အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရာမဝင်ခင် စာဖတ်ပါ

အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းကို အကျိုးပြုနိုင်တယ်ဆိုတာကို တော်တော်များများ ဖတ်ဖူးမှတ်ဖူးကြပါတယ်။ ဒါပေမယ့် လူအတော်များများမသိကြတာတော့ အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းတစ်ခုတည်းကိုသာ အကျိုးပြုတာမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများအပြားကိုလည်း ဆောင်ယူလာပေးနိုင်ပါတယ်။ Tesla ရဲ့ CEO (အမှုဆောင် အရာရှိချုပ်) ဖြစ်တဲ့ အီလွန် မတ်စ်ဟာ အိပ်ရာမဝင်ခင်မှာ စာဖတ်တဲ့ အလေ့အထရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒုံးပျံတွေတည်ဆောက်ဖို့ စာအုပ်တွေဖတ်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့လိုလေ့လာဖို့ အိပ်ရာမဝင်ခင် အချိန်တွေမှာ စာဖတ်ခဲ့တာပါ။ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေထဲမှာ အိပ်ရာမဝင်ခင် စာဖတ်ကြသူတွေအမြောက်အများရှိပါတယ်။ Facebook ရဲ့ မာ့ခ် ဇက်ကာဘတ်တို့၊ ဝါရင် ဘတ်ဖတ်တို့လည်း ဒီလို အလေ့အထမျိုးတွေ ရှိကြပါတယ်။ ဝါရင် ဘတ်ဖတ်ဆိုရင် တစ်နှစ်မှာ စာအုပ် ၆၀ ဖတ်လေ့ရှိပြီးတော့ အဲ့ဒီစာအုပ်အားလုံးကို ညပိုင်းတွေမှာ ဖတ်ကြတာပါ။ ဒီလို […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ယာနဲ့ လက်ထပ်မိနေပြီလား

တခါတခါကျ ကြုံဖူးကြလိမ့်မယ်။ မနက်မိုးလင်းရင် မထချင်ဘူး၊ တော်တော်နဲ့ အိပ်ယာထဖို့ ခက်နေတတ်တယ်၊ အမြဲပဲ အိပ်ချင်နေတယ်၊ အိပ်ယာထဲလှဲချင်နေမိတယ်။ တနေကုန် လှဲပြီးပဲနေချင်တဲ့ စိတ်ဆန္ဒမျိုးပဲ ရှိနေတာမျိုးပေါ့။ အမြဲအိပ်ရေးဝအောင် အကြာကြီးအိပ်နေပေမယ့် ကိုယ့်မှာက အိပ်ရေးမဝသလို ခံစားနေရမယ်၊ အိပ်ယာပေါ်မှာ လှဲအိပ်နေချိန်မှ စိတ်ကျေနပ်နေသလိုမျိုးခံစားနေရတာမျိုးပေါ့။ ဒီလိုစိတ်ခံစားချက်မျိုးက သဘာဝစိတ်ခံစားချက်မျိုးတော့မဟုတ်ပါဘူး။ Dysania လို့ ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ စိတ်ဝေဒနာ အမျိုးအစားတစ်မျိုးသာဖြစ်ပါတယ်။ Clinomania လို့လည်း ခေါ်ကြပါသေးတယ်။ ဒီလိုလူတွေအတွက်တော့ မနက်ခင်းမှာ မြည်တတ်တဲ့ Alarm တွေဟာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး အရာတွေဖြစ်နေပါလိမ့်မယ်။ အိပ်ယာထဲကနေ ထဖြစ်ဖို့ ၁ နာရီ ၂ နာရီလောက်အထိ အချိန်ယူတတ်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာလို့ တိတိကျကျကို သတ်မှတ်ထားကြပါတယ်။ Dysania ဝေဒနာခံစားနေရသူတစ်ယောက်အတွက် မနက်ခင်းတွေတိုင်းဟာ စိတ်ဆင်းရဲစရာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တစ်ချိန်လုံး အိပ်ငိုက်နေသူလေးတွေရှိလား.........

မနက်အိပ်ရာထချိန်ကနေစလို့ ညအိပ်ရာဝင်ခါနီးအထိ လန်းဆန်းမှုမရှိဘဲ တစ်ချိန်လုံး လိုလို အိပ်ချင်လိုက်တာ ခေါင်းမကြည်ဘူးဆိုပြီးခံစားနေရသူလေးတွေရှိလား။ ဒါဆိုရင် သင့်ကို တစ်ချိန်လုံး အိပ်ငိုက်တယ်လို့ ခံစားရစေတဲ့ အချက်က ဘာများလဲ တူတူကြည့်ရအောင်လား..... တစ်ချိန်လုံး အိပ်ငိုက်နေတာ ဘယ်တစ်ချက်ကြောင့်လဲ................. တစ်ချိန်လုံး အိပ်ငိုက်နေတယ်လို့ ခံစားနေရတာက သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ အများကြီးစားမိတာ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို မြန်မြန်အားပြည့်စေတယ်ဆိုတာကတော့ အမှန်ပါ။ ဒါပေမယ့် စားပြီးချိန်မှာ ခန္ဓာကိုယ်က သကြားဓာတ်အဖြစ်ဖြိုခွဲလိုက်ပါတယ်။ဒါမှ လှုပ်ရှားမှုတိုင်းအတွက် အားပြည့်နေစေမှာပါ။ အားဖြစ်တာထက် ကျော်လွန်အောင် စားမိပြီဆိုရင်တော့ ထိုင်းမှိုင်းသလို ခံစားလာရပါလိမ့်မယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အများကြီးစားမိတာက တစ်နေ့တာလုံးမှာ ပင်ပန်းပြီး အိပ်ငိုက်တယ်လို့ ခံစားရစေနိုင်ပါတယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်စေပြီး အိပ်ငိုက်တာမျိုးခံစားရစေနိုင်ပါတယ်။ အထိုင်များတာ လှုပ်ရှားမှုနည်းပြီး အထိုင်များတာက ကိုယ်တွင်းမှာ အားမရှိသလို ပင်ပန်းသလို ခံစားရစေပြီး သင့်ကို အိပ်ငိုက်လာရစေတဲ့ အချက်တစ်ခုပါ။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝရင် ပိုလှတယ်တဲ့

တကယ်လို့များ သင်က အလှအပကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုပါစို့။ အိပ်စက်ခြင်းဟာ သင့်ရဲ့ အလှတရားကို အထောက်အကူပြုစေမယ့် အကောင်းဆုံးလက်နက်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီ ပတ်ဝန်းကျင်လောက် ပုံမှန် အိပ်စက်ပေးမယ်ဆိုရင် အသားအရေ လှပနုပျိုမှုကို အများကြီး အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ပုံမှန်အိပ်စက်ပေးမယ်ဆိုရင် ၂ ပတ်ကနေ ၃ ပတ်အတွင်း မိမိရဲ့ရုပ်ရည်ဟာ ပိုမိုကြည့်ကောင်းလာနိုင်တယ်လို့ သိပ္ပံဆိုင်ရာ လေ့လာချက်တွေက ဆိုထားကြပါတယ်။ လူ့ခန္ဓာကိုယ်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာ ရုပ်ခန္ဓာကြီးရဲ့ ယိုယွင်းနေမှုတွေကို ပြန်လည်ပြင်ဆင်ပေးနေမှာဖြစ်တာကြောင့်ပါ။ တစ်နေ့ကို အိပ်ချိန် ပျမ်းမျှ ၆ နာရီထက် နည်းပါးမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့လာရမှာဖြစ်ပါတယ်။ လုံလောက်စွာ အိပ်စက်ရင် သင့်ရဲ့ အလှအပကို ပံ့ပိုးနိုင်တယ်ဆိုတော့ ဘာတွေ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေရင်းလမ်းထလျှောက် ရင်ဘာဖြစ်နိုင်လဲ။

အိပ်နေရင်းလမ်းထလျှောက် တာကို ကိုယ်တိုင်မကြုံဖူးရင်တောင် ရုပ်ရှင်ထဲမှာဖြစ်ဖြစ် ကိုယ့်အသိမိတ်ဆွေတွေထဲမှာဖြစ်ဖြစ် ကြားဖူးမှာပါ။ ဒါကို ဘယ်လိုနားလည်ထားလဲ။ သရဲဝင်ပူးတာလား။ သူများပြုစားတာလား။ ကျန်းမာရေးပြဿနာတစ်ခုပဲလား။ ဆက်ကြည့်ရအောင်။ အိပ်နေရင်းလမ်းထလျှောက်တာကို ဆေးပညာအရ somnambulismလို့ခေါ်ပါတယ်။ လူငယ်တွေထက်စာရင် ကလေးတွေမှာ ပိုဖြစ်ပါတယ်။ အများစုက ကြီးလာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တစ်ခါတလေမှ လမ်းထလျှောက်ရင်တော့ ပြဿနာမရှိပါဘူး။ ထပ်ခါထပ်ခါလျှောက်နေပြီဆိုရင်တော့ နောက်ကွယ်မှာ အိပ်စက်ခြင်းပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ လူငယ်တွေမှာ အိပ်ရင်းလမ်းထလျှောက်တာက အိပ်စက်ခြင်းပြဿနာကြောင့်ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများ အိပ်နေရင်းလမ်းထလျှောက်တာက ညဦးပိုင်းမှာဖြစ်တတ်ပါတယ်။ အိပ်ပျော်ပြီး ၁နာရီ ၂နာရီ အကြာမှာပေါ့။ တရေးတမော အိပ်နေချိန်မှာတော့ မဖြစ်တတ်ပါဘူး။ လမ်းတစ်ခါထလျှောက်ရင် မိနစ်အနည်းငယ်လည်း ဖြစ်နိုင်သလို ဒီထက်လည်းပိုကြာနိုင်ပါတယ်။ လက္ခဏာတွေကတော့ -အိပ်ရာကထပြီး လမ်းထလျှောက်တာ -အိပ်ရာက ထထိုင်ပြီး မျက်လုံးပွင့်နေတာ -တစ်နေရာရာကို ငေးငေးငိုင်ငိုင်ကြည့်နေတာ -သူများတွေကို စကားပြန်မပြောတာ၊ ခေါ်မရတာ -အဲ့အချိန်မှာ နှိုးရခက်တာ -နိုးသွားရင်လည်း အချိန်တစ်ခုကြာအောင် စိတ်နဲ့ ကိုယ်နဲ့ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea) သေနိုင်လား။

အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea) ကခုခေတ်မှာ ခေတ်စားလာပါပြီ။ ဘာလို့ဆို ဝတဲ့သူတွေ များလာလို့ပါ။ သူသူကိုယ်ကိုယ် အိပ်ရင်တော်တော်များကဟောက်တတ်ပါတယ်။ ဒါက သိပ်မထူးဆန်းပေမယ့် ဝတဲ့သူဟောက်ရင် သတိထားပါ။  မသိလိုက်တဲ့ အချိန်မှာ အသက်ရှူရပ်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ ဒီတော့ စောစောသိရအောင် ဒီအချက်တွေကို သတိထားလိုက်ပါ။ လက္ခဏာများ -ဟောက်ပါတယ်။ -အိပ်နေရင်းကြားထဲမှာ အသက်ရှူရပ်သွားတတ်ပါတယ်။ -အိပ်နေရင်း ချွေးထွက်တတ်ပါတယ်။ -အိပ်နေရင်း ရုတ်တရက် သီးပြီး အသက်ရှူကြပ်ပြီး လန့်နိုးတတ်ပါတယ်။ ပါးစပ်ခြောက်တာ၊ လည်ပင်းနာတာမျိုးဖြစ်တတ်ပါတယ်။ -မနက်မိုးလင်းရင် ခေါင်းကိုက်တတ်ပါတယ်။ -အိပ်ရေးမဝတဲ့အတွက် တစ်နေကုန် ခေါင်းမကြည်ပါဘူး။ -တစ်နေကုန် အာရုံစိုက်လို့မရပါဘူး။ -စိတ်ကျတာ၊ စိတ်ဆတ်တာ ဖြစ်ပါတယ်။ -သွေးတိုးတာ -လိင်စိတ်လျော့နည်းတာတွေ ဖြစ်တတ်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ။ သင်ကိုယ်တိုင်ပဲဖြစ်ဖြစ် သင်နဲ့ အတူနေတဲ့သူပဲဖြစ်ဖြစ် အောက်မှာပြောထားတဲ့အချက်တွေဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ -ဟောက်သံကျယ်လွန်းလို့ သူများတွေနိုးကုန်တာ -အသက်ရှူကြပ်ပြီး သီးပြီး ရုတ်တရက် လန့်နိုးလာတာ -အိပ်နေရင်းကြားထဲမှာ အသက်ရှူရပ်သွားတာ -နေ့ဖက်တွေမှာ ခေါင်းမကြည်တာ၊ ကားမောင်းရင်း၊ အလုပ်လုပ်ရင်း၊ TVကြည့်ရင်း ငိုက်ပြီး အိပ်ပျော်သွားတာ စတာတွေရှိနေရင် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေစဉ်ဘီလူးစီး ခြင်း

အိပ်ပျော်နေစဉ်ဘီလူးစီး တဲ့ ခံစားမှုမျိုး ကြုံဖူးပါသလား။ ဒါကို sleep paralysisလို့ ခေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ လူကသတိရှိနေတယ်။ ဒါပေမယ့် လှုပ်လို့မရဘူး ဖြစ်နေတယ်။ ဒီအချိန်မှာ စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်ကြာအောင် လှုပ်လို့လည်းမရဘူး။ စကားပြောလို့လည်းမရပါဘူး။ တချို့လူတွေဆိုရင် အပေါ်ကနေ တစ်ခုခုနဲ့ ဖိထားသလို၊ အသက်ရှူကြပ်လာသလို ခံစားရပါတယ်။ ဒါကြောင့် ဘီလူးစီးတယ်လို့ ပြောကြတာပါ။ Sleep paralysisက တခြားပြဿနာတွေဖြစ်တဲ့ ရုတ်တရက် အိပ်ပျော်သွားတတ်တဲ့ရောဂါ (narcolepsy)နဲ့လည်းတွဲဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာဖြစ်တတ်လဲ။ Sleep paralysisက နှစ်ချိန်မှာဖြစ်တတ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်နေရင် hypnagogic (predormital sleep paralysis)လို့ခေါ်ပြီး နိုးနေတဲ့အချိန်မှာဖြစ်ရင် hypnopompic (postdormital sleep paralysis)လို့ခေါ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ပျောင်းနေပါတယ်။ သတိလည်းကောင်းကောင်းမရှိတဲ့အတွက် ပြောင်းလဲနေတာကို မသိပါဘူး။ ဒါက ပုံမှန်ပါ။ ဒါပေမယ့် သင်က […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု

အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း အကျိုးရှိစေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။ နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်သူတွေအတွက် ဆေးတစ်ခွက်ဖြစ်မယ့် ချယ်ရီသီး

အရောင်ရင့်စိုစိုနဲ့ ချယ်ရီသီး တွေကို မားကတ်တွေမှာ အမြဲလိုလိုတွေ့ရတာများပါတယ်။ ပြည်တွင်းမှာမရနိုင်ဘဲ သွင်းကုန်အသီးတစ်မျိုးဖြစ်တဲ့ ချယ်ရီသီးကို ဘာလို့ကြိုက်ကြ၊ စျေးကြီးပေးဝယ်ကြတာလဲ။ သူ့အရသာက အချိုလည်းမပြင်း၊ အချဉ်လည်းမပြင်း၊ အရမ်းလည်းမမွှေးဘဲ လူကြိုက်များတဲ့အကြောင်းရင်းက ဆိုးကျိုးသက်ရောက်မှုနည်းပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိနေလို့ပါပဲ။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့လို နာတာရှည်ဝေဒနာရှင်တွေအတွက် အသုံးဝင်ဆုံးဓာတ်စာတစ်မျိုးပဲလေ။ ဒါဆိုရင် ချယ်ရီသီးက ဘယ်လိုအာနိသင်တွေရှိနေတာလဲ မသိချင်ဘူးလား။ လေ့လာမှုတွေအရတော့ ချယ်ရီသီးတစ်ပန်းကန်လုံးစာ(၂၁လုံးခန့်) စားရင် ကယ်လိုရီ ၁၀၀ တောင်မရှိသလို တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် စီရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်တဲ့။ ချယ်ရီသီး က - အိပ်မပျော်ခြင်းကို ကုစားပေးတယ် ချယ်ရီသီးတွေဟာ အိပ်စက်မှုစက်ဝန်းကို ထိန်းချုပ်ပေးနိုင်တဲ့ မယ်လာတိုနင်ဟော်မုန်းကို ရရှိနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းရရှိနိုင်တဲ့ အစားအစာအရင်းအမြစ်က နည်းနည်းတော့ ရှားတယ်လေ။ သုတေသနရလဒ်မှာဆိုရင် ချယ်ရီသီးဖျော်ရည်ကို မနက်တစ်ကြိမ်၊ ညခါနီး တစ်နာရီအလိုလောက်မှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ

ညညအိပ်မပျော်ဘူး။ မနက်နိုးလာတိုင်းလည်း အိပ်ရေးမဝဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ညအိပ်မပျော်ရင် ဘာတွေသောက်ရမလဲ............ တစ်ညတာအိပ်စက်မှုက ကျန်းမာပျော်ရွှင်နေစေဖို့ အများကြီးအထောက်အကူပြုပါတယ်။ ဒါကြောင့် ညစဉ်ကောင်းစွာအိပ်ပျော်စေဖို့ မအိပ်ခင်မှာ ဒီသောက်စရာလေးတွေကိုသောက်ပေးပါ။ Malt milk Malt milkတွေမှာ သံဓာတ်၊ ဇင့်၊ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် B အပြင် အမိုင်နိုအက်ဆစ်တို့ပါဝင်နေတာကြောင့်ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။   နို့ မအိပ်ခင် ၁ နာရီခွဲအလိုလောက်မှာ နွားနို့ပူပူလေး တစ်ခွက်သောက်ပေးတာက ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားယူနိုင်စေဖို့ အားဖြည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မှာပါ။ ရေ ည အိပ်ရာမဝင်ခင်မှာ ရေတစ်ခွက်သောက်ပေးတာက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်း လည်ပတ်စေနိုင်သလို ညဘက်မှာလည်း ကောင်းကောင်း အိပ်ပျော်စေနိုင်မှာပါ။   အုန်းစိမ်းရည် ညဘက်အိပ်ပျော်စေတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပါထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် ညမအိပ်ခင် ၁ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း