အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အသားအရေလှချင်ရင် ညနက်မှ အိပ်တဲ့အကျင့်ကို အရင်ဖျောက်ပါ

လူငယ်တော်တော်များများကို အသားအရေလှချင်လားလို့ မေးလိုက်ရင် မလှချင်ဘူးလို့ ဖြေမယ့်သူရှိမယ်မထင်ပါဘူးနော်။ အသားအရေလှဖို့အတွက် အရေပြားအလှအပ ထိန်းသိမ်းတဲ့ပစ္စည်းတွေ၊ ဆပ်ပြာအကောင်းစားတွေ၊ နာမည်ကြီးတံဆိပ်တွေတော့ ဈေးကြီးပေးပြီး အသုံးပြုကြပေမယ့် တကယ်အရေးကြီးတဲ့ အိပ်ချိန်မှန်ဖို့ကိုတော့ လူတွေက မေ့တတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာ ဘာကြောင့်အိပ်ချိန် ပြည့်ဝမှုသည် အရေပြားအလှအပအတွက် အရေးကြီးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အိပ်ရေးပျက်တာ များလာခြင်း အလုပ်များလို့၊ ကျောင်းစာတွေ ပိနေလို့၊ ဖုန်းသုံးနေလို့၊ ရုပ်ရှင်လက်စမဖြတ်နိုင်လို့၊ စသဖြင့် အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်နဲ့ လူငယ်တွေ အိပ်ရေးအပျက်ခံပြီး နေလာကြပါတယ်။ တစ်နေ့ကို ပုံမှန်အိပ်ချိန် အနည်းဆုံး ၇နာရီမရတဲ့အခါမှာ ခန္ဓါကိုယ်တစ်ခုလုံးက အရေပြားတွေမှာ ဒီလိုပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သတိထားသင့်တယ်နော်။ ၁။ မကောင်းတဲ့ ဟော်မုန်းဓါတ်တွေ များလာခြင်း အိပ်ချိန်မပြည့်တဲ့အခါ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် ဟော်မုန်း (Cortisol Hormone) တွေကို ပိုပြီးထုတ်လွှတ်ပါတယ်။ ဦးနှောက်က စိတ်ဖိစီးမှုဖြစ်နေတယ်လို့ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

ကိုယ်အိပ်ပျော်နေတဲ့အချိန်မှာ အသက်က ရှူတာရပ်သွားလိုက်၊ ပုံမှန်ပြန်ရှူလိုက်နဲ့ အကြိမ်ပေါင်းများစွာ ဖြစ်နေတဲ့ အိပ်ပျော်ခြင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကို အသက်ကြီးတဲ့ အမျိုးသားအများစုမှာ တွေ့ရတတ်ပြီး ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သလို အခန့်မသင့်ရင် အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတတ်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အချိန်မှာတော့ အကောင်းအတိုင်းရှိနေတာကြောင့် ကျန်းမာတယ်လို့ ယူဆလို့ရတဲ့သူတစ်ယောက်ကို အိပ်ပျော်သွားတဲ့အချိန်မှသာ ဒီလိုမူမမှန်တဲ့ လက္ခဏာကို တွေ့ရတာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း မသိနိုင်သလို ဘေးကလူတွေတောင်မှ သေချာသတိထားပြီး စောင့်ကြည့်မှ ဒီလိုလက္ခဏာတွေကို တွေ့ရနိုင်တာဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်တဲ့ လက္ခဏာတွေ၊ ဘယ်သူတွေမှာ အဖြစ်များလဲဆိုတာနဲ့ ဘယ်အချိန်မှာ ကုသမှုခံယူသင့်လဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဘယ်နှစ်မျိုးရှိလဲ။ Sleep Apnea မှာ အဓိက ပုံစံ၂မျိုးရှိပြီး အဖြစ်အများဆုံး ပုံစံကတော့ လည်ချောင်းကြွက်သားများ ပြေလျော့ပြီး အသက်ရှူလမ်းကြောင်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်ခြင်းပုံစံ အမျိုးမျိုးနဲ့ ကျန်းမာရေး ။ ။

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်အနားယူတဲ့ ပုံစံတွေက မတူကြပါဘူး။ လူအများကြီး မပြောနဲ့။ လူတစ်ယောက်တည်းမှာတင် စစအိပ်တုန်းကတစ်ပုံစံ၊ နောက်ပိုင်းကျ ပုံစံမအမျိုးမျိုးပြောင်းပြီး အိပ်တဲ့သူချည်းပါပဲ။ ဒီတော့ ကိုယ်အိပ်တဲ့ပုံစံတွေက ကိုယ့်ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှု ရှိလဲမသိချင်ကြဘူးလား။ အိပ်စက်တဲ့ပုံစံတွေအကြောင်းဘာလို့ပြောနေရတာလဲဆိုတော့ ကိုယ်အိပ်တဲ့ ပုံစံတွေကြောင့် အိပ်ရင်းဟောက်တာ၊ ရင်ပူတာတွေနဲ့ အသားအရေတွန့်တာတွေဖြစ်နိုင်လို့ပါ။ ဒီတော့ ဘယ်လိုအိပ်စက်နည်းပုံစံတွေက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမှာလဲ ။ ။ ပက်လက်လှန်အိပ်ခြင်း။ အားသာချက် - ပက်လက်လှန်အိပ်ခြင်းက သင့်ကျောရိုးနဲ့ လည်ပင်းကို သက်တောင့်သက်သာရှိစေပြီး ကျောပြင်ကိုဆန့်စေတဲ့အတွက်ကြောင်း ကိုယ်ခန္ဓါကို တကယ်အနားရစေမယ့် ပုံစံတစ်ခုပါ။ ပက်လက်လှန်အိပ်နေတဲ့အတွက်ကြောင့် မျက်နှာနဲ့ ေအာက်ဆီဂျင်နဲ့ထိတွေ့မှု များပြီး အရေးအကြောင်း တွေ လျော့ပါးစေမှာ ဖြစ်ပါတယ်။ အားနည်းချက် - အိပ်နေရင်းနဲ့ အသက်ရှူရပ်ရပ်သွားတဲ့ SLEEP APNEA ဆိုတဲ့ပြဿနာဟာ ပက်လက်လှန်အိပ်ရင် ပိုဆိုးသွားနိုင်တဲ့ ပြဿနာတစ်ခုပါ။ တစ်ချို့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ

အိပ်တဲ့ပုံစံ အမျိုးမျိုးရှိတဲ့အထဲမှာမှ မှောက်အိပ်တဲ့ပုံစံကတော့ ကျန်းမာရေးနဲ့ မညီညွတ်ဆုံး အနေအထားလို့ဆိုနိုင်ပါတယ်။ လူတွေသိထားကြတာကတော့ မှောက်အိပ်ရင် ဗိုက်အောင့်ဗိုက်နာဖြစ်မယ်၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ကလေးကို သွားပြီးထိခိုက်နိုင်တယ်ဆိုတာပေါ့။ တကယ်တော့ မှောက်အိပ်တာမှာလည်း သူ့ရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေဆိုတာ အမြဲတမ်းရှိနေတတ်တာကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ပြောပြပေးသွားချင်ပါတယ်။ မှောက်အိပ်လို့ ဘာကောင်းကျိုးရှိလဲ။ အိပ်နေတဲ့အချိန်မှာ ဟောက်တတ်တဲ့သူတွေအတွက် ဟောက်သံထွက်တာ နည်းသွားမယ်။ အသက်ရှူကျပ်ပြီး အိပ်မပျော်ဖြစ်တဲ့သူတွေအတွက် မှောက်အိပ်ခြင်းနည်းလမ်းက အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကျိုးနည်းပြီး ဆိုးကျိုးများတာကြောင့် တစ်ရေးတမော မိနစ်အနည်းငယ်လောက်ပဲ အိပ်လို့ အဆင်ပြေပြီး ကြာရှည်အိပ်မယ်ဆိုရင်တော့ ကိုယ်ခန္ဓာအရိုးအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအတွက် ဘယ်လိုဒုက္ခဖြစ်စေလဲ။ ၁။ ပထမဆုံးအနေနဲ့ ကျောရိုးမှာ ဒဏ်စဖြစ်ပါတယ်။ မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအရိုးအဆစ်နဲ့ မွေ့ရာက တစ်သားတည်းမကျပါဘူး။ ဗိုက်ကို မှောက်ထားလိုက်တော့ တစ်ကိုယ်လုံးရဲ့ အလေးချိန်က ဒီဗိုက်ပေါ်ကို သွားပြီးသက်ရောက်ပါတယ်။ အဲ့တော့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အအိပ်ဆတ်တဲ့သူတွေ ဒါတွေကို သိထားသင့်တယ်နော်

အိပ်တဲ့အခါမှာ ဘေးပတ်ဝန်းကျင်က အသံဘယ်လောက်ဆူညံနေနေ လုံးဝမနိုးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့သူတွေကို အအိပ်မက်သူတွေလို့ ဆိုနိုင်ပြီး သူတို့နဲ့ ပြောင်းပြန် အသံနည်းနည်းကြားလိုက်တာနဲ့ လန့်နိုးလာတဲ့သူတွေကို အအိပ်ဆတ်တယ်လို့ ဆိုနိုင်ပါတယ်။ အအိပ်ဆတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းအများစုကတော့ အအိပ်ဆတ်တဲ့ မိဘမျိုးရိုးက ဆင်းသက်လာတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ အိပ်ပျော်နေစဉ် ဦးနှောက်ထဲမှာဖြစ်နေတဲ့ အာရုံကြောလှိုင်းတွေ အလုပ်လုပ်တဲ့ပုံစံ ကိုယ်မသိသေးတဲ့ အိပ်စက်ခြင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ အအိပ်ဆတ်ခြင်းကို ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်းမရှိသေးပါဘူး။ အအိပ်ဆတ်တဲ့သူတွေမှာ ပုံမှန်လူတွေထက် ပိုပြီး အိပ်ချိန်နည်းတတ်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခဲယဉ်းတဲ့အတွက် ရေရှည်ကျန်းမာရေးမှာ ထိခိုက်လာနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အိပ်စက်ခြင်းအဆင့် ၂မျိုးဆိုတာ ဘာလဲ။ ပုံမှန်အားဖြင့် အိပ်ပျော်သွားပြီးနောက်မှာ မျက်လုံးကလှုပ်ရှားနေပြီး အိပ်မက်မက်တဲ့ REM အဆင့်နဲ့ မျက်လုံးလှုပ်ရှားခြင်းမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Non-REM အဆင့်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ၁။ REM […]


ညအိပ်မပျော်ခြင်း

အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၇) ချက်

အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး သိထားကြတဲ့အရာတွေက အများကြီးရယ်။ ဥပမာ ညကျ အိပ်မပျော်မှာ စိုးလို့လက်ဖက်မစားရဲဘူး၊ လက်ဖက်ရည်မသောက်ရဲဘူး ဆိုတာမျိုး။ ဒီအသိတွေထဲက ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာသေချာသိရဖို့ အတူအဖြေထုတ်ကြည့်ရအောင်နော်။ (၁) အရက်သောက်လိုက်ရင် အိပ်လို့ကောင်းမယ် မှားပါတယ်။ အိပ်ခါနီးမှာဆေးဖြစ်ဝါးဖြစ် သို့မဟုတ်မှောက်အောင်သောက်လိုက်ရင် မူးပြီးအိပ်ပျော်သွားလိမ့်မယ်လို့တွေးထားတာလား။ပြန်စဉ်းစားကြည့်ပါဦး။ မူးရင် ထိုးအိပ်သွားတာကြောင့် ဒီလိုတွေးကြတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောက ခန္ဓါကိုယ်ထဲရောက်သွားတာနဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တယ်၊ အိပ်ရင်း လူးလှိမ့်နေတာမျိုးဖြစ်နေနိုင်တယ်၊ညလယ်ကြီး နိုးလာပြီး မျက်စိကြောင်နေနိုင်တယ်။ ဒါ့အပြင်နောက်နေ့အိပ်ရာထရင်ခေါင်းမကြည်ဘဲ အိပ်ရေးမဝသလိုဖြစ်နေနိုင်တယ်။ (၂) စိတ်ကြောင့်ပဲ အိပ်မပျော်တာ မှားပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် အိပ်မပျော်ဖြစ်တတ်တာ မှန်ပေမယ့် စိတ်ကြောင့်ချည်းပဲတော့မဟုတ်ပါဘူးနော်။ တကယ်တော့ အိပ်မပျော်နိုင်တဲ့သူတွေမှာ အဓိကတရားခံက စိတ်ဖိစီးမှုဖြစ်နေတာပါ။ ဒါပေမယ့် သူ့တစ်ခုတည်းကြောင့်မဟုတ်ဘဲရောဂါအခံ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ နာတာရှည်နာကျင်မှု၊ အစားအသောက် စတဲ့ တခြားအကြောင်းရင်းတွေ အများကြီးရှိနေပါသေးတယ်။ (၃) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် အိပ်ပျော်တယ် မှန်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းတွေလုပ်တာကကောင်းကောင်းအိပ်ပျော်စေမယ့် […]


ညအိပ်မပျော်ခြင်း

ဒီလက္ခဏာတွေ ကိုယ့်မှာဖြစ်လာရင် အိပ်ရေးပျက်ခြင်းသာ တရားခံပါ

တစ်နေ့တစ်နေ့ ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်ရတာ အဆင်မပြေတော့ဘူးနော်။ အသားအရေတွေပျက်စီးလာသလို၊ မည်းလာသလိုနဲ့ ကြည့်ရတာတမျိုးဖြစ်လာတယ်။ပြီးတော့ ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင်နောက်ကွယ်ကအကြောင်းရင်းတစ်ခုရှိနေပါပြီ။ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေကြောင့် ဆိုတာ သတိရမိဖို့လိုပါတယ်။ အိပ်ရေးပျက်တာကြောင့် ကိုယ့်ခန္ဓါကိုယ်ကို ဆက်ပြီးထပ်မထိခိုက်စေဖို့ ဒီလက္ခဏာတွေဖြစ်လာရင် အိပ်ချိန်မှန်အောင် ပိုဂရုစိုက်ပေးသင့်ပါတယ်။ ဘာတွေဖြစ်လာမှာလဲ ဝက်ခြံထွက်လာမယ် အိပ်ရေးမဝဘူးဆိုရင် အသားအရေက တခုခုလက္ခဏာပြလာမှာပဲနော်။ အိပ်ရေးပျက်ခြင်းနဲ့ဝက်ခြံ ဆက်နွှယ်နေတာကို သုတေသနတချို့ကလေ့လာတွေ့ရှိထားပါတယ်။ ခန္ဓါကိုယ်အတွင်းက ဟော်မုန်းတွေထိန်းချုပ်မှုမှာ အိပ်စက်မှုက သက်ရောက်မှုရှိနေတာကြောင့်ရယ်၊ အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကိုထိခိုက်နိုင်ပြီး တခြားကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်တာရယ်ကြောင့်လို့ ယူဆကြပါတယ်။ မျက်ဝန်းတွေ မလှနိုင်တော့ဘူး မျက်စိနီရဲတာ၊ မျက်လုံးမို့အစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်တွင်းကျတာ၊ မျက်အိတ်တွဲကျတာတွေလို လက္ခဏာတွေကြောင့် ဘယ်လိုကြည့်ကောင်းနိုင်ပါ့မလဲ။ အိပ်ရေးပျက်တာကြောင့် အရေးအကြောင်းတွေ၊ဖောရောင်တာတွေ၊ မျက်ခွံတွဲကျတာတွေဖြစ်လေ့ရှိတယ်လို့လေ့လာမှုတွေကဖော်ပြပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ အိပ်စက်ချိန်အတွင်းလုပ်ဆောင်လေ့ရှိတဲ့ ဟော်မုန်းထိန်းချုပ်မှုတွေ၊ တစ်ရှူးပြန်လည်ပြုပြင်မှုတွေမှာခန္ဓါကိုယ်က မလုပ်ဆောင်နိုင်တော့တာကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်တက်လာမယ် ညဘက်ကောင်းကောင်းမအိပ်တဲ့အခါ ဆာလောင်မှုအတိုင်းအတာကို သက်ရောက်နိုင်တဲ့ghrelin နဲ့leptinဟော်မုန်းတွေကို ခန္ဓါကိုယ်ကကောင်းကောင်းမထိန်းချုပ်နိုင်တော့ပါဘူး။ ဒီလိုမထိန်းနိုင်ရင် လိုတာထက် ပိုစားမိပြီး ကိုယ်အလေးချိန်တက်လာတာပေါ့။ အာဟာရမဖြစ်တဲ့ အစားအစာတွေပိုစားမိတယ် ညဘက်အိပ်ရေးပျက်ထားရင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကောင်းကောင်းအိပ်ပျော်ချင်ရင် မအိပ်ခင် ရေနွေးနွေးချိုးပါ

မအိပ်ခင်ရေနွေးနွေးနဲ့ချိုးတာက ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်ဆိုတာ သိတဲ့သူတွေ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်အချိန်မှာချိုးတာ အကောင်းဆုံးဖြစ်မလဲ ဆိုတာ သုတေသနအသစ်က အဖြေရှာပေးခဲ့ပါတယ်။ညဘက်မှာ ဖြောင့်ဖြောင့်ဖြူးဖြူး အိပ်မပျော်နိုင်သူအတွက်က ကောင်းကောင်းအိပ်ပျော်စေနိုင်ဖို့ အကြံပြုချက်တွေ အများကြီးရှိပါတယ်။ ဥပမာ - ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဖို့၊ အိပ်ခန်းလေးကို အိပ်ချင့်စရာဖြစ်အောင်ပြင်ဆင်ဖို့၊ အိပ်ခါနီးမှာ အယ်လ်ကိုဟောတွေရှောင်ဖို့ စတာတွေပေါ့။ ဒီထဲမှာမှရေနွေးနွေးနဲ့ ရေချိုးတာက လူသိများတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ရေနွေးလေးနဲ့ချိုးတဲ့အခါ ခန္ဓာကိုယ်ကို အကြောအခြင်တွေပြေလျော့စေနိုင်တဲ့အပြင် ခန္ဓာကိုယ်အပူချိန်က ကျသွားလေ့ရှိတာကြောင့်လည်း အိပ်လို့ကောင်းစေတာပါ။ ဒါဆို ဘယ်အချိန်အိပ်အိပ်၊ မအိပ်ခင် ဘယ်နှနာရီအလိုမှာ ချိုးချိုး အကျိုးအာနိသင်အတူတူပဲလား။ ဒီမေးခွန်းကိုUniversity of Texas ရဲ့ သုတေသီ Shahab Haghayegh ဦးဆောင်တဲ့အဖွဲ့က အဖြေရှာလေ့လာခဲ့ကြပါတယ်။ ရေချိုးချိန်နဲ့ အိပ်စက်မှုအရည်အသွေး ဒီသုတေသနမှာPubMed ၊ CINAHL ၊Cochran ၊Medline၊ PsycInfo နဲ့ Web of […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘာကြောင့် ဘယ်ဘက်ကို စောင်းအိပ်သင့်တာလဲ

လူတစ်ကိုယ် အကျင့်တစ်မျိုးဆိုတဲ့အတိုင်း ရုတ်တရက်လှုပ်ရှားလိုက်တာပဲဖြစ်ဖြစ်၊ အမူအကျင့်လေးတွေကလည်း မတူကြပါဘူး။ ညအိပ်တဲ့အခါလည်း အိပ်စက်နေကျ အိပ်စက်မှုပုံစံက ကိုယ့်အကျင့်နဲ့ကိုယ်ပါပဲ။ တချို့ကဘေးစောင်းအိပ်တတ်တယ်၊ တချို့က ပက်လက်ဆန့်ကားပြီးအိပ်တတ်တယ်၊ တချို့ကမှောက်အိပ်လေ့ရှိတယ်၊ လူးလိမ့်ရင်းခြေရင်းခေါင်းရင်းမှားနေတတ်သူတောင် ရှိသေးတယ်။ အိပ်တာပဲ ဘယ်လိုအိပ်အိပ်ပေါ့လို့ပြောကြမှာပဲ။ ဒါပေမယ့် လူကအိပ်နေချိန် ခန္ဓါကိုယ်ထဲမှာက မနားနေပါဘူး။ အိပ်နေတဲ့အချိန်အတွင်းမှာ မှတ်ဉာဏ်တွေသိုလှောင်မယ်၊ အစာတွေချေဖျက်မယ်၊ ကုန်ခမ်းသွားတဲ့အားတွေပြန်ဖြည့်မယ်၊အောက်ဆီဂျင်ကိုယူပြီးသွေးလည်ပတ်စီးဆင်းမယ် စတဲ့ အလုပ်တွေအများကြီးပါ။ အဲဒီအခါ ကိုယ့်ရဲ့အိပ်စက်မှုပုံစံက ဒီလုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ သင်သိရဲ့လား။ အသင့်တော်ဆုံး အိပ်စက်မှုပုံစံ အိပ်စက်ခြင်းအနုပညာမှာ အသင့်တော်ဆုံးအိပ်စက်မှုပုံစံဆိုတာရှိနေပါတယ်။ အဲဒါကတော့ ဘယ်ဘက်ကိုစောင်းအိပ်တာပါပဲ။ ဘာ့ကြောင့်လဲသိချင်လား။ အကြောင်းရင်းက (၇) ခုရှိပါတယ်။ (၁) အစာပိုကြေစေတယ် အိပ်ခါနီး ဒါမှမဟုတ် တရေးနိုး ဗိုက်ဆာတတ်ကြတာ အကြောင်းရင်းရှိပါတယ်။ ကျွန်မတို့ရဲ့ခန္ဓါကိုယ်က အိပ်စက်ချိန်အတွင်းမှာလည်း အလုပ်များသလို အဲဒီအလုပ်တွေကြောင့်လောင်စာတချို့လိုအပ်တတ်ပါတယ်။ အစာအိမ်က ဝမ်းဗိုက်ဘယ်ဘက်ခြမ်းမှာရှိတာမို့ ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ အစာတွေကို အူမကြီးဆီရောက်ရှိမှု ပိုလွယ်ကူစေနိုင်ပါတယ်။ ဒါ့အပြင် အစာခြေအင်ဇိုင်းတွေထွက်ရှိမှုကိုအားပေးတဲ့ […]


အိပ်စက်ခြင်း

အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး (၁၀)ချက်

ကျွန်တော်တို့ဟာ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရာမှာ အနားမယူဘဲ ဆက်တိုက်လုပ်ကိုင်နိုင်ခြင်းကို ဂုဏ်ယူမိတတ်ကြပါတယ်။ တစ်ခါတရံ အိပ်ချိန်ထဲကတောင် ဖဲ့ယူတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ မှားယွင်းနေပါတယ်။ အိပ်ချိန်နည်းပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်သလဲဆိုတာ ဆက်လက်ဖော်ပြလိုပါတယ်။ ၁။ ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း မအိပ်မနေ အသက်ရှည်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ရေရှည်အတွက်တော့ မမှန်နိုင်ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးရောဂါ၊ နှလုံးထိခိုက်ခြင်း ၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ ဆီးချို စတဲ့ပြသနာတွေ ပိုမိုဖြစ်နိုင်ခြေ များပါတယ်။ လေ့လာမှုတွေအရ နှစ်ခြိုက်စွာ အိပ်စက်ခြင်းမရှိသူများရဲ့ ၉၀ရာခိုင်နှုန်းဟာ တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်လို့ ဆိုပါတယ်။ ၂။ လိင်စိတ်ဆန္ဒနည်းပါးခြင်း မကြာခဏ အိပ်ရေးပျက်သူများဟာ လိင်စိတ်ဆန္ဒနည်းပါးပြီး လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု လျော့လာတယ်လို့ ဆိုပါတယ်။ စွမ်းအင်ကုန်ခမ်းခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ၃။ စိတ်ကျခြင်း အိပ်ရေးဆက်တိုက်ပျက်နေသူများဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း