brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Celandine (ဆီလန်ဒင်း)

အသုံးပြုပုံများ

Celandine ကို ဘာအတွက်အသုံးပြုကြသလဲ

နှစ်ပေါင်းများစွာ Celandine ကို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ၊ အစာမကြေခြင်းတွေနဲ့ သည်းခြေ ရောဂါတွေကို ကုသဖို့ အသုံးပြုပါတယ်။ Celandine မှာ ပျော့တဲ့ စိတ်ငြိမ်စေတဲ့ အစွမ်းရှိပြီး သူ့ကို ပန်းနာရင်ကျပ်၊ လေပြွန်ရောင်ခြင်းနဲ့ ကြက်ညှာချောင်းဆိုးရောဂါတွေမှာလည်း အသုံးပြုပါတယ်။ မကြာသေးမီ နှစ်တွေက Celandine ကို အစာမကြေခြင်းနဲ့ သည်းခြေအိတ်ဆိုင်ရာ ရောဂါတွေမှာသာမက အရေပြားရောဂါတွေနဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုကြပါတယ်။ Celandine ရဲ့ အမြစ်တွေဟာ ဓမ္မတာ မမှန်ခြင်းနဲ့ သွားနှုတ်ခြင်း၊ သွားနာခြင်းတွေမှာ နာကျင်မှု လျော့ကျစေဖို့ အသုံးပြုပါတယ်။

Celandine ဘယ်လိုအလုပ်လုပ်လဲ

Celandine ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သို့သော်လည်း Celandine အရွက်တွေမှာ alkaloids အမျိုး ၂၀ လောက်ပါဝင်ပြီး benzophenanthridines, protoberberines နဲ့ hydroxycinnamic acid derivatives တွေပါဝင်ပါတယ်။ ဗိုက်နာပျောက်စေတဲ့ Celandine ရဲ့ ဓါတုပစ္စည်းကိုတော့ မသိရှိပါဘူး။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Celandine အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အသည်းပျက်စီးစေတဲ့ အချက်တွေ ( အသည်းစစ်ဆေးမှု ရလဒ်များ မြင့်တက်နေခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ ဗိုက်အပေါ်ညာဘက်ပိုင်းနာခြင်း၊ အသားဝါခြင်း) တွေကို ရှာဖွေသင့်ပါတယ်။ ရှိနေတယ်ဆိုရင်တော့ Celandine ကို ရပ်သင့်ပါတယ်။

Celandine ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Celandine က ဘယ်လောက်စိတ်ချရလဲ

Celandine ဟာ ဘယ်လောက် လုံခြုံစိတ်ချရပါသလဲ။

ကိုယ်ဝန်ရှိရင် (သို့) နို့တိုက်နေရင် Celandine သုံးစွဲခြင်းနဲ့ ပတ်သက်တဲ့ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒါကြောင့် သေချာအောင် ရှောင်ကျဉ်သင့်ပါတယ်။

Celandine အများအပြား သောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို လိုတာထက်ပိုမို တက်ကြွစေတာကြောင့် autoimmune disease လက္ခဏာတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ သင့်မှာ လက္ခဏာ တစ်ခုခု ရှိနေခဲ့ရင် Celandine ကို ရပ်သင့်ပါတယ်။

Celandine extracts အချို့ဟာ သည်းခြေရည်စီးဆင်းမှုကို တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် သည်းခြေရည် လမ်းကြောင်း ပိတ်ဆို့မှုဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။

Celandine ဟာ အသည်းရောင်စေတယ်ဆိုတဲ့ လေ့လာမှုအချို့လည်း တွေ့ရပါတယ်။ ဒါကြောင့် အသည်းရောဂါ ရှိရင် သူ့ကို မသုံးသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Celandine ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အောက်ဖေါ်ပြပါ ဆိုးကျိုးတွေကို ရရှိစေနိုင်ပါတယ်။

• ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း

• သွေးကျခြင်း

• ပျို့အန်ခြင်း၊ အသည်းပျက်စီးခြင်း

• အနာမှာ စူးနဲ့ထိုးသလို နာခြင်း (သို့) ယားယံခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Celandine ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Celandine ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အသည်းကို ပျက်စီးစေတဲ့ ဆေးအချို့ဟာ Celandine နဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါကြောင့် ဆေးတွေကို မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Celandine အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဗိုက်နာတာအတွက် Celandine နဲ့ peppermint အရွက်၊ chamomile၊ caraway၊ licorice၊ clown’s mustard plant၊ lemon balm၊ angelica နဲ့ milk thistleတို့ ပေါင်းစပ်ထားတဲ့အရည်ကို ၁ml တစ်နေ့သုံးကြိမ် လေးပတ်အထိ သောက်သုံးသင့်ပါတယ်။

Celandine ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Celandine က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Celandine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• Extract

• လက်ဖက်ရည်

• တင်ချာဆေးရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။