အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ် ... စိတ်ဖိစီးတယ်။ စိတ်ဖိစီးတယ်ဆိုတာကို ဖိစီးနေမှန်း ကိုယ်တိုင် မသိခင်မှာတင် စိတ်က အတော်လေး ဖိစီးနေပါပြီ။ ဒီလို ဖိစီးတဲ့အခါ  ဘာတွေဖြစ်လာမလဲဆိုတော့ အလိုလိုနေရင်း စိတ်တိုလာမယ်။ စိတ်တိုင်းမကျတာတွေ များလာမယ်။ အရာရာကို အမြင် မကြည်တာမျိုး ဖြစ်လာမယ်။ ဒါတွေအပြင် အသက်ရှူရခက်တာ၊ အိပ်ရေးမဝသလို ခံစားရတာ၊ အစားစားချင်စိတ် မရှိတာ၊ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကနေ ရေရှည်မှာ နာမကျန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် စိတ်အရမ်းဖိစီးနေရင်တောင် အိပ်ရေး ဝအောင် အိပ်ပြီး သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘဝဆိုတာ စိတ်ဖိစီးမှု အတိနဲ့ပါ။ ဘဝ တလျှောက်မှာ စိတ်ဖိစီးစရာ အခြေအနေ များစွာကို […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘာလို့လဲဆိုရင် ယုံတမ်းစကားတွေဖြစ်ကြတဲ့ Myths တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ။ အထူးသဖြင့် အိပ်စက်တာလိုမျိုး နေ့စဉ်ဘဝမှာ မဖြစ်မနေလိုအပ်တဲ့ ကိစ္စမျိုးမှာ မှားယွင်းတဲ့ ယုံတမ်းစကားတွေကို ယုံမှတ်မှားမိမယ်ဆိုရင် ကျန်းမာရေးပြဿနာ အများအပြားနဲ့ ရင်ဆိုင်လာရနိုင်တယ်မဟုတ်လား။ လူတွေ မှားယွင်းယုံကြည်နေကြတဲ့ Sleep Myths အမြောက်အများရှိပေမယ့် လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths များ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အိပ်စက်ခြင်းဆိုင်ရာ သိပ္ပံပညာရပ်တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ ဆက်စပ်မှုတွေကို ပိုနားလည်လာရပါတယ်။ ဒါကြောင့် တချို့သော လူသိများတဲ့ကိစ္စတွေဟာ ယုံတမ်းတွေဖြစ်ပြိး တကယ်မှန်ကန်ဘူးဆိုတာကိုလည်း သဘောပေါက်လာရပါတယ်။ ဘယ်လို ယုံတမ်းစကား […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

နေ့လယ်စာလေး စားပြီး သောက်ပြီးလို့ နေ့ခင်းနေ့လယ်ချိန်ကို ရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထ ရှိတာ ဓမ္မတာ ပါပဲ။ လူအများစုမှာ ဒီလို အခြေအနေမျိုးကို ကြုံဆုံရတတ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးချိန်တွေ၊ နေအိမ်မှာ အားလပ်နေချိန်မျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အိမ်မှာ ရှိနေသူတွေ အတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေး ရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက် ကတော့ ဒီလို အခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက် သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အပြုအမူတစ်ခု ဖြစ်သလို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

တစ်ဘဝစာ အကျိုးရှိချင်ရင် အိပ်ရေးဝဝ အိပ်ကြနော်

ညညဆို အိပ်စက်ရခက်ခဲ၊ မနက်မနက်ဆို အိပ်ယာထဖို့ မနည်းကြိုးစားနေရတဲ့ အခြေအနေကြီးနဲ့ ရင်ဆိုင်နေရပြီလား။ အိပ်စက်တယ်ဆိုတာက လူတစ်ယောက်ရဲ့ ရှင်သန်နေထိုင်မှုမှာ သိပ်ကိုအရေးကြီးတဲ့ ကိစ္စနော်။ ဒီတော့ ညည ကောင်းကောင်းမအိပ်နိုင်ဖြစ်နေရင် နောက်တစ်နေ့ကျ လေးလံထိုင်းမှိုင်းပြီး ငူငိုင်နေတော့မှာပေါ့။ နေ့စဉ်ဘဝမှာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ရှိမနေရင် ဘဝက နေရထိုင်ရတာ မအီအသာနဲ့ ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ အရမ်းအိပ်တာ မကောင်းဘူး၊ ဒါပေမယ့် အိပ်ချိန်နည်းတာ၊ အိပ်ရေးမဝတာက လူကိုပိုပြီး အနှောင့်အယှက်ပြုတယ်။ လုံလုံလောက်လောက် အိပ်ထားတဲ့လူတွေကသာ နေ့စဉ်ကျန်းမာရွှင်လန်းနေမှာလေ။ အိပ်ရေးဝတဲ့အခါ အာရုံကြောတွေ အားကောင်းလာမယ်။ Multiple sclerosis လိုမျိုး auto immune disease တွေ မဖြစ်တော့ဘူး။ နောက်ပြီး အိပ်ရေးဝသူတွေဟာ ကိုယ်ခံအားကောင်းကြတယ်။ ဒါကြောင့် အအေးမိ၊ တုပ်ကွေးလို နာမကျန်းဖြစ်တာလောက်က မှုစရာမလိုတော့ဘူး။  နောက်ထပ် သိထားရတာက COVID-19 ကိုလည်း […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေစဉ် သွားရည်ကျတာ ကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာ က လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာ တစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။ ဒါပေမယ့် ဒီအခြေအနေက ညတိုင်း နဲ့ အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်သလို အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုခုရှိနေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေကြောင့် အိပ်နေတုန်း သွားရည်ကျရတာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အိပ်နေစဉ် သွားရည်ကျရတာ က အိပ်နေတဲ့အခါ မျက်နှာက ကြွက်သားတွေက ပြေလျော့သွားပါတယ်။ ဒီလို ပြေလျော့တာကြောင့် မျိုချတာတွေ၊ ထွေးထုတ်တာတွေကို မလုပ်တော့သလို ပါးစပ်ကို အနည်းငယ် ပွင့်စေပြီး သွားရည်တွေ ပါးစပ် အပြင်ဘက် ထွက်ကျမလာအောင် ထိန်းပေးတာမျိုးလည်း မရှိတော့ပါဘူး။ ဒီတော့ အိပ်ပျော်နေစဉ်အတွင်း ပါးစပ်ထဲမှာ သွားရည်တွေ စုပုံလာပြီး ထိန်းထားနိုင်တဲ့ ပမာဏ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ချင်လျက်နဲ့ ပေတေပြီး မအိပ်ရင် ဘာတွေဖြစ်လာမလဲ

အိပ်စက်တယ်ဆိုတာ လူတစ်ယောက်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ အိပ်စက်မှ ခန္ဓာကိုယ်ကြီးက အနားရပြီး နောက်တစ်ရက်မှာ လန်းဆန်းတက်ကြွစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လုံလုံလောက်လောက် မအိပ်စက်ဘူးဆိုရင် ကျန်းမာရေး ထိခိုက်လာပါလိမ့်မယ်။ အိပ်ချင်စိတ် ရှိချက် မအိပ်ပဲ ပေတေနေတာက ပိုဆိုးနိုင်ပါတယ်။ အိပ်မပျော်တဲ့ဝေဒနာ ဒါမှမဟုတ် အိပ်ချင်စိတ် မရှိလို့ အိပ်စက်တာက မဖြစ်မနေ ကုစားရမယ့် ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာ ရှိပါသေးတယ်။ အိပ်ချင်စိတ်ရှိနေလျက်နဲ့ ပေတေပြီး မအိပ်တာမျိုးပါ။ အိပ်ချင်လျက်နဲ့ ပေတေပြီး မအိပ်ရင် ဘာတွေဖြစ်လာမလဲ ဒီလိုကိစ္စမျိုးက အခြေအနေ အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရုပ်သံစီးရီးတွေကို ကြည့်ရင်း အရှိန်ကောင်းလာလို့ မအိပ်ပဲ ဆက်တိုက်ထိုင်ကြည့်ဖြစ်တာမျိုး၊ ညဉ့်နက်သန်းခေါင် ဘောလုံးပွဲကောင်းရှိလို့ မအိပ်ပဲ ထိုင်စောင့်နေတာမျိုး၊ စာမေးပွဲအရေးကြီးနေလို့ အတင်းစာထိုင်ကြည့်နတာမျိုး စသဖြင့် အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ပေါ့။ ဒါပေမယ့် ဘယ်လိုကြောင့်ပဲဖြစ်ပါစေ။ အိပ်ချင်စိတ်ရှိနေလျက်နဲ့ မအိပ်ပျော်အောင် ကော်ဖီတွေသောက်၊ အချဉ်တွေစားပြီး အတင်းကာရော […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

အိပ်စက်ခြင်းဟာ အင်မတန်အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အိပ်ရေးမဝဘူးဆိုရင် လန်းဆန်းတက်ကြွနေမှာ မဟုတ်သလို ရေရှည်မှာလည်း စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားရောဂါတွေအပြင် accidentနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ပိုပြီးဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အိပ်တယ်လို့ ပြောလိုက်ရင် အတော်များများက အိပ်ရေးဝဖို့ ဘယ်နှနာရီ အိပ်ရမယ်ဆိုတဲ့ quantity ကိုပဲ ဂရုပြုမိကြပါတယ်။ မှန်ပါတယ်။ တစ်ညကို ဘယ်လောက်အိပ်ရမယ်ဆိုတဲ့ အိပ်ချိန်ပမာဏက အရေးကြီးပါတယ်။ အိပ်ချိန်နည်းရင် တစ်နေ့တာမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် တချို့သူတွေမှာ တစ်ညကို ၈နာရီ၊ ၉နာရီ အိပ်ပြီး နိုးလာရင်လည်း အိပ်ရေးမဝတာ၊ မလန်းဆန်းတာမျိုးတွေ ရှိပါတယ်။ စာရေးသူကိုယ်တိုင်လည်း မကြာခဏ ဖြစ်ဖူးသလို လူတိုင်းလည်း ကြုံတွေ့ဖူးမယ်ထင်ပါတယ်။ အဲဒါက ဘာကြောင့်လည်းဆိုတော့ quantity လုံလောက်ပေမယ့် Quality မကောင်းလို့ပါ။ ဒါ့ကြောင့် ဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်ဆိုတဲ့ quality […]


ညအိပ်မပျော်ခြင်း

အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

Insomnia ဆိုတဲ့ အိပ်မပျော်တဲ့ ဝေဒနာပါ။ အိပ်မပျော်တဲ့ ပြဿနာက သာမန်ပြဿနာတစ်ခုလို ထင်မြင်စရာဖြစပေမယ့် ကြာလာရင် နောက်ဆက်တွဲဆိုးကျိုးတွေများလွန်းလှပါတယ်။ ဒီတော့ ကိုယ် အိပ်မပျော်ဖြစ်နေရင် ဒါမှမဟုတ် Insomnia ဝေဒနာခံစားနေရတယ်ဆိုရင် သက်သာမှုပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေ သိထားသင့်တယ် မဟုတ်လား။ လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံး ၇ နာရီပြည့်အောင် မအိပ်စက်ဖြစ်ဘူးဆိုရင် အိပ်မပျော်တဲ့ ဝေဒနာလို့ သတ်မှတ်လို့ရတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီဝန်းကျင်အိပ်စက်ပေးမှ တစ်နေ့တာလုံး ခွန်အားပြည့်ဝ လန်းဆန်းနေမှာပါ။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ခံစားနေရတာဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ အိပ်မပျော်တဲ့သူတွေဟာ ဆေးဝါးမှီဝဲတတ်ကြပါတယ်။ ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဆေးဝါးမဟုတ်တဲ့ နောက်ထပ်ရွေးချယ်စရာကတော့ မိမိရဲ့ နေအိမ်မှာပဲ ကုစားနိုင်မယ့် အိမ်တွင်းကုထုံးနည်းလမ်းတွေပါ။ အသိများပြီး ဘေးကင်းတဲ့ နည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြပေးချင်ပါတယ်။ Melatonin Melatonin က […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ

အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပါ။ ကောင်းကောင်း အိပ်မပျော်ရင် စိတ်ရောကိုယ်ပါ မကျန်းမမာဖြစ်နိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ မှန်ကန်သင့်လျော်ပြီး အိပ်စက်ခြင်းကို အားပေးတဲ့ အစားအစာတွေကို မှီဝဲပေးမယ်ဆိုရင် ညစဉ် အိပ်မပျော်တဲ့ဝေဒနာကို ခံစားရနိုင်ခြေနည်းပါးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအစားအစာတွေက ကောင်းကောင်းအိပ်စက်အနားယူနိုင်အောင် ကူညီပေးမယ့် သင့်လျော်တဲ့ အစားအစာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။ ကီဝီသီး - ကီဝီသီးကို မြန်မာပြည်မှာတော့ အစားနည်းကြပါတယ်။ ဒါပေမယ့် ကီဝီသီးဟာ သင့်ရဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် C ၊ ဗီတာမင် E ၊ Folate နဲ့ တခြားသော သက်စောင့်ဓာတ်များစွာပါဝင်တဲ့ ကီဝီသီးဟာ ကောင်းကောင်းအိပ်စက်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ချယ်ရီသီး - ချယ်ရီသီးနဲ့ ချယ်ရီသီးဖျော်ရည်တွေကလည်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝဝအိပ်ချင်သူတွေ သောက်သုံးပေးသင့်တဲ့ အဖျော်ယမကာ ၁၀ မျိုး

လူတိုင်း ကောင်းကောင်းအိပ်ပျော်ချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် လူတိုင်းတော့ ဆန္ဒမပြည့်ဝကြပါဘူး။ တစ်ချို့က အိပ်ရေးဝဝအိပ်ချင်သူတွေ အနေနဲ့ အိပ်မပျော်ကြတာမို့ အခက်တွေ့နေကြပါတယ်။ ဒီအခြေအနေကို ကုစာပေးနိုင်မယ့် နည်းလမ်းကတော့ အိပ်ရာဝင်ခါနီးမှာ သင့်လျော်တဲ့ အဖျော်ယမကာ တချို့ကို မှီဝဲ သောက်သုံးပေးတာပါပဲ။ တချို့သော သဘာဝအစားအစာတွေဟာ အိပ်ပျော်အောင် ကူညီပေးနိုင်ကြပါတယ်။ ဒါပေမယ့် ညပိုင်းတွေမှာ အစားအစာမှီဝဲတာက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တာမို့ ဖျော်ရည်တွေကို မှီဝဲပေးတာက ပိုကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီး ၁နာရီနဲ့ ၁ နာရီခွဲဝန်းကျင်မှာ အောက်ပါ ဖျော်ရည်တွေကို မှီဝဲပေးမယ်ဆိုရင် ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့ အကူအညီပေးနိုင်လိမ့်မယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။ အိပ်ရေးဝဝအိပ်ချင်သူတွေ အတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် အဖျော်ယမကာများ နို့ အိပ်စက်ခြင်းအတွက် အကောင်းဆုံး လက်နက်ပါပဲ။ နို့မှာပါဝင်တဲ့ Amino Acid က အိပ်ပျော်စေဖို့ အထောက်အကူပေးပါတယ်။ ဒါကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း