ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ

သံပရာသီးဟာ ဗီတာမင် စီ အရမ်းကိုကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်ပါတယ်။ သူ့မှာ အမျှင်ဓါတ်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေကြွယ်ဝစွာပါရှိတဲ့အပြင် အခွံမှာလည်းpolyphenol(ပိုလီဖီနော်လ်) နဲ့terpene(တာပန်း) တို့လိုphytochemical(ဖိုင်တိုကမ်မီကယ်လ်) ဓါတ်တွေပါဝင်ပါတယ်။ မြန်မာ့ရိုးရာအစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားလေ့ရှိကြတဲ့အခါ သံပရာသီးနဲ့မန်ကျည်းသီးကို သုံးကြပါတယ်။ သံပရာသီးကမွှေးတာကြောင့် အနံ့အသက်ကိုလည်းထိန်းပါတယ်။ အအီစာတွေ စားပြီးတဲ့အခါ ဒါမှမဟုတ်ခေါင်းမူးတဲ့အခါ သံပရာရေကိုဖျော်သောက်လိုက်ရင် ကြည်လင်းလန်းဆန်းစေနိုင်စွမ်းရှိပါတယ်။ ခရီးသွားရင်တောင်မှ သံပရာသီးလေး အိတ်ထဲဆောင်သွားရင်ပဲ ရှူဆေးဘူးမလိုတော့ပါဘူး၊ ကားမူးရင် ရှူလိုက်ရုံပဲ။ ဒီထက်မကတဲ့ နည်းလမ်းပေါင်းစုံနဲ့ အသုံးဝင်လှတဲ့ သံပရာသီးက ကျန်းမာရေးအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေရှိနေသလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ Scurvy(စကာဗီ) ရောဂါ သံပရာသီးက ဗီတာမင် စီ ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့scurvy(စကာဗီ) လို့ခေါ်တဲ့ရောဂါကို ကုသနိုင်ပါတယ်။ ဒီရောဂါရှိနေရင် သာမန်အအေးမိဝေဒနာတွေ၊ မကြာခဏဖျားနာတာတွေ ကြုံနေရသလို နှုတ်ခမ်းကွဲတာ၊ ကျီးကန်းပါးစပ်အနာ၊ လျှာနဲ့ခံတွင်းထဲမှာ အနာလေးတွေဖြစ်တာတွေ ရှိလာတတ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်သီးစိမ်းရဲ့ အစွမ်းသတ္တိ (၁၀) မျိုး

သင်ဟာ ငရုတ်သီးချစ်သူလား။ မျက်နှာတစ်ချက်မပျက်ဘဲ ငရုတ်သီးစိမ်းကိုစားနိုင်တဲ့သူ၊ လက်ဖက်သုပ်တင်မကဘဲ ဘာအသုပ်လေးစားစား ငရုတ်သီးစိမ်းနဲ့တွဲစားရမှ ဆိုတဲ့သူ၊ သင်္ဘောသီးဆို ရခိုင်သုပ်လေးမှ၊ ချဉ်စပ်ကလေးမှ ဆိုတဲ့သူဖြစ်ရင် ငရုတ်သီးချစ်သူပီသပါတယ်။ တချို့ကတော့ ဟင်းထဲပါလာတဲ့ ငရုတ်သီးလေးတွေတောင် အသေအချာရွေးဖယ်တတ်သူပါ။ အစပ်ကြောက်တတ်သူတွေက ငရုတ်သီးကို အစိမ်းရော၊ အမှည့်ရောရှောင်တတ်ပေမယ့် ငရုတ်သီးရဲ့အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို သိလိုက်ရရင် ကိုယ်ယူမစားတောင် ဟင်းထဲထည့်ချက်တာလောက်ကို ခွင့်ပြုကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ဟိုယခင်တည်းကမြန်မာ့ဟင်းလျာတွေမှာ ဘာလေးချက်ချက် ငရုတ်သီးစိမ်းလေးခတ်ပြီးချက်ပြုတ်တတ်ကြတာထင်ပါတယ်(ဥပမာ ချဉ်ရည်ဟင်းလိုမျိုး)။ အနံ့လည်းပိုမွှေးပြီး အညှီနံ့ပျောက်တာကိုး။ ငရုတ်သီးစိမ်းက ဗီတာမင် စီ ကြွယ်ဝပြီး အနှစ်လုပ်၊ထောင်းကြိတ်ကြတဲ့ ငရုတ်ခြောက်တွေမှာ ဗီတာမင် အေ ပိုများပါတယ်။ အစိမ်းရောင် သို့မဟုတ် အနီရောင်စိုတဲ့ ငရုတ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဘီတာကယ်ရိုတင် ပါဝင်မှုများပြီး ဗီတာမင် ဘီနဲ့ အီး၊ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။ ငရုတ်သီးစိမ်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ ဆက်ကြည့်ရအောင်။ (၁) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချွေးထွက်ခြင်းတွေလျှော့ကျစေဖို့ စားရမယ့်အစားအစာများ

ချွေးထွက်ခြင်းတွေ လျှော့ကျစေဖို့ စားရမယ့် အစားအစာများ ချွေးနံ့ကို ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။ တခြားလူတွေ ကိုယ့်ချွေးနံ့ကို ရရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေပါတယ်။ ချွေးထွက်တာက ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက ကောင်းတာတွေ ရှိသလို ချွေးနံ့တွေကြောင့် စိတ်ညစ်ရတာလည်း ရှိမှာပါ။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ရေမွှေးတွေ ဘယ်လောက်ပဲ သုံးသုံး ချွေးနံ့ရနေသေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံကို ပြန်လည်စစ်ဖို့ လိုပါတယ်။ နေထိုင်မှု ပုံစံထဲမှာ တစ်နေ့တာ စားသောက်တဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အမင်း ချွေးထွက်တာတွေနဲ့ ချွေးထွက်တဲ့အခါ အနံ့ဆိုး ဖြစ်ခြင်းတွေကို လျှော့ကျစေဖို့ အစားအစာ အချို့ကို ပြောပြချင်ပါတယ်။   ချိစ်နဲ့ နို့ထွက်ပစ္စည်း ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓါကိုယ်ရဲ့ အပူချိန်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ ရာသီစာလေးတွေ ရှိတာ သိတယ်ဟုတ်၊ နွေရာသီဆိုရင်လည်း ရေဓါတ်ပြည့်စေမယ့် အစားအစာတွေ ရွေးချယ်စားသောက်ပေးရသလို မိုးရာသီမှာလည်း ယင်နားစာတွေ မစားဖို့ သတိပြုရတာပါပဲ။ ဒီတော့ ဆောင်းတွင်းမှာလည်း အအေးဒဏ်ကြောင့် နှာစေး၊ ဖျားနာတာတွေ မရှိစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာ စားရမှာလေးတွေ Hello Sayarwon က လမ်းညွှန်ပေးမယ်နော်။ အသားစွပ်ပြုတ် ပူပူနွေးနွေး အသားစွပ်ပြုတ်လေးတွေ ကြိုက်တယ်မလား။ ပူပူနွေးနွေးလေးတွေက ဆောင်းရာသီမှာ အချမ်းဓါတ်ကို ပြေစေရုံသာမက ခန္ဓါကိုယ်ရဲ့ စွမ်းအင်တွေကို တိုးမြှင့်စေပါတယ်။ ခန္ဓါကိုယ် အတွင်းပိုင်းမှာ နွေးသွားစေတာမို့ ထိုင်းမှိုင်းနေတာတွေ မဖြစ်ဘဲ လန်းဆန်းတက်ကြွနေစေမှာပါ။ အသားကနေ ရရှိတဲ့ ပရိုတင်းဓါတ်ဟာ ခန္ဓါကိုယ် လှုပ်ရှားနိုင်ဖို့နဲ့ အားအင်တွေ ပြည့်နေစေတာမို့ ရောဂါတွေ အလွယ်တကူ မဝင်ရောက်စေပါဘူး။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ထမင်းရည် သောက်ပေးရင် ခန္ဓာကိုယ်ကျန်းမာတယ်

ထမင်းရည် ဆိုတာက ရင်းနှီးပြီးသား အစားအစာတစ်မျိုးပါ။ အထူးတလည်ပြောစရာမလိုဘဲ ငယ်ငယ်ကတည်းကကိုရင်းနှီးလာတဲ့စားစရာတစ်ခုပေါ့။ ငယ်ငယ်က ထမင်းရည်ထဲကို သကြားထည့်သောက်တာ၊ ဆားထည့်သောက်တာ၊နို့မှုန့်ထည့်သောက်တာ၊ ထမင်းနဲ့ဆားနဲ့ထည့်ပြီး ဖျော်စားတာမျိုး စားဖူးကြမယ်ထင်ပါတယ်။ ထမင်းရည်က အာဟာရဓာတ် များသလို ခန္ဓာကိုယ်ကျန်းမာလှပဖို့အတွက်လည်း တော်တော့်ကို အထောက်အကူပြုပါတယ်။ ဆန်ဆေးရေကိုတော့ အလှအပအတွက်တော်တော်လေးအသုံးပြုနေကြပြီဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ထမင်းရည်က ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို ကျန်းမာလှပစေနိုင်တဲ့ အကြောင်းလေး နည်းနည်းလောက် ပြောပြပါရစေ။ ထမင်းရည် ဆိုတာ ထမင်းရည်ဆိုတာ ဆန်ကို ရေစင်အောင်ဆေးပြီး ရေထည့်လို့ ထမင်းချက်တဲ့အခါ ထမင်းဖြစ်ပြီဆိုရင် ငှဲ့ချလိုက်ရတဲ့ အရည်ပါ။ ထမင်းကို ပေါင်းအိုးနဲ့ တည်တာမဟုတ်ဘူးဆိုရင် ထမင်းရည်ကို ရင်းနှီးပြီး ဖြစ်မှာပါ။ ထမင်းရည်မှာ ထမင်း [ဆန်] မှာပါတဲ့ အဆီအနှစ် တော်တော်များများ ပါဝင်နေတာကြောင့် ထမင်းနီးပါး အာဟာရကြွယ်တဲ့ သောက်စရာပါ။ သောက်ရတာ လွယ်ကူသလို အာဟာရ ပြည့်ဝတဲ့ […]


အဝလွန်ခြင်း

ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ

ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ ဘယ်မိန်းကလေးကမှ ဗိုက်က အဆီတွေကို ကြည်ဖြူစွာ လက်ခံထားချင်မှာ မဟုတ်ပါဘူး။ ဗိုက်မှာ အဆီတွေရှိနေတာက လူကိုဝသလို ခံစားရစေနိုင်ပြီး အဝတ်အစား ဝတ်ရင်လည်း ဗိုက်ချပ်ချပ်လေး မဖြစ်လို့ မလှဘူးလို့ ခံစားရနေနိုင်ပါတယ်။ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ အဆီတွေ၊ ဗိုက်ခေါက်တွေကို လက်ပြနှုတ်ဆတ်ဖို့ အချိန်တန်ပါပြီ။ တချို့တွေကတော့ ဗိုက်က အဆီတွေ ကျစေဖို့ အစားအစာ လုံးဝမစားတာမျိုး ရှိပါတယ်။ အစားမစားတဲ့ နည်းလမ်းက ကျန်းမာရေးကို ထိခိုက်စေတာမို့ အစားစားတဲ့ နည်းလမ်းလေးနဲ့ပဲ ဗိုက်က အဆီတွေကို ဖယ်ထုတ်ကြမယ်နော်။ အဆီတွေ ကျစေမယ့် ဖျော်ရည်လေးတွေ သောက်လို့ရပါတယ်။ ဘယ်လိုဖျော်ရည်တွေ ဖြစ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။ အဆီကျဖို့ဆိုရင်တော့ အမျှင်ဓါတ်များတဲ့ ဖျော်ရည်နဲ့ သကြားဓါတ်နည်းတဲ့ ဖျော်ရည်တွေကိုပဲ သောက်သုံးရမှာပါ။ ဘာလို့လဲဆိုတော့ အမျှင်ဓါတ်ကပဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချွေးထွက်ခြင်းတွေ လျှော့ကျစေဖို့ စားရမယ့် အစားအစာများ

ချွေးထွက်ခြင်းတွေ လျှော့ကျစေဖို့ စားရမယ့် အစားအစာများ ချွေးနံ့ကို ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။ တခြားလူတွေ ကိုယ့်ချွေးနံ့ကို ရရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေပါတယ်။ ချွေးထွက်တာက ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက ကောင်းတာတွေ ရှိသလို ချွေးနံ့တွေကြောင့် စိတ်ညစ်ရတာလည်း ရှိမှာပါ။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ရေမွှေးတွေ ဘယ်လောက်ပဲ သုံးသုံး ချွေးနံ့ရနေသေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံကို ပြန်လည်စစ်ဖို့ လိုပါတယ်။ နေထိုင်မှု ပုံစံထဲမှာ တစ်နေ့တာ စားသောက်တဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အမင်း ချွေးထွက်တာတွေနဲ့ ချွေးထွက်တဲ့အခါ အနံ့ဆိုး ဖြစ်ခြင်းတွေကို လျှော့ကျစေဖို့ အစားအစာ အချို့ကို ပြောပြချင်ပါတယ်။ ချိစ်နဲ့ နို့ထွက်ပစ္စည်း ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓါကိုယ်ရဲ့ အပူချိန်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာချင်ရင် ငါးစားပေးပါ

လူတော်တော်များများက ငါးစားရင်အရိုးစူးမှာကိုတွေးကြောက်ပြီး ငါးမစားကြပါဘူး။ ငါးက ကြက်သားတွေ၊အမဲသားတွေလိုမျိုး စားရတာအရမ်းကြီး အဆင်မပြေပေမယ့် ခန္ဓာကိုယ်အတွက်ကတော့တော်တော်လေး အကျိုးရှိပါတယ်။ ငါးစားပေးပါ ၊ ငါးစားရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။ ဘာကြောင့်ငါး စားသင့်တာလဲ ငါးမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ ငါးမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့omega-3 fatty acid လည်းပါဝင်ပါတယ်။ လူရဲ့ခန္ဓယကိုယ်ကomega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါဘူး။လေ့လာမှုတွအရomega-3 fatty acid က နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓါကိုယ်ကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။ ငါးကိုမကြိုက်ဘူး ဆိုရင်တောင်မှ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။ ကျန်းမာချင်ရင် ငါးစားပေးပါ ကျန်းမာချင်ရင် ငါးစားပေးပါ လို့ ပြောရတဲ့ အကြောင်းအရင်းက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတယ် လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေ့စဉ် စားသုံးနေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ

ထမင်းကမြန်မာလူမျိုးတွေအဓိကစားသုံးတဲ့အစားအစာတစ်ခုပါ။ ထမင်းက ဘယ်လိုအရောင်အဆင်း ဘယ်လိုအရသာရှိတယ်ဆိုတာကိုတော့ အထူးတလည်ပြောပြဖို့လိုမယ်မထင်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်စားဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုပေးနေလဲဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေကပြည်သူတွေက ထမင်းကိုအဓိကထားစားသုံးကြပါတယ်။ ဒီလိုမျိုးနေ့စဉ်စားသုံးဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုပေးနေလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ ထမင်းကနေ ဘယ်လိုအာဟာရဓာတ်တွေရရှိနိုင်သလဲ ထမင်းမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်ဓာတ်တွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် D၊ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကိုကြေညက်စေဖို့နဲ့ အူလမ်းကြောင်းက အာဟာရဓာတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓာတ်၊ ခန္ဓာကိုယ်ရဲ့သွေးပမာဏနဲ့ ရေဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်တို့ပါဝင်ပါတယ်။ ထမင်းစားရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးတယ် စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ယူရစ်အက်စစ် လျော့နည်းစေမယ့် အစားအစာ (၁၀) မျိုး

ယူရစ်အက်စစ် ( Uric Acid ) ဆိုတာ စားလိုက်တဲ့အစားအစာတွေထဲပါရှိတဲ့ပြူရင်းဓါတ်တွေနဲ့ ဆဲလ်သေတွေဆီကနေဖြစ်လာတဲ့သွေးထဲကစွန့်ပစ်ပစ္စည်းဖြစ်ပါတယ်။သွေးထဲမှာ ယူရစ်အက်စစ်က ထိုက်သင့်သလောက်ပမာဏတော့ရှိတာပုံမှန်ပဲဆိုပေမယ့် ကိုယ်စားတဲ့အစားအစာတွေကို မတိုင်းချင့်ဘူးဆိုရင် ယူရစ်အက်စစ်ပမာဏလွန်ကဲလာနိုင်ပါတယ်။ အဲဒီအခါကျောက်ကပ်က စစ်မထုတ်နိုင်တော့ဘဲ အဆစ်အမြစ်တွေရောင်ရမ်းစေတဲ့ ဂေါက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကိုမထိန်းချုပ်ဘူးဆိုရင်သွေးထဲက ယူရစ်အက်စစ်ပမာဏကပိုပိုများလာပြီး အရိုးအဆစ်တွေနဲ့ကြွက်သားတစ်ရှူးတွေမှာ ယူရစ်အက်စစ်ပုံဆောင်ခဲတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ဂေါက်ရောဂါကိုသေချာမကုသရင် အရိုးအဆစ်တွေပုံသဏ္ဍာန်ပျက်ယွင်းလာတာ၊ ပျက်စီးလာတာ၊ကျောက်ကပ်ကျောက်တည်တာတွေအထိဖြစ်စေနိုင်ပါတယ်။ ယူရစ်အက်စစ်ကို သွေးစစ်ကြည့်ပြီးမှ သိနိုင်တာဖြစ်ပြီး ပုံမှန်ရှိရမယ့် ယူရစ်အက်စစ်ပမာဏကတော့ အမျိုးသားတွေမှာ 3.5 ကနေ 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 ကနေ 5.7 mg/dl ဖြစ်ပါတယ်။ဂေါက်ရောဂါရှိနေသူတွေရော၊ ယူရစ်အက်စစ်များနေသူတွေအတွက် စားသုံးသင့်တဲ့အစားအစာ (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။ ယူရစ်အက်စစ် လျော့နည်းစေမယ့် အစားအစာမ်ား (၁) ပန်းသီး ပန်းသီးမကြာခဏစားပေးပါ။malic acid ကြွယ်ဝတာကြောင့်သွေးတွင်းကယူရစ်အက်စစ်ကိုချေဖျက်ပေးနိုင်ပါတယ်။   (၂) ဘယ်ရီသီးများ စတော်ဘယ်ရီ၊ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေစားပေးပါ။ ဘယ်ရီသီးတွေစားပေးခြင်းဖြင့်ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ကြောင့်သွေးထဲက ယူရစ်အက်စစ်ပမာဏကိုလျော့ကျစေပါတယ်။ သကြားထည့်စားတာ၊ သိပ်မှည့်နေတဲ့အသီးကိုစားတာတွေတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း