ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်တာကို ပိုဆိုးစေတတ်တဲ့ နေထိုင်စားသောက်မှုပုံစံများ။

ပူပြင်းတဲ့ အပြင်ကိုလည်း မထွက်၊ ေနွရာသီလည်း မဟုတ်၊ Migraine (ခေါင်းတစ်ခြမ်းကိုက်) ဝေဒနာသည်လည်း မဟုတ်ဘဲနဲ့ ခေါင်း ခဏခဏ ကိုက်နေပါသလား။ ဒါဆို ခေါင်းကိုက်အောင် လုပ်နေတဲ့ တရားခံဟာ သင်ကိုယ်တိုင်နဲ့ သင်စားနေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးထဲမှာတော့ ဘယ်လိုအစားအစာတွေနဲ့ နေထိုင်မှု ပုံစံတွေ က ခေါင်းကိုက်ခြင်းကိုဖြစ်စေလဲ ဆိုတဲ့အကြောင်းကို ပြောပြပေးတော့မှာပါ ။ ခေါင်းကိုက်စေတတ်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။ အရက် ။ အရက်က သွေးလည်ပတ်မှုတွေကို ကောင်းစေတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပမာဏအတွင်းသောက်မှ ကျန်းမာရေးကို အကျိုးပြုတာပါ။ အရမ်းအများကြီးသောက်လိုက်တဲ့အခါကျ အရက်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့် ခေါင်းကိုက်တာေတွ ဖြစ်တတ်ပါတယ်။ အရက်က ရေဓါတ်ခမ်းခြောက်ခြင်း ကိုလည်းဖြစ်စေတာကြောင့် Migraine သမားတွေ မှာ ခေါင်းတစ်ခြမ်းကိုက် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်လာရင် နှိပ်ပေးသင့်တဲ့ နေရာများ

ခေါင်းကိုက်ခြင်းဟာ အဖြစ်များတဲ့ ဝေဒနာ တစ်မျိုး ဖြစ်တဲ့ အတွက်ကြောင့် ခေါင်းကိုက်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ခေါင်းကိုက်လာရင် ဆေးဝါးတွေ၊ ကုသမှုတွေ သုံးပြီး ပျောက်ကင်းအောင်ကုသနိုင်သလို စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေထိုင်ခြင်းဖြင့်လည်း ခေါင်းကိုက်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းကိုက်တဲ့ အမျိုးအစားတွေကတော့ ၁၅၀ လောက်ကို ရှိပြီး အတွေ့ရများတဲ့ primary headaches (၃)မျုးကတော့ ၁။ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Tension headaches) ဖိစီးမှုကြောင့်ခေါင်းကိုက်တဲ့ ဝေဒနာဟာ နဖူး၊ ဦးခေါင်းနောက်နဲ့ လည်ပင်းတို့မှာ အနည်းငယ်နာကျင်တင်းကြပ်နေပြီး ဖိအားကိုပါ ခံစားရတဲ့ ခေါင်းကိုက်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ အမြင်သာဆုံးဥပမာပြောရမယ်ဆိုရင် ပြုတ်တူနဲ့ ခေါင်းကို ညှပ်ထားသကဲ့သို့ခံစားရမှာ ဖြစ်ပါတယ်။ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဟာ အတွေ့ရအများဆုံး ခေါင်းကိုက်ခြင်း ဝေဒနာ တစ်မျိုး ဖြစ်ပြီး စိတ်ဖိစီးမှုကြောင့် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ပူတဲ့အချိန် ခေါင်းကိုက်တတ်တာ တိုက်ဆိုင်မှုသတ်သတ်ပဲလား။

ရာသီဥတုက ခုဆိုရင် တဖြည်းဖြည်းနဲ့ ပူပြင်းတဲ့ နွေဥတုထဲ ရောက်နေပါပြီ။ ဒီ်လို ပြင်းလွန်းတဲ့ အပူချိန်ေကြာင့် ချွေးထွက်များြပီးနုန်းတာ၊ ခေါင်းကိုက်တာမျိုးတွေ ခံစားဖူးကြမှာပါ။ ပူလွန်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာ ချွေးထွက်တာမှန်ပေမယ့် အပူဒဏ်ကြောင့် ခေါင်းကိုက်တယ်ဆိုတာ ဖြစ်နိုင်သလား။ တကယ်ပဲ အပူဒဏ်က ခေါင်းကိုက်တာကိုဖြစ်စေတာလား။ တိုက်ဆိုင်တာသတ်သတ်ပဲလား။ ပူပြင်းတဲ့ ရာသီဥတုက ခေါင်းကိုက်ခြင်းကို တကယ်ဖြစ်စေတာလား။ ။ နွေရာသီရောက်ပြီဆိုတာနဲ့ ပူလိုက်တာ၊ ချွေးတွေထွက်လွန်းပြီး ခေါင်းပါတဆစ်ဆစ်ကိုက်နေတယ်ဆိုတဲ့ ငြီးငြူသံတွေ မကြာခဏ ကြားဖူးမှာပါ။ လေ့လာချက်တွေအရတော့ ပုံမှန် အပူချိန် ကနေ ၉ ဒီဂရီဖာရင်ဟိုက်တက်လေလေ ခေါင်းကိုက်ခြင်း ၇.၅ ရာခိုင်နှုန်းပိုဖြစ်လေလေလို့ ဆိုထားပါတယ်။ ပူပြင်းတဲ့ ရာသီဥတုရယ်၊ စိုထိုင်းဆများနေတာရယ်ကနေဖြစ်လာတဲ့ အပူငုပ်ခြင်းကြောင့် ခေါင်းကိုက်နိုင်သလို ပူပြင်းတဲ့နွေရာသီမှာ အန္တရာယ် အများဆုံးဖြစ်တဲ့ အပူရှပ်တာေကြာင့် လည်း ခေါင်းကိုက်နိုင်ပါတယ်။ ဒီတော့ ပြင်းထန်တဲ့ အပူချိန်က […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဆေးသောက်စရာမလိုဘဲခေါင်းကိုက်ပျောက်စေမယ့် နည်းလမ်း ၅ သွယ်

ခေါင်းကိုက်လိုက်တာ။ ဘာမှမလုပ်ချင်ဘူး၊ လို့များဖြစ်နေတဲ့ သူများရှိလား။ တကယ်လည်းဟုတ်ပါတယ်နော်။ခေါင်းကိုက်တဲ့အခါ လူကဘာမှကို မလုပ်နိုင်တော့ပါဘူး။ လုပ်ချင်စိတ်ရှိနေရင်တောင် မလုပ်နိုင်တော့ဘူးနော်။ ဒီပြဿနာကိုဆေးသောက်စရာမလိုဘဲ အမြန်ဆုံးဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးတွေအကြောင်းပြောပြပေးမယ်နော်။ ခေါင်းကိုက်တာကို သက်သာစေမယ့်နည်းလမ်းလေးတွေ ရေသောက်ပါ တစ်ခါတလေမှာခေါင်းကိုက်တာက ကိုယ်တွင်းမှာရေဓါတ်နည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်ခေါင်းကိုက်တဲ့အခါဆေးတွေဘာတွေမသောက်ခင် အရင်ဆုံးရေခဲရေမဟုတ်တဲ့ရေအေးအေးလေးတစ်ခွက်ကိုသောက်ချလိုက်ပါ။ ခဏလောက် ပတ်ဝန်းကျင်စိမ်းစိမ်းလေးကိုကြည့်လိုက်ပါ။ နှိပ်နယ်ပေးပါ ကိုယ်တိုင်လုပ်လို့ရပါတယ်။ အခြားသူကို အားကိုးစရာမလိုပါဘူး။ ဇက်ကြောနဲ့ နားထင်တို့ကို လက်ချောင်းလေးတွေသုံးလို့ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ တင်းနေတဲ့အကြောတွေပြေလျော့သွားပြီးခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ချင်း (ဂျင်း) နည်းနည်းစားပါ ချင်း (ဂျင်း) ကဆေးဖက်ဝင်တာတော့ သိပြီးဖြစ်မှာပါ။ခေါင်းကိုက်တဲ့အခါ ချင်း (ဂျင်း) တစ်ပြားလောက်ကို ဝါးစားပေးပါ။ ချင်း (ဂျင်း) ကိုဝါးမစားချင်ဘူးဆိုရင်လည်းရေနွေးဆူဆူဆူထဲ ထည့်ပြုတ်ပြီး ချင်းပြုတ်ရည်လေးသောက်ပေးလို့ရပါတယ်။ အနားယူပါ အိပ်ရေးမဝတာကြောင့် ဒါမှမဟုတ် ပင်ပန်းလွန်းတာကြောင့်ခေါင်းကိုက်တာမျိုးဖြစ်တဲ့အခါ ခန္ဓါကိုယ်က အနားပေးလိုက်တာကလည်းဆေးသောက်စရာမလိုဘဲခေါင်းကိုက်သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် ခဏလောက်ဖြစ်ဖြစ် တိတ်ဆိတ်တဲ့နေရာမှာ မျက်လုံးလေးမှိတ်လို့ အနားယူလိုက်ပါ။ အနားယူနေစဉ်မှာခေါင်း၊နားထင်နဲ့ ဇက်ကြောမှာရှိနေတဲ့ တင်းအားတွေကိုပြေလျော့စေဖို့ ကိုယ်နေဟန်ထား မှန်မှန်လေးထားပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းတာမဟုတ်ပါဘူး။ယောဂလေ့ကျင့်ခန်းလိုမျိုး အကြောတွေပြေလျော့စေနိုင်တဲ့လေ့ကျင့်ခန်းကိုလုပ်ခိုင်းတာပါ။နေ့စဉ်ပုံမှန် အကြောလျှော့ပေးတာကလည်ခေါင်းကိုက်တာကို […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ခြေဖဝါးမှာ ပူသလို ဘာလို့ခံစားရတာလဲ

ခြေဖဝါးထဲက ပူသလိုခံစားချက်မျိုးဖြစ်နေတာက အာရုံကြောထိခိုက်မှုကြောင့် (ဆီးချိုကြောင့်လည်းဖြစ်နိုင်) အဖြစ်များဆုံးပါ။ ဒီလိုဖြစ်တာမျိုးက မကြာမကြာလည်းဖြစ်တတ်တယ်၊ ဆက်တိုက်လည်းဖြစ်တတ်တယ် ဒါမှမဟုတ် ပြင်းရင်လည်းပြင်းထန်တတ်တယ် အမျိုးမျိုးပါပဲ။ ခြေဖဝါးထဲမှာ ပူတာ၊ ထုံတာ၊ ကျဉ်တာ၊ အကောင်လေးတွေကိုက်နေသလို တစစ်စစ်ထိုးနေတာတွေ ခံစားရနိုင်ပါတယ်။ ညဘက်မှာ နာကျင်မှုပိုခံစားရတတ်ပါတယ်။ သူ့ကိုကုသတဲ့နည်းလမ်းတွေကတော့ အကြောင်းရင်းကိုမူတည်ပြီး ကွဲပြားကြတာမို့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်ရအောင် - ဆီးချို သွေးတွင်းသကြားဓာတ်နဲ့ အဆီတွေ ပုံမှန်ထက်များနေရင် ကြာလာတဲ့အခါ လက်နဲ့ ခြေထောက်အာရုံကြောတွေမှာ ထိခိုက်လာစေပြီး တာရှည် သို့မဟုတ် မကြာခဏ ပူလောင်တဲ့ခံစားချက်မျိုးဖြစ်စေနိုင်ပါတယ်။ ခြေချောင်း၊လက်ချောင်းတွေမှာ ထုံတာ၊ကျဉ်တာလိုမျိုး လက္ခဏာစသတိထားမိတာနဲ့ ဆီးချိုစစ်ကြည့်တာအကောင်းဆုံးပါပဲ။ အာရုံကြောရောဂါ လက်မောင်း၊ ခြေထောက်၊ ခြေဖဝါးတို့နဲ့ ကျောရိုးမကြီးကို ချိတ်ဆက်ပေးတဲ့ အာရုံကြောတွေကို ထိခိုက်တဲ့အခြေအနေပါ။ ဆီးချိုကြောင့်အဖြစ်များပေမယ့် ကင်ဆာဆေးတွေ၊ ကျောက်ကပ်ပျက်စီးခြင်း၊ လေးဖက်နာအဆစ်ရောင်ရောဂါ၊ အဆိပ်အတောက်ဓာတ်ပစ္စည်းတွေ၊ရောဂါပိုးနဲ့ အာဟာရဆိုင်ရာပြဿနာတွေ စတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အရက်အသောက်များခြင်း အရက်အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးပြဿနာအများကြီးကိုဖြစ်စေနိုင်ပါတယ်။ နှစ်နဲ့ချီပြီး အရက်သောက်ခြင်းက ခြေထောက်အာရုံကြောတွေကို […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ခေါင်းကိုက်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ လူတော်တော်များများကခေါင်းကိုက်တာကို သူတို့သက်တမ်းတလျှာက်မှာ မဖြစ်မနေကြုံဖူးကြမှာပါ။ခေါင်းကိုက်တာက အရွယ်သုံးပါးစလုံးတွေ့ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ထက်ဝက်နီးပါးလောက်ကခေါင်းကိုက်တဲ့ဝေဒနာကိုခံစားကြရပါတယ်၊လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ခေါင်းကိုက်ခြင်း ခေါင်းကိုက်တာက စိတ်ဖိစီးမှုများနေတာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာနဲ့ သောက်သုံးမှီဝဲနေရတဲ့ဆေးဝါးတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာခေါင်းတစ်ခြမ်းကိုက်နေတာဆိုရင်သွေးတိုးနေတာကြောင့်ဖြစ်နိုင်သလို စိတ်ဓါတ်ကျနေတာ၊ စိုးရိမ်ပူပန်စရာအကြောင်းအရင်းတွေရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အလုပ်ခွင်နဲ့ ပညာသင်ယူမှုအပိုင်းမှာ အခက်အခဲကြုံတွေ့နေရတဲ့အခါမျိုးမှာလည်းခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်တယ်ဆိုတာက ဦးခေါင်း ဒါမှမဟုတ် လည်ပင်းပိုင်းတစ်နေရာရာမှာ နာကျင်ထိခိုက်မိတာမျိုးရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့ရောဂါတွေရဲ့ လက္ခဏာအနေနဲ့ ခေါင်းကိုက်တာကိုခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ခဏခဏခေါင်းကိုက်နေရင်တော့ အလုပ်ခွင်မှာရော လူမှုဆက်ဆံရေးမှာပါထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ခေါင်းကိုက်တာမျိုးမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိရှိနိုင်စေဖို့အတွက်ခေါင်းကိုက်ရတဲ့အကြောင်းအရင်းတွေကိုပြောပြပေးချင်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းတွေက ခေါင်းကိုက်တယ်ဆိုတာက စိတ်ဖိစီးတာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတစ်ရပ်ကြောင့်ခေါင်းကိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ သွေးတိုးတာ၊ စိတ်ဖိစီးတာ နဲ့ စိတ်ပူပန်တာတွေကြောင့်ခေါင်းတစ်ခြမ်းကိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ သာမန်ခေါင်းကိုက်ခြင်း ဒီအချက်တွေကြောင့်ခေါင်းကိုက်နေတာလားဆိုတာကို ဆန်းစစ်ပါ။ အရမ်းပင်ပန်းတာ အိပ်ရေးပျက်တာ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ရှကီသမားလည်းမဟုတ်ဘဲ လက်တွေတုန်တာ ဘာလို့လဲ

လက်တွေတုန်နေရင် "ဘာလဲ၊ မသောက်ရသေးလို့လား" ဆိုပြီး ခင်မင်သူတွေကြား အစအနောက်ခံရတတ်တယ်။ရေလေးငှဲ့လိုက်လည်း တုန်ပြီးဖိတ်၊ အာရုံစိုက်ပြီးငြိမ်အောင်လုပ်ရင် လက်ကပိုတုန်၊ လုံးချာလည်ကိုရိုက်နေရော။သောက်တတ်သူတွေရေချိန်မကိုက်ရင်၊သောက်နေကျအချိန်မသောက်ရင် တုန်တုန်ရီရီဖြစ်တတ်တာဆိုပေမယ့် ကိုယ့်မှာက အမြဲလက်တုန်နေတာ။ ဘယ်အကြောင်းရင်းတွေကြောင့် လက်တုန်ရတာလဲဖြစ်နိုင်ခြေလေးတွေ ဆက်ပြီးဖတ်ကြည့်နော်။ ရောဂါမဟုတ်ပါ Essential Tremor လို့ခေါ်တဲ့ အာရုံကြောပြဿနာက အဖြစ်များဆုံးပါ။ကော်ဖီခွက်လေးကိုင်ရင်တောင် လှုပ်ခါနေတာမျိုး။ငြိမ်နေရင်အကောင်းကနေ လှုပ်ရှားမယ်ကြံမှ လက်ကမငြိမ်တော့တာပါ။ အကြောင်းရင်းအတိအကျမရှိပေမယ့် တချို့မှာတော့ မျိုးဗီဇနဲ့ဆိုင်တယ်လို့တွေ့ရပါတယ်။တော်တန်ရုံလောက်ကပြဿနာမရှိလို့ဆေးကုသဖို့မလိုလောက်ပါဘူး။နေ့စဉ်အလုပ်တွေမှာ ထိခိုက်လာရင်တော့ ကုသမှုခံယူဖို့လိုလာနိုင်ပါတယ်။ ပါကင်ဆန်ရောဂါ ပါကင်ဆန်ရောဂါရှိသူတွေမှာ ကြွက်သားတွေကိုလှုပ်ရှားဖို့သတင်းပို့တဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတာကြောင့် လက်တုန်တတ်ပါတယ်။ စစချင်းတော့ လက်တစ်ဖက်မှာပဲ တုန်တတ်ပေမယ့် ကြာလာတာနဲ့အမျှနောက်တစ်ဖက်မှာပါဖြစ်လာတော့တယ်။ လှုပ်ရှားမှုတွေနှေးလာနိုင်သလို ဟန်ချက်ညီအောင်ထိန်းဖို့လည်းခက်လာတယ်၊ ဒါမှမဟုတ် လက်နဲ့ခြေထောက်တွေတောင့်တင်းလာနိုင်ပါတယ်။ ပါကင်ဆန်ကြောင့် တုန်ရီတာဆိုရင်တော့သောက်ဆေးတွေ ဒါမှမဟုတ် ခွဲစိတ်ကုသမှုလိုအပ်လာနိုင်ပါတယ်။   ဦးနှောက်အာရုံကြောရောဂါ (MS) Multiple Sclerosis (MS) ဟာmyelin လို့ခေါ်တဲ့ အာရုံကြောအပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လက်တွေ သို့မဟုတ် တခြားအစိတ်အပိုင်းတွေမှာ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မနာလိုစိတ်ပုပ်တတ်သူတွေ အသက်ကြီးလာရင် အယ်ဇိုင်းမားဖြစ်နိုင်ခြေ နှစ်ဆပိုများ

ရုပ်ရှင်တွေထဲမြင်ဖူးမှာပေါ့၊ မင်းသမီးကို အမြဲတမ်းဘလိုင်းကြီးဂျေဝင်၊ စိတ်ပုပ်ပြီးချောက်ချတတ်တဲ့ ဗီလိန်မလေးတွေ။ ရုပ်လေးချောနေရင်တောင် အဲ့ရုပ်ရှင်ကြည့်နေရင်း သူ့ကိုမုန်းလာတာ၊ ကျိန်ဆဲမိကြတာဖြစ်ဖူးတယ်မလား။ပြင်ပလောကမှာလည်း ဒီလိုမျိုးလေးတွေရှိတတ်ပေမယ့်ဂျေဝင်တာကို သိပ်မသိသာဘူးလေနော်။ သူ့စိတ်ထဲရှိနေတာကို ရုပ်ရှင်ထဲမှာလို လူတိုင်းကမြင်နေရမှာမှမဟုတ်တာ။ ဒါပေမယ့်ဂျေမမတို့အတွက် သတိထားသင့်တဲ့အန္တရာယ်ရှိလာပါပြီ။ အတွင်းစိတ်ထဲမှာ မနာလိုတာတွေ၊ လောဘကြောင့်ပူလောင်နေတာ၊ စိတ်အပြောင်းအလဲမြန်တာ၊သောကတွေအမြဲပိုက်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေဟာ အယ်ဇိုင်းမားရောဂါဖြစ်လာနိုင်ခြေ ပိုများတယ်လို့ နှစ် ၄၀ နီးပါး ကြာ သုတေသနလေ့လာမှုတစ်ခုကNeurology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ နှစ် ၄၀ အတွင်း အမျိုးသမီး ၈၀၀ ကိုလေ့လာခဲ့တဲ့ University of Gothenburg ရဲ့ သုတေသနအရ အမြဲလိုလို ကာလကြာရှည်စိတ်ထဲဖိစီးမှု၊ ပူလောင်မှုတွေခံစားရတာဟာ ဒီစိတ်တွေနည်းတဲ့ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတာကိုတွေ့ရပါတယ်။ အဖြစ်များဆုံး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့ အယ်ဇိုင်းမားကြောင့် မှတ်ဉာဏ်၊ ဘာသာစကားစွမ်းရည်၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊မြင်နိုင်စွမ်းတို့မှာ ချွတ်ယွင်းလာစေတာပါ။ တဖြည်းြ်ဖည်းချင်းအဆင့်တက်လာတတ်တဲ့ ဒီရောဂါကို […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ဦးနှောက်သိပ်မကောင်းတော့ဘူး..တစ်ခန်းတွေလွတ်နေပါပြီနော်

အခုတလော ဘာလုပ်လုပ် အဆီအငေါ်မတည့်ဖြစ်နေတာ၊ ဟိုမေ့ဒီမေ့နဲ့၊ အတွေးအကြံကောင်းတွေလည်းမထွက်တာ ဘာကြောင့်များလဲ။ခေါင်းတွေလည်းမကောင်းတော့ပါဘူး၊ လွတ်နေပြီလို့တွေးမိဖူးလား။ ဗန်းစကားအခေါ်ဆို ပလပ်ကျွတ်တယ်ပေါ့။ အဲဒါတွေက ဘာကြောင့်ဖြစ်တာလဲ။ အသက်ကြီးလို့လား (လူငယ်တွေလည်းဖြစ်တာပဲ)၊ အရက်သောက်လို့လား( မိန်းကလေးတွေကျ ဘယ်လိုပြောမလဲ)၊ အလုပ်တွေပိလို့လား( အလုပ်မည်မည်ရရမလုပ်တဲ့သူတွေမှာလည်း ဒီလိုဖြစ်တတ်တာပဲ)။ ဒါဆို ဘာကြောင့်လဲ.... (၁) မနက်စာ လွတ်တယ် နေ့တစ်နေ့ရဲ့အစမှာ ခန္ဓာကိုယ်အင်ဂျင်ကြီးကို လည်ပတ်နိုင်ဖို့ လောင်စာအဖြစ်စတင်ပေးမယ့် မနက်စာက သိပ်အရေးကြီးပါတယ်။ မနက်စာ မစားဖြစ်ရင်သွေးတွင်းသကြားဓာတ်ကို ကျစေပြီး ကြာလာရင် ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ဟာ တခြားအစိတ်အပိုင်းတွေထက် အားအင်ပိုအသုံးပြုတာဖြစ်ပြီး တစ်နေ့တာရှိနေတဲ့ သွေးတွင်းသကြားဓာတ်တွေရဲ့ ၂၀%အထိ ယူသုံးနိုင်ပါတယ်။ ဦးနှောက်မှာ အာဟာရမလုံလောက်တာ ပုံမှန်လိုဖြစ်လာတဲ့အခါ အားအင်ချို့တဲ့မှုဖြစ်လာပြီး ဦးနှောက်ရဲ့တုံ့ပြန်နိုင်စွမ်းကို ယိုယွင်းလာစေပါတယ်။ ဦးနှောက်ဆဲလ်ေတွက မကျန်းမာတော့ဘဲ မြန်မြန်သေဆုံးကုန်ပါတယ်။ ဒါ့ကြောင့် မနက်စာလွတ်ရင် အစာအိမ်ပဲထိခိုက်မယ်မထင်လိုက်ပါနဲ့။ (၂) အိပ်ရေးပျက်ခံတယ် အိပ်ရေးပျက်ထားတယ်ဆိုရင် နောက်တစ်နေ့မှာ ဘာလုပ်လုပ်လေးဖင့်နေပြီး ဟိုမေ့ဒီမေ့ဖြစ်၊ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး

နေကောင်းလားမေးရင် နေကတော့ကောင်းပါတယ်။ ဟိုနားက တစ်ခုခုဖြစ်လိုက်၊ ဒီနားက တစ်မျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။နေမကောင်းဖြစ်တာလည်း မဟုတ်၊ ဆရာဝန်သွားပြရင်တောင် ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။ လူ့ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ဟာ တစ်ကိုယ်လုံးကို ဖြန့်ကြက်ထားတာမို့လို့ အရမ်းကို အရေးပါပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှု ကြီးမားတာမို့ အာရုံကြောစနစ် ကျန်းမာနေဖို့ လိုပါတယ်။ အာရုံကြောအားနည်း နေပြီဆို လူက တကယ်ကို ပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေ ထိခိုက်ပါလိမ့်မယ်။ အာရုံကြောအားနည်း ရင် ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ထုံကျဉ်တာ ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn's ရောဂါ သို့မဟုတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း