နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင် နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နားထဲရေဝင်ရင် ဘာဖြစ်မလဲ ........... နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားပိုးဝင်တာ နားထဲက နာတာ နားထဲက ယားသလိုလိုဖြစ်တာ နားထဲက ပြည်ထွက်တာ နားအူတာ အသံကို ကောင်းကောင်းမကြားရတာ စတဲ့ အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲ ရေမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ […]

နားပြဿနာများ ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

သင့်ကလေးမှာ နားတွင်းပိုးကူးစက်မှု ရှိမရှိ ဘယ်လိုသိနိုင်မလဲ

ကလေးတစ်ယောက်၌ နားရောဂါရှိလာပြီဆိုပါက နာကျင်မှုသည် အသိသာ အထင်ရှားဆုံး လက္ခဏာပင်ဖြစ်သည်။ သူတို့ နားကိုက်ကြောင်း ပြောပါလိမ့်မည်။ မပြောနိုင်လျှင်တောင် သူတို့ကိုကြည့်လိုက်လျှင် မသက်မသာပုံ သို့ ညစ်ညူးနေသည့်ပုံကို တွေ့ရနိုင်ပါသည်။ ကလေးသည် နားကိုဆွဲလိုက် ထိလိုက်လုပ်နေသည်ကိုမြင်ရသည်မှာ အတော်လေးစိတ်မကောင်းဖွယ်ရာပင်။ သူ့၌ သာမန်အအေးမိ တုပ်ကွေးဖြစ်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် နားအတွင်း ပိုးဝင်နေတာလည်း ဖြစ်နိုင်ပါသည်။ နားအတွင်းပိုးဝင်ရသည့်အကြောင်းရင်းများ အသက် ၃ နှစ်အောက် ကလေးများသည် ရောဂါနှင့် ကူးစက်ပိုးဝင်နိုင်ချေများကြောင်း သိထားရမည်။ သူတို့၏ ကိုယ်ခံအားစနစ်သည် မသန်စွမ်းသေးပဲ အလွယ်တကူ အတိုက်ခံရနိုင်သည်။ ထို့ကြောင့် အပြင်မှလှုံ့စော်ချက်ပေးလိုက်သည်နှင့် နားအတွင်းရှိအရည်များ ထွက်လာစေနိုင်သည်။ တိုတောင်းသော အူစတက်ချီယမ်ပြွန်များတွင် အရည်နှင့် ရောဂါပိုးများရှိနေတတ်ပြီး နားအလယ်ပိုင်းတွင် ပိတ်မိနေတတ်၏။ ငယ်ရွယ်သောကလေးများ၌ အူစတက်ချီယမ်ပြွန်များသည် (နားအလယ်ပိုင်းနှင့် လည်ချောင်းကိုစပ်ထားသော ပြွန်)သည် ရေပြင်ညီပုံစံအတိုင်း ရှိနေတတ်ပြီး အရည်များကို ထုတ်ရမိအစား […]


နား၊ နှာခေါင်း၊ လည်ချောင်း

ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

လူအများစုကနေ့စဉ်ကြားနေရတဲ့ အသံတွေနဲ့တော်တော်လေးကိုအသားတကျဖြစ်နေကြပြီဖြစ်ပါတယ်။ သီးချင်းအကျယ်ကြီးဖွင့်တာ၊ တီဗွီကို အသံအကျယ်ကြီးကြည့်တာ၊ ယာဉ်တွေသွားလာတာ၊ ညနက်သန်းခေါင်အိမ်မွေးတိရစ္ဆာန်တွေအော်မြည်တဲ့ အသံတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ပါတယ်။ အဆိုပါ ဆူညံသံတွေကမြို့ပြရဲ့ အလေ့အထတစ်ရပ်လိုတောက်ဖြစ်နေပါပြီ။ တီဗွီကို အသံကျယ်ကျယ်ဖွင့်တာကြောင့် တစ်ညလု့းကောင်းကောင်းအိပ်စက်ခွင့်မရတာကိုဖြစ်စေနိုင်သလို ယာဉ်တွေသွားလာနေတဲ့အသံတွေကြောင့် အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်တာကခေါင်းကိုက်ဝေဒနာကို စတင်ခံစားရစေနိုင်ပါတယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေက ဘဝရှင်သန်မှု စည်းချက်ကို စည်းဝါးမကိုက်တာမျိုးဖြစ်ပေါ်စေနိုင်သလို ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်စေပါတယ်။ Noise Pollution ဆူညံသံ (သို့) သဘာဝတရားရဲ့ ဟန်ချက်ညီမှုကို အခိုက်အတန့်အားဖြင့်အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ရှုပ်ထွေးစေတဲ့ အသံတွေထွက်ပေါ်တဲ့အခါnoise pollutionဖြစ်လာပါတယ်။ ပုံမှန် မဟုတ်တဲ့ ဆူညံသံတွေ နဲ့ အသံပလံတွေကို noise pollution လို့သတ်မှတ်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာနေထိုင်ရင်း အဆိုပါ ဆူညံသံတွေကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ ဆူညံသံတွေက များပြားလာပြီးနေရာတိုင်းလိုလိုမှာဖြစ်ပေါ်တဲ့အခါ ဆူညံသံတွေကနေ လွတ်ကင်းနိုင်မယ့်ကောင်းမွန်တဲ့ အစီအစဉ်မရှိဘူးဆိုရင်နေ့စဉ်နဲ့အမျှ noise pollutionတွေနဲ့ ထိတွေ့နေရမှာဖြစ်ပါတယ်။ မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအတွင်း ယာဉ်သွားလာမှုတွေကနေဖြစ်ပေါ်တဲ့ […]


နားပြဿနာများ

Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း ) ကဘာလဲ။ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း သည် အထူးသဖြင့် ရေကူးသမားများတွင်ဖြစ်သော ရောဂါဖြစ်ပြီး နားအတွင်းပိုင်းတွင် ဖြစ်သောရောဂါဖြစ်သည်။ နားအတွင်းပိုင်းမှ တဆင့် အနားအပြင်ပိုင်းနှင့် ပတ်လည်ရှိ တစ်သျူးများ၊ မျက်နှာရိုးများနှင့် မျက်နှာအထိပါ ပြန့်နှံ့နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်သော နားတွင်းပိုးဝင်ရောင်ရမ်းခြင်းဖြစ်သည်။ ရေကူးသမားများတွင် ဖြစ်သော နားရောဂါဟုခေါ်သော်လည်း ယင်းသည် နားအတွင်းတွင်ရေများကျန်ခဲ့ခြင်းကြောင့်ဖြစ်ခြင်းမဟုတ်ပါ။ Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းသည် Pseudomonas aeruginosa အမည်ရှိသော ဘက်တီးရီးယားကြောင့် ဖြစ်ပြီး နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းဖြစ်သော လူများ၏ ၉၀% ကျော်သည် ဆီးချိုရောဂါရှိသူများဖြစ်ကြောင်း တွေ့ရသည်။ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းသည် စိုထိုင်းဆများသော ဒေသများတွင် ပိုပြီးဖြစ်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် […]


နား၊ နှာခေါင်း၊ လည်ချောင်း

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ကဘာလဲ။ ပြင်ပမှပစ္စည်းများဆိုသည်မှာ နားလမ်းကြောင်းတလျှောက် (နားစည်မှ ပြင်ပအထိဆက်နေသာ ပြွန်လမ်းကြောင်း)တွင်ကပ်နေသောအရာများကို ခေါ်သည်။ အများအားဖြင့် ဂွမ်းစများ၊ အင်းဆက်ပိုးကောင်များ (ပိုးဟပ်၊ ယင်ကောင်၊ ပုရွက်ဆိတ်)၊ ကစားစရာပစ္စည်းငယ်လေးများ၊ ပုတီးစေ့များ စသည်တို့ဖြစ်သည်။ သင့်အနေနှင့် ထိုပစ္စည်းများနားထဲသို့ဝင်သွားလျှင် သိနိုင်သော်လည်း ကလေးများကမူ မသိနိုင်ချေ။ Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်းသည်အများအားဖြင့် ကလေးငယ်များနှင့် စိတ်ရောဂါရှိသူများတွင် ပို အဖြစ်များပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများForeign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ပြင်ပမှ […]


နားပြဿနာများ

Perforated Eardrum (နားစည်ပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Perforated Eardrum (နားစည်ပေါက်ခြင်း ) ကဘာလဲ။ နားစည်ပေါက်ခြင်းသည် အတွင်းနားနှင့် အပြင်နားအား ခြားနားထားသည့် အမြှေးပါး ပြဲသွားခြင်းဖြစ်သည်။ ၎င်းအမြှေးပါးအား စည်ပုံစံဖြစ်ပြီး အရေပြားနှင့် ဆင်တူသော တစ်ရှူးများနှင့် ဖွဲ့စည်းထား၏။ နားစည်သည် နား၏အရေးကြီးလုပ်ငန်းနှစ်ခုအား လုပ်ဆောင်ပေးသည်။ ၎င်းသည် အသံလှိုင်များကို ဖမ်းယူပြီး ဦးနှောက်ဆီသို့ အသံရောက်ရန် အာရုံကြောလှုံစော်မှုအချက်ပြများအဖြစ် ပြောင်းလဲပေး၏။ နားအတွင်သို့ ဘက်တီးရီးယားများနှင့် ပြင်ပဝတ္ထုများ မဝင်စေရန်လည်း ကာကွယ်ပေးပါသည်။ ပုံမှန်အားဖြင့် နားအလယ်ပိုင်းသည် ပိုးကင်စင်၏။ သို့သော် နားစည်ပေါကလျှင် ဘက်တီးရီးယားများ နားအလယ်ပိုင်းသို့ ဝင်သွားနိုင်ပြီး Otitis media ဟုခေါ်သော ပိုးကူးစက်ခြင်းကိုဖြစ်စေနိုင်ပါသည်။ Perforated Eardrum (နားစည်ပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နားစည်ပေါက်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPerforated Eardrum (နားစည်ပေါက်ခြင်း […]


နား၊ နှာခေါင်း၊ လည်ချောင်း

နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး ၇ ခု

နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ်ဆိုးတွေရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။Headphone နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်ကဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေဖြစ်ပါတယ်။ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊နေရာတကာမှာတွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ပြင်ပအသံတွေမကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။   Headphones နဲ့ နားကြပ်တွေအသုံးများခြင်းရဲ့ဘေးထွက်ဆိုးကျိုးများ အကြားအာရုံဆုံးရှုံးခြင်း / အကြားအာရုံပိုင်းနောက်ဆက်တွဲပြဿနာများ headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။90 decibels ထက်ကျော်တဲ့အသံအတိုင်းအတာက အကြားအာရုံမှာနောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့ […]


နားပြဿနာများ

Ear Infections (နားလမ်းကြောင်းပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ear Infections (နားလမ်းကြောင်းပိုးဝင်ခြင်း) ကဘာလဲ။ အအေးမိတဲ့အခါ၊လည်ချောင်းထဲ ပိုးဝင်တဲ့အခါ ဒါမှမဟုတ် ဓါတ်မတည့်တာမျိုး ဖြစ်ပွားတဲ့အခါ နားရဲ့ အလယ်ပိုင်းမှာ အရည်လေးတွေ စုပုံပိတ်မိပြီး နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ နားအတွင်းပိုးဝင်ခြင်း ဟာ ကလေးတွေမှာ အဓိက ဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာတွေအဖြစ် နားကိုက်တာ နဲ့ အဝါရောင်ခပ်ပျစ်ပျစ် အရည်လေးတွေ နားထဲကထွက်လာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နား အလယ်ပိုင်းမှာ ရောင်ရမ်းနေတဲ့အပြင် အရည်တွေလည်း စုပုံနေတာမို့ နားအတွင်းပိုးဝင်ခြင်းဟာ နာကျင်လေ့ ရှိပါတယ်။   နားလမ်းကြောင်း ပိုးဝင်ခြင်း ဘာကြောင့်ဖြစ်တာလဲ။ နားထဲမှာရှိတဲ့ ပြွန်လေးတွေ ရောင်ရမ်းပိတ်ဆို့ပြီး အလယ်နားမှာ အရည်တွေ စုပုံလာတာကြောင့် နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ ဒီပြွန်လေးတွေဟာ သေးငယ်ပြီး နား နဲ့ လည်ချောင်းအနောက်ဖက်ကို တိုက်ရိုက်ဆက်သွယ်ပေးထားတဲ့ ပြွန်အသေးလေးတွေ ဖြစ်ပါတယ်။ ပြွန်လေးတွေ ပိတ်ဆို့စေတဲ့ အကြောင်းရင်းတွေက ဓါတ်မတည့်ခြင်း။ အအေးမိခြင်း။ နှာခေါင်းနှင့် ဦးခေါင်းခွံကြား […]


နားပြဿနာများ

Acoustic Neuroma

အဓိပ္ပါယ်ဖွင့်ဆိုချက်Acoustic Neuroma ကဘာလဲ။ acoustic neuroma တစ်နည်းအားဖြင့် vestibulaer schwannoma လို့ခေါ်တဲ့ နားအတွင်းနှင့် ဦးနှောက်ကိုချိတ်ဆက်ပေးတဲ့ အာရုံကြောအား ထိခိုက်စေတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပါတယ်။၎င်းအာရုံကြောကို vestibular nerve အကြားအာရုံကြော ဟုခေါ်ပါတယ်။ အကြားအာရုံကြောကို ဝန်းရံတဲ့ ဆဲလ်တွေကို ထိခိုက်စေတဲ့ acoustic neuroma ကို Schwann ဆဲလ်များ ဟုခေါ်ပါတယ်။ ဒီအကျိတ်ကနေ အကြားအာရုံဆုံးရှုံးခြင်း၊ နားအူခြင်း၊ မူးခြင်းနှင့် ဟန်ချက် မထိန်းနိုင်ခြင်းများကို ဖြစ်စေပါတယ်။ သင့်ရဲ့ နားတစ်ဖက်တည်းမှာ ဖြစ်နိုင်သလို နှစ်ဘက်လုံးမှာလည်းဖြစ်နိုင်ပါတယ်။ Acoustic Neuroma က ဘယ်လောက်အဖြစ်များသလဲ acoustic neuroma က ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။၎င်းဟာ အသက် ၃၀ မှ ၆၀ လူတွေမှာ ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် […]


နားပြဿနာများ

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ကဘာလဲ။ Otitis externa ဆိုတာ နားရဲ့ အပြင်ပြွန်လမ်းကြောင်းကို အုပ်ထားတဲ့ အရေပြားအလွှာပါးလေးမှာ ရောဂါးပိုးဝင်ခြင်းကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တတ်သော်လည်း တစ်ခါတလေ မှိုကြောင့်လည်း ဖြစ်တတ်ပါတယ်။ နားပြွန်လမ်းကြောင်း ဆိုတာ နားစည်ကနေ နားအပြင်ဘက်ကို ဆက်ထားတဲ့ လိုဏ်ခေါင်းပေါက်ဖြစ်ပါတယ်။ Otitis externa ဟာ ပုံမှန်အားဖြင့် သင်ရေကူးပြီး နောက်တစ်နေ့မှာ ဖြစ်တတ်ပြီး ရက်တို သို့မဟုတ် နာတာရှည်လည်း ဖြစ်တတ်ပါတယ်။ Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး ရေမကြာခဏကူးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှိတဲ့ သူတွေ (သို)့ အရေပြားဓါတ်မတည့်တတ်တဲ့ သူတွေ နဲ့ နားဖာချေး ထုတ်တာ နည်းတဲ့ သူတွေမှာ […]


နားပြဿနာများ

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ကဘာလဲ။ အတွင်းနားရောင်ခြင်းဆိုသည်မှာနား၏အတွင်းပိုင်းရောင်ရမ်း ခြင်းတစ်မျိုးဖြစ်ပြီးမူးဝေခြင်းကို ဖြစ်စေပါသည်။ နား၏ အတွင်းဖက်တွင် မျှခြေကိုထိန်းပေးသောဝင်္ကပါအခွေ ဟုခေါ် သောအစိတ်အပိုင်းတစ်ခုရှိပါသည်။ ဝင်္ကပါအခွေ သည် ထိခိုက်ခံရပါကဦးနှောက်သို့ မှားယွင်းသောအချက်ပြ မှုများကိုပို့ပါသည်။ အတွင်းနားရောင်ခြင်းသည် အကြားအာရုံဆုံးရှုံးခြင်း၊ ချာချာလည်သလိုခံစားရခြင်း၊ မျှခြေမထိန်းနိုင် ခြင်း နှင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်။ Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အတွင်းနားရောင်ခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ မည်သည့်အသက်အရွယ် တွင် မဆို ဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချခြင်းဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ လက္ခဏာများLabyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် ရုတ်တရက် စတင်လာနိုင်ပြီးတစ်မိနစ်မှ နာရီအနည်းငယ် သို့မဟုတ် ရက်များအတွင်းပျောက်လိုက် ပေါ်လိုက် ဖြစ်တတ်ပါသည်။ ကိုယ်နေကိုယ် ထားကိုလျင်မြန်စွာပြောင်းလဲလိုက်ပါကချာချာလည် သလိုခံစားရနိုင်ပါသည်။ အခြားရောဂါ လက္ခဏာများမှာမူးဝေခြင်း၊ မတည်ငြိမ်သလိုခံစားရခြင်း၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း