ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

Orange (လိမ္မော်သီး)

လိမ္မော်သီး (Orange)အခွံက လိမ္မော်ရောင် ဒါမှမဟုတ် အနီဘက်ခပ်သန်းသန်းဖြစ်နေတဲ့ လိမ္မော်ရောင်ရင့်ရင့်ဖြစ်တတ်ပါတယ်။ အရသာကလည်း ခံတွင်းရှင်းပြီးစားကောင်းပါတယ်။ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တာကြောင့်ခန္ဓါကိုယ်အတွက်တော်တော်လေးအကျိုးပြုတဲ့ အစားအသောက်တစ်ခုပါ။ လိမ္မော်သီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓါတ်လည်းအပြည့်အဝပါဝင်ပါတယ်။ သဘာဝအချိုဓါတ်ရရှိစေနိုင်တဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ အာဟာရတန်ဖိုးလိမ္မော်သီးအရွယ်တော် တစ်လုံးမှာ ကယ်လ်လိုရီ ၈၀ ၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်၊ ပရိုတင်း ၁ ဂရမ်ပါဝင်ပြီး အဆီဓါတ်တော့ လုံးဝမပါဝင်ပါဘူး။ လိမ္မော်သီး တစ်လုံးက တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ၁၃၀ ရာခိုင်နှုန်း၊ ဗီတာမင် A ၂ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ် ၆ ရာခိုင်နှုန်းတိုပါဝင်ပါတယ်။ သံဓါတ် နဲ့ အဆီဓါတ်တော့မပါဝင်ပါဘူး။ ဒါ့အပြင် လိမ္မော်သီးမှာthiamin၊ riboflavin၊ niacin၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Detox Water သောက်တာ ကောင်းလား

အခုနောက်ပိုင်း လူတွေကြားမှာ Detox Water သောက်တာကတော်တော်လေးကိုခေတ်စားလာတဲ့ ကျန်းမာရေးအလေ့အထတစ်ခုလိုဖြစ်လာပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေ၊ အဆီမရှိဘဲ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ချင်တဲ့ ပျိုမေတော်တော်များများက Detox Water ကိုသောက်သုံးလာကြနေပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါတော့ သိလို့ပဲဖြစ်ဖြစ်၊ မသိဘဲနဲ့သူများညွှန်းလို့ပဲဖြစ်ဖြစ် Detox Waterသောက်နေကြတဲ့ သူတွေအတွက် Detox Water ကဘယ်လိုမျိုး အထောက်အကူပြုပေးလဲဆိုတာကိုပြောပြချင်ပါတယ်။ Detox Water ဆိုတာ Detox Water ဆိုတာကရေထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေ နဲ့ဆေးဖက်ဝင်အပင်တွေကိုရောစပ်ထားတဲ့သောက်စရာတစ်မျိုးပါ။ Detox Water ကိုအိမ်မှာပဲ အလွယ်တကူလုပ်နိုင်ပြီး Detox Water လုပ်နည်းကလည်း အမျိုးမျိုးရှိပါတယ်။ Detox Water က သစ်သီးဖျော်ရည်တွေလောက် အရသာမရှိပေမယ့် ကယ်လ်လိုရီပါဝင်မှုကတော့တော်တော်လေးနည်းပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့ Detox Water ကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်က အဆီပိုတွေကျသွားမှာသေချာပါပဲ။ Detox Water ဘယ်လိုလုပ်မလဲ Detox Water ကိုအိမ်မှာတင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ

အခုနောက်ပိုင်းမှာ အဝစားဘူဖေးစနစ်တွေ များလာတော့ သွားကြစားကြနဲ့ အသားကင်နဲ့ဟော့ပေါ့ဘူဖေးတွေခေတ်စားလာပါတယ်။ ဟိုနေရာလေးကောင်းတယ်တဲ့။ ဒီဆိုင်လေးက တန်တယ်တဲ့ဆိုပြီး တစ်ဆိုင်က တစ်ဆိုင်ပြောင်းစားကြရင်း ပုံမှန်ဖောက်သည်တွေတောင်ဖြစ်လာတဲ့အထိပဲ။ အကင်တွေစားတာများလွန်းရင် လည်း မကောင်းပါဘူးနော်။ အရင်ကညနေပိုင်းဆို လူစည်လှတဲ့ ဘီယာဆိုင်နဲ့ဘားတွေမှာပဲ အမြည်းဟင်းလျာတွေအဖြစ် အကင်မျိုးစုံရရှိနိုင်တာဖြစ်ပေမယ့် အခုတော့ အကင်ဆိုင်တွေများလာပြီး ငါးကင်၊အသားကင်စားတဲ့အလေ့အထက ကျယ်ပြန့်လာပါတယ်။ အခုခေတ်စားနေတဲ့ အဝစား အကင်ဘူဖေးကိုတော့ အကြိုက်ပေါ့။ အကင်နဲ့ဟော့ပေါ့အလေ့အထက ဘယ်လောက်ကျယ်ပြန့်လာသလဲဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တိုင်လုပ်စားရလွယ်စေမယ့် အကင်အိုးတွေ၊ဟော့ပေါ့အိုးတွေဈေးကွက်မှာရောက်ရှိလာတဲ့အထိပါပဲ။ အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်မလဲ အကင်ဆိုတော့ ဆီလည်းမများဘူးပေါ့ဆိုပြီး အကင်ဆိုင်ချည်းပဲခြေဦးလှည့်နေသူတွေ၊ ဘူဖေးဆိုင်ကို လူစုပြီးချီတက်ကြသူတွေ၊ ငါးကင်အသားကင်ဆိုင်မှာ မိတ်ဆုံစားပွဲလုပ်ကြသူတွေအနေနဲ့ အကင်က ကျန်းမာရေးအတွက်ဘေးကင်းရဲ့လားဆိုတာ သတိမလွတ်သင့်ပါဘူး။ အသားကင်တွေက အရသာရှိတာမှန်ပေမယ့် ရံဖန်ရံခါ၊ တစ်ခါတလေလောက်ကပြဿနာမရှိပါဘူး။ ဒါပေမယ့် မကြာခဏစားတာများလွန်းရင်ဘေးဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ - Advanced glycation end products (AGE) အပူပြင်းပြင်းနဲ့ကင်တဲ့အခါ အသားထဲမှာပရိုတင်းနဲ့အဆီဓါတ်တွေ ဓါတ်ပြုပြီးadvanced […]


ကျန်းမာစွာ စားသောက်ခြင်း

ဒရင်ကောက်ပင်၏ အံ့ဖွယ်(၇)ချက်

မြန်မာအခေါ် ဒရင်ကောက်ပင်( fiddlehead) ဆိုတာ နူးညံ့ပြီး အရွက်ရဲ့ထိပ်မှာ အခွေအလိပ်သ လေးရှိတဲ့ ဖန်းပင်တစ်မျိုးပါ ။ သူ့ရဲ့ ပုံစံက ကြိုးတပ်တူရိယာတွေမှာ အများဆုံးတွေ့ရတတ်တဲ့ (ဥပမာ-တယော) ရဲ့ ထိပ်ဆုံးက အဆင်တန်ဆာလေးနဲ့ ဆင်တူပါတယ်။ သူ့ကို အစို့အညှောက်လေးတွေ ထွက်ခါစမှာ ခူးယူစားသုံးနိုင်ပါတယ်။ နွေဦးရာသီအစမှာ ဒရင်ကောက်ပင်တွေကို ပေါပေါများများ တွေ့ရတတ်ပါတယ်။ အညွန့်လေးတွေကိုခူးပြီး သုပ်စားလို့ပဲဖြစ်ဖြစ်၊ ကြော်စားလို့ပဲဖြစ်ဖြစ် အမျိုးမျိုးအဖုံဖုံ လုပ်စားနိုင်ပါတယ်။ ဒရင်ကောက်ပင်မှာ ဗီတာမင်အေ၊ဗီတာမင်စီ နဲ့ omega 3 တို့ ကြွယ်ဝစွာ ပါရှိတဲ့အတွက် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ သင်မသိသေးတဲ့ ဒရင်ကောက်ပင်ရဲ့ အံ့ဖွယ်အချက် (၇)ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။ (၁) ဒရင်ကောက်ပင်ဟာ ကိုယ်အလေးချိန်ကျဆင်းရန် စွမ်းဆောင်ပေးနိုင်ပါတယ်။ အာဟာရဓါတ်ပါဝင်မှု သိပ်သည်းဆမြင့်တဲ့ ဒရင်ကောက်ပင် 100 g […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အနာကျက်မြန်စေမယ့် အစားအစာ (၁၁)မျိုး

အကြောင်းအမျိုးမျိုးကြောင့် ခန္ဓါကိုယ်မှာ ဒဏ်ရာရယ်လို့ဖြစ်လာတဲ့အခါ အဲဒီဒဏ်ရာကိုဘယ်လိုမျိုးစောင့်ရှောက်မှုတွေလုပ်မလဲဆိုတာနဲ့ အနာကျက်မြန်အောင် ဘယ်လိုနေထိုင်စားသောက်မလဲဆိုတာကသိထားသင့်ပါတယ်။ ဘာကြောင့်ပဲ ထိခိုက်ဒဏ်ရာဖြစ်ဖြစ်ရရှိလာတဲ့ဒဏ်ရာကို အမှုမဲ့အမှတ်မဲ့ထားလိုက်လို့မရပါဘူး။ အနာကျက်မြန်အောင်၊ မှန်ကန်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်နေထိုင်ဖို့လိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာတစ်ခုရထားတဲ့အခါ ပုံမှန်စားနေကျအတိုင်း စားချင်တာမျန်သမျှကိုစားနေလို့မဖြစ်ပါဘူး။ စားသုံးတဲ့အစားအစာတွေထဲမှာ အနာကျက်မြန်စေပြီး ရောဂါကာကွယ်စေတဲ့ကိုယ်ခံအားကိုတက်စေမယ့် ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ အစားအသောက်တွေကို စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။အောက်မှာတော့ အနာကျက်တာကို လျင်မြန်စေမယ့် အစားအသောက်တွေကိုဖော်ပြပေးလိုက်ပါတယ်။   အနာကျက်မြန်စေမယ့် အစားအသောက်တွေကဘာတွေဖြစ်မလဲ နနွင်း ဟင်းချက်ရာမှာသုံးလေ့ရှိကြတဲ့ အရာတစ်မျိုးပါ။ နနွင်းကတော်တော်ေလေးဆေးဖက်ဝင်တယ်လို့လည်းသိထားကြပြီးဖြစ်မှာပါ။ နနွင်းမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးကရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေနိုင်စွမ်းရှိပါတယ်။ရှေးလူကြီးတွေဆိုရင် အနာပေါ်မှာ နနွင်းသိပ်တာ၊ နနွင်းရေဖျော်ပြီးလူးတာမျိုးတွေလုပ်ကြပါတယ်။ နနွင်းနဲ့ ကြပ်ထုတ်ထိုးတာမျိုးလည်းရှိပါတယ်။   ပျားရည် ပျားရည်ကို သဘာဝအာဟာရတစ်မျိုးအဖြစ်နဲ့ နေ့စဉ်ဆေးဖြစ်ဝါးဖြစ်သောက်သုံးတာမျိုးလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်ဓါတ်တွေက အချိုဓါတ်ထက်ပိုမိုပါဝင်နေတတ်ပါတယ်။ ပျားရည်ကို အနာပေါ်လူးပေးရင်လည်းရောင်ရမ်းတာ၊နာကျင်တာ နဲ့ အနာတဝိုက်နီမြန်းနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ပျားရည်မှာပါတဲ့ ပိုးသေစေနိုင်တဲ့ အာနိသင်တွေက အနာထဲကို ပိုးမဝင်အောင် တားဆီးပေးပါတယ်။   နို့ထွက်ပစ္စည်းတွေ နွားနို့ နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းတွေအတွက် ဘယ်လိုအစားအသောက်ပုံစံ နဲ့ ဗီတာမင်တွေကို စားပေးရမလဲ

သင့်လက်မောင်းနဲ့ တံတောင်ဆစ်တို့မှာ နာကျင်ခြင်းကို ခံစားနေရတယ်ဆိုရင် ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကုသပေးဖို့ အထူးအရေးကြီးပါတယ်။ ဆေးဝါးနဲ့ လေ့ကျင့်ခန်းတွေသာမက အစားအသောက်ပုံစံနဲ့ ဗီတာမင်တွေဟာလည်း အရေးပါလာပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဘယ်လိုအစားအသောက်ပုံစံတွေကို စားသုံးရမယ်မှန်း မသိဖူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်း လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ အရမ်းအရေးကြီးတဲ့ ပြဿနာတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ လက်မောင်းကို အသုံးပြုပြီး လှုပ်ရှားလုပ်ဆောင်မှုအတော်များများကို ပြုလုပ်ရတာမို့ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ အဆစ်အမြစ်ရောင်ခြင်း၊အရွတ်ရောင်ခြင်း ဒါမှမဟုတ် ခေါက်ခြင်း၊ဒါဏ်ဖြစ်ခြင်းတို့ကြောင့် နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ အရိုးနဲ့အဆစ်အမြစ်ရောင်ရောဂါ ဒါမှမဟုတ် rheumatoid အဆစ်အမြစ်ရောင်ရောဂါတွေဟာ ရောင်ရမ်းနာကျင်မှုကိုဖြစ်စေတဲ့အပြင် တောင့်တင်းပူနွေးနေစေပြီး လက်မောင်းလှုပ်ရှားမှုတွေကိုလည်း အဆင်မပြေ ဖြစ်စေပါတယ်။ အရွတ်ရောင်ရမ်းရင်လည်း နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး တင်းနစ်ကစားသမား၊ဂေါက်သီးရိုက်ကစားသမားတွေမှာ တွေ့ရတတ်တဲ့ ပြဿနာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သင့်အနေနဲ့ ရောင်ရမ်းနာကျင်မှုတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်ခြေထောက်ကျန်းမာရေးကို အာဟာရတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲ

သင့်ခန္ဓါကိုယ်အတွက်သာမဟုတ်ဘဲ သင့်ခြေထောက်အတွက်လည်း သူ့ဆိုင်ရာတာဝန်ကို ထမ်းဆောင်ဖို့ အာဟာရနဲ့အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် လျစ်လျူရှုထားမိတတ်ကြပါတယ်။ သင့်ခြေထောက်ကျန်းမာရေးကို အာဟာရတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲဆိုတာကို သိရင်တော့ သင့်အာဟာရပုံစံကိုချက်ချင်းပြောင်းလဲပစ်ဖို့ စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။   ခြေထောက်ဖောရောင်ခြင်းနဲ့နာကျင်ခြင်းအကြောင်းရင်း ခြေထောက်ရောင်ရမ်းခြင်းက အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အချို့သောအစားအစာတွေက တစ်ရှူးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခြေဖဝါးအရွတ်ပြားရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေမှာ ခြေဖဝါးအောက်၊ ခြေဖနောင့်၊နဲ့ ခြေထောက်မည်သည့်နေရာမှာမဆို တစ်ရှူးအတက်ထွက်ခြင်းနဲ့ အလွန်အမင်းနာကျင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ရောင်ရမ်းခြင်းကိုပိုဆိုးစေတဲ့ အစားအစာအချို့ရှိပါတယ်။ သန့်စင်ထားတဲ့ကောက်နှံတွေ၊ သကြားနဲ့ အဆင့်သင့်စားနိုင်အောင်ပြုလုပ်ထားတဲ့ အစာတွေမှာပါတဲ့ မကျန်းမာတဲ့အဆီ၊ အနီရောင်အသားတွေမှာပါတဲ့ ပြည့်ဝဆီ၊နဲ့ ပြောင်းဖူး၊ ပဲ၊ နေကြာဆီတွေကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီတွေမှာပါတဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ ရောင်ရမ်းခြင်းကိုပိုဆိုးစေနိုင်တဲ့ အခြားအချက်ကတော့ ကောက်ပဲသီးနှံကဲ့သို့သော ယေဘုယျအစားအစာတွေနဲ့ ကြာရှည်ဓတ်မတည့်မှုကြောင့် ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်ကတော့ သကြားလုံး၊ ဂျုံ့မှုန့်ဖြူ၊ ပါစတာကဲ့သို့သော သကြားပမာဏကိုတက်စေတဲ့ အစားအစာအများကြီးစားမိခြင်းကြောင့် ဖြစ်ပါတယ်။   သွေးလွှတ်ကြောရောဂါနဲ့ ဆီးချိုးေရောဂါ သွေးလွှတ်ကြောရောဂါနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခြေထောက်အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရ

သင့်ကျန်းမာရေးကိုဂရုစိုက်ရာမှာ အထူးသဖြင့်သင့်ခြေထောက်ကျန်းမာရေးကို ဂရုစိုက်ရာမှာ အာဟာရကအရေးကြီးတယ်ဆိုတာကို မငြင်းနိုင်ပါဘူး။ လေ့ကျင့်ခန်းနဲ့ နေထိုင်မှုပုံစံအပြင် သင်နေ့စဉ်အာဟာရကလည်း သင့်ခြေထောက်ကျန်းမာရေးကို အဆုံးအဖြတ်ပေးပါတယ်။ အောက်ပါကျွန်ုပ်တို့ရဲ့ အကြံပြုချက်တွေအတိုင်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရပုံစံကို တည်ဆောက်နိုင်ပါတယ်။   အိုမီဂါသရီး ပိုမိုစားသုံးပါ။ ဆော်လမွန်ငါးကဲ့သို့သောအဆီကြွယ်ဝတဲ့ငါးတွေနဲ့ ငါးကြီးဆီတွေမှာ အိုမီဂါသရီးကြွယ်ဝစွာ ပါဝင်ပါတယ်။ အိုမီဂါသရီးက ရောင်ရမ်းခြင်းကိုထိထိရောက်ရောက် သက်သာနိုင်ပါတယ်။ သင့်နေ့စဉ်အစားအစာမှာ အိုမီဂါသရီး၊ အိုမီဂါဆစ်သင့်တင့်မျှတစွာပါဝင်သင့်တဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ ဒီအာဟာရတွေညီညီမျှမျှပါဝင်ဖို့အတွက်ဆိုရင် ငါးများများစားခြင်းက အကူအညီပေးနိုင်ပါတယ်။ ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီဖြည့်စွက်ပါ။ သင့်ခန္ဓါကိုယ်ကြီးထွားလာနေစဉ်မှာ သင့်အရိုးတွေသန်မာဖို့ ကယ်ဆီယမ်လုံလုံလောက်လောက် လိုပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ကယ်ဆီယမ်ကောင်းကောင်းလုံလုံလောက်လောက်ရဖို့ အင်မတန်လိုအပ်ပါတယ်။ နောက်ပိုင်းအသက်တွေမှာ အရိုးပါးခြင်းမြဖ်စ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်မရွေး ဘယ်လိုကျန်းမာရေးအခြေအနေမှာပဲဖြစ်ဖြစ် ကယ်ဆီယမ်ကအမြဲလိုအပ်ပါတယ်။ ကြီးထွားတဲ့အရွယ်ကျော်လွန်သွားပြီးနောက်မှာတောင် ကယ်ဆီယမ်ကိုလိုအပ်နေပါသေးတယ်။ အမျိုးသမီးများဓမ္မတာသွေးဆုံးစဉ်မှာ တဖြည်းဖြည်းအရိုးပါလာခြင်းကို မကာကွယ်ပေးနိုင်ပေမဲ့လည်း လုံလောက်တဲ့ကယ်ဆီယမ်ပမာဏက အရိုးကျိုးနိုင်ချေမှာ ကာကွယ်ပေးနိုင်ပါတယ်။ သင့်အစားအစာမှာ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာကိုစားပေးခြင်းဖြင့် သင့်ခန္ဓါကိုယ်အတွက် ကယ်ဆီယမ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒိန်ချဉ်၊ ထောပတ်၊ 300 […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်ကျန်းမာရေးအတွက် အစားအစာများ

ခန္ဓါကိုယ်၏ တခြားအစိတ်အပိုင်းများကဲ့သို့ပင် ဦးနှောက်သည်လည်း တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲပါသည်။ အသက် ၂၀ ပြည့်ခါနီးသည်နှင့် ဦးနှောက်ကြီးရင့်မှုဖြစ်စဉ်ကို စတင်ခံစားရပြီး တစ်ချို့အာရုံကြောဆဲလ်များ ဆုံးရှုံးရပါမည်။ သို့သော် သုတေသနများက နေ့စဉ် အစားအသောက်များ၌ စမတ်ကျသည့် အစားအသောက်များကို ထည့်သွင်းစားသုံးလျှင် အသက်ကြီးသည့်တိုင် ကျန်းမာသောဦးနှောက်ကို ထိန်းသိမ်းထားနိုင်ကြောင်း သက်သေပြထား၏။   ဘလူးဘယ်ရီသီးများ သုတေသီများက ဘလူဘယ်ရီပါသော အစားအသောက်များသည် သင်ယူမှုနှင့် လုပ်ရှားမှုဆိုင်ရာ စွမ်းရည်းများကို တိုးတက်စေကြောင်း တွေ့ထား၏။ ဘလူးဘယ်ရီများသည် ဦးနှောက်အား ဓါတ်တိုးစေမည့် ဖိစီမှုများဒဏ်မှ ကာကွယ်ပေးပြီး အသက်ကြီးခြင်းဆိုင်ရာ ရောဂါများဖြစ်သည့် အဲလ်ဇိုင်းမားရောဂါ သို့မဟုတ် ဒီမန်းရှားရောဂါများကို လျော့ချပေးနိုင်ကြောင်း သက်သေပြထားပါသည်။ သိပ္ပံပညာရှင်များက ဒိန်ချဉ်၊ အုတ်ဂျုံ သို့မဟုတ် မနက်စာတို့တွင် ဘလူးဘယ်ရီ တစ်ခွက်စာ ထည့်စားပေးခြင်းဖြင့် ဦးနှောက်ကြီးရင့်မှုအား လျော့ချပေးနိုင်မည်ဟု ဆိုသည်။   ငါး ဆာမွန်ငါး၊ ရေနက်ပိုင်းတွင်နေသောငါးများသည် အဆီအက်စစ်များကြွယ်ဝပြီး ဦးနှောက်လုပ်ငန်းစဉ်များအတွက် လိုအပ်သော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိထားရမည့် မတည့်သောအစားအသောက်များ

အစားအစာအလက်ဂျီသည် တစ်ချို့သောအစားအသောက်များကို ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်မှ အန္တရာယ်ရှိသည်ဟုယူဆပြီး ဓါတ်မတည့်မှုဖြစ်ပွားခြင်းကို ခေါ်ပါသည်။ အလက်ဂျီဖြစ်စေသော အစားအစာများကို အလက်ဂျင်ဟု ခေါ်သည်။ တချို့သော သုတေသနများတွင် ကလေးများ၏ ၄-၆% နှင့် လူကြီး ၆% တို့တွင် အစားအစာအလက်ဂျီရှိကြောင်း တွေ့ရ၏။ ကလေးများနှင့် ပေါက်စအရွယ်များတွင် ပိုအဖြစ်များသည်။ အစားအစာအလက်ဂျီအမျိုးအစားများ အစားအစာအလက်ဂျီနှစ်မျိုးရှိပါသည်။ IgE နှင့်ဆိုင်သော - အလက်ဂျီလက္ခဏာများသည် IgE ဆိုသည့် ပဋိပစ္စည်းများ ကိုယ်ခံအားစနစ်မှ ထုတ်လွှတ်ပေးခြင်းနှင့် ဆက်စပ်ပြီး ဖြစ်ပွား၏။ ထိပဋိပစ္စည်းများသည် တစ်ချို့သော အစားအစာများနှင့်သာ ဓါတ်ပြုမှုရှိပါသည်။ IgE နှင့်မဆိုင်သော - ဒီအခြေအနေတွင်တော့ ခန္ဓါကိုယ်ခုခံအားစနစ်မှ တခြားအစိတ်အပိုင်းများနှင့် အစားအစာ ဓါတ်ပြုခြင်းဖြစ်သည်။ ဒီလို အစားအစာအလက်ဂျီမျိုးတွင် IgE ပဋိပစ္စည်းများကို မထွက်စေပါ။ တစ်ချို့သောသူများတွင် အမျိုးအစားနှစ်မျိုးလုံး ရှိနေတတ်ပါသည်။ အစားအစာအလက်ဂျီ၏လက္ခဏာများ အစားအစာအလက်ဂျီရှိသည့်အခါတွင် လက္ခဏာများကို အရေပြား၊ သွေးလှည့်ပတ်မှုအဖွဲ့အစည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းစနစ်နှင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း