ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပါးစပ်ကို အလိုလိုက်ပြီး ဆက်မစားသင့်တော့တဲ့ အစားအစာများ

တစ်ခါတစ်လေမှာ ကိုယ်နှစ်သက်တဲ့ အစားအစာတွေက ကိုယ့်ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးဖြစ်နေတတ်တယ်။ ဒီလိုအစားအစာမျိုးတွေဆိုရင် လူတွေက တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါတယ်။ စားမိလိုက်ရင် ချက်ခြင်း ကျန်းမာရေး ထိခိုက်လာပြီး ရေရှည်မှာ ပြဿနာကြီးကြီးမားမားတွေ ကြုံလာရနိုင်တာကိုး။ ဥပမာ အုန်းနို့ခေါက်ဆွဲတို့၊ ဒံပေါက်တို့၊ တညင်းသီးတို့လို အစားအစာမျိုးတွေပေါ့။ တချို့အစားအစာတွေကျတော့ ရုတ်တရက်ဆို မသိသာပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ကြီးကြီးမားမား ပြဿနာပေးနိုင်ကြပါတယ်။ ပုံမှန် လူတွေကြားမှာ အလွယ်တကူ ဝယ်ယူစားသောက်လို့ရနေပြီး စိတ်ထဲ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ချင်စရာ အစားအစာမျိုးတွေပါ။ ပီဇာတို့၊ ဘာဂါတို့၊ အာလူးချောင်းကြော်တို့လို အစားအစာမျိုးတွေပေါ့။ ဒီအစားအစာမျိုးတွေဟာ လူတိုင်းနဲ့ နီးစပ်မှုရှိပြီး တစ်ခါတစ်ရံ နေ့စဉ်စားသောက်မှု အစီအစဉ်တွေထဲမှာကို ပါနေတတ်ပါတယ်။ ကျန်းမာရေးနဲ့ မကိုက်ညီဘူးလို့ သိနေရင်တောင်မှ သိပ်သတိမထားမိဘဲ စားပစ်လိုက်မိတဲ့ အစားအစာမျိုးတွေပါ။ အဲ့လိုအစားအစာမျိုးတွေဟာ ကိုယ်နဲ့မတည့်လို့ သေသေချာချာ သတိထားပြီး ရှောင်ရတဲ့ အစားအစာမျိုးတွေထက်ပိုပြီး […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ဥပုသ်စောင့် ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ဆို ဥပုသ်စောင့် ကြပါပြီ။ ဥပုသ်နေ့ပဲ စောင့်ကြတဲ့သူရှိသလို ဝါတွင်းသုံးလလုံး စောင့်ကြတဲ့သူလည်း ရှိပါတယ်။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဥပုသ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဘယ်ကနေရသလဲဆို နေလွဲညစာ ရှောင်ကြတာ တချို့တွေမှာ သက်သတ်လွတ်စားကြတာ တရားထိုင်၊ ပုတီးစိပ်ကြတာ စတာတွေကနေ ရပါတယ်။ ဆက်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုးတွေ ဆက်ကြည့်ရအောင်။ ဥပုသ်စောင့် ချိန် နေလွဲညစာ ရှောင်ကြတာ နေလွဲညစာ ရှောင်တယ်ဆိုတာ တကယ်တော့ intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Pistachios ကြိုက်သူလေးတွေအတွက် သတင်းကောင်း

Pistachio  စေ့လေးတွေဟာ အရသာရှိ သလို ပျင်းလည်းပြေစေတဲ့ အစားအစာတစ်ခုပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ အပျင်းပြေ အရသာရှိရှိ စားလို့ရတဲ့ Pistachio စေ့လေးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ပရိုတင်း၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေပြီး ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။ Pistachio စေ့လေးကပေးတဲ့ အာဟာရ စားလို့ကောင်းတဲ့ Pistachio စေ့လေးတွေမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ပရိုတင်း အဆီ ပိုတက်ဆီယမ် Phosphorus ဗီတာမင် B6 Thiamine Copper မဂ္ဂနိ့ တို့ ပါဝင်နေပါတယ်။ Pistachio ကပေးတဲ့ ကျန်းမာရေး အပျင်းပြေ အရသာ ရှိရှိစားလေ့ရှိတဲ့ Pistachio က မျက်လုံး ကျန်းမာစေတယ် Pistachio မှာ မျက်လုံး ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နဂါးမောက်သီး စားပေးပါ

အပြင်ခွံ အမြင် ဆန်းဆန်းလေးနဲ့ အမည်နာမ ခပ်ဆန်းဆန်းလေးဖြစ်နေတဲ့ နဂါးမောက်သီးက စားလို့ကောင်းသလို ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။ အတွင်းသား ဖြူဖြူလေး ဒါမှမဟုတ် နီနီရဲရဲလေးမှာ အမဲစက်စက်လေးတွေ ပါတတ်တဲ့ နဂါးမောက်သီးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နဂါးမောက်သီး ဆိုတာ နဂါးမောက်သီး ဆိုတဲ့နေရာမှာ အဖြူရောင် နဲ့ အနီရောင်ဆိုပြီး ၂ မျိုး ရှိပါတယ်။ အဖြူရောင်က အတွင်းသား အဖြူရောင်မှာ အမဲအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပြီး အနီရောင်ကတော့ အတွင်းသား အနီရောင်မှာ အမဲအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပါတယ်။ အဖြူရောင် အသီးက ခပ်ရှည်ရှည် ဖြစ်ပြီး အနီရောင်မျိုးက ခပ်ဝိုင်းဝိုင်းလေးတွေပါ။ မြန်မာနိုင်ငံမှာ ပေါက်ရောက်သလို အာရှနိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ နဂါးမောက်သီး ကပေးတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှမ်းဆီ ကပေးတဲ့ ကျန်းမာရေး

အိမ်တိုင်းမှာ ဟင်းချက်ဖို့အတွက် မြေပဲဆီကိုသုံးကြတာ များပါတယ်။ နှမ်းဆီ က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ခါးသက်သက် အရသာကြောင့် ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် တစ်ခုလို သုံးကြတာ များပါတယ်။ ဒီတစ်ခေါက်တော့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုပ်တွေထဲမှာ ထည့်သုပ်လေ့ရှိတဲ့ နှမ်းဆီ လေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ နှမ်းဆီ လေး ကပေးတဲ့ ကျန်းမာရေး ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ အသုံးများကြတဲ့ နှမ်းဆီ လေးက နှလုံး ကျန်းမာစေတယ် နှမ်းဆီ က အခြားသော ဟင်းဆီတွေထက် ပြည့်ဝဆီ ပါဝင်မှု နည်းပါတယ်။ နှမ်းဆီ ၁၀၀ ဂရမ်မှာ monounsaturated fats ၄၀ ဂရမ်၊ polyunsaturated fats ၄၂ ဂရမ် နဲ့ ပြည့်ဝဆီက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပေါ်လီဖီနော (Polyphenol) အကြောင်း သိကောင်းစရာ

ပေါ်လီဖီနောဆိုတာကတော့ အပင်တွေမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ပေါ်လီဖီနောအမျိုးကွဲပေါင်း ငါးရာကျော်ခန့်ရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ အဓိကအားဖြင့် ပေါ်လီဖီနောကို အုပ်စုကြီး ၄စုခွဲခြားပါတယ်။ ၎င်းတို့ကတော့ - ဖလေဗာနွိုက် (Flavonoid) - ဖီနောလစ်အက်ဆစ် (Phenolic Acids) - စတေလ်ဘင်းစ် (Stilbenes) - လစ်ဂ်နန် (Lignans) စတာတွေပဲ ဖြစ်ပါတယ်။ ဘယ်အစားအစာတွေမှာ ပေါ်လီဖီနောအများဆုံးပါဝင်သလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲဆိုတာ ဆက်လက်ဖော်ပြသွားပါမယ်။ ပေါ်လီဖီနောပါဝင်မှုများတဲ့ အစားအစာတွေကတော့ - အသီးအနှံများ။ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ဂရိတ်ဖရု၊ ချယ်ရီ၊ ဘလူးဘယ်ရီ၊ သလဲသီး၊ မက်မွန်သီး၊ ဆီးသီး၊ စတော်ဘယ်ရီ၊ တရုတ်ဆီးသီး - ဟင်းသီးဟင်းရွက်များ။ ဟင်းနုနွယ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပန်းပွင့်စိမ်း၊ ကညွတ်၊ မုန်လာဥနီ - အစေ့အဆန်၊ အခွံမာသီးများ။ ပဲပိစပ်လှော်၊ ပဲကြီး၊ ပဲကတ္တီပါ သစ်ချသီး၊ သစ်အယ်သီး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး

သလဲပင်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မြေထဲပင်လယ်ဒေသမှာ စတင်စိုက်ပျိုးခဲ့ကြပါတယ်။ သလဲသီးကိုလည်း ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ သုံးစွဲခဲ့ကြပါတယ်။ သလဲသီးကို အင်္ဂလိပ်လို Pomegranate လို့ခေါ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သလဲသီးဖျော်ရည်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ၁။ အဆစ်ရောင်ခြင်းကို သက်သာစေခြင်း သလဲသီးဖျော်ရည်မှာပါဝင်တဲ့ flavonol ဟာ ရောင်ရမ်းခြင်းတွေကို တားဆီးပေးနိုင်တာကြောင့် အရိုးအဆစ်ရောင်ခြင်းနဲ့ အရိုးနုများထိခိုက်ပျက်စီးခြင်းကို လျော့နည်းစေပါတယ်။ ယခုဆက်လက်ပြုလုပ်နေဆဲ သုတေသနတွေအရ အရိုးပွခြင်း၊ လေးဖက်နာအဆစ်ရောင်ခြင်း၊ အခြား အဆစ်အမြစ်ရောင်ခြင်း အမျိုးအစားများကို သက်သာစေနိုင်မယ့် အာနိသင်တွေရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။ ၂။ နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းစေခြင်း သလဲသီးဖျော်ရည်ဟာ နှလုံးအတွက် အကျိုးအပြုဆုံး အသီးဖျော်ရည်ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့စေပြီး သွေးကြောများ မာကြောခြင်း၊ ထူထဲခြင်း မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောထဲမှာ ကိုလက်စထရောတွေ မစုဝေးအောင် တားဆီးပေးနိုင်ပါတယ်။ ၃။ သွေးပေါင်ချိန် ထိန်းနိုင်ခြင်း သလဲသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် သွေးတိုးခြင်းကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

လက်ဖက်သုပ်၊ ချင်း (ဂျင်း) သုပ် နဲ့ အမျိုးမျိုးသော အသုပ်တွေထဲမှာ ထည့်စားတတ်တဲ့ နှမ်းစေ့လေးတွေက သေးငယ်ပေမယ့် ကျန်းမာရေးကို အများကြီး အကျိုးပြု ပေးပါတယ်။ နှမ်းစေ့မှာပါတဲ့ အာဟာရ နှမ်းစေ့ကို ထန်းလျက်နဲ့ ယိုထိုးပြီး နှမ်းယို လုပ်စားတတ်လို့ရတဲ့ နှမ်းစေ့လေးထဲမှာ ကယ်လ်လိုရီ အဆီ Copper သံဓာတ် မဂ္ဂနိစ် ကယ်လ်ဆီယမ် ဇင့် Selenium ဗီတာမင် B အုပ်စုစတာတွေ ပါဝင်နေပါတယ်။ နှမ်းစေ့ကပေးတဲ့ ကျန်းမာရေး အသုပ်တိုင်းလိုလိုမှာ ပါတတ်သလို၊ နှမ်းထောင်း၊ နှမ်းယို၊ နှမ်းကပ်ကြော် အဖြစ်ပါ စားတတ်ကြတဲ့ နှမ်းစေ့လေးက နှလုံး ကျန်းမာစေတယ် နှမ်းစေ့မှာ အဆီပျော်ဝင်လွယ်တဲ့ sesamin  လို့ခေါ်တဲ့ အရာတစ်ခု ပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန် ကျစေဖို့ ကူညီပေးသလို အသည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

ကန်စွန်းကြီးရွက် ဆိုတာ ကန်စွန်းဥပင်ရဲ့ အရွက်တွေပါ။ ငါးဆုပ် သို့မဟုတ် ပုစွန်တို့နဲ့ ချဉ်ရည်ချက်စားရင် နူးနူးညံ့ညံ့လေးနဲ့ သိပ်စားကောင်းတဲ့ အရွက်ပေါ့။ ကန်စွန်းရွက်ထက် ပိုနူးညံ့သလို ကျန်းမာရေး အကျိုးကျေးဇူးလည်း မနည်းတဲ့ အသီးအရွက် ဖြစ်ပါတယ်။ ဝယ်ရတာ ရှားနေသလား။ အိမ်မှာ ကန်စွန်းဥတစ်ဥလောက် စိုက်ထားရုံနဲ့ တစ်အိမ်လုံး စားလောက်တဲ့ အထိ အပင် ဖြစ်ထွန်းလွယ်ပါတယ်။ ကြာလာရင် အော်ဂန်းနစ် ကန်စွန်းဥတောင် စားရလိမ့်ဦးမယ်။ ကန်စွန်းကြီးရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်… (၁) ဓာတ်တိုးဆန့်ကျင် အစွမ်းအာနိသင်ပေးတယ် ကန်စွန်းကြီးရွက် လတ်လတ်ဆတ်ဆတ်လေး တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အတွက် free radicals တွေကြောင့် ဖြစ်ရတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်တားဆီးပေးပါတယ်။ ဒါ့ကြောင့် အရွယ်တင်စေတာ၊ ကင်ဆာ ကာကွယ်နိုင်တာ၊ အဆစ်ရောင်ရောဂါ သက်သာစေတာ၊ ပန်းနာရင်ကျပ် သက်သာစေတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တာအိုးရွက် နဲ့ ကျန်းမာရေး

ဟော့ပေါ့ထဲ ထည့်စားတတ်တဲ့ တာအိုးရွက်လေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပေးလဲဆိုတာကို သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။ တာအိုးရွက် မှာပါတဲ့ အာဟာရ သက်တတ်တတ် အရသာလေးနဲ့ ခပ်ကြွပ်ကြွပ် တာအိုးရွက်လေးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓာတ် ဖောလိတ် မဂ္ဂနိစ် သံဓာတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ်  ဗီတာမင် B2 တို့ ပါဝင်နေပါတယ်။ တာအိုးရွက်ကပေးတဲ့ ကျန်းမာရေး ကြွပ်ဆတ်ဆတ် ခါးသက်သက် တာအိုးရွက်လေး စားသုံးပေးတာက ကိုယ်အလေးချိန် ထိန်းညှိပေးတယ် တာအိုးရွက်မှာ ပါတဲ့ hydroxycinnamic acid တစ်မျိုးဖြစ်တဲ့ chlorogenic acid က အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဝမလွန်အောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း