ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ဖရဲသီး လို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။ ဖရဲသီး အဝါရောင်မှာပါတဲ့ အာဟာရဓာတ် အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ ကာဗိုဟိုက်ဒရိတ် ကယ်လ်လိုရီ အဆီဓာတ် အမျှင်ဓာတ် သကြားဓာတ် ပရိုတင်း ပိုတက်ဆီယမ် ကယ်လ်ဆီယမ် ဗီတာမင် A ဗီတာမင် C သံဓာတ် phosphorus မဂ္ဂနီဆီယမ် စတာတွေ ပါဝင်နေပါတယ်။ ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေတယ် ဖရဲသီး အဝါရောင်မှာ citrulline […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

သူ့အတိုင်းပဲ ကြော်စားစား၊ လက်ဖက် နဲ့ပဲရော ကြော်ကြော်၊ ဂျူးဖူး၊ အသားတို့နဲ့ရော ကြော်ကြော်၊ ကင်ပြီးတော့ပဲ စားစား ခပ်စေးစေး နဲ့ ခါးသက်သက် အရသာရှိပြီး ဆေးဖက်ဝင် တယ်လို့ နာမည်ကြီးနေတဲ့ နှစ်တစ်ရာသီးက ဘယ်လိုများ ကျန်းမာရေး အတွက် ကောင်းလဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နှစ်တစ်ရာသီး မှာပါတဲ့ အာဟာရတွေ နှစ်တစ်ရာသီးမှာ ဗီတာမင် B အုပ်စုတွေ ဖြစ်ကြတဲ့ riboflavin niacin thiamin pantothenic acid vitamin B-6 နဲ့ folates တို့ပါဝင်သလို copper မဂ္ဂနိစ် ပိုတက်ဆီယမ် ကယ်လ်ဆီယမ် သံဓာတ် selenium တို့ ပါဝင်နေပါတယ်။ နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး ခါးသက်သက် စေးပိုင်ပိုင် နှစ်တစ်ရာသီးက သွေးတွင်း ကိုလက်စထရောကျစေတယ် နှစ်တစ်ရာသီး စားသုံးပေးတာက သွေးတွင်း ကိုလက်စထရောကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

ဂန္ဓမာပန်းပွင့် ကားကားလှလှကြီးတွေကို မြင်ဖူးကြမယ်မဟုတ်လား။ ဘုရားပန်းတင်ကြတယ်၊ အိမ်မှာလည်း အလှထိုးကြတယ်။ အင်မတန်လှတဲ့ ပန်းပွင့်ကြီးတွေပေါ့။ အင်္ဂလိပ်လို Chrysanthemums လို့ခေါ်ကြပြီး အာရှမျိုးရင်းတစ်မျိုးဖြစ်ပြီးတော့ အရှေ့တိုင်းနိုင်ငံတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်ပါတယ်။ တကယ်တော့ ဂန္ဓမာပန်းဟာ အမြင်တင့်တယ်ရုံသာမကပါဘူး။ ကျန်းမာရေးကိုလည်း အကျိုးပြုနိုင်တဲ့ အပင်တစ်မျိုးပါ။ တရုတ်၊ ဂျပန်နဲ့ အရှေ့အာရှဒေသက တိုင်းပြည်တွေမှာတော့ ဒီပန်းကို ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတယ်။ ဂန္ဓမာပန်းလေးရဲ့ အစွမ်း သိပ္ပံနည်းပညာတွေ တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာတော့ အပင်မျိုးစိတ်အလိုက် လူသားတွေအပေါ် အကျိုးပြုနိုင်စွမ်းတွေကို လေ့လာသုတေသနပြုလာနိုင်နေပြီဖြစ်တာမို့ ဂန္ဓမာပန်းပင်ရဲ့ အစွမ်းကိုလည်း တိတိကျကျ ဖော်ထုတ်လာနိုင်နေပြီဖြစ်ပါတယ်။ လေ့လာချက်တွေအရတော့ ဂန္ဓမာပန်းပင်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ သွေးတိုးနဲ့ သိုင်းရွိုက်ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ဆေးပညာမှာလည်း ရောင်ရမ်းတာနဲ့ အာရုံကြောအားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ခေတ်မီဆေးသိပ္ပံပညာရှုထောင့်ကလည်း လက်ခံအတည်ပြုထားကြပါတယ်။ ဒါ့အပြင် Institute for […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

မနေ့ညက ဘော်ဒါတွေ ဆုံသွားလို့၊ TGIF မို့လို့ဆိုပြီး တော်တော်လေး ကစ်လိုက်မိတယ်။ ခုမနက် တော်တော်လေးကို အဆင်မပြေဖြစ်လို့ အရက်နာကျ နေပြီလား။ ဒါဆိုရင်တော့ ကျနေတဲ့ အရက်နာ ပိုဆိုးမသွားစေဖို့ ဘာတွေရှောင်လို့ ဘာတွေ စားမလဲ ကြည့်လိုက်ရအောင်လား။ အရက်နာကျတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။ အရက်သောက်တာ များသွားတဲ့အခါ ဗိုက်အောင့်မယ် ကိုယ်လက် မအီမသာဖြစ်မယ် အော့ချင်အန်ချင်မယ် ခေါင်းကိုက်မယ် ညီးစီစီ ဖြစ်မယ် ရေငတ်မယ် ခေါင်းထဲမှာ ပေါ့ပေါ့ကြီး ဖြစ်နေမယ် ခြေကုန်လက်ပန်း ကျမယ် ကတုန်ကယင်ဖြစ်မယ် စိတ်ခံစားမှု ပြဿနာဖြစ်မယ် စတာတွေက အရက်နာကျမှု လက္ခဏာတွေပါ။ အရက်နာ ကျနေတဲ့အခါ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ။ အရက်နာ ကျနေတဲ့အခါ ခံစားရမှု ပိုဆိုး မသွားဘဲ သက်သာစေဖို့ဆိုရင် ဒါတွေ စားပေးပါ............ အုန်းရည် အရက်နာကျရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသားတု စားလို့ အားရှိသလား

အသားတု ကို စားသုံးကြတာ သက်သတ်လွတ်သမားတွေတင် မကပါဘူး။ ကြာဆန်ချက်၊ ကြာဆန်ကြော်၊ ခေါက်ဆွဲကြော် တို့မှာ ထည့်သွင်းလေ့ ရှိကြတယ်လေ။ အတော်များများ စားလေ့ရှိတဲ့ အစားအစာပါ။ အသားတု စားတာ အသားအစားထိုး စားသုံးဖို့ စိတ်ဖြေတာပဲလား။ အာဟာရအတွက် ဘယ်လောက် အကျိုးပြုနိုင်သလဲ ဆိုတာ တွေးကြည့်ရအောင်။ အသားတုကို ပဲပုပ်ပဲကို အခြေခံပြီး ထုတ်လုပ်ကြတာ များပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် အပြည့်အဝ ရနိုင်တာမို့ အရသာရော အာဟာရပါ အသားအစားထိုး ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ (၁) နှလုံးကျန်းမာရေး ကောင်းစေတယ် ပဲပုပ်ပဲ ရဲ့ ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှု အတွက် မရှိမဖြစ် အရေးပါပါတယ်။ ပရိုတင်း ဆိုတာ နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပျားရည်၏ အာနိသင် ၆ မျိုး

ပျားရည်ကို နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုတဲ့ ဆေးဝါးအနေနဲ့သားမက အစားအသောက်များမှာလည်း ထည့်သွင်း သုံးဆောင်ကြပါတယ်။ များသောအားဖြင့် စူပါမားကတ်တွေမှာ ရရှိနေတဲ့ ပျားရည်တွေဟာ ပိုးသန့်စင်ပြီးသား ပျားရည်အမျိုးအစား ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်များဟာ ပိုးမသတ်ရသေးတဲ့ ရိုးရိုးပျားရည်မှာ ပိုပြီးကြွယ်ဝပါတယ်။ ပိုးသန့်စင်ထားတဲ့ ပျားရည်တွေမှာတော့ အရောင်အသွေးဆွဲဆောင်မှုရှိအောင်၊ တာရှည်ခံအောင် ပြင်ဆင်ထားပေမယ့် အာဟာရဓာတ်တချို့ ပျက်စီးသွားပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ရိုးရိုးပျားရည်ရဲ့ အာနိသင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာဆဲလ်များ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ ကင်ဆာ၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ သုတေသနတွေအရ ပျားရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပိစပ် နဲ့ သတိပြုစရာများ

ပဲနို့၊ ပဲပြား၊ အသားတု၊ ပဲငန်ပြာရည် နဲ့ ပဲပိစပ်ဆီ စတဲ့ ပဲပိစပ် ကနေ ထုတ်လုပ်တဲ့ အစားအသောက်တွေ ကို စားသုံးသူ အတော်များပါတယ်။ ကျန်းမာရေးအတွက် သူ့ရဲ့ အကျိုးကျေးဇူးကလည်း မသေးဘဲကိုး။ ဒါပေမယ့် ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး နေ့စဉ်စားမယ်၊ ပမာဏ များများ စားမယ်၊ လွန်ကဲလာမယ် ဆိုရင် စဉ်းစားရမယ့် အချက်တွေ ရှိနေတာလေး သတိပေးချင်ပါတယ်နော်။ ဥပမာ - ဟင်းချက်တဲ့ အခါ ပဲပိစပ်ဆီ၊ အာဟာရ ဖြစ်အောင် ပဲနို့၊ ပြီးရင် ပဲပိစပ် ပါဝင်တဲ့ တခြားအစားအသောက်တွေပါ နေ့တိုင်း များများစားနေမယ်ဆို တစ်နေ့တာ လိုအပ်တာထက် ပိုသွားနိုင်ပါတယ်။ ရိုးရိုးကျန်းမာသူတွေဆို အကျိုးကျေးဇူးတွေချည်း ရနိုင်ပေမယ့် ကိုယ့်မှာ ရှိနေတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဆင်ခြင်စားသုံးသင့်တဲ့သူတွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သင့်တော်မျှတတဲ့ သက်သတ်လွတ်စားသောက်ပုံဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ကို အမှန်အတိုင်းသိရှိမှ စားသင့်မစားသင့်ဆုံးဖြတ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ ဖြစ်ပါတယ်။ ၁။ သက်သတ်လွတ်အစားအစာဆိုသည်နှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီးသားဟု ယူဆခြင်း သက်သတ်လွတ်စားသူဆိုတာနဲ့ ကျန်းမာရေးကောင်းသူလို့ ယူဆလိုက်တာတွေ ရှိပါတယ်။ အမှန်တော့ ဘာစားသလဲ၊ စားလိုက်တဲ့ အစာမှာ ဘာတွေပါဝင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ ဥပမာ ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ သက်သတ်လွတ်ဟမ်ဘာဂါမှာ အဆင့်ဆင့်ပြုပြင်ထားတဲ့ ပစ္စည်းတွေပါဝင်ပြီး ကယ်လိုရီလည်း များပါတယ်။ သက်သတ်လွတ်စားတယ်ဆိုပေမယ့် ကယ်လိုရီနည်းပါးပြီး ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မျှတအောင် စားသုံးနိုင်မှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တညင်းသီးက အာဟာရဖြစ်လို့လား။

မိုးဦးကျတဲ့ အချိန်မှာ ပေါ်လာတတ်တဲ့ တညင်းသီး ကို မြန်မာလူမျိုး တော်တော်များများ သဘောကျ ကျပါတယ်။ အတို့အမြှုပ် အနေနဲ့ ဖြစ်ဖြစ်၊ ဟင်းချက်ပြီး ဖြစ်ဖြစ်၊ ဆားရည်စိမ်ပြီး ဖြစ်ဖြစ် စားတတ်ကြပါတယ်။ သဲမြေထဲမှာ အပင်ဖောက်ပြီး တညင်းဝက် လုပ်စားတာတောင် ရှိပါသေးတယ်။ မီးလေးအုံးပြီး တို့စားတာ၊ ပြုတ်ပြီး တို့စားတာ၊ အစိမ်းနုနုလေးကို တို့စားတာတွေ ရှိပါသေးတယ်။ ဒီလောက်နဲ့ ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ စေးနေအောင် ပြုတ်ထားတဲ့ တညင်းသီးကို အပြားပုံစံလေးဖြစ်အောင် ထုထောင်းပြီး ပဲဆီလေးနဲ့စိမ်တာ ဒါမှမဟုတ် အုန်းဆီချက် စမ်းပြီး စားတာမျိုုးတွေ ရှိပါတယ်။ တညင်းသီးက အာဟာရမဖြစ်ဘူးလို့ ပြောရတဲ့ အကြောင်းအရင်း တညင်းသီးမှာ အဆိပ်အတောက် အနည်းငယ် ပါပါတယ်။ တညင်းသီးမှာပါတဲ့ အမိုင်နိုအက်ဆစ်  တစ်မျိုးဖြစ်တဲ့ djenkolic acid ပါဝင်နေပါတယ်။ ဒီ အက်ဆစ်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟမ်ဘာဂါမစားပဲ စမူဆာ စားသင့်ရတဲ့ အကြောင်းအရင်း

စမူဆာ (Samosa) ဆိုတာ ဘယ်လိုအစားအစာမျိုးလဲဆိုတာကို မြန်မာလူမျိုးတိုင်း သိကြတယ်။ ဒီလိုပဲ အရှေ့တောင်အာရှဒေသက လူတွေရော၊ အရှေ့အလယ်ပိုင်းကလူတွေရော၊ ယုတ်စွအဆုံး ဗြိတိန်နဲ့ အမေရိကမှာနေတဲ့ လူတွေတောင်သိကြတယ်။ စမူဆာဆိုတာ သာမန်မုန့်လေးတစ်ခုလို့ မြင်ချင်စရာရှိပြီး သိပ်ကို နာမည်ကျော်တဲ့ ဟမ်ဘာဂါလောက် လူသိမများဘူးလို့ ထင်ချင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ သူလည်း ထင်ရှားတဲ့ အဆာပြေဆာ မုန့်တစ်မျိုးဖြစ်ပါတယ်။ ပိုပြီး ကောင်းမွန်တဲ့အချက်ကတော့ လေ့လာချက်တွေအရ စမူဆာဟာ ဟမ်ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာပါပဲ။ Centre for Science and Environment ကတော့ အဲ့ဒီအတိုင်းကို ဆိုထားပါတယ်။ ရုတ်တရက်ဆိုရင်တော့ ဆီကြော်မုန့်တစ်မျိုးဖြစ်တဲ့ စမူဆာက ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို ယုံခက်ခက်ကြီးဖြစ်နိုင်ပေမယ့် ပြုပြင်ထားတဲ့အစာပလာဘာမှ ထည့်သွင်းထားခြင်းမရှိတာတစ်ချက်နဲ့တင် ဒီအချက်က ဖြစ်နိုင်ကြောင်း ခန့်မှန်နိုင်ကြမယ်ထင်ပါတယ်။ စမူဆာ Vs ဟမ်ဘာဂါ စမူဆာဆိုတာက ၉ ရာစုဝန်းကျင်တုန်းက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း