brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

ညသန်းခေါင်ကျမှ တီဗီရှေ့မှာ တရေးနိုးလာတဲ့ဖီလင်က ဘယ်လိုမျိုးလဲ။ အိပ်ရာထဲလည်း မရောက်၊ တီဗီလည်းမပိတ်ဘဲ ဘယ်အချိန်ကအိပ်ပျော်သွားမှန်းမသိလိုက်တာမျိုးက သင့်ကို ဝလာစေနိုင်ပါတယ်လို့ သုတေသနကဖော်ပြလာပါတယ်။ ဘာလို့လဲ ဆိုတော့ …

National Institute of Health သုတေသီတွေက အသက် ၃၅ နှစ်ကနေ ၇၄ နှစ်အတွင်း အမေရိကန်အမျိုးသမီး ၄၃၇၂၂ ဦးအပေါ်လေ့လာမှုအချက်အလက်တွေကို ဆန်းစစ်ခဲ့ကြပါတယ်။

ညဘက်အလင်းရောင်မှိန်မှိန်ထားအိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်ထိန်းနိုင်တာတွေ့ရပြီး ညဘက်အိပ်စက်ချိန်မှာ အလင်းရောင် သို့မဟုတ် တီဗီအလင်းရောင်နဲ့ထိတွေ့လေ့ရှိတဲ့ အမျိုးသမီးတွေကတော့ ၅ နှစ်တာကာလအတွင်း ၁၁ပေါင်လောက် ဝိတ်ပိုတက်လာနိုင်ခြေ ၁၇ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။

ဒီသုတေသနရလဒ်တွေကိုJAMA Internal Medicineမှာဖော်ပြခဲ့တာပါ။

တီဗီကနေထွက်ရှိတဲ့ အလင်းတုက အမျိုးသမီးတွေရဲ့ကိုယ်တွင်းဇီဝနာရီကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ အိပ်စက်မှုဟော်မုန်း မယ်လာတိုနင်ထွက်ရှိမှုကို အဟန့်အတားဖြစ်စေတယ်လို့ သုတေသီတွေက တွက်ချက်ခဲ့ကြပါတယ်။

ကိုယ်အလေးချိန်တိုးလာရတာကတခြားအကြောင်းအချက်တွေကြောင့်လည်းပါဝင်နေနိုင်ပါတယ်။ သုတေသီတွေကတော့ အသက်အရွယ်၊ လူမျိုး၊ လူမှုစီးပွားရေးအနေအထား၊ စားသုံးတဲ့ ကယ်လိုရီပမာဏ၊ ကိုယ်လက်လှုပ်ရှားမှု စတဲ့အချက်တွေကိုလည်း ထည့်တွက်ခဲ့ပါတယ်။

“အိပ်စက်မှုမမှန်တာက အဝလွန်ခြင်း၊ ကိုယ်အလေးချိန်များခြင်းတို့နဲ့ ဆက်နွှယ်နေပေမယ့် အိပ်စက်ချိန်အတွင်း အလင်းတုထိတွေ့မှုနဲ့ ကိုယ်အလေးချိန်ကြားက ဆက်နွှယ်မှုကို မရှင်းနိုင်သေးပါဘူး” လို့National Institute of Environmental Health Sciences (NIEHS) မှ ပါမောက္ခ သုတေသီ Dale Sandler ကပြောပါတယ်။

လူကိုဝစေတဲ့ အကြောင်းရင်းတွေအများကြီးရှိနေသေးတာမို့ ဒီအကျင့်တွေလည်းရှိမယ်၊ တီဗီရှေ့အိပ်ပျော်တတ်တဲ့အကျင့်လည်းရှိမယ်ဆိုရင် ဝလာဖို့က သူများထက် အခွင့်အရေးပိုများတာပေါ့။

ဒါ့ကြောင့် ကယ်လိုရီများပြီး ကျန်းမာရေးနဲ့မညီတာတွေစားမယ်၊ အထိုင်များတဲ့အမူအကျင့်လည်းရှိတယ်ဆိုရင် အဝလွန်ခြင်းဘက်ကိုခြေလှမ်းစနေပြီလို့ သတိရပါ။

တီဗီရှေ့မှာ အိပ်ပျော်ပြီဆိုမှတော့ မအိပ်ခင်တည်းက မုန့်လေးစားရင်းအေးဆေးတီဗီကြည့်ဖြစ်ခဲ့မှာသေချာသလောက်ရှိပါတယ်။ တီဗီကြည့်ရင်း အစားစားတာကလည်း အဆီတက်စေနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။

အိပ်တာချင်းအတူတူ တီဗီကထွက်တဲ့ရောင်ခြည်၊ အလင်းတုတွေမပါဘဲ အိပ်ရာထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာက လူ့ခန္ဓါကိုယ်အတွက် ပိုအကျိုးပြုပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။