အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်း (၃) ချက်

လူတစ်ယောက် ကျန်းမာဖို့၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့၊ စိတ်ပျော်ရွှင်စေဖို့ တစ်နေ့တာ ပြည့်ဝစွာအိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း လူဆိုတာ စိတ်ဖိစီးမှုတွေ၊ အတွေးတွေ၊ အလုပ်တွေကို အိပ်ရာထဲထိ ယူလာတတ်ကြတယ်မလား။ လူငယ်တွေကျတော့လည်း ညမိုးချုပ်တဲ့အထိ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ညနောက်ကျမှအိပ်၊ ကြာလာတော့ ညဘက်စောစောအိပ်ရမယ်ဆိုရင် ဘယ်လိုမှအိပ်လို့မပျော်တော့ဘူးလေ။ ဒီလိုမျိုး ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့ သူတွေအတွက် အမြန် အိပ်ပျော်စေမယ့် နည်းလမ်း (၃) ချက်ကို ပြောပြပေးချင်ပါတယ်။ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်း (၃) ချက် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်းတွေက ၁။ အိပ်ပျော်စေမယ့် Military နည်းလမ်း ပက်လက်လှဲနေပါ မျက်နှာပေါ်မှာ ရှိတဲ့ ကြွက်သားတွေ ဖြေလျှော့ထားပါ ပုခုံးကြွက်သားကို တင်းမထားဘဲ ဖြေလျှော့ထားပါ လက်နှစ်ဖက်ကို ကိုယ်ခန္ဓာဘေးတစ်ဖက်စီမှာ ကပ်ထားပါ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေကြတဲ့သူတွေက အရင်ဆုံးတွေးမှာက အစားလျှော့မယ် ၊ ဂျင်မ်သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ် ကော်ဖီသောက်မယ် ဆိုတဲ့နည်းလမ်းတွေပါပဲ။ ဒီထဲက နည်းလမ်းတစ်ခုခုကိုရွေးချယ်လိုက်တယ်၊ သေချာလိုက်နာတယ်ဆိုတာတောင် ဝိတ်ကသိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါဘာ့ကြောင့်ဖြစ်မလဲ။ပြန်တွေးကြည့်ရအောင် ။ ဒီလိုဖြစ်စေတဲ့နောက်ကွယ်က တရားခံဟာ အိပ်ချိန်မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပေမယ့် အိပ်ချိန်မမှန်တာကတော့ ဝိတ်ပြန်ချလို့မလွယ်အောင် ဟန့်တားနေတာဖြစ်ပါတယ်။ အိပ်ချိန်မမှန်တာက လူ့ကျန်းမာရေးအတွက် ပြဿနာတွေအများကြီးပေးနိုင်တာ သိကြပြီးဖြစ်မှာပါ။ အမေရိကန်သုတေသနတစ်ခုအရ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန်လျှော့ချရာမှာ အနှောင့်အယှက်ပေးနိုင်တယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီးသူတွေက အနားယူဖို့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန် တစ်နေ့ကို အနည်းဆုံး ၇ နာရီရှိဖို့ လိုအပ်ပါတယ်။ အများစုကတော့ ဒါကို မပြည့်ဝနိုင်တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်အတွင်း စစ်တမ်းအရ ပါဝင်သူတွေရဲ့ ၃၆ ရာခိုင်နှုန်းက […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

ညသန်းခေါင်ကျမှ တီဗီရှေ့မှာ တရေးနိုးလာတဲ့ဖီလင်က ဘယ်လိုမျိုးလဲ။ အိပ်ရာထဲလည်း မရောက်၊ တီဗီလည်းမပိတ်ဘဲ ဘယ်အချိန်ကအိပ်ပျော်သွားမှန်းမသိလိုက်တာမျိုးက သင့်ကို ဝလာစေနိုင်ပါတယ်လို့ သုတေသနကဖော်ပြလာပါတယ်။ ဘာလို့လဲ ဆိုတော့ ... National Institute of Health သုတေသီတွေက အသက် ၃၅ နှစ်ကနေ ၇၄ နှစ်အတွင်း အမေရိကန်အမျိုးသမီး ၄၃၇၂၂ ဦးအပေါ်လေ့လာမှုအချက်အလက်တွေကို ဆန်းစစ်ခဲ့ကြပါတယ်။ ညဘက်အလင်းရောင်မှိန်မှိန်ထားအိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်ထိန်းနိုင်တာတွေ့ရပြီး ညဘက်အိပ်စက်ချိန်မှာ အလင်းရောင် သို့မဟုတ် တီဗီအလင်းရောင်နဲ့ထိတွေ့လေ့ရှိတဲ့ အမျိုးသမီးတွေကတော့ ၅ နှစ်တာကာလအတွင်း ၁၁ပေါင်လောက် ဝိတ်ပိုတက်လာနိုင်ခြေ ၁၇ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ ဒီသုတေသနရလဒ်တွေကိုJAMA Internal Medicineမှာဖော်ပြခဲ့တာပါ။ တီဗီကနေထွက်ရှိတဲ့ အလင်းတုက အမျိုးသမီးတွေရဲ့ကိုယ်တွင်းဇီဝနာရီကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ အိပ်စက်မှုဟော်မုန်း မယ်လာတိုနင်ထွက်ရှိမှုကို အဟန့်အတားဖြစ်စေတယ်လို့ သုတေသီတွေက တွက်ချက်ခဲ့ကြပါတယ်။ ကိုယ်အလေးချိန်တိုးလာရတာကတခြားအကြောင်းအချက်တွေကြောင့်လည်းပါဝင်နေနိုင်ပါတယ်။ သုတေသီတွေကတော့ အသက်အရွယ်၊ လူမျိုး၊ လူမှုစီးပွားရေးအနေအထား၊ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လုံးဝမအိပ်တဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ

လက်ရှိစစ်တမ်းကောက်ယူချက်အရ လုံးဝမအိပ်ဘဲ အကြာဆုံး အသက်ရှင်နိုင်တာ ၂၆၄ နာရီ တစ်နည်းအားဖြင့် ၁၁ရက် ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ အိပ်စက်ခြင်းဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ထိန်းချုပ်ပေးနေတဲ့ အရေးကြီးတဲ့ အရာတွေထဲက တစ်ခုပါ။ ဒီတော့ တစ်ရက်လောက် မအိပ်ဘဲနေလိုက်တာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ အားလုံး တဖြည်းဖြည်းပြိုလဲလာမယ်ဆိုတာတော့ အသေအချာပါပဲ။ ခံနိုင်ရည်အားထက် ကျော်လွန်သွားတဲ့အခါ လုံးဝမအိပ်တဲ့ လူတစ်ယောက်ဟာလည်း အသက်သေဆုံးနိုင်ခြေ ရှိပါတယ်။ ၂၄ နာရီ လုံးဝမအိပ်တဲ့အခါ အလုပ်များတဲ့ လူတစ်ယောက် တစ်ရက်တစ်လေ အိပ်ဖို့ ပျက်ကွက်တတ်တာ အဖြစ်များတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီ တစ်ရက်ဆိုတဲ့ အချိန်မှာ မအိပ်ဘဲနေလိုက်လို့ ကြီးကြီးမားမား ပြဿနာမရှိသေးဘူးဆိုပေမဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးက စတင်ဆုတ်ယုတ်လာမှာကို သတိထားဖို့ လိုပါတယ်။ ဒီလိုဆုတ်ယုတ်လာတာကို ပြနေတဲ့ လက္ခဏာတွေကတော့ အိပ်ငိုက်မယ် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် ၈နာရီရှိဖို့ ဘာကြောင့်လိုအပ်တာလဲ

ညအိပ်ချိန် ဟာ လူတစ်ယောက် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးကြီးပါတယ်။ လူက ကောင်းကောင်းအိပ်မှပဲ နောက်နေ့နိုးလာရင် အားအင်ပြည့်ဖြိုး လန်းဆန်းတက်ကြွနေမှာပေါ့။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ဆိုတာ အိပ်ချိန်ပြည့်ဝနေမှ ဖြစ်မှာပါ။ စိတ်မကောင်းစွာနဲ့ပဲ ပြောရမယ်ဆိုရင် ဒီဘက်ခေတ် လူတော်တော်များများကို စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါ ညဘက်တွေမှာ အိပ်ချိန်တော်တော်နည်းနေကြတာကို တွေ့ရပါတယ်။ ဒီတော့ ဒီနေ့ အိပ်ချိန်နည်းသွားလို့ နောက်နေ့မှ ပြန်အစားထိုးပြီး အိပ်လို့ရော မရဘူးလားဆိုပြီး မေးစရာကရှိလာပါတယ်။ အဖြေကို အလွယ်ပြောရမယ်ဆိုရင်တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်ချိန်ဆိုတာ ပြန်ပြီး အစားထိုးလို့ မရတဲ့အရာတွေထဲက တစ်ခုပါ။ တစ်ညအိပ်ရေးပျက်သွားရင် ရက်ပေါင်းများစွာ အစားထိုးရတဲ့အတွက် ခက်ခဲပါတယ်၊၊ လူတစ်ယောက်ရဲ့ ညအိပ်ချိန် တွေက ဘယ်လောက်ရှိသင့်လဲ။ ဒါကတော့ ကိုယ့်ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်ပြီး ကွာသွားနိုင်ပါတယ်။ ဥပမာအားဖြင့် မွေးကင်းစ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဒီလိုဖျောက်

အိပ်နေတုန်း စကားပြောတတ်တာက ရောဂါတစ်ခု မဟုတ်ပေမယ့် ရေရှည်မှာ ကိုယ်မသိလိုက်ဘဲ မိသားစုကို အနှောင့်အယှက်ဖြစ်နေစေတာမျိုး ဖြစ်နိုင်ပါတယ်။ အိပ်နေချိန်မို့ မသိစိတ်က ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်မိတာကြောင့် ထိန်းဖို့ဆိုတာ ခက်မှာပါ။ ဒါပေမယ့် ကိုယ့်ကြောင့် မိသားစုဝင်တွေ၊ ချစ်ရသူတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ရမှာကိုတော့ လိုလားမယ်မထင်ပါဘူး။ ဒီတော့ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဘယ်လိုဖျောက်မလဲ။ ဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့် အိပ်နေရင်းစကားပြောခြင်းကို ဆေးပညာအခေါ်အဝေါ်အနေနဲ့ somniloquy လို့ ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တာက ဖြစ်တတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်း စကားပြောတတ်တဲ့ အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေတုန်း စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်း လုပ်မိနေတဲ့ အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာ ဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေရင်း စကားပြောတာရောဂါလား

ညအိပ်နေရင်း စကားပြောတတ်သူလား။ ဒါကဖြေရခက်တယ်နော်။ သူများတွေညအိပ်ရင်း စကားပြောတာကို သိနိုင်ပေမယ့် ကိုယ်တိုင်ကျ ညအိပ်ရင်းစကားပြောတတ်လားဆိုတာကိုကျ သိနိုင်ဖို့ခက်ပါတယ်။ ဒီပြဿနာကိုအဖြေရှာပေးနိုင်မှာက ကိုယ့်ရဲ့ မိသားစုဝင်တွေပါ။ ကိုယ်တိုင်က အိပ်နေရင်း စကားပြောတတ်သူလားဆိုတာကို သိနိုင်ဖို့အတွက် မိသားစုဝင်တွေကိုမေးကြည့်ပါ။ အိပ်နေရင်းစကားပြောခြင်း အိပ်နေရင်းစကားပြောခြင်းကိုဆေးပညာအခေါ်အဝေါ်အနေနဲ့somniloquy လို့ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တဲ့ ပုံမှန်မဟုတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်းစကားပြောတတ်တဲ့အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေစဉ်စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်းလုပ်မိနေတဲ့အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ မဖြစ်တတ်ကြပါဘူး။ REM အဆင့်မှာ အိပ်မက်မက်နေရင်း အိပ်မက်ထဲကမှာမြင်မက်နေတဲ့ အကြောင်းအရာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ နှုတ်ကနေအသံထွက်တာကြောင့် အိပ်နေစဉ်စကားပြောခြင်းဖြစ်စဉ်ဖြစ်လာရတာပါ။ အသံက သဲသဲကွဲကွဲတော့ သိပ်မဖြစ်တတ်ပါဘူး။ အိပ်နေစဉ်စကားပြောခြင်းက ကလေးငယ်တွေမှာအဖြစ်များပါတယ်။ အသက် ၃ နှစ် ကနေ ၁၀ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မနက်စောစောထပါလို့ ပြောရတဲ့ အကြောင်းအရင်း

မနက်ဆိုအစောကြီးမထချင်တဲ့ အိပ်ပုပ်လေးတွေရှိရင် လက်တို့ပြီး ဒီဆောင်းပါးလေးတူတူဖတ်ကြည့်နော်....... မနက်စောစောထရတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်တဲ့အချက်တစ်ခုမို့ဖြစ်နိုင်ရင် အိပ်ရာစောစောထတာကကောင်းတဲ့ အလေ့အထတစ်ခုလို့ပြောချင်ပါတယ်။ မနက်စောစောထတာကောင်းလား မနက်ခင်းစောစောလေးထ၊ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာစားလိုက်ရတဲ့ခံစားချက်က စိတ်ရော ကိုယ်ပါလန်းဆန်းစေနိုင်ပါတယ်။ လုပ်စရာတွေကိုစောစောစီးစီနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့ မနက်ခင်းရဲ့ သန့်စင်တဲ့လေနုအေးတွေက ခန္ဓာကိုယ်အတွက်တော်တော်လေး အထောက်အကူပြုပေးနေတာပါ။ ဒီလောက်ဆိုရင်တော့ မနက်ခင်းစောစောထတာကကောင်းတယ်လိုပပြောချင်နေတယ်ဆိုတာ သိလောက်ရောပေါ့........ မနက်စောစောထရင် ရရှိမယ့်အကျိုးကျေးဇူးတွေက မနက်စောစောလေးထလိုက်ရင် ဘာမှမထူးသွားလောက်ပါဘူး၊လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ထူးခြားသွားမှာတွေက အများကြီးပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေနိုင်ပါတယ် ညဘက်တော်တော်နဲ့ မအိပ်တတ်ကြသူတွေက ကိုယ်အလေးချိန်ပိုတက်နိုင်ပါတယ်။ အိပ်ရာဝင်ချိန်နောက်ကျလေလေ ကယ်လ်လိုရီများတာတွေ ပိုစားမိလေလေပါ။ ဒီလိုမျိုး အသင့်စား၊ အလွယ်စားအစာတွေကို အိပ်ရာဝင်နောက်ကျတိုင်း စားနေမှတော့ ကိုယ်အလေးချိန်တက်လာမယ်၊ဆိုတာပြောနေစရာတောင် မလိုအောင်ပေါ့။ ဒီလိုကနေတဆင့် ကိုယ်အလေးချိန်များလာမယ်၊ အဆီတွေပိုစုမိပြီးရောဂါတွေပါဝင်လာနိုင်ပါသေးတယ်။ ဆီးချိုရောဂါ ကင်းစေနိုင်တယ် ညဘက်ကိုစောစောအိပ်ရာဝင်ပြီး မနက်ခင်းစောစောထသူတွေက အိပ်ရေးပျက်မှုကင်းတာကြောင့် ကျန်းမာတဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုင်ဆိုင်ကြပြီး ဆီးချိုဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်။ နှလုံးရောဂါဖြစ်နိုင်နည်းတယ် စောစောအိပ်တာက […]


ညအိပ်မပျော်ခြင်း

အိပ်ချိန်ပြည့်ပြည့်ဝဝမအိပ်ရင် သင့်မျက်နှာ ဒီလိုတွေ ပြောင်းလဲလာပါလိမ့်မယ် ။ ။

မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ အလှကို အထင်ရှားဆုံး ဖော်ပြပေးနိုင်တဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် လှပတဲ့ မျက်နှာတစ်စုံ ပိုင်ဆိုင်အောင် ပိုက်ဆံအကုန်ခံပြီး skin care တွေလုပ်၊ အချိန်ကုန်ခံပြီး မိတ်ကပ် တွေလိမ်း၊ စိတ်အညစ်ခံပြီးအစားအသောက်တွေ ဆင်ခြင်ကြတာ လူတိုင်းပါ။ ဒါပေမယ့် လူတိုင်းမေ့နေတတ်ကြတဲ့ မျက်နှာအလှအပေါ် သက်ရောက်တဲ့အရာ နောက်တစ်ခုရှိပါသေးတယ် ။ အဲဒါကတော့ အိပ်ချိန်ပါ။ ဘယ်လောက်ပဲ မှုန်နေအောင် မိတ်ကပ်တွေ လိမ်းထားထား ညဘက်အိပ်ရေး ဝဝ မအိပ်ထားတဲ့ မျက်နှာတစ်ခုက ဘယ်လိုမှ အစွမ်းကုန် ကြည်လင်တောက်ပနေမှာ မဟုတ်ပါဘူး။ နောက်ပြီး တစ်နေ့တာလုံး ပြင်ပက အရာတွေနဲ့ ထိတွေ့နေတဲ့ မျက်နှာအသားအရေလေး အနားယူဖို့လိုအပ်သလို အိပ်နေတဲ့အချိန်ဆို မျက်နှာအတွင်းပိုင်းက ဆဲလ်တွေ အသစ်ပြန်ဖြစ်လေ့ရှိတာကြောင့် အရွယ်တင်နုပျိုချင်တဲ့သူတိုင်း ပြည့်ဝတဲ့ အိပ်ချိန် တစ်ခု သတ်သတ်မှတ်မှတ် […]


ညအိပ်မပျော်ခြင်း

အိပ်ရေးမဝခြင်းရဲ့ ကြောက်စရာဆိုးကျိုးတွေ သင်တွေးမိရဲ့လား

ညဘက် Battleလေး ဆိုင်လိုက်၊ Chattingလေးဝင်လိုက်၊ဖေ့စ်ဘုတ်လေး ပွတ်လိုက်နဲ့ ညဉ့်နက်နေကျမလား။ သူများတွေ တရေးနိုးတဲ့အချိန်လည်း ဇီးကွက်လေးတွေကအေးဆေးပဲ။ အွန်လိုင်းလေးတက်နေတုန်း။ ဒါပေမယ့် အိပ်ရေးပျက်တာကနေဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို မတွေးမိဘူးမလား။ အိပ်ချိန်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ တစ်ခုချင်းစီမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ညက အိပ်ရေးပျက်ထားရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်၊ အဆင်မပြေတော့ဘူးဆိုတာ သိထားပြီးသားဖြစ်မှာပါ။ ဒါတင်မကသေးဘဲ မှတ်ဉာဏ်မှာရော၊ ကျန်းမာရေး၊ ရုပ်အသွင်အပြင်နဲ့ ကိုယ့်ရဲ့အရည်အချင်းစွမ်းဆောင်ရည်တွေမှာပါ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာရော သင်သိပါသလား။ ညညအိပ်ချိန်နည်းမယ်၊ ဆက်တိုက်အိပ်ရေးပျက်နေမယ်ဆိုရင် - (၁) ဉာဏ်က ထုံထိုင်းလာနိုင်တယ် အိပ်ရေးပျက်ရင် တွေးခေါ်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းတို့လို ဉာဏ်စွမ်းရည်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအားနည်းလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်။ (၂) စိတ်ကျရောဂါ ဖြစ်လာနိုင်တယ် ညအိပ်မပျော်ခြင်းက စိတ်ကျရောဂါနဲ့ဆက်နွယ်နေပါတယ်တဲ့။ အိပ်ရေးပျက်ထားရင် လူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ၊ လေးတိလေးကန်ထိုင်းမှိုင်းမယ်၊ စိတ်ဆတ်မယ်၊ စိတ်ညစ်ညူးနေမယ်။ ဘာမှအလုပ်မဖြစ်တော့ စိတ်ဓာတ်ကျတဲ့အတွေးတွေဝင်လာနိုင်တယ်။ (၃) ရုပ်ပိုရင့်စေတယ် အအိပ်မမှန်ရင် အသားအရေညစ်ပြီး အရေးအကြောင်းတွေ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း