နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင် နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နားထဲရေဝင်ရင် ဘာဖြစ်မလဲ ........... နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားပိုးဝင်တာ နားထဲက နာတာ နားထဲက ယားသလိုလိုဖြစ်တာ နားထဲက ပြည်ထွက်တာ နားအူတာ အသံကို ကောင်းကောင်းမကြားရတာ စတဲ့ အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲ ရေမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ […]

နားပြဿနာများ ကို ရှာဖွေမည်။

နားပြဿနာများ

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။

အိုးထိန်းစက်ထဲထည့်လှည့်သလို ဘယ်နေရာကိုကြည့်ကြည့် ချာချာလည်နေပြီလား။ ဒါကို ချာချာလည်အောင် မူးတယ်။ ဆေးပညာအရ vertigo (ဗာတိုင်ဂို)လို့ခေါ်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲ။ အသက်အန္တရာယ်ရှိလား။ ကုလို့ရပါ့မလားဆိုတာ ဆက်ဆွေးနွေးပေးပါမယ်။ ဘာလို့ဒီလိုမူးတာလဲ။ ဒီအကြောင်းကို မပြောခင် အရင်ဆုံး ခန္ဓာကိုယ်ရဲ့ ဟန်ချက်အကြောင်းပြောပြပါမယ်။ နားအတွင်းပိုင်းမှာ ခရုခွေလေးတွေရှိပြီး အဲ့ထဲမှာ အရည်လေးတွေရှိပါတယ်။ ဒါကို labyrinthလို့ခေါ်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားတဲ့အခါ မမူးအောင်၊ ဟန်ချက်မပျက်အောင်လို့ သူက ဦးနှောက်ကို သတင်းပို့ပြီး ချိတ်ဆက်ပေးပါတယ်။ ဒါက ပုံမှန်ပါ။ ဒါကြောင့် နားအတွင်းပိုင်းမှာ ပြဿနာတစ်ခုခုရှိရင် ဒီစနစ်ပျက်ပြီး ဟန်ချက်မထိန်းနိုင်ဘဲ မူးလာပါတယ်။အဖြစ်များတဲ့ရောဂါတွေကတော့ (၁)BPPV (Benign paroxysmal positional vertigo) BPPVလို့ခေါ်တဲ့ ဒီရောဂါမှာ နားအတွင်းက လှိုဏ်ခေါင်းထဲကို ကယ်ဆီယမ်တွေစုပုံလာပါတယ်။ ဒါကြောင့် ဦးနှောက်ကို သတင်းမပို့နိုင်တော့ဘဲ ဟန်ချက်ပျက်ပြီး ခေါင်းမူးပါတယ်။ (၂)Meniere’s disease ဒီရောဂါက နားအတွင်းထဲမှာ အရည်တွေစုပြီး ဖိအားပြောင်းလာလို့ဖြစ်တယ်လို့ […]


နားပြဿနာများ

နားကြပ်လည်း သုံးမယ်၊ အကြားအာရုံလည်း မထိခိုက်ချင်ဘူးဆိုရင်

ဒီကနေ့ခေတ်မှာ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေကို လူတိုင်းနီးပါး ပိုင်ဆိုင်ထားကြပါတယ်။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဖုန်းပြောတာနဲ့ ဂိမ်းဆော့တဲ့အချိန်တွေမှာ အဆိုပါ ပစ္စည်းတွေကို အချိန်အတော်ကြာအောင် အသုံးပြုကြလေ့လည်းရှိပါတယ်။ တကယ်တော့ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေဟာ သင့်ရဲ့ အကြားအာရုံကို ဆိုးဆိုးရွားရွား ချို့ယွင်းသွားလောက်တဲ့အထိ အန္တရာယ် ပေးနိုင်ပါတယ်။ တကယ်ကို ဂရုတစိုက် အသုံးပြုသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်လေးတွေဟာ အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ကြပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဆဲလ်လေးတွေဟာ ထိခိုက်ပျက်ဆီးသွားပြီဆိုရင် ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပဲ လုံးဝပျက်စီးသွားတတ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ကမ္ဘာပေါ်မှာ အကြားအာရုံချို့ယွင်းတဲ့ လူငယ်အရေအတွက် တိုးပွားလာနေပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ဝန်းကျင်ကနဲ့ နှိုင်းစာရင် ၃ ပုံ တစ်ပုံလောက် တိုးပွားလာတာဖြစ်တယ်လို့ Journal of […]


နားပြဿနာများ

နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား

နားကြပ်တံလေးတွေ တချို့တွေအိတ်ထဲဆောင်ထားကြတာတွေ့ဖူးပါတယ်။ နားသန့်ရှင်းရေးအဖြစ်နဲ့ မကြာခဏသုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေးမလုပ်ပေးရင်ပဲ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသူလိုလို ဆက်ဆံခံရတတ်တာသေချာတာပေါ့။ ဒီလိုအယူအဆမျိုးကိုဆေးပညာကတော့ နိုးပါ တဲ့။ နားအတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်းရှိသလို ထူးထူးခြားခြားသန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများလုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေမရှိမှ သန့်နေမယ်၊ အကြားအာရုံပိုကောင်းတယ် လို့ ထင်ကြတယ်လေ။ နားဖာချေး ဘာလို့ ဖြစ်လာတာလဲ နားဖာချေးဆိုတာ cerumen လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီး နားကို ကာကွယ်ပေးဖို့နဲ့ နားအတွင်းပိုင်းစိုစွတ်မှုထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန်ထုတ်ပေးနေတာပါ။ နားဖာချေးသာမရှိရင် နားထဲမှာ ခြောက်သွေ့ယားယံနေနိုင်ပါတယ်။ သူ့မှာ ဘက်တီးရီးယားသေစေနိုင်စွမ်းလည်းရှိလို့ နားကို အလိုအလျောက်သန့်စင်ပေးနိုင်ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလို အန္တရာယ်ပေးနိုင်တဲ့အရာတွေ နားအတွင်းထဲမရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ်တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ […]


နားပြဿနာများ

နားထဲရေဝင်တဲ့အခါ

ရေကူးရင်းဖြစ်ဖြစ် ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေချိုးရင်းဖြစ်ဖြစ် အမှုမဲ့အမှတ်မဲ့နဲ့ နားထဲရေဝင်သွားတဲ့အခါ တော်တော်လေး နေရခက်ပြီး အချိန်ကြာလာတဲ့အခါ နားပြည်ယိုတာအပါအဝင် အခြားအကြားအာရုံဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲရေဝင်တာက လူ ၁၀ ယောက်မှာ တစ်​ယောက်လောက်ခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။ နားထဲရေဝင်တဲ့အခါ ဘယ်လိုခံစားရနိုင်လဲ ....... နားထဲရေဝင်တဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားထဲက နာမယ် နားထဲက ယားသလိုလိုဖြစ်မယ် နားထဲက ပြည်ထွက်မယ် နားအူမယ် အသံကို ကောင်းကောင်းမကြားရဘဲ ဖြစ်နေမယ်။ ဘယ်လိုသက်သာအောင်လုပ်မလဲ............. နားထဲရေဝင်တာကြောင့် နားကိုက်မယ်။ နားပြည်ယိုမယ် စတဲ့လက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ ခြောက်သွေ့သန့်ရှင်းအောင်ထားပါ နားထဲမှာ စိုထိုင်းထိုင်းဖြစ်ပြိး ပိုးပေါက်ဖွားမှုတွေ မဖြစ်စေဖို့ နားကို ခြောက်သွေ့သန့်ရှင်းအောင်ထားပေးပါ။ နားထဲကို ရေထပ်မဝင်စေဖို့လည်း ဂရုစိုက်ပေးပါ။ နားထဲမှာ ပြည်တွေရှိနေမယ်ဆိုရင် သေသေချာချာလေးသန့်စင်ပေးလို့ နောက်ဆက်တွဲပြဿနာတွေဖြစ်မလာအောင် ဂရုစိုက်ပါ။ နားကို အတွင်းထဲထိ အတင်းကလော်တာမျိုး မလုပ်ဖို့တော့ သတိထားပေးပါ။ အပူပေးပါ အပူက နားအတွင်းပိုင်းမှာ သွေးစီးဆင်းမှုကောင်းပြီး […]


နားပြဿနာများ

ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။

ခရီးသွားခါနီး ကားလတ်မှတ်သွားဝယ်တဲ့အခါ နောက်ဆုံးခုံပဲရတော့တယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြပါတယ်။ နောက်ဆုံးခုံကြီးကလည်းဖြစ်၊ ခုံတန်းကရှည်၊ လူကလည်း ၅ ယောက်လောက်ပူးထိုင်ရဆိုတော့ ကြဉ်းကြပ်တာပေါ့။ ကားမူးတဲ့သူတွေဆို နောက်ဆုံးခုံမှာ ထိုင်စီးရမှာ အသေကြောက်။ နဂို အေးအေး ၂ ယောက်တွဲခုံတွေထိုင်တာတောင် ကိုယ့်မှာ မရှုနိုင် မကယ်နိုင်ဖြစ်နေတာ နောက်ဆုံးခုံမှာသာ ထိုင်စီးလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။ တစ်လမ်းလုံး အမူးကမ္ဘာထဲက ထွက်တော့မှာကို မဟုတ်ဘူး။ ဘာ့ကြောင့်လဲ ။ အခြားခုံတွေထက် ကားနောက်ဆုံးတန်းက ထိုင်ခုံက ဘာ့ကြောင့် ကားပိုမူးစေရတာလဲ။ ကားအင်ဂျင်တုံးကြီးက ကိုယ့်အောက်မှာပါ။ - အင်ဂျင်ခန်းဆိုတော့ အပူတွေထွက်မှာကျိန်းသေနေတယ်လေ။ အဲဒီ ပူနေတဲ့အပေါ်မှာကိုယ်က ထိုင်နေတာဆိုတော့ အပူဟပ်ြပီး သက်တောင့်သက်သာ မရှိလိုက်မယ်ဖြစ်ခြင်း။ စိတ်ကြဉ်းကြပ်တယ် - ကားထွက်ပေါက်တော်တော်များများက ဟိုး ထိပ်ဆုံးမှာလေ။ ကိုယ်စီးနေတဲ့ နေရာက ကားရဲ့ နောက်ဆုံးတန်းဆိုတော့ […]


နားပြဿနာများ

ဒါတွေကြောင့် ကားမူးတာ ပိုဆိုးသွားနိုင်ပါတယ်။

ကားစီးလို့ ကားမူးတတ်ကြတဲ့သူတိုင်း ကားသမားမောင်းတာမတော်လို့၊ ကားအနံ့ကြီးက အီနေလို့၊ ကိုယ့်ကျမှ ကားမူးတတ်အောင် ကံကြမ္မာကြီးက ဖန်တီးပေးထားလို့ ဆိုပြီး အားလုံးကို ရမယ်ရှာ အပြစ်နေကြတဲ့သူများပါ။ ပြောမယ်သာပြောရတာပါ။ ကားမူးတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး အတော်ကြီးကို ဒုက္ခပေးတဲ့ဝေဒနာ တစ်ခုပါ။ ဒါပေမယ့် ဒီလို ကားမူးတိုင်း အခြားအရာတွေ အပေါ်မှာပဲ အပြစ်တင်နေလို့မရပါဘူး။ ကိုယ်လုပ်နေမိတဲ့ တစ်ချို့ အပြုအမူတွေကြောင့် ကားမူးတာဖြစ်ရတာလည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်အပြစ်ရှာသင့်တယ် မထင်ဘူးလား။ ဒီတော့ ဘယ်လို အပြုအမူတွေက ကားမူးတာကို ပိုဆိုးစေတာလဲ ။ ။ ကိုယ်လုပ်မိနေတဲ့ ကားမူးတာကို ပိုဆိုးစေတဲ့ အပြုအမူတွေကို အပိုင်း ၃ ပိုင်း ခွဲကြည့်ရအောင်။ ။ ခရီးမသွားခင် ။ ။ ခရီးသွားရမှာ စိတ်တွေ လှုပ်ရှားပြီး အိပ်မပျော်တဲ့သူတွေ၊ မနက် […]


နားပြဿနာများ

စောင့်ရှောက်သင့်တဲ့ နားကျန်းမာရေး

နားက ဘယ်လောက်ထိအသုံးဝင်လဲ မှန်းကြည့်ပါလား။ အကြားအာရုံမရှိရင် ဘယ်လောက်ခက်လဲဆိုတာကို ခံစားဖူးကြည့်ရင် လုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ရုပ်ရှင်ကို အသံပိတ်ပြီး ခဏလောက်ကြည့်လိုက်ပါ။ ဘာမှ မကြားရဘဲနေရတဲ့ခံစားချက်ကတော်တော်လေးဆိုးတာနားလည်သွားပါလိမ့်မယ်။ ပါးစပ်လှုပ်တာကို ကြည့်ရုံနဲ့ အရာရာကို နားလည်ဖို့ကတော်တော်လေးတော့ခက်တယ်။ ဒီတော့ အကြားအာရုံက ဂရုစိုက်သင့်တယ်၊လို့ မထင်မိဘူးလား။ အကြားအာရုံက ဒီလောက်အထိအရေးပါတာပါ အကြားအာရုံကြောင့် စကားပြောတတ်လာရတာပါ။ အကြားအာရုံချို့တဲ့မှုက အပြောစွမ်းရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ အကြားအာရုံကောင်းမှပဲနေ့စဉ်ဘဝမှာ အခက်အခဲမရှိရှင်သန်နေထိုင်နိုင်မှာပါ။ အကြားအာရုံကြောင့်ပဲ အဆင်ပြေနေတာတွေအများကြီးပါ။ အကြားအာရုံချို့ယွင်းနေသူတစ်ယောက်အနေနဲ့နေ့စဉ်ဘဝမှာ အကောင်းဆုံးလည်ပတ်နိုင်စေဖို့ခက်ခဲမှာပါ။ ဒီတော့ အကြားအာရုံကို ထိခိုက်အောင်လုပ်မိနေတာတွေရှိရင်ပြင်ဆင်နိုင်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့် သတိပေးပါရစေ။ ဒါတွေကြောင့် အကြားအာရုံထိခိုက်နိုင်ပါတယ် အကြားအာရုံကလည်း ဂရုစိုက်ဖို့ လိုတဲ့ အချက်တွေထဲကတစ်ခုပါ။ ကျယ်လောင်လွန်းတဲ့ အသံတွေ ဆူညံသံတွေ သီချင်းအကျယ်ကြီးနားထောင်တာ နားထဲကိုရေဝင်တာ နားထဲကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာ နားကလော်တာ နားသန့်ရှင်းရေးလုပ်တာတွေကြောင့် နားထိခိုက်နိုင်ပါတယ်။ နားကို ဒီလိုဂရုစိုက်ပါ အကြားအာရုံကို ထိန်းသိမ်းဖို့ဆိုရင် နားကို ဒီလိုဂရုစိုက်ဖို့လိုမှာပါ။ နားသန့်ရှင်းတဲ့အခါ နားကို အလွန်အကျွံသန့်စင်တာမျိုးရှောင်ပါ။ နားအတွင်ပိုင်းထဲကို […]


နားပြဿနာများ

ကမ္ဘာကြီးချာချာလည်စေတဲ့ ဝေဒနာ

ကိုယ့်မျက်စိရှေ့ကမြင်နေရသမျှအရာအားလုံး ချာချာလည်နေသလိုမျိုးခေါင်းမူးဖူးလား။Vertigo လို့ခေါ်တဲ့ ချာချာလည်မူးခြင်းဝေဒနာက နားအတွင်းပိုင်း၊ ဦးနှောက် ဒါမှမဟုတ် အာရုံကြောစနစ်မှာပြဿနာတစ်ခုခုရှိတဲ့အခါဖြစ်လာတတ်တဲ့ဝေဒနာပါ။အသက်အရွယ်မရွေးမှာဒီခေါင်းမူးဝေဒနာခံစားရနိုင်ပေမယ့် အသက် ၆၅ နှစ်နဲ့အထက်အရွယ်တွေမှာ အဖြစ်များပါတယ်။ သူက ခဏတာလည်းဖြစ်နိုင်တယ်၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ကာလတာရှည်vertigoဖြစ်နေရင်တော့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။ ဒီခေါင်းမူးဝေဒနာကနေ့စဉ်ဘဝမှာ လုပ်ဆောင်နိုင်စွမ်းတွေထိခိုက်စေနိုင်ပြီး စိတ်ကျခြင်းနဲ့ ပူပန်ခြင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေက Vertigo ခံစားရတဲ့သူဟာခေါင်းထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံးရွေ့လျားနေသလို၊ လည်နေသလို ခံစားရတာဖြစ်ပါတယ်။ ဒါက တခြားရောဂါတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပေမယ့် သူနဲ့ဆက်စပ်နေတဲ့လက္ခဏာတွေက ဒီလိုတွေပါတဲ့။ ခန္ဓါကိုယ်ဟန်ချက်ပျက်ခြင်း၊ခေါင်းထဲမှာပေါ့နေခြင်း ကားမူးသလို ခံစားနေရခြင်း မအီမသာဖြစ်ပြီး ပျို့အန်ခြင်း နားအူခြင်း နားထဲပြည့်ပိတ်နေသလို ခံစားရခြင်း ခေါင်းကိုက်ခြင်း အသိသာဆုံးကတော့ Vertigo ဆိုတာ ရိုးရိုးမူးတာမဟုတ်ဘဲ ချာချာလည်တဲ့ အမူးဝေဒနာပါ။ အကြောင်းရင်းများ Vertigoဖြစ်စေတဲ့အကြောင်းရင်းနဲ့ရောဂါတွေကအမျိုးမျိုးရှိပါတယ်။ နားအတွင်းပိုင်းပြဿနာကြောင့်ဖြစ်လာတတ်ပေမယ့် ဦးနှောက်အစိတ်အပိုင်းတွေရဲ့ပြဿနာကြောင့်လည်းဖြစ်စေတတ်ပါတယ်။ သူ့ကိုဖြစ်စေနိုင်တဲ့တခြားရောဂါအခြေအနေတွေကတော့ - Labyrinthitis -နားအတွင်းပိုင်း labyrinthရောင်ရမ်းခြင်း။labyrinth အတွင်းကအာရုံကြောဟာ ခန္ဓါကိုယ်ရဲ့ဦးခေါင်းလှုပ်ရှားမှုနဲ့အနေအထားတွေကို ထိန်းပေးတာဖြစ်ပါတယ်။ […]


နားပြဿနာများ

နားထဲပိုးဝင်ပြီး နားကိုက် ခြင်းကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ

နားပိုးဝင်တယ်၊ နားကိုက် တယ်ဆိုတာ ကလေးတွေမှာ အဖြစ်များပြီး မပေါ့ဆသင့်တဲ့ အခြေအနေတစ်ခုပါ။ သူ့ဘာသူဖြစ်ဖြစ်၊ အကိုက်အခဲပျောက်ဆေးသောက်လိုက်လို့ ပြန်ပျောက်သွားတာမျိုးတွေရှိပေမယ့် ကံမကောင်းရင်တော့ နားထဲ ရောဂါပိုးဝင်တာကနေတစ်ဆင့် တခြား ကြီးကြီးမားမား ကျန်းမာရေးပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလို နားပိုးဝင်ခြင်းကနေ ဆိုးဝါးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ အဖြစ်နည်းပေးမယ့် ဖြစ်ရင်လည်း ဂိတ်ဆုံးဆိုသလိုဖြစ်တာကြောင့် ဒီနောက်ဆက်တွဲဆိုးကျိုးတွေကို သိထားဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ နားထဲပိုးဝင်ခြင်းပြီး နားကိုက် ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ အကြားအာရုံဆုံးရှုံးခြင်း နားထဲရောဂါပိုးဝင်ပြီး နားကိုက် တာ၊ နားပြည်ယိုတာမျိုးတွေ ဖြစ်လိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်တာတွေက ခဏခဏ ဖြစ်နေရင် နောက်ပိုင်း နားမကြားရတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုက ဒီလို အကြားအာရုံ ဆုံးရှုံးတာ ခဏပဲဖြစ်ပြီး ပြန်သက်သာသွားတတ်ပါတယ်။ အကြားအာရုံ လုံးဝကို ဆုံးရှုံးသွားတဲ့ အခြေအနေတွေက လူအယောက် ၁၀၀၀၀ […]


နားပြဿနာများ

ဖောက်ထားတဲ့ နားပေါက် ပိုးဝင်နေလို့ စိတ်ညစ်နေပါသလား

နားကပ်တွေကြိုက်လို့ လှချင်လို့ နားပေါက် ဖောက်ပြီးကာမှ နားမှာ အနာဖြစ်နေလို့ နားကပ်မပန်ရဘဲ စိတ်ညစ်နေတဲ့ သူတွေရှိပါသလား။ ဒီလို လှချင်လို့ နားပေါက်ဖောက်လိုက်ကာမှ ခုလို ပိုးဝင်ပြီး အနာဖြစ်နေတာ စိတ်ညစ်စရာပဲနော်။ ဒါကြောင့် ဖောက်ထားတဲ့ နားပေါက်ကို အနာမဖြစ်အောင် ဘယ်လို ဂရုစိုက်ကြမလဲ။ နားပေါက် ဘယ်လိုဖောက်ကြမလဲ။  ခေတ်စားနေတာကတော့ သေနတ်နဲ့ နားပေါက်ဖောက်တာပဲ ဖြစ်ပါတယ်။ မြန်ဆန်ပြီး ဖောက်တဲ့တစ်ကြိမ်လောက်ပဲ ပူကနဲ နာကျင်မှုကို ခံစားရမှာပါ။ တစ်ခုသတိထားသင့်တာကတော့ နားပေါက် မဖောက်ခင်မှာ ကိုယ့်နားကို သန့်ရှင်းလေး လုပ်ပေးထားဖို့ပဲ ဖြစ်ပါတယ်။ အပ်နဲ့ ဖောက်မယ်ဆိုရင်တော့ တစ်ခါသုံးအပ်တွေကို သုံးသင့်ပါတယ်။ နားပေါက်ဖောက်ပြီးသား အနာပိုးဝင်တာ ဘာကြောင့်ဖြစ်ရတာလဲ။  နားပေါက်ဆိုတာ နားက အသားကို ထုတ်ချင်းဖောက်လိုက်တာပဲဖြစ်တာကြောင့် နားပေါက်ကိုယ်တိုင်က အနာတစ်ခုလို့ ပြောလို့ရပါတယ်။ အရိုးနု တွေနဲ့ ဖွဲ့စည်းထားတဲ့ နားမှာ အနာတစ်ခုဖြစ်ပြီဆိုတာနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း