျက်ဖို့၊ အာဟာရတွေ ဗီတာမင်တွေ ပရိုတိန်းတွေကိုစုပ်ယူဖို့ ကူညီပေးပါတယ်။ Acidophilus ဟာ lactose လက်မခံနိုင်သူတွေရဲ့ အစာထဲက lactose ဓါတ်တွေကိုချေဖျက်ပေးပါတယ်။ ကလေးတွေမှာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်း၊ ခရီးသွားစဉ် ဝမ်းလျှောခြင်းစတာတွေအတွက် […]


သဘာဝဆေးဖက်ဝင်

Avens

အသုံးပြုပုံများ ကို ဘာအတွက်အသုံးပြုကြသလဲ Avens သည် မြေပေါ်တွင်ပေါက်သော ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် အပင်တစ်မျိုးဖြစ်သည်။ ဤဆေးပင်သည် ဝမ်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ခေါင်းကိုက်ခြင်းနှင့် အစာအိမ်ရောင်ခြင်းများကို ကုသရန် အသုံးပြုကြသည်။ အရောင်ကျဆေး၊ ပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုကြသည်။ အနာများ နှင့် လိမ်ခေါင်းကိုကုသရာတွင်လည်း လိမ်းဆေးအဖြစ်သုံးကြသည်။ သို့သော် ယနေ့ခေတ်တွင် အသုံးနည်းသွားပြီဖြစ်သည်။ အစားအသောက်များတွင်လည်း အမွှေးအကြိုင်အဖြစ်ထည့်သုံးကြသည် ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ် ဤအပင်၏ အာနိသင်များကို လူများတွင် လေ့လာထားသော သုတေသနများမရှိပါ။ တိရိစ္ဆာန်များတွင် လေ့လာထားသည်လည်း ရှားပါသည်။ အရောင်ကျစေသော အာနိသင်သည် prostaglandins ကို ထွက်စေပြီး cyclooxygenase […]


သဘာဝဆေးဖက်ဝင်

Chromium (ခရိုမီယမ်)

အသုံးပြုပုံများခရိုမီယမ် ကို ဘာအတွက်အသုံးပြုကြသလဲ Chromium ကို ဆီးချိုမဖြစ်မီ၊ ဆီးချိုအမျိုးအစား ၁ နဲ့ ၂၊ စတီးရွိုက်တွေ သောက်နေတာကြောင့် သွေးသကြားဓါတ်တွေ များနေခြင်းတွေမှာ သကြားဓါတ်ကို ထိန်းချုပ်ဖို့ အသုံးပြုပါတယ်။ သူ့ကို စိတ်ကျခြင်း၊ polycystic ovarian syndrome (PCOS)၊ beta blockers လို့ခေါ်တဲ့ နှလုံးဆေး သောက်နေသူတွေမှာ ကော်လက်စထရော ပမာဏ ကျဆင်းအောင်နဲ့ ကောင်းမွန်တဲ့ ကော်လက်စထရောဓါတ်တက်အောင်လည်း အသုံးပြုကြပါတယ်။ အချို့သူတွေကတော့ Chromium ကို ကိုယ်အလေးချိန်ကျဆင်းအောင်၊ ကြွက်သား တိုးတက်လာအောင်၊ ကိုယ်ခန္ဓါအဆီဓါတ် လျော့ကျအောင် အသုံးပြုကြပါတယ်။ Chromium ဟာ အားကစား စွမ်းဆောင်ရည်နဲ့ အားအင်တွေကို မြှင့်တင် ပေးနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Chromium ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို […]


သဘာဝဆေးဖက်ဝင်

Chamomile (ချန်မိုမိုင်း)

အသုံးပြုပုံများချန်မိုမိုင်း ကို ဘာအတွက်အသုံးပြုကြသလဲ အသုံးပြုကြပါသလဲ။ Chamomile ကို စိတ်ချရတဲ့ အပင်တစ်ခုအဖြစ် ယူဆကြပြီး ယဉ်ကျေးမှုပေါင်းများစွာမှာ အစာအိမ်နာခြင်းနဲ့ စိတ်ငြိမ်ဆေး အပျော့တစ်မျိုး အဖြစ်အသုံးပြုကြပါတယ်။ အချို့လေ့လာမှုတွေမှာ Chamomile ကို အခြားအပင်တွေနဲ့ ပေါင်းသုံးခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူး အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုပေါင်းသုံးမှုကြောင့် အကျိုးကျေးဇူး ရှိလာခြင်းဟာ တစ်မျိုးတည်းကြောင့်လို့ ပြောဖို့ ခက်ခဲပါတယ်။ Chamomile နဲ့ အခြားအပင်တွေ ပေါင်းသုံးခြင်းဟာ အစာအိမ် နာခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်းတွေကို သက်သာစေပါတယ်။ Chamomile ပေါင်းစပ်ရည်နောက်တစ်မျိုးဟာ ကလေးတွေမှာ ဗိုက်နာခြင်းကို သက်သာစေပါတယ်။ Chamomile နဲ့ အာလုပ်ကျင်းခြင်းဟာ ကင်ဆာကုသမှုတွေ ကြောင့် ဖြစ်လာတဲ့ ပါးစပ်တွင်း အနာတွေကို သက်သာစေပါတယ်။ သုတေသနတွေက Chamomile ဟာ အခြားအခြေအနေတွေဖြစ်တဲ့ ကလေးတွေမှာ ဝမ်းလျှောခြင်း၊ […]


သဘာဝဆေးဖက်ဝင်

Barley (ဘာလီ)

အသုံးပြုပုံများဘာလီ ကို ဘာအတွက်အသုံးပြုကြသလဲ Barley ဟာ ပင်မ အစားအသောက်တစ်ခုဖြစ်ပြီး ဘီယာချက်ဖို့အတွက် အသုံးပြုပြီး miso ပြုလုပ်ဖို့လည်း အချဉ်ဖေါက်နိုင်ကာ မုယောသကြားရရှိဖို့ သန့်စင်နိုင်ပါတယ်။ Barley ကို သွေးသကြားဓါတ်နည်းအောင်၊ သွေးပေါင်နဲ့ ကိုလက်စထရောကျအောင်၊ ကိုယ်အလေးချိန်ကျဆင်းအောင် အသုံးပြုကြပါတယ်။ သူ့ကို ဝမ်းလျှောခြင်း၊ အစာအိမ်နာခြင်းနဲ့ အူရောင်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ အချို့သူတွေက Barley ကို အားရှိပြီး ခံနိုင်ရည်မြင့်မားအောင် အသုံးပြုကြပါတယ်။ အခြားအသုံးဝင်ပုံတွေကတော့ ကင်ဆာကာကွယ်ခြင်းနဲ့ အဆုတ် ပြွန်ရောင်ခြင်းကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။ Barley ကို အပူလောင်တာတွေကို ကုသဖို့အတွက်လည်း အရေပြားပေါ်ကို လိမ်းပေးနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Barley ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေကို […]


သဘာဝဆေးဖက်ဝင်

Copper (ကြေးနီ)

အသုံးပြုပုံများကြေးနီ ကို ဘာအတွက်အသုံးပြုကြသလဲ Copper ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အစားအစာတွေမှာ၊ အထူးသဖြင့် အသားတွေမှာနဲ့ ပင်လယ်စာတွေမှာ၊ အခွံမာသီးတွေ၊ cocoa ထုတ်ကုန်တွေမှာ တွေ့ရပါတယ်။ ကိုယ်ခန္ဓါဟာ Copper ကို အရိုးတွေနဲ့ ကြွက်သားတွေထဲမှာ များသောအားဖြင့် သိမ်းဆည်းထားပါတယ်။ အသည်းဟာ သွေးထဲမှာ ရှိတဲ့ Copper ပမာကို ထိန်းညှိပေးပါတယ်။ Copper ကို Copper ချို့တဲ့မှုတွေနဲ့ သူ့ကြောင့် ဖြစ်တဲ့ သွေးအားနည်းမှုတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Copper ချို့တဲ့မှုကတော့ ရှားပါတယ်။ Copper ချို့တဲ့မှုတွေဟာ အစားအသောက်ကနေ ဇင့်ဓါတ်များပြားစွာ ရရှိတဲ့သူတွေ၊ အူဖြတ်ထုတ်ထားတဲ့သူတွေနဲ့ အစာပြွန်ကနေ အစာစားရသူတွေမှာ ဖြစ်တတ်ပါတယ်။ အာဟာရချို့တဲ့တဲ့ ကလေးတွေဟာလည်း Copper ချို့တဲ့မှု ဖြစ်နိုင်ပါတယ်။ Copper ကို အနာကျက်ခြင်းကို အားပေးဖို့လည်း […]


သဘာဝဆေးဖက်ဝင်

Cucumber (သခွားသီး)

အသုံးပြုပုံများသခွားသီး ကို ဘာအတွက်အသုံးပြုကြသလဲ မိရိုးဖလာ ဆေးပညာအရ သခွားသီးကို ဆီးဆေးအဖြစ်သုံးပြီး သွေးပေါင်တက်ခြင်းနဲ့ ကျခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ သူ့ကို အရေပြားယားယံခြင်းကို သက်သာစေဖို့လည်း အသုံးပြုပါတယ်။ သခွားသီးစေ့တွေဟာ helminth တွေကို သတ်ပစ်နိုင်ပါတယ်။ သခွားသီးကဘယ်လိုအလုပ်လုပ်လဲ သခွားသီး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သူ့ကို ဆီးဆေးအပျော့တစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဆီးသွားစေတဲ့အာနိသင်ဟာ သူ့မှာပါတဲ့ cucurbitin ဆိုတဲ့ glycoside တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့အသုံးဝင်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မိရိုးဖလာ ဆေးပညာတွေက တစ်ဆင့် ဆင်းသက်လာပြီး သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ထားခြင်း မရှိပါဘူး။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များသခွားသီး အသုံးမပြုခင် […]


သဘာဝဆေးဖက်ဝင်

Fo-ti

အသုံးပြုပုံများFo-ti ကို ဘာအတွက်အသုံးပြုကြသလဲ Fo-ti ကို တရုတ်ပြည်မှာ သူ့ရဲ့ နုပျိုစေပြီး အသားအရည်ကြည်လင်စေတဲ့ အစွမ်းအတွက် အသုံးပြုပြီး အသည်း၊ ကျောက်ကပ် လုပ်ငန်းဆောင်တာတွေ တိုးတက်ဖို့နဲ့ သွေးကို သန့်စင်စေဖို့ အတွက်လည်း အသုံးပြုပါတယ်။ သူ့ကို အိပ်မပျော်ခြင်း၊ အရိုးအားနည်းခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ သွေးခဲခြင်းတွေ အတွက်လည်း အသုံးပြုပါတယ်။ သူဟာ ကိုယ်ဝန် ရရှိနှုန်းကို မြင့်တက်စေပြီး သွေးသကြားဓါတ် ပမာဏနဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေပါတယ်။ သူ့မှာ ရောဂါပိုးတွေ သေစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ Fo-ti က ဘယ်လိုအလုပ်လုပ်လဲ Fo-ti ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် […]


သဘာဝဆေးဖက်ဝင်

Betony

အသုံးပြုပုံများBetony ကို ဘာအတွက်အသုံးပြုကြသလဲ Betony ဟာ mint မျိုးနွယ်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို အနောက်ပိုင်းနဲ့ တောင်ဥရောပတွေမှာ အနှံ့အပြား ဖြန့်ဝေ အသုံးပြုကြပါတယ်။ Betony ကို အခြောက်ခံပြီး ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ Betony ဟာ သွေးတိတ်စေတဲ့ ဆေးအဖြစ် အသုံးပြုနိုင်ပြီး အာလုပ်ကျင်းရည် (သို့) လက်ဖက်ရည် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို စိတ်ပူပန်ခြင်းတွေကို ကုသဖို့ အသုံးပြုနိုင်ပြီး တင်ချာရည် (သို့) အငွေ့အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Betony ကို အောက်ပါ အခြေအနေတွေကိုကုသဖို့ အသုံးပြုနိုင်ပါတယ်။ အစာခြေ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ ရင်ပူခြင်း၊ ဝမ်းလျှောခြင်း၊ လေထခြင်း လေပြွန်ရောင်ခြင်း၊ ပန်းနာရင်ကျပ် အစရှိတဲ့ အသက်ရှူ လမ်းကြောင်း ပြဿနာများ နာကျင်တဲ့ အခြေအနေတွေဖြစ်တဲ့ ဂေါက်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း