အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

ညအိပ်မပျော်ခြင်း

ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မနက်ခင်း မှာ အိပ်ရာထဖို့ အရမ်းခက်နေတယ်။ မထချင် ထချင် ထလိုက်တယ်။ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာ စားပြီးတဲ့အထိတောင် လူက မလန်းဘူး။ ပင်ပန်းတဲ့ မနက်ခင်း ဖြစ်နေသလို ခံစားနေရတယ် ဆိုတဲ့သူလေးတွေ ရှိလား။ ဒီလို မနက်ခင်းတိုင်းမှာ ပင်ပန်းနေတာက ဘာကြောင့် ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ မနက်ခင်းတိုင်းမှာ သင် ပင်ပန်းနေရတာက ဒီ အချက်တွေကြောင့်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာ ရုတ်တရက် လန့်နိုးတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာ ရုတ်တရက် လန့်နိုးတာ ဒါမှမဟုတ် အနှိုးခံရတဲ့ အခါမျိုးမှာ ဦးနှောက်က ပြည့်ပြည့်ဝဝ မနိုးသေးတာကြောင့် မနက်ခင်းမှာ ပင်ပန်းတယ်လို့ ခံစားရတာပါ။ ညဘက် အိပ်ချိန် မမှန်တာ ညဘက်မှာ အိပ်ရာဝင်ချိန် မှန်မှလည်း ခန္ဓာကိုယ်က […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

မနက်ပိုင်းလေး အလုပ်ရှိလို့၊ သွားစရာရှိလို့၊ စာမေးပွဲ ဖြေရမှာကြောင့် ဆိုပြီး နှိုးစက်တွေ နာရီဝက်ခြား တစ်ခါလောက် ပေးထားရတဲ့သူတွေထဲ သင်ကိုယ်တိုင်ရော ပါနေလား။ နှိုးစက်သံ အကျယ်ကြီး ကြားတိုင်း ကောင်းနေတဲ့ အိပ်မက်ကလေးတွေ ဘယ်လွင့်ပြေးလို့ ပြေးမှန်းမသိ ခေါင်းကိုက်ပြီး နိုးလာရလို့ စိတ်ညစ်ခဲ့ဖူးလား။ ဒီလိုမျိုး ခံစားဖူးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။ မနက်ခင်းအစော နှိုးစက်သံ အကျယ်ကြီးနဲ့ နိုးလာရတဲ့သူတွေဟာ ခေါင်းကိုက်ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နားဆူခြင်းတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် အိပ်နေရင်းနဲ့ အသံနဲ့ နှိပ်စက်ပြီး အတင်းနိုးထလာရသလို ဖြစ်တာကြောင့် စိတ်ကလည်း ဘယ်လိုမှ ကြည်နိုင်တော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် နာရီဝက်ခြား တစ်ခါလောက် နှိုးစက်ပေးထားရတဲ့သူတွေဆိုရင် ကိုယ်တိုင်ရော ကိုယ်နဲ့ အတူနေတဲ့ မိသားစုအတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ သုတေသီတွေရဲ့ လေ့လာချက်အရ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

လူတွေ ဘာကြောင့် လေလည်တာလဲ။ ကျွန်တော်တို့ လူသားတွေ အစာစားလိုက်တဲ့အခါ အစာအိမ်ကနေ စားလိုက်သမျှ အစာတိုင်းကို ပြန်ချေဖျက်ပေးရပါတယ်။ စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်တွေကို အူငယ်လေးက အကုန်အစင် မချေဖျက်ပေးနိုင်တဲ့အတွက် အူမကြီးက ဒါကိုချေဖျက်ပေးရပြီး လေတွေ ထုတ်ပေးပါတယ်။ လေတွေ များလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အပြင်ဘက်ကို ပြန်ထုတ်ပေးဖို့ လိုပါတယ်။ ထွက်လာတဲ့ လေတွေကို အူလမ်းကြောင်းကနေတစ်ဆင့် စအိုအပြင်ဘက်ကို ထုတ်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို လေလည်ပေးလိုက်ခြင်းဖြင့် ဝမ်းဗိုက်ထဲ လေပွပြီး မအီမသာဖြစ်ခြင်းကို သက်သာစေသလို ရင်ပြည့်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အောက်ကနေ မဟုတ်ဘဲ လည်ချောင်းကနေ တစ်ဆင့် အပေါ်ကို လေကန်တက်ပြီး လေချဉ်တက်တဲ့ပုံစံမျိုးနဲ့လည်း လေထုတ်ပေးတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ဘာလို့ လေလည်တာလဲ။ လူတွေ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေတဲ့အချိန်မှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

အမြဲတမ်း အိပ်ချိန်ပြည့်ဝအောင် အိပ်ရမယ့် အကြောင်း ပြောနေခဲ့တာဆိုတော့ ဒီတစ်ခေါက်မှာ အိပ်ရာစောစောဝင်ဖို့ ဘာလို့ အရေးကြီးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘဝမှာ အကြွေးတင်ပြီး ပြန်မရတော့တဲ့အထဲမှာ အိပ်ချိန်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အိပ်ချိန်မှန်မှ ကျန်းမာမယ်၊ အိပ်ချိန်ပြည့်မှ နောက်နေ့မှာ လူက လန်းလန်းဆန်းဆန်း ဖြစ်ပြီး အလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်နိုင်မှာပေါ့။ ဒီနေရာမှာ နောက်ထပ် ပြောဖို့ လိုလာတာတစ်ခုက အိပ်စက်တဲ့ အချိန်ပါ။ ခုနောက်ပိုင်းမှာ လူငယ်တွေရော၊ လူကြီးတွေပါ ညအိပ်ချိန်မမှန်တော့ပါဘူး။ ညဘက်ကို သန်းခေါင် ၁၂ နောက်ပိုင်းမှပဲ အိပ်လာကြတဲ့သူတွေလည်း အရမ်းကို များလာပါတယ်။ အခုက Covid-19 ကပ်ဘေးကာလဖြစ်လို့ ဒီရန်ကို စိုးရိမ်ပူပန်နေရတာလည်း ပါမှာပေါ့။ တကယ်တော့ ကိုယ်စတင်အိပ်စက်တဲ့အချိန်ဟာ သန်းခေါင် ၁၂ ထက် လုံးဝနောက်ကျတာမျိုး မဖြစ်သင့်ပါဘူး။ တစ်နေ့လုံး လူက […]


ညအိပ်မပျော်ခြင်း

ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော်

ဒီခေတ်ကြီးထဲမှာ ညဘက်ကို စောစောအိပ်စက် အနားယူတယ်ဆိုတာ တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စမတ်ဖုန်းတွေ၊ အင်တာနက်တွေကို တွင်ကျယ်စွာ အသုံးပြုလာကြသလို အရက်ဆိုင်၊ ဘား၊ ကလပ်တွေဟာလည်း နေရာတိုင်းလိုလို အပြိုင်အဆိုင် ဖွင့်နေပြီဆိုတော့ လူငယ်တွေအတွက် အိပ်ရေးပျက်တယ်ဆိုတာ သိပ်ပြီး ဂရုစိုက်စရာ မလိုတဲ့ အရာတစ်ခုလိုပါပဲ။ ဒီလိုမျိုး အိပ်ချိန်နည်းပြီး အမြဲ အိပ်ရေးအပျက်ခံတယ်ဆိုတာ လူငယ်ဘဝ ကိုယ်ခံအားကောင်းနေစဉ်မှာတော့ သိပ်ပြီး သိသာမှာ မဟုတ်ပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးက သိသိသာသာ ဆုတ်ယုတ်လာတာကို တွေ့ရမှာပါ။ ညဘက် အိပ်ရေးပျက်တော့ ဘာဖြစ်နိုင်လဲ။ လောကမှာ အကြွေးတင်လို့ ဘယ်လိုမှ ပြန်ဆပ်လို့ မရတဲ့အထဲမှာ အိပ်ချိန်ဟာလည်း တစ်ခုအပါအဝင်ပါ။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကိုတော့ ခဏအနားယူတယ်လို့သာ သတ်မှတ်ပြီး ညအိပ်ချိန်အဖြစ် အကြွေးပြန်ဆပ်တယ်ဆိုပြီး […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

အိပ်စက်အနားယူတာနဲ့ ပတ်သက်ပြီး လူအများစု အခုချိန်ထိကို ပေါ့သေးသေး သဘောထားနေကြဆဲပါပဲ။ ရုပ်ရှင်ကြည့်ဖို့၊ ဖုန်းသုံးဖို့အတွက်နဲ့ အိပ်ချိန်ကို စတေးကြတယ်။ အလုပ်တွေ ဖိလုပ်ပြီး အိပ်ချိန်ကို နည်းနိုင်သမျှ နည်းအောင် လျှော့ပစ်ကြတယ်။ ကလေးတွေကျတော့လည်း စာမရရင် မအိပ်ရဘူးဆိုပြီး လူကြီးတွေက ခြောက်ထားတော့ ကြောက်ပြီး မအိပ်ရဲကြတော့ဘူး အစရှိသဖြင့် အိပ်ချိန် စတေးပစ်လိုက်ရတဲ့ ပုံပြင်ပေါင်း သောင်းခြောက်ထောင်တောင် မကတော့ပါဘူး။ ဒါဆို အိပ်ချိန်က အရေးမကြီးလို့လား။ ငွေချေးသလိုမျိုးပဲ အိပ်ရေးမဝလို့ရော နောက်နေ့မှာ ဆတိုး အကြွေးဆပ်လို့ မရဘူးလား။ အိပ်ချိန်က ဘာလို့ ကျန်းမာရေးအတွက် မဖြစ်မနေ အရေးပါတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ လူတွေ […]


ညအိပ်မပျော်ခြင်း

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းဆောင်တာ တစ်ခုပါ။ ဒီအတွက် အိပ်ချိန်ကိုတော့ လုံးဝလျှော့လို့ မဖြစ်ပါဘူးနော်။ ခုနောက်ပိုင်း လူငယ်တွေသာမက လူကြီးတွေမှာပါ နေထိုင်မှုပုံစံ မှားယွင်းတာ၊ ဖုန်း၊ အင်တာနက်၊ ကွန်ပျူတာ အသုံးပြုခြင်း လွန်ကဲလာတာ၊ ကျန်းမာရေးပြဿနာတွေကြောင့် ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ အကြောင်း အမျိုးမျိုးကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက် (၁၀) ချက်ကို ပြောပြပေးချင်ပါတယ်။ အိပ်ချိန်အတွက် အဓိက ဆောင်ရန်၊ ရှောင်ရန်အချက်များ ၁။ တတ်နိုင်သလောက် နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို ရှောင်ပါ။ ၂။ အိပ်ရာဝင်ကာနီး အနည်းဆုံး ၂နာရီလောက်ခြားပြီး ဖုန်း၊ တီဗီ၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးပြုတာ ရပ်ပေးပါ။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ

အလုပ်ပိတ်ရက် အိမ်မှာ အိပ်ငိုက်တာက နေ့ခင်းနေ့လယ် တစ်ရေးအိပ်ပြီး အနားယူလိုက်လို့ ကောင်းတယ်ဆိုပေမယ့် အလုပ်ခွင်ထဲမှာ အိပ်ငိုက်နေတာကတော့ တောတော်လေး ဂွကျတဲ့ ကိစ္စပါ။ အလုပ်တွေ လုပ်စရာ ရှိနေတာကို အိပ်ငိုက်နေတာက ကိုယ့်ကိုယ် မကြိုးစားတဲ့သူရယ်လို့ ထင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း ထမင်းစားပြီး အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ ဆိုရင် အိပ်ငိုက်တယ်လို့ ခံစားလာရတဲ့အခါ ကော်ဖီ နည်းနည်းသောက်လိုက်ပါ အလုပ်လုပ်ရင်း ခြေကုန်လက်ပမ်းကျလာသလိုလို ဒါမှမဟုတ် အလုပ်လုပ်ရတာ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် အလုပ်ကို ခဏလေး နားပြီး ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ပါ။ ဒီလို လုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပြီး […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ညဘက်တွေ အိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမယ့် အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့ အိပ်ဆေးမကူရပါဘဲ သဘာဝနည်းလမ်းတွေနဲ့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဘယ်လိုလုပ်ကြမလဲ။ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ အလွယ်ဆုံးနည်းလမ်းများ ၁။ အိပ်ချိန်မှန်အောင် လုပ်ပါ။ စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို အထိုက်အလျောက် ပြေလည်သွားစေနိုင်မှာပါ။ ၂။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ သူတချို့က ညအိပ်တဲ့အခါ အဲဒီတိရစ္ဆာန်လေးတွေနဲ့ ဖက်အိပ်တာမျိုး၊ အိပ်ရာထဲ ခေါ်သိပ်တာမျိုး လုပ်တတ်ပါတယ်။ တကယ်တမ်း ဒီလို အမူအကျင့်ကို ကျန်းမာရေးရှုထောင့်ကနေ ကြည့်လိုက်တဲ့အခါ ကောင်းတဲ့ အချက်ကလေးတွေရော ဆိုးတာလေးတွေပါ တွေ့ရတတ်ပါတယ်။ ကောင်းတဲ့ အချက်တွေက ဘာတွေလဲ။ ၁။ များသောအားဖြင့် ကြောင်တွေဟာ ခွေးတွေလောက်တော့ လူတွေနဲ့ လက်ပွန်းတသီးနေရတာ မကြိုက်ပါဘူး။ ဒါပေမယ့်လည်း လူတွေနဲ့ အနေကြာလာတဲ့ ကြောင်တွေဆိုရင်တော့ သံယောဇဉ်ပိုတွယ်လာနိုင်ပါတယ်။ အထူးသဖြင့် အိပ်တဲ့အချိန်တိုင်း လူတွေနဲ့ ဖက်အိပ်နေရတဲ့ ကြောင်တွေအတွက်တော့ ဒီအိမ်သားတွေအပေါ် ပိုပြီး ခင်တွယ်လာတတ်ပါတယ်။ ၂။ ကြောင်တွေဟာ ခွေးတွေလိုမျိုး အသံအရမ်း ဆူညံအောင် မလုပ်တတ်တဲ့အတွက် ကိုယ့်ရဲ့ အိပ်စက်ခြင်းကို သိပ်ပြီး အနှောင့်အယှက် ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ ၃။ ကြောင်ရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ အမွေးတွေဟာလည်း ခွေးတွေလိုပဲ လူကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း