နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင် နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နားထဲရေဝင်ရင် ဘာဖြစ်မလဲ ........... နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားပိုးဝင်တာ နားထဲက နာတာ နားထဲက ယားသလိုလိုဖြစ်တာ နားထဲက ပြည်ထွက်တာ နားအူတာ အသံကို ကောင်းကောင်းမကြားရတာ စတဲ့ အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲ ရေမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ […]

နားပြဿနာများ ကို ရှာဖွေမည်။

နားပြဿနာများ

Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) ကဘာလဲ။ နားစည်အနောက်ပိုင်းရှိ တုန်ခါတတ်သော အရိုးကလေးများပါဝင်ပြီး လေနဲ့ပြည့်နေတဲ့နေရာကို နားအလယ်ပိုင်းဟု သတ်မှတ်ပါတယ်။ ထိုနေရာကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ရောက်တဲ့ ရောဂါဖြစ်ပါတယ်။ နားအလယ်ပိုင်းမှာ ရောင်ရမ်းပြီး အရည်တွေစုလာတဲ့အတွက် နာကျင်စေတတ်ပါတယ်။ Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Stanfordရှိ Lucile Packard ကလေးဆေးရုံမှ အချက်အလက်များအရ အသက်၃နှစ်ရှိတဲ့ ကလေး၈၀%မှာ ဖြစ်နေပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMiddle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နားကိုက်ခြင်း ဂျီကျခြင်း အိပ်ပျော်အောင် သိပ်ရခက်ခြင်း နားရွက်ကို ကိုင်ဆွဲနေခြင်း ဖျားခြင်း အဝါရောင်/အကြည်ရောင်/သွေးရောင် အရည်များထွက်ခြင်း ဟန်ချက်ပျက်ခြင်း အကြားအာရုံဆိုင်ရာ ပြဿနာရှိခြင်း ပျို့ခြင်း၊ အန်ခြင်း ဝမ်းလျှောခြင်း အစားအသောက်ပျက်ခြင်း နားပိတ်ခြင်း တို့ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


နားပြဿနာများ

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ကဘာလဲ။ အကြားအာရုံချို့ယွင်းခြင်းဆိုတာ နားမကြားတဲ့ ပြသနာဖြစ်ပြီး ဦးနှောက်ဟာ အသံတွေကို ပုံမှန် လက်မခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီပြသနာရှိတဲ့ကလေးတွေမှာ သူတို့ဦးနှောက်ဟာ အပြည့်အဝလုပ်မလုပ်တာကြောင့် တခြားကလေးတွေ ကြားသလို မကြားရပါဘူး။ ဦးနှောက်ဟာ အသံတွေ အထူးသဖြင့် စကားသံတွေကို လက်ခံနားလည်ရာမှာ အနှောင့်အယှက်ရှိနေပါတယ်။ Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့ ၅%မှာ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးဘဝမှာ စဖြစ်တတ်တာ များပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAuditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုံစံမျိုးစုံနဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ ကလေးတွေမှာ အကြားအာရုံပြသနာဖြစ်နေသလိုထင်ရပေမယ့် စစ်ဆေးတဲ့အခါမှာ ပုံမှန်ကြားနေရပါတယ်။ အောက်ပါအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ […]


နားပြဿနာများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကဘာလဲ။ နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။   လက္ခဏာများPerichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများ ကတော့ : -နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။ – အဖျား – နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။ – နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။ – အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, ဖောက်ထွင်းရာတစ်ခုခု) ရှိပြီး […]


နားပြဿနာများ

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကဘာလဲ။ နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။ Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။ လက္ခဏာများOrtitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ   – နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ – နားယားတာ – အနည်းငယ်ဖျားတာ – နားထဲကနေပြည်တွေထွက်တာ – အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ – တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက […]


နားပြဿနာများ

Earwax blockage (နားဖာချေးပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Earwax blockage (နားဖာချေးပိတ်ခြင်း) ကဘာလဲ။ နားကနေနဖားချေးအရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေးပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။ Earwax blockage (နားဖာချေးပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။ လက္ခဏာများEarwax blockage (နားဖာချေးပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နားဖာချေးပိတ်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ နားထဲတွင် ပြည့်ကျပ်သိပ်နေသည်ဟု ခံစားရခြင်း နားအူခြင်း ပိတ်နေသောနားမှသိပ်မကြားတော့ခြင်း မူးဝေခြင်း ချောင်းဆိုးခြင်း အထက်တွင် ဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် […]


နားပြဿနာများ

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ကဘာလဲ။ Vestibular System ဆိုတာ နားအတွင်းပိုင်းနဲ့ ဦးနှောက်တွင်ရှိသော အစိတ်အပိုင်းတချို့ဖြစ်ပြီး ကိုယ်ခန္ဓါဟန်ချက်၊ မျက်လုံးရွေ့လျားမှုတွေနဲ့ဆိုင်တဲ့ခံစားမှုတွေကို လက်ခံလုပ်ဆောင်တယ်။ ရောဂါတစ်ခုခု၊ အနာတရဖြစ်မှုတစ်ခုခုကြောင့် ထိုနေရာများထိခိုက်သွားပါက vestibular disorder လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လာရပါတယ်။ Vestibular disorder ဟာ မျိုးရိုးဗီဇ၊ သို့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်လာနိုင်သလို၊ ပိုလည်းဆိုးနိုင်ပါတယ်။ ဒါမှမဟုတ် အကြောင်းအရင်းမရှိဘဲလည်း ဖြစ်နိုင်ပါတယ်။ Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ လတ်တလောလေ့လာမှုတွေအရ အသက် ၄၀ နဲ့အထက်လူကြီးတွေရဲ့ ၃၅ ရာခိုင်နှုန်း – ပျမ်းမျှ ၆၉ မီလီယံမျှသောလူထုမှာ vestibular စနစ်ယိုယွင်းမှုတွေရှိနေပါတယ်။   ဒါပေမယ့် ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများVestibular Disorders (နားအတွင်းပိုင်းနှင့် […]


နားပြဿနာများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ ဘာပါလဲ? နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။ နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ ဘယ်လောက် အဖြစ်များသလဲ? ( အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ) ရောဂါလက္ခဏာများနားရွက်ရောင်ရမ်းနာ( perichondritis) ရဲ့ ရောဂါလက္ခဏာများက ဘာတွေလဲ? ရောဂါလက္ခဏာများ ကတော့ : နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။ အဖျား နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။ နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, […]


နား၊ နှာခေါင်း၊ လည်ချောင်း

နားစည်အပြင်ပိုင်းရောင်ရမ်းနာ

နားစည်အပြင်ပိုင်းရောင်ရမ်းနာ ဆိုတာဘာလဲ? နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။ နားစည်အပြင်ပိုင်းရောင်ရမ်းနာ ဟာ ဘယ်လောက်အဖြစ်များသလဲ? ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။ ရောဂါလက္ခဏာများသိရှိခြင်း နားစည်အပြင်ပိုင်းရောင်ရမ်းနာ ရဲ့symptom တွေကဘာတွေလဲ? - နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ - နားယားတာ - အနည်းငယ်ဖျားတာ - နားထဲကနေပြည်တွေထွက်တာ - အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ - တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? အထက်ဖော်ပြပါ လက္ခဏာတွေထဲက […]


နား၊ နှာခေါင်း၊ လည်ချောင်း

နားဖာချေးပိတ်ခြင်း

နားဖာချေးပိတ်တယ်ဆိုတာဘာလဲ။ နားကနေနဖားချေးအရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေးပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။ နားဖာချေးပိတ်တာက ဘယ်လောက်ထိအဖြစ်များသလဲ။ နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။ ရောဂါလက္ခဏာများ နားဖာချေးပိတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ နားဖာချေးပိတ်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ နားထဲတွင် ပြည့်ကျပ်သိပ်နေသည်ဟု ခံစားရခြင်း နားအူခြင်း ပိတ်နေသောနားမှသိပ်မကြားတော့ခြင်း မူးဝေခြင်း ချောင်းဆိုးခြင်း အထက်တွင် ဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ။ အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် […]


နားပြဿနာများ

Hearing Loss (အကြားအာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hearing Loss (အကြားအာရုံချို့ယွင်းခြင်း) ကဘာလဲ။ အသက်ရလာတဲ့အမျှ တဖြည်းဖြည်းဖြစ်ပွားလာတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာခြင်းနဲ့ ဆူညံသံတွေနဲ့ရေရှည်ထိတွေ့ရခြင်းက နားအကြားအာရုံချို့တဲ့ခြင်းရဲ့ သိသာတဲ့အကြောင်းရင်းဖြစ်ပါတယ်။ နာဖာချေားအလွန်အကျွံထွက်ခြင်းကဲ့သို့သော အခြားအကြောင်းရင်းတွေက သင့်နားကိုယာယီအသံတွေကနေ ကာကွယ်ပေးထားပါတယ်။ နားအကြားအာရုံချို့ယွင်းခြင်းအများစုက တစ်သက်လုံးဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင်ကလုံးလုံးမကြားတော့တဲ့ဘဝနဲ့မနေရပါဘူး။ သင်နဲ့သင့်ဆရာဝန်ဒါမှမဟုတ် အကြားအထူးကုက သင့်အကြားအာရုံကိုတိုးတက်လာစေဖို့ နည်းလမ်းတွေဆောင်ကျဉ်းလိုက်နာရပါမယ်။ Hearing Loss (အကြားအာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်၅၅နှစ်နဲ့၆၄နှစ်ကြားအမျးစုမှာ အကြားအာရုံအနည်းငယ်ချို့တဲ့နေကြပါတယ်။ ာအသက်၆၅နှစ်အထက်မှာတော့ နှစ်ယောက်မှာတစ်ယောက်နှုန်းနဲ့ နားအကြားချို့ယွင်းကြပါတယ်။ ဖြစ်ပွားစေရတဲ့အကြောင်းရင်းတွေကို နည်းစေခြင်းဖြ်င့်စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHearing Loss (အကြားအာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စကားသံနဲ့အခြားသောအသံများကို မကြားခြင်း စကားလုံးများနားလည်ရခက်ခြင်း အထူးသဖြင့် လူအုပ်ကြားထဲတွင် ဗျည်းသံများနားထောင်ရာတွင် အခက်အခဲရှိခြင်း အခြားသူများကို စကားနှေးနှေးပြောရန်၊ ရှင်းရှင်းလင်းလင်းပြောရန်၊ ကျယ်ကျယ်ပြောရန် မကြာခဏတောင်းဆိုရခြင်း ရုပ်မြင်သံကြားရေဒီယိုအသံကို မြှင့်ရခြင်း စကားဝိုင်းမှ ရပ်လိုက်ရြခ်ငး လူမှုရေးဆိုင်ရာပွဲများကို ရှောင်နေရခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစောေရောဂါသိပြီး ကုသမှုပေးခြင်းက အခြေအကေိုပိုမဆိုးသွားအောင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအေနေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ကိုတတ်နိုင်သမျှ ဆိုးရွားတဲ့အခြေအနေကနေကာကွယ်နိုင်ဖို့ မြန်မြန်ဆွေးနွေးသင့်ပါတယ်။ သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း