အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား

မနက်ခင်းအေးအေးလေးမှာ လက်ဖက်ရည်အရသာရှိရှိလေးသောက်ရတာ၊ ကော်ဖီပူပူလေးသောက်ရတာကြိုက်လို့ဆိုပြီး သောက်တယ်။ နေ့လယ်ခင်းကျ အပျင်းပြေဆိုပြီး လက်ဖက်သုပ်လေးစားတယ်။ ကော်ဖီလေးသောက်တယ်။ အချိုရည်တစ်မျိုးမျိုးသောက်လိုက်တယ်ဆိုပါတော့ ညကျတော့လည်း စာအုပ်လေးဖတ်ရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ကဖင်းကတော်တော်လေးများပြီလေ။ ဒီလိုကဖင်းများတာက တစ်နေကုန်တော့ မသိဘူးပေါ့။ ညရောက်တော့ အလန်းလွန်အလွန်လန်းလို့  အိပ်မရဖြစ်နေပြီဆိုရင်တော့ သေချာတယ်။ တစ်နေကုန် ကဖင်းကို တော်တော်လေးစားမိလိုက်ပြီဆိုတာလေ။ ကဖင်းများနေပြီလား........ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များနေပြီဆိုရင် ကတုန်ကယင်ဖြစ်မယ် အတွေးများမယ် စကားတွေအရမ်းပြောမိမယ် အာရုံမစိုက်နိုင်ဖြစ်မယ် မအီမသာဖြစ်မယ် သွေပေါင်ချိန်တက်မယ် နှလုံးခုန်မြန်မယ် စိတ်တိုလွယ်မယ် စိုးရိမ်စိတ်များမယ် အိပ်မပျော်ဖြစ်မယ် ချွေးစေးတွေထွက်မယ် မူးဝေမယ် အော့အန်မယ် အရမ်းမောနေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ကဖင်းများတာကြောင့် ဖြစ်တဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ............ ကဖင်းများတာက ကာလတိုအတွင်းမှာဆိုရင် အိပ်မပျော်တာလောက်ဘဲ ဆိုပေမယ့် အချိန်ကြာလာတဲ့အခါ နှလုံးထိခိုက်စေနိုင်သလို ကိုယ်တွင်းသံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး သွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို တတ်နိုင်သမျှလျှော့ပါ။ တကယ်လို့ ကဖင်းအများကြီးစားမိပြီဆိုရင်လည်း […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကျင့်က ကျန်းမာရေးအတွက်မကောင်းဘူးနော်

ဒီဘက်ခေတ်မှာ လူငယ်တိုင်းလိုလို မိုဘိုင်းလ်ဖုန်း ကိုယ်စီသုံးစွဲနေနိုင်ပါပြီ။ ဘယ်သွားသွား လူတွေကို ကြည့်လိုက်ရင် ဖုန်းတစ်လုံး ကိုယ်စီနဲ့ အလုပ်တွေ ရှုပ်နေတတ်ကြတာ သတိထားမိမှာပါ။ ဖုန်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ၊ မကောင်းတဲ့အချက်တွေကို လူမှုရေးရှုထောင့်ကနေရော ကျန်းမာရေးရှုထောင့်ကနေပါ ပြောခဲ့ပြီးပြီဆိုတော့ ဒီနေ့ဆောင်းပါးမှာ ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်သင့်လား။ အရှင်းဆုံးအဖြေကို ပြောပါဆိုရင် မအိပ်သင့်ပါဘူး။ ဖုန်းကို ကိုယ့်အိပ်ရာဘေးထားပြီး အိပ်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အင်္ကျီ၊ ဘောင်းဘီအိတ်ကပ်တွေထဲ ထည့်ထားတာမျိုးက အစပိုင်းမှာ ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် ရေရှည်မှာတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အိပ်စက်ခြင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဘာတွေ ဒုက္ခပေးနိုင်လဲဆိုရင် • ဖုန်းရဲ့ တာဝန်က အင်တာနက်အတွက်သာမက အဝင်ဖုန်း၊ အထွက်ဖုန်းတွေကိုပါ လက်ခံပေးပါတယ်။ ဒီအတွက် ဖုန်းကနေ ရေဒီယိုလျှပ်စစ်လှိုင်းတွေ အမြဲထွက်နေတတ်ပါတယ်။ […]


ညအိပ်မပျော်ခြင်း

အိပ်မရ တဲ့ညတွေကနေ သင့်ရဲ့စိတ်ကို ကယ်တင်ပါ

ညက မအိပ်ခဲ့ရလို့ ခေါင်းမကြည်ဘူး၊ စိတ်ရှုပ်နေတာ၊ အလုပ်မတွင်တော့ဘူး၊ စိတ်လည်းမရှည်ဘူး၊ အာရုံလည်းစိုက်မရဘူး ဆိုတာတွေက ခဏခဏကြားနေ၊ ကြုံနေရတဲ့ပြဿနာပါ။ မျက်စိကြောင်လို့ အိပ်မရ တာလား၊ အိပ်နေရင်းက နိုးနိုးနေတာလား၊ အိပ်လျက်နဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲနုံးနေတာလား၊ အလုပ်မပြီးလို့ အိပ်ရာဝင်နောက်ကျတာလား၊ အစောကြီးထရလို့လား စတဲ့ အိပ်ရေးမဝတဲ့အကြောင်းရင်းတွေက အများကြီးပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ်ပါ၊အိပ်မရတဲ့ညတွေဆိုတာ တာရှည်လွန်းပါတယ်( အလုပ်ရှိလို့အိပ်ချင်လျက်နဲ့မအိပ်ရတဲ့သူတွေကလွဲလို့)။ ဒါပေမယ့် အိပ်မပျော်တဲ့ပင်ပန်းမှုထက် ပိုဆိုးတဲ့ပြဿနာက အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။ ဘာလို့ဆို အအိပ်မမှန်ခြင်းက ဦးနှောက်နဲ့စိတ်ကျန်းမာရေးမှာ ဆက်နွှယ်မှုတွေတော်တော်ရှိနေလို့ ဖြစ်ပါတယ်။ ဥပမာ စိတ်ပင်ပန်းတာ၊ ဖိစီးတာတွေများနေရင်ကောင်းကောင်းအိပ်မပျော်တော့သလို အိပ်ရေးပျက်တာ သို့မဟုတ် တခြားအိပ်စက်ခြင်းပြဿနာတွေဖြစ်တာကြာလာရင်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ဘဝမှာအဆင်မပြေမှုတွေရှိလာစေနိုင်တယ်လေ။ အိပ်စက်ခြင်းပြဿနာဆိုတာ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေဆိုတာ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ရောဂါအခံတွေကြောင့်ဖြစ်တတ်ပါတယ်။ အဖြစ်များတာက - ညအိပ်မပျော်ခြင်း(Insomnia) -နေရာနဲ့အချိန်အပြောင်းအလဲ(ပြည်ပခရီးသွားနေစဉ်)ကြောင့် ကိုယ်တွင်းဇီဝနာရီကမောက်ကမဖြစ်ခြင်း၊ စိတ်ဖိစီးမှုနဲ့ပူပန်မှု၊ဟော်မုန်း၊ အစာခြေစနစ်ပြဿနာတို့ကြောင့်ဖြစ်တတ်ပါတယ်။ အိပ်မပျော်ခြင်းကနေ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပြင် ဘဝနေထိုင်မှုမှာပါ ဆိုးကျိုးတွေဖြစ်စေနိုင်ပြီး စိတ်ဓာတ်ကျရောဂါအထိဖြစ်လာနိုင်ပါတယ်။ အသက်ရှူမဝခြင်းကြောင့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝအောင်အိပ်ကြပါ

ညဉ့်နက်တဲ့အထိ အလုပ်တွေလုပ်နေရလို့ပဲဖြစ်ဖြစ်၊ ဇာတ်လမ်းကြည့်ကောင်းလို့ပဲဖြစ်ဖြစ် ရံဖန်ရံခါ အိပ်ရေးပျက်တာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေတော့ ကိစ္စမရှိပေမဲ့ နေ့တိုင်းလိုလို အိပ်ရေးဝအောင်မအိပ်ရရင်တော့ ကျန်းမာရေးထိခိုက်လာတော့မှာပါ။ ဒါဆိုဘာလို့ အိပ်ရေးဝအောင်အိပ်ဖို့လိုတာလဲ၊ အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာဘယ်လိုတွေထိခိုက်လာနိုင်သလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။ အိပ်ရေးမဝတာက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးကောင်းကောင်းဝအောင်မအိပ်ရတဲ့ ရက်တွေများလာရင် ပြင်ပကဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူဝင်ရောက်ပြီး အအေးမိတုပ်ကွေးရောဂါလိုရောဂါတွေ ပိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ တခြားရောဂါတစ်ခုခုကြောင့် နေထိုင်မကောင်းဖြစ်နေချိန်မှာ ကောင်းကောင်းမအိပ်စက်ရရင်လည်း ရောဂါပျောက်ကင်းဖို့အချိန်ပိုကြာသွားနိုင်ပါတယ်။ ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုရင် ကျွန်တော်တို့တွေအိပ်ပျော်နေချိန်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်က cytokines လို့ခေါ်တဲ့ ပရိုတင်းတွေထုတ်လုပ်ပေးပါတယ်။ ဒီပရိုတင်းတွေက အိပ်စက်မှုကိုအားပေးပါတယ်။ တချို့ cytokine အမျိုးအစားတွေက ရောဂါဖြစ်နေချိန်၊ စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်လိုအပ်ချက်အရပိုထွက်လာပါတယ်။ အိပ်ရေးဝအောင်မအိပ်ရင် ဒီပရိုတင်းတွေထွက်ရှိမှုနည်းသွားပါတယ်။ နောက်ပြီး အိပ်ရေးပျက်တာများရင် ပြင်ပရောဂါပိုးမွှားတွေကို တိုက်ထုတ်မယ့် ပဋိပစ္စည်းတွေ၊ ဆဲလ်တွေလည်း အရေအတွက် နည်းပါးလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုတိုပြောရရင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်အိပ်ပျော်အောင် ဘယ်လိုအိပ်ကြမလဲ။

ပြိုင်ဆိုင်မှုတွေများလာတဲ့ ကမ္ဘာကြီးမှာ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဆိုတာ နေ့စဉ် စိန်ခေါ်မှုကြီးလိုဖြစ်လာပါတယ်။ ဒါပေမယ့် မျက်စိအကျင့်၊ ဝမ်းအချင့် ဆိုတဲ့ စကားအရဆို အိပ်ရေးဝဖို့နဲ့ အိပ်ချိန်မှန်ဖို့က ကိုယ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် သဘာဝတရားအရ အကောင်းဆုံး အားသစ်လောင်းပေးတဲ့ နှစ်ခြိုက်စွာ အိပ်စက်နိုင်မှုဆီကို ညင်ညင်သာသာလေး အရောက်လှမ်းနိုင်ဖို့ ရိုးရိုးရှင်းရှင်း လိုက်လုပ်လို့ရတဲ့ အရာလေးတွေကို သိရအောင်လို့ ဆက်ဖတ်ကြည့်ပါနော်။ ၁။   ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ပါ။ အိပ်ချိန်ရောက်ပြီဆိုရင် ဦးနှောက်က ကိုယ်ခန္ဓာကို အချက်ပြရင်း ဇီဝနာရီက အဲဒီအိပ်ချိန်အတိုင်း ချိန်ညှိသွားမှာပါ။ အိပ်ရာဝင်ခါနီး တခြားဘာအတွက်မှ အချိန်မပေးပါနဲ့ ။ တခြားကို စိတ်ရောက်နေရင် ခန္ဓာကိုယ်က နားချင်နေတာတောင် စိတ်က ဆန့်ကျင်ဘက်အရာကို လုပ်နေမိမှာပါ။ အဲ့လို အိပ်ခါနီး စိတ်ပူမနေရအောင် နေ့ပိုင်းမှာ check […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။

ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတဲ့ စကားကို ဝိတ်ချနေတဲ့ သူတွေက ကျယ်ကျယ်ပြန့်ပြန့်သုံးကြတယ်။ Gym သွားရင်၊ အားကစားလုပ်ရင် စတဲ့နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် ကယ်လိုရီတွေ လောင်ကျွမ်းတယ်ဆိုတာ တော်တော်များများသိကြတဲ့ အချက်တစ်ခုပါ။ ဒါဆိုရင် ကယ်လိုရီဆိုတဲ့အရာက လှုပ်လှုပ်ရှားရှားနေမှပဲ လောင်ကျွမ်းတာလား၊ အားကစားမလုပ်တဲ့သူတွေအတွက်ရော ကယ်လိုရီတွေ မလောင်ဘူးလား။ ဒါဆိုရင် ကယ်လိုရီဆိုတာ ဘာလဲ။ ကယ်လိုရီဆိုတာ အကြမ်းဖျင်းပြောရင်တော့ အစားအသောက်က ရတာပါ။ ကယ်လိုရီဟာ အပူစွမ်းအင် အဖြစ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ လောင်စာ (energy) ကိုထုတ်ပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေဟာ ကိုယ်စားတဲ့အစားအသောက်ထဲမှာ ပါတဲ့ ကယ်လိုရီတွေကို တွက်ပြီး လျှော့စားကြတာပါ။ လူတွေဟာနေ့စဉ် လှုပ်ရှားဖို့ အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏဟာ ယောကျ်ားလေးတွေအတွက်ဆို ၂၅၀၀ ကယ်လိုရီဖြစ်ပြီး မိန်းကလေးတွေအတွက်ဆိုရင်တော့ ၂၀၀၀ ကယ်လိုရီဖြစ်ပါတယ်။ အဲဒီ ကယ်လိုရီတွေဟာ ဘာမှ မလှုပ်မရှားဘဲ ထိုင်နေရင်တောင် […]


အိပ်စက်ခြင်း

ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်

ဒီဘက်ခေတ်မှာ ညအိပ်မပျော်တဲ့ ပြဿနာရှိနေတဲ့ အရေအတွက်ဟာ အရင်တုန်းကထက် ပိုများလာတာ သတိထားမိကြမှာပါ။ များသောအားဖြင့် ညအိပ်မပျော်ဘူးဆိုတဲ့သူတွေထဲမှာ ဆယ်ကျော်သက်လူငယ်အရွယ်တွေ၊ အလုပ်အကိုင်မရှိသေးသူတွေ၊ ညဘက်မှာ အလုပ်လုပ်နေရသူတွေဟာ ပိုများလာတတ်ပါတယ်။ နောက်ထပ် သတိထားမိတဲ့ ပြဿနာအကြောင်းရင်းကတော့ ဖုန်းကို အလွန်အကျွံအသုံးပြုလာကြတာပါပဲ။ နည်းပညာကလည်း တိုးတက်ပြောင်းလဲလာတော့ အရင်တုန်းကလို အင်တာနက်ဆိုင်တွေမှာ သွားတန်းစီပြီး ထိုင်စရာမလိုတော့ဘဲ ဖုန်းတစ်လုံးဝယ်ပြီး ကိုယ်အိမ်မှာပဲ မနက်ကနေ ညအထိ ထိုင်လိုက်၊ လှဲလိုက်၊ မှောက်လိုက်နဲ့ ဖုန်းသုံးနေကြတဲ့ကိစ္စပါ။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတာ ရှိပါတယ်။ ဖုန်းဆိုတဲ့အရာက လူတစ်ဦးနဲ့ တစ်ဦး လျင်မြန်စွာ ဆက်သွယ်စကားပြောနိုင်စေဖို့ တီထွင်ထားတဲ့ အရာဆိုပေမယ့် သူ့မျက်နှာပြင်က ထွက်လာတဲ့ အလင်းတွေကို ကြာကြာကြည့်တဲ့ သူတွေမှာ မျက်စိအမြင်အာရုံကိုလည်း ထိခိုက်စေသလို ဦးနှောက်အာရုံကြောကိုလည်း ထိုင်းမှိုင်းစေတဲ့ ပြဿနာတွေ ရှိပါတယ်။ အဆိုးဆုံးကတော့ မနက်ကနေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ

ည အိပ်ချိန် ပြည့်ဝစွာရှိခြင်းဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကိုယ်က ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူနိုင်မှ နောက်တစ်နေ့ နိုးလာတဲ့အခါ လူကလန်းဆန်းတက်ကြွနေပြီးတော့ အားအင်အပြည့်အဝရှိနေမယ်။ ကိုယ်တွင်းအင်္ဂါတွေလည်း ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်လို့ ကျန်းမာစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားမယ်လို့ ထင်ပါတယ်။ လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တွေဟာ အိပ်ချိန်နည်းလာကြတယ်။ ညကို နောက်ကျမှအိပ်လာကြတယ်။ မနက်နဲ့ ညအိပ်ချိန် မှားယွင်းလာကြတယ်။ အဲ့တော့ ဘာဖြစ်သလဲ၊ သဘာဝက ပုံမှန်လည်ပတ်ဖို့ ဖန်တီးထားတဲ့ ဂေဟစနစ်က ပျက်စီးလာတော့တာပေါ့။ ဒါကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်ကို မလျှော့လိုက်ပါနဲ့။ အိပ်ချိန်လျော့လျင် အသက်ပါမြန်မြန်တိုတတ်တယ်ဆိုတာ သတိပြုပေးပါ။ ခုဆောင်းပါးမှာ လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ နေ့ရက်တိုင်းဟာ ပိုပြီး ပျော်ရွှင်စရာကောင်းလာမယ်။ ဒီအချက်က တိုက်ရိုက်ကော သွယ်ဝိုက်ပြီးတော့လည်း မှန်ကန်ပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်

ညဘက်ဆိုရင် ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာတောင် တော်ရုံနဲ့ အိပ်မပျော်သွားတတ်ဘူးလား၊ ဘာအကြောင်းမှ ခေါင်းထဲမှာ တွေးနေတာမျိုးမရှိဘဲနဲ့တောင် စိတ်ကို ငြိမ်အောင်ထားလို့မရဘူးလား၊ အိပ်ဆေးသောက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေးပူနေလား။ ဒီလိုမျိုး အိပ်မပျော်တဲ့ညတွေ များလာပြီဆိုရင် အနှေးနဲ့ အမြန်ကျန်းမာရေးထိခိုက်လာမှာကို သတိထားသင့်တယ်နော်။ ဒါကြောင့် ခုဆောင်းပါးမှာ ညဘက်တွေ အိပ်ပျော်ဖို့ ခဲယဉ်းတဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်းကတော့ သီချင်းစာသားမပါဘဲ စိတ်ကိုလုံးဝအေးချမ်းသွားစေပြီး အာရုံတွေကို လွင့်ပြယ်သွားစေလောက်မယ့် တီးလုံးတွေကို နားဆင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုသီချင်းတွေကို နားဆင်သင့်တာလဲ။ တေးဂီတဆိုတာ ကျွန်တော်တို့ လူ့စိတ်အာရုံကို ရသမျိုးစုံ ပြောင်းလဲပေးနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်ပါတယ်။ ကိုယ်နားထောင်လိုက်တဲ့ သီချင်းပေါ်မူတည်ပြီး အကောင်းအတိုင်း ဖြစ်နေတဲ့ စိတ်က ဝမ်းနည်းသွားတာမျိုး၊ တွေဝေသွားတာမျိုး၊ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုလည်း စိတ်အားပြန်တက်လာတာမျိုး၊ အဲ့လိုမျိုး စိတ်ခံစားချက်အပြောင်းအလဲများစွာကို လျင်မြန်စွာ ဖြစ်စေတဲ့ […]


ညအိပ်မပျော်ခြင်း

ညဘက်အိပ်ရေးပျက်ခံတာကြာရင် နှလုံးပျက်စီးမယ်နော်

ညဘက်ကျရင် မျက်စိမှိတ်မယ့်အစား ဘယ်တော့မိုးလင်းမှာလဲလို့ နာရီပဲထကြည့်နေရတာမျိုး ကြုံဖူးကြလား။ ဒါမှမဟုတ် တစ်ခုခုလုပ်နေလို့ မအိပ်ဖြစ်တာဆိုလည်း ရလဒ်ကတူတူပဲလေ။ အိပ်မပျော်တာဖြစ်ဖြစ်၊ မအိပ်လိုက်ရတာဖြစ်ဖြစ်၊ အိပ်ပျော်လိုက်နိုးလိုက် သံသရာလည်နေတဲ့သူဖြစ်ဖြစ်နောက်ဆုံးခန္ဓာကိုယ်မှာဖြစ်လာမယ့်အကျိုးဆက်ကတော့ သိပ်မကွာကြပါဘူး။ ညအိပ်မပျော်တဲ့ရက်တွေ များနေတဲ့သူတွေမှာ နှလုံးကျန်းမာရေးကို ပိုပြီးစိုးရိမ်ဖို့လိုနေပြီလို့ သုတေသနအသစ်က သတိပေးလာပါတယ်။ ညဘက်အိပ်မပျော်တဲ့သူတွေမှာ နှလုံးရောဂါဖြစ်လာနိုင်ခြေ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်းအန္တရာယ်နဲ့လေဖြတ်ခြင်းအန္တရာယ်ပိုများတယ်လို့ ဆက်နွယ်မှုကိုတွေ့ရှိခဲ့တာပါ။ "အိပ်ရေးဝခြင်းက နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ် ကိုကာကွယ်နိုင်ဖို့အရေးကြီးတဲ့အချက်ပါ။ "လို့ ဆွီဒင် သုတေသီSusanna Larsson ကပြောပါတယ်။ ဒီသုတေသနကို စတော့ခ်ဟုမ်းမှာရှိတဲ့Karolinska Institute မှ သုတေသီတွေကလေ့လာခဲ့ကြတာဖြစ်ပါတယ်။ အိပ်မပျော်ခြင်းပြဿနာကို ယေဘုယျလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းမှာခံစားနေရတာဖြစ်ပါတယ်။ သုတေသနအသစ်မှာ ဥရောပမှာရှိတဲ့ လူဦးရေ ၁.၃ သန်းကျော်ရဲ့ ကျန်းမာရေးအချက်အလက်တွေကိုလေ့လာခဲ့ကြပါတယ်။ အဲဒီအခါ အိပ်မပျော်ခြင်းနဲ့ မျိုးဗီဇဆက်နွှယ်မှုရှိတဲ့သူတွေဟာ နှလုံးရောဂါ၊ နှလုံးပျက်စီးခြင်းနဲ့လေဖြတ်ခြင်းတို့ဖြစ်နိုင်တဲ့အန္တရာယ်ပိုများတာကိုတွေ့ရပါတယ်။ နှလုံးရောဂါအပါအဝင်ရောဂါအခံတွေကြောင့်လည်း အိပ်မပျော်တာမျိုးဖြစ်စေနိုင်တာရှိတာကြောင့် ဘယ်ဟာကအရင်ဖြစ်လဲ အတည်ပြုဖို့ခက်ခဲစေပါတယ်။ ဒါပေမယ့် သုတေသီတွေက အိပ်မပျော်ခြင်းကို လက္ခဏာအစား မျိုးဗီဇဆိုင်ရာအချက်အလက်တွေကိုအသုံးပြုပြီးလေ့လာခဲ့တာဖြစ်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း