ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း

နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများမှာ စိုက်ပျိုးကြပါတယ်။ အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာကြတာနဲ့အမျှ စိုက်ပျိုးစားသုံးမှု ပိုမိုမြင့်တက်လာပါတယ်။ ယခုဆောင်းပါးမှာ နဂါးမောက်သီးရဲ့ အာဟာရတန်ဖိုးများနဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပါဝင်သော အာဟာရဓာတ်များ နဂါးမောက်ပင်ကို သိပ္ပံအခေါ်အားဖြင့် Hylocereus cactus လို့ ခေါ်ပါတယ်။ Dragon fruit လို့လည်း ခေါ်ပါတယ်။ နဂါးမောက်သီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ် စတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ နဂါးမောက်သီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ (၆၀) - ပရိုတိန်း (၁.၂ ဂရမ်) - ကာဘိုဟိုက်ဒရိတ် (၁၃ ဂရမ်) - အမျှင်ဓာတ် (၃ ဂရမ်) - ဗီတာမင် C (တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း) - […]


အာဟာရဆိုင်ရာ အချက်အလက်များ

သင့်ကျန်းမာရေးကို အကျိုးပြုမယ့် အစေ့အဆန်များ

အစေ့အဆန်များဟာ အရွယ်အစားသေးငယ်ပေမယ့် အာဟာရတန်ဖိုးနဲ့တွက်ကြည့်ရင် အတော်လေးအဖိုးတန်ပါတယ်။ အစေ့အဆန်တွေမှာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစေ့အဆန် ၅ မျိုးရဲ့ ကျန်းမာရေး အကျိုးပြုပုံ ဖြစ်ပါတယ်။ ၁။ နှမ်းကြတ်စေ့ နှမ်းကြတ်စေ့မှာ အမျှင်ဓာတ်နဲ့ Omega 3 အဆီဓာတ် ကြွယ်ဝပါတယ်။ နှမ်းကြတ်စေ့ တစ်အောင်စ (၂၈ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်များကတော့ - ကယ်လိုရီ။ ၁၅၂ - အမျှင်ဓာတ်။ ၇.၈ ဂရမ် - ပရိုတိန်း။ ၅.၂ ဂရမ် - ပြည့်ဝဆီ။ ၂.၁ ဂရမ် - Omega 3 အဆီ။ ၆.၅ ဂရမ် - Omega 6 အဆီ။ ၁.၇ ဂရမ် - မဂ္ဂနိစ်။ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

သက်သတ်လွတ် စားတဲ့ သူတွေဟာ အသားဓာတ်ကို ပြည့်ဝအောင် ရရှိဖို့ လိုအပ်ပါတယ်။ အသားမှ မစားရတာကိုး။ လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အသားဓာတ် က မရှိမဖြစ် ပါဝင်နေလို့ပါပဲ။ အသား မစားတဲ့ သူတွေအတွက် အသားဓာတ် အသား မစားတဲ့သူတွေဟာ အသားဓာတ် ပါဝင်တဲ့ အသီးအရွက်တွေ၊ သက်သတ်လွတ် အစားအစာတွေကို ရွေးချယ်မစားသုံးတတ်ရင် အသားဓာတ်ချို့တဲ့မှု ကို ခံစားရနိုင်ပါတယ်။ အသားဓာတ် ချို့တဲ့ရင် အရိုး ကျိုး အက်လွယ်မယ် ဆံပင်နဲ့ လက်သည်း မကျန်းမာတော့ဘူး ကိုယ်အလေးချိန် ကျလာမယ် အားနည်း နွမ်းနယ်လွယ်လာမယ် ကိုယ်ခံအား နည်းပြီး နေမကောင်းဖြစ်လွယ်မယ် စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အသားဓာတ် ရရှိနိုင်မယ့် သက်သတ်လွတ် အရင်းအမြစ်တွေကို သိထားဖို့ […]


အားကစားသမားများအတွက်အာဟာရ

ဘော်ဒီတက် လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီတက် လာအောင် လေ့ကျင့်ခန်းတွေ လုပ်ကြတယ်၊ Gym ကစားကြတယ်၊ Protein Shake တွေ သောက်ကြတယ်။ ပိန်တဲ့သူတွေက ဝချင်ပေမယ့် အချိုးအစား ကျကျ ဘော်ဒီတက်လာဖို့ကို ပိုမျှော်လင့်တတ်ကြပါတယ်။ ကြွက်သားတည်ဆောက်ရေးမှာ ပရိုတင်းက အဓိကအာဟာရ ဖြစ်တယ် လို့ ယူဆထားကြတာ ဖြစ်ပေမယ့် ကြွက်သားအတွက် အကောင်းဆုံးဓာတ်စာက သူတစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ လိုအပ်တာက အာဟာရဓာတ် ညီညွတ်မျှတတဲ့ စားသောက်ပုံဖြစ်ပြီး အသီးနဲ့ ဟင်းသီးဟင်းရွက်တွေ ခပ်များများနဲ့ ကြွက်သားဖွံ့ဖြိုးမှုကို အားပေးနိုင်ဖို့ ကာဗိုဟိုက်ဒရိတ်၊ အကျိုးပြုအဆီဓာတ် တွေနဲ့ ပရိုတင်း ပါတဲ့ အစားအစာတွေကိုလည်း လိုအပ်ပါတယ်။ ဘော်ဒီတက် အောင် ဘာတွေ စားရမလဲ ပရိုတင်းဓာတ် ကြွယ်ဝပြီး အဆီနည်းတဲ့ အစားအစာတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် ပရိုတင်းတွေချည်း စားတာထက် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် B ပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။ ဗီတာမင် B ဘာတွေ လုပ်ပေးလဲ။ ဗီတာမင် ​B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက် ကိုယ်ခံအားကို အားဖြည့်ပေးတယ် ဆဲလ်တွေ ကျန်းမာစေတယ် မျိုးဗီဇဆဲလ်တွေကို လုပ်ဆောင်မှု ကောင်းစေတယ် အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ် စတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် B ပြည့်ဝစေဖို့ ဘာတွေ စားရမလဲ။ ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

အခုလို မိုးဦးကာလဆိုရင် အင်ဥလေးတွေပေါ်တဲ့ကာလပါ။ အင်ဥလေးကို ခပ်ရွယ်ရွယ်လေးလှီးပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နဲ့ မွှေးမွှေးစပ်စပ်လေး ကြော်ထားတဲ့ ဟင်းကို ထမင်းပူပူလေးနဲ့ စားရတာက မိုးဦးကျ ကာလမှာ ထမင်းမြိန်စေပြီး မိုးရာသီရဲ့ အငွေ့အသက်ကို ခံစားမိစေပါတယ်။ အင်ဥဆိုတာ အင်ပင်ရဲ့ ဥလား။ ကန်စွန်းဥဆိုတာက ကန်စွန်းကြီးပင်ရဲ့ဥ ဖြစ်တာကြောင့် အင်ဥ ဆိုတာကလည်း အင်ပင်ရဲ့ ဥ ဖြစ်မယ်လို့ ယူဆစရာ ရှိပါတယ်။  တကယ်ကတော့ အင်ဥဆိုတာက အင်ပင်ရဲ့ ဥမဟုတ်ပါဘူး။ ကြွေကျနေတဲ့ အင်ရွက်တွေ မိုးရေနဲ့ထိတဲ့အခါ ပေါက်လာတဲ့ မှိုအမျိုးအစား တစ်မျိုးပါ။ အရသာရှိတဲ့ မြေအောင်းမှို တစ်မျိုးဆိုလည်း မမှားပါဘူး။ မိုးဥှးကျ ကာလမှာ မိုးလေးကျလိုက် နေရောင်လေး ကျလိုက်ဖြစ်ရာက အင်ရွက်တွေ မြေဆွေးတွေကနေ အင်ဥလေးတွေ ဖြစ်လာတာပါ။ သဘာဝ သစ်ဥ သစ်ဖုတစ်မျိုးပေါ့။ အင်ဥက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြောင်လျှာသီး က ဆေးဖက်ဝင်သလား။

မီးလေး အုံးစားစား၊ ပြုတ်ပြီး တို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ် စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့ သုပ်စားစား စားရ ခံတွင်းတွေ့တဲ့ ကြောင်လျှာသီး ကို  ကြိုက်ကြသူလေးတွေ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကြောင်လျှာသီး ဆိုတာ ခပ်ရှည်ရှည် ခပ်ထူထူ ပုံစံရှိပြီး အစိမ်းရောင် ဒါမှမဟုတ် အညိုရောင် ရှိပါတယ်။ အရသာက ခါးသက်သက် ပူရှိန်းရှိန်းလေး ရှိပါတယ်။ အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသချာဆေးပြီး ပဲမှုန့် ဆီချက် တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ်။ ကြောင်လျှာသီးရဲ့ ဆေးဖက်ဝင်ပုံက ခါးသက်သက် အရသာရှိတဲ့ ကြောင်လျှာသီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ် ကြောင်လျှာသီး က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား

ကီတို Diet ဆိုတာ ကိုယ်အလေးချိန် အမြန်ကျစေဖို့ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) ကို လျှော့စားပြီး ကျန်းမာရေး အကျိုးပြု အဆီနဲ့ အသားဓာတ်တွေကိုသာ ပိုစားပေးတဲ့ Diet အမျိုးအစားပါ။ ယောက်ျားလေးတွေထက် မိန်းကလေးတွေ ဒီ Diet အမျိုးအစားကို ပိုလိုက်နာ စားသုံးလာကြပါတယ်။ ခုဆောင်းပါးမှာတော့ ကီတို Diet နဲ့ ပတ်သက်ပြီး မကြာခဏ ဆိုသလို လာမေးနေကြတဲ့ အမေးတွေအတွက် ပြန်လည် ဖြေပေးချင်ပါတယ်။ တစ်ခါမှ ကီတို Diet မစဖူးတဲ့သူတွေအတွက်လည်း ကိုယ့်အတွက် သင့်တော်မလား၊ မသင့်တော်ဘူးလားဆိုတာ သေချာ ဆုံးဖြတ်လို့ ရတာပေါ့။ မေးခွန်း (၁) = Diet လုပ်ပြီးနောက်မှာ ကစီဓာတ် ပြန်စားလို့ ရဦးမှာလား။ စားလို့ ရပါတယ်ခင်ဗျ။ သတိထားဖို့ လိုတာက အလွန်အကျွံ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

ခုနောက်ပိုင်း ခေတ်စားလာတဲ့ Diet plan တွေထဲမှာမှ Keto Diet (ကီတို Diet) ကတော့ ဝိတ်ချချင်တဲ့ မိန်းကလေးအများစု လုပ်လာကြတဲ့ Diet အမျိုးအစားပါ။ အဓိက ကျန်းမာစေတဲ့ အဆီတွေကို များများစားပေးပြီး ကာဗိုဟိုက်ဒြိတ် လို့ ခေါ်တဲ့ ကစီဓာတ်တွေကို လုံးဝမစား သို့မဟုတ် ပမာဏ အနည်းငယ်သာ စားပေးတဲ့ Diet ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစာစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ကစီဓာတ်ကို အချိန်ကြာမြင့်စွာ ဖြိုခွဲပြီးမှ အဆီတွေကို ဖြိုခွဲရပါတယ်။ အဲဒီတော့ ကစီဓာတ်များများစားလေ၊ ခန္ဓာကိုယ်ထဲမှာ အဆီနဲ့ ကယ်လိုရီ ပမာဏတွေ များပြားလာပြီး အဝလွန်မယ်၊ ကိုယ်အလေးချိန် တက်ခြင်းကို ဖြစ်စေပါတယ်။ Keto Diet ကတော့ ကစီဓာတ် စားသုံးမှုကို လုံးဝလျှော့ချလိုက်ပြီး အဆီတွေပဲ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ဒီဘက်ခေတ် မိန်းကလေးတွေကို ကြည့်လိုက်ရင် ပိန်ချင်တယ်၊ Diet လုပ်နေတယ်၊ ဝိတ်ချနေတယ် အစရှိတဲ့ စကားမျိုးတွေ အမြဲ ပြောနေတတ်တာ သတိထားမိမှာပါ။ တကယ်တော့ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပိန်ခြင်း၊ ဝခြင်းဆိုတဲ့ ကိုယ်ခန္ဓာ အလှတရားထက် လူတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် တစ်ခု ရှိနေဖို့ပဲ လိုတာပါ။ ဒါပေမယ့်လည်း လူငယ်တွေဆိုတော့ ကျန်းမာတာထက် လှချင် ပချင်တာကိုပဲ ဦးစားပေးချင်ကြတာမလား။ ဒီအတွက် Diet တွေ အပြင်းအထန် လုပ်ကြတယ်၊ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ကြတယ်၊ အစားတွေ ရှောင်ကြတယ်၊ တစ်ခုပြီး တစ်ခုတော့ လုပ်နေတာပဲ၊ ဘာကြောင့် လုပ်နေတာလဲဆိုတဲ့ အကြောင်းရင်း မသိရင်တော့ ရေရှည် ဇွဲရှိရှိနဲ့ လုပ်ဖို့ဆိုတာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း