အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ

အိပ်စက် ခြင်းဟာ လူ့ကျန်းမာရေးနဲ့ အမြဲဆက်စပ်နေတတ်ပါတယ်။ လူတစ်ယောက်ကျန်းမာရွှင်လန်းစွာ ရှင်သန်နေထိုင်ချင်တယ်ဆိုရင် အိပ်စက်ချိန်ကို သတိထားဖို့ လိုအပ်မှာပါ။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ည ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်တွေမှာ အိပ်စက်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းကြပါတယ်။ ဒီအချိန်မှာစတင်အိပ်စက်ပြီး ပျမ်းမျှ ၆-၈ နာရီလောက် အိပ်စက်ပေးဖို့လည်း အကြံပေးတတ်ကြပါတယ်။ အကြောင်းကတော့ အိပ်ရာဝင်နောက်ကျခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ဟာ ဆက်စပ်နေတာကြောင့်ပါ။ အိပ်ရေးမဝဘူးဆိုရင် သင့်ကျန်းမာရေးဟာလည်းထိခိုက်လာနိုင်ပါတယ်။ ပြောင်းပြန်အနေနဲ့ အိပ်ရာစောစောဝင်ပြီး အိပ်ရေးဝဝအိပ်မယ်ဆိုရင် သင့်ကျန်းမာရေးကို အကျိုးရှိစေမှာပါတဲ့။ တကယ်လို့သင်သာ သန်းခေါင်မတိုင်ခင် ဒါမှမဟုတ် ည ၉ နာရီနဲ့ ၁၀ နာရီအကြားမှာ ပုံမှန် အိပ်စက်မယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရလာမှာပါ။ ၁။ ကိုယ်အလေးချိန်ကျမယ် - ညဉ့်နက်မှ အိပ်လေလေ ကိုယ်အလေးချိန်တိုးလေလေပါ။ ဒါကြောင့် စောစောစီးစီးအိပ်ရာဝင်တာက သင့်ကို ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ၂။ […]


ညအိပ်မပျော်ခြင်း

အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း

အိပ်မပျော်တဲ့ရောဂါ (Insomnia) ဟာ အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ပျော်ပြီးရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ရန်ခက်ခဲပြီး မကြာခဏပြန်နိုးနေတတ်ခြင်းကို ဆိုလိုပါတယ်။ နိုးထလာရင်လည်း ကြည်လင်လန်းဆန်းမှု မရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ပညာရှင်များရဲ့ အဆိုအရ တပတ်မှာ အနည်းဆုံး ၃ရက်နဲ့ ၃လခန့် အိပ်မပျော်နိုင်ဖြစ်နေရင်၊ ထိုအိပ်မပျော်ခြင်းပြဿနာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေဖြစ်လာရင် အိပ်မပျော်ခြင်းရောဂါလို့ အမည်တပ်ပါတယ်။ အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း ဝေမျှပေးပါမယ်။ အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း အိပ်မပျော်ခြင်းပြဿနာ (Insomnia) ဖြစ်စေတဲ့ အကြောင်းအရင်းများ ခဏတာဖြစ်တဲ့ အိပ်မပျော်ခြင်းပြဿနာကတော့ စိတ်ဖိစီးခြင်း စိတ်ထိခိုက်ဖွယ်ရာကိစ္စကြုံကြိုက်ခြင်း အိပ်ရာပြောင်းခြင်း နာကျင်မှု ဝေဒနာ ခံစားရခြင်း လေယာဉ်ကို အချိန်ကြာမြင့်စွာစီးပြီးချိန် ခရီးပန်းခြင်း ဆေးဝါးအချို့သုံးစွဲနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ သုံးလအထက်ကျော်ပြီး အိပ်မပျော်ဖြစ်နေရင်တော့ နာတာရှည်ပြဿနာလို့ သတ်မှတ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကတော့ ရောဂါဝေဒနာကြောင့် အိပ်မပျော်ခြင်း ဥပမာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့

တစ်နေကုန်သုံးလိုက်ရတဲ့ ဖုန်းဆိုတာ မနက်မိုးလင်းလို့ နာရီalarmထပိတ်ရာက စလို့ ညမိုးချုပ် အိပ်တဲ့အထိပါပဲ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီလက်တစ်ဖဝါးစာ ဖုန်းလေးတစ်ခုရှိရုံနဲ့ အကုန်လုပ်လို့ရနေတာကြောင့် လက်က မချနိုင် ဖြစ်နေတာကိုလည်း အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ညအိပ်ချိန်ထဲကနေပါ ဖဲ့ပြီး ပေးနေရပြီဆိုရင်တော့ ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတစ်ပိုင်း ပြီးရင် ဆက်မကြည့်ဘူးလို့ ပြောပြီး မိုးလင်းသွားတဲ့ နေ့တွေ၊ ခဏလောက်သုံးပြီးရင် အိပ်တော့မယ်ဆိုပြီး နာရီပေါင်း များစွာကြာသွားတာတွေက သူသူကိုယ်ကိုယ်ပါပဲ။ ဒီတော့ မိုးလင်းရင် ဒီအကျိုးဆက်ကို ကောင်းကောင်းကြီး ခံစားရတော့တာပါပဲ။ ဒီတော့ ပြောချင်တာက အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့ ဂရုစိုက်ဖို့ပါ။ အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့ ညဘက် မအိပ်ဘဲ ဖုန်းသုံးတဲ့အခါ အိပ်ရေးတွေ ပျက်လာတယ်။ ဖုန်းက ထွက်တဲ့ အလင်းရောင်က အိပ်စက်ခြင်း ဟော်မုန်း မယ်လတိုနင် မထွက်အောင် တားဆီးပေးတာကြောင့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်စောစောအိပ်ရင် ဘာတွေ ဖြစ်လာနိုင်လဲ

ညဇီးကွက်လေးတွေ အိပ်ချိန်ပုံမှန်လေး ဖြစ်ဖို့ အိပ်ရာဝင်ချိန်တွေ ပြောင်းလဲဖို့ လိုပြီနော်။ ဘာကြောင့် စောစောအိပ်သင့်လဲဆိုတဲ့ အကြောင်းရင်းတွေကတော့… ၁။ စိတ်ဖိစီးမှုတွေ နည်းစေပါတယ်။ အိပ်ရေးဝဝ အိပ်ခြင်းက ခံစားချက်တွေကို ပိုမိုကောင်းမွန်စေတဲ့အပြင် စိတ်ပန်း၊ လူပန်းဒဏ်ကိုလည်း ပိုပြီး ခံနိုင်ရည် ရှိစေပါတယ်။ တစ်ရက်ကို ၇နာရီကနေ ၉နာရီထိ မအိပ်ဘဲနေမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုတွေ ပိုများပြီး ဒီပင်ပန်းမှုတွေက ဦးနှောက်ပေါ် မကောင်းတဲ့ အကျိုးဆက်တွေ သက်ရောက်နိုင်ပါတယ်။ ဒီအကျိုးဆက်တွေထဲ စိတ်ကျရောဂါ၊ စိတ်ပူပန်သောကများတာနဲ့ အခြားသော ခံစားချက်ဆိုင်ရာ ဝေဒနာတွေ ပါဝင်ပါတယ်။ လက်ရှိထက် ပိုပျော်ရွှင်ပြီး စိတ်ဖိစီးမှုတွေ ပိုနည်းသွားဖို့ဆိုရင် လုပ်ရမယ့် နည်းလမ်းက လွယ်လွယ်လေးပါပဲ။ စောစော အိပ်ရာဝင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အတိုပြောရရင် တစ်နာရီ ပိုအိပ်ပါပေါ့။ နေထွက်ချိန်မှာ ထပါ။ ဒါဆို ဇီဝနာရီလည်း မှန်ကန်သွားပါလိမ့်မယ်။ ၂။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

ကျွန်တော်တို့တွေ အိပ်ရေးမဝရင် ဘာတွေ ဖြစ်တတ်လဲဆိုတာ ဆွေးနွေးပြီးခဲ့ကြပါပြီ။ ဒီတော့ လိုတာထက် ပိုအိပ်မိရင် ဘာတွေဖြစ်တတ်လဲဆိုတာလေး ဒီတစ်ခါ ဆွေးနွေးကြည့်ကြရအောင်။ ပထမဆုံးသိသင့်တဲ့အချက်က ‘လိုတာထက် ပိုအိပ်မိတယ်ဆိုတာ ဘယ်လို အတိုင်းအတာကို ခေါ်တာလဲ’ဆိုတာပါပဲ။ ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီပေါ် မူတည်ပြီးတော့ အသက် ၁၈ နှစ် ကနေ ၆၄ နှစ်ထိ လုံလောက်တဲ့ အိပ်စက်ချိန်ဟာ ၇-၉ နာရီကြားရှိတတ်ပြီး ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ ပိတ်ရက်လေးတွေပဲ အိပ်ရတာ၊ အိပ်မှာပဲဆိုရင်တော့ သိပ် ပြဿနာ မရှိလှပါဘူး။ ဒါပေမဲ့ နေ့တိုင်းနီးပါးမှာ ၉နာရီထက် ပိုအိပ်မိနေပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘယ်လို ပြဿနာတွေလဲ။ လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ လိုတာထက် ပိုအိပ်မိရင် ဘာတွေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

သင့်အိပ်ခန်းထဲက အပင်လေးတွေ

သင့်ရဲ့ပတ်ဝန်းကျင်မှာ သစ်ပင်ပန်းမန်များကို မြင်ရခြင်းဟာ အင်မတန်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သင့်အနေနဲ့ သစ်ပင်သစ်ရွက်တွေ ပန်းတွေကို မမြင်ရတော့ရင် လူသားတယောက်အနေနဲ့ ဘယ်လောက်အထီးကျန်သွားမယ်ဆိုတာ သင်မသိသေးပါဘူး။ အကြောင်းကတော့ ဒီလိုအဖြစ်မျိုးကို မကြုံဖူးသေးလို့ပါပဲ။ အဆိုပါအနေအထားမျိုးကို ထုတ်ပြောခဲ့သူကတော့ အာကာသသူရဲကောင်းတဦး ဖြစ်ပါတယ်။ သူ့ရဲ့ အာကာသစခန်းမှာလည်း အပင်လေးများစိုက်ပျိုးပြီး အိပ်ပျော်အောင် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ သုတေသီများရဲ့ လေ့လာချက်အရ နေအိမ်အိပ်ခန်းများအတွင်းမှာ အပင်လေးများ စိုက်ပျိုးထားရှိခြင်းဟာ လူရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး ညဖက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ အပင်ငယ်လေးများကို အိပ်ခန်းထဲထားတဲ့အခါ သင့်ကိုတယောက်တည်းဖြစ်နေတယ်လို့ ခံစားရတာမျိုးကို လျော့ပါးစေပါတယ်။ ပတ်ဝန်းကျင်နဲ့ ထီးတည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပျောက်စေပါတယ်။ ညအချိန်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ တည်ငြိမ်အေးချမ်းသောအရောင် သုတေသနတွေအရ အိပ်ခန်းတွေထဲထားတဲ့ အပင်များရဲ့ အရောင်ဟာလည်း သင်ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီရာမှာ အရေးပါပါတယ်။ ဥပမာ အစိမ်းရောင်၊ […]


အိပ်စက်ခြင်း

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား

အိပ်စက်ချိန်ဆိုရင် သက်သောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ လူသားတို့အတွက် အဆင်ပြေတဲ့ အိပ်စပ်ပုံကတော့ လဲလျောင်းအိပ်စက်ပုံ ဖြစ်ပါတယ်။ ရပ်လျက်နဲ့တစ်ခုခုကို မှီပြီးဖြစ်စေ၊ ခုံမှာထိုင်ပြီးဖြစ်စေ အိပ်စက်မယ်ဆိုရင် သင့်ကြွက်သားများဟာ သင့်ကိုယ်နေဟန်ထားကို သက်သောင့်သက်သာဖြစ်အောင် လိုက်ပါထိန်းညှိနေရလို့ အိပ်စက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် REM လို့ခေါ်တဲ့ အိပ်စက်ခြင်းကနဦးအဆင့်ကို စတင်နိုင်ဖို့ လဲလျောင်းအိပ်စက်ဖို့ လိုအပ်ပါတယ်။ အဆိုပါအဆင့်မှာ ကြွက်သားများလည်း မလှုပ်ရှားတော့ပါဘူး။ လူအများစုဟာ မွေ့ရာပေါ်မှာ၊ ခုတင်ပေါ်မှာ အိပ်စက်ကြပေမယ့် နောက်ပိုင်းမှာ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းဟာ ခေတ်စားလာပါတယ်။ သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ရာခုတင်မျိုးမရှိရင် ပုခက်ပေါ်အိပ်ခြင်းက အကောင်းဆုံးပဲလို့ ညွှန်းလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်း ဖြစ်ပါတယ်။ အကျိုးကျေးဇူးများ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ကြိုးပုခက်ရဲ့လှုပ်ရှားမှုဟာ လူကို ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။ သုတေသနတစ်ခုမှာ လူ ၁၂ […]


အိပ်စက်ခြင်း

သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ

လူသားတွေဟာ သူတို့ဘဝရဲ့ သုံးပုံတပုံကို အိပ်စက်ချိန်အဖြစ်တဲ့ ဖြတ်သန်းကြပါတယ်။ တကယ်တော့ အိပ်စက်ခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းနဲ့ ဆက်စပ်နေပါတယ်။ အိပ်ရေးပျက်ရင် စိတ်ရောကိုယ်ပါ မလန်းဆန်းဘဲ အိမ်မှာ၊ ကျောင်းမှာ စွမ်းဆောင်ရည် ကျဆင်းနိုင်ပါတယ်။ ကြာလာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ လူအများဟာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အယူအဆအမှားတချို့ ရှိနေတတ်ပါတယ်။ ယုံတမ်းစကားများအနေနဲ့ တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီး အချက်အလက်အမှားတွေ ဖြန့်ချိနေကြပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ကြားနေကျယုံတမ်းစကားတွေ ဖြစ်ပါတယ်။ အဆိုပါအယူအဆများဟာ မှားယွင်းနေတာကို သတိပြုရပါမယ်။ ယုံတမ်းစကား ၁။ အရွယ်ရောက်ပြီးသူတွေဟာ ၅ နာရီလောက်အိပ်ရင် လုံလောက်တယ် သုတေသီတွေရဲ့ အဆိုအရ အဆိုပါအယူအဆကြောင့် လူအများစုရဲ့ ကျန်းမာရေးကို ထိခိုက်နေကြောင်း သိရပါတယ်။ တကယ်တော့ အရွယ်ရောက်ပြီးသူတွေမှာ အိပ်စက်ချိန်အနေနဲ့ တရက်ကို ၇ နာရီနဲ့ ၉နာရီကြား လိုအပ်ပါတယ်။ ၅ နာရီလောက်ပဲအိပ်မယ်ဆိုရင် ရေရှည်မှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

စိတ်ဖိစီးမှုများပြီး အိပ်ရေးတွေပျက်နေပြီလား။ ကောင်းမွန်တဲ့ အိပ်စက်မှု အလေ့အကျင့်လေးတွေနဲ့ ဖြေရှင်းလိုက်ကြရအောင်။

“အိပ်စက်ခြင်း” ဆိုတဲ့ ဖြစ်စဉ်ကြီးက လူနေမှုဘဝတစ်ခုလုံးကို မတူခြားနားသွားအောင် လုပ်နိုင်တယ်ဆိုတာ သိပါရဲ့လား။ အိပ်ရေးဝဝ အိပ်ပျော်တဲ့သူနဲ့ အိပ်ရေးမဝတဲ့သူ အကြားမှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လုပ်အားနှုန်း၊ တက်ကြွလန်းဆန်းမှု၊ ပျော်ရွှင်မှုတွေ သိသိသာသာ ခြားနားနေတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ အိပ်ရေးဝဝ အိပ်ပျော်အောင် အိပ်စက်တဲ့ နည်းလမ်းကို Sleep Hygiene လို့တောင် ခေါ်ဆိုကြတယ်။ ဒီနေ့ခေတ်လို စိတ်ဖိစီးမှုများပြီး ဘယ်တော့မှအိပ်ရေးမဝတဲ့ အခြေအနေမျိုးတွေမှာဆို Sleep hygiene ဟာ အရမ်းအရေးကြီးလာပါတယ်။ အထူးသဖြင့် မနက်စောစောထရလေ့ရှိတဲ့ လုပ်ငန်းခွင်ကလူတွေ၊ ကျောင်းတက်နေသူတွေအတွက်ဆိုရင် ပိုပြီးတောင် အသုံးဝင်ပါတယ်။ Sleep Hygiene ကို လိုက်နာရင် အိပ်ရေးဝမယ်၊ လန်းလန်းဆန်းဆန်းရှိနေမယ်။ ဒီတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ပြည့်ပြည့်ဝဝ အာရုံစူးစိုက်ပြီး လုပ်နိုင်မယ်။ စိတ်ညစ်စိတ်တိုမလွယ်တော့ဘူး။ ဖန်တီးနိုင်စွမ်းတွေအားကောင်းလာမယ်။ အလုပ်လုပ်နိုင်စွမ်းတွေတိုးတက်လာမယ်။ စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်နေလိမ့်မယ်။ ဒါက Sleep Hygiene ရဲ့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

'အိပ်မက် လေးထဲမှာ မင်းနဲ့ကိုယ် အမြဲဆုံချင်တယ်'

ဒါပေါ့ အပြင်မှာမတွေ့ရရင်လည်း အိပ်မက် ထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ဒီနေ့တော့ ကျန်းမာရေးအကြောင်းမဟုတ်ဘဲ လူ့ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေအကြောင်း ပြောပြပေးပါ့မယ်။ အိပ်မက်ကတော့ လူတိုင်းမက်ကြတာပဲ။ ပညာရှင်တွေက အိပ်စက်ချိန်မှာ လူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေ (ဥပမာ သွေးပေါင်ချိန်၊ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေ)ကို လေ့လာခဲ့ပြီး သိသင့်သလောက်သိကြပေမယ့် ဘာကြောင့် အိပ်မက်မက်လဲဆိုတာကိုတော့ တိတိကျကျ ပြောနိုင်ခြင်း မရှိသေးပါဘူး။ အိပ်မက်နဲ့ ပတ်သတ်ပြီး သိပ္ပံပညာအရ မဟုတ်ဘဲ ဘာမက်ရင် ဘာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေ အများကြီး ရှိနေပါတယ်။ ဥပမာ ကောသလမင်းကြီး အိပ်မက် ၁၆ချက်တို့၊ အသားလှုပ်အိပ်မက်တို့၊ ကိုယ်ဝန်အိပ်မက်တို့၊ မြွေမက်ရင် ငွေဝင်မယ်တို့ စသဖြင့် နိမိတ်ကောက်အိပ်မက်လည်း အမျိုးမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် အိပ်မက်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်ကြည့်ရအောင်။ အိပ်မက်ထဲမှာ စာဖတ်လို့မရသလို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း