ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးသွားတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတာလား။ ။

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ ။အတိတ်မေ့သွားပြီး ကိုယ့်မိသားစု ကိုယ်ချစ်ရတဲ့သူတွေကို ကာလတိုတစ်ခုလောက် သတိမရတော့တာမျိုး။ ဒါမျိုးက ရုပ်ရှင်တွေထဲမှာပဲ ရှိတာလား။ အပြင်မှာရော ဒီလို ခဏတာ အတိတ်မေ့သွားတဲ့သူတွေရှိလား။ ရှိပါတယ်။ အပြင်မှာလည်း ဒီလိုမျိုး ခဏလောက် အတိတ်မေ့သွားပြီး ဘာကိုမှသတိမရတော့တာမျိုးတွေရှိပါတယ်။ ဆေးပညာအရဆို ဒါကို short term amnesia (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း ) လို့ခေါ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း )short term amnesia အကြောင်းလေးပြောပြပေးချင်ပါတယ်။ ရုပ်ရှငိထဲမှာပဲ မဟုတ်။ အပြင်မှာလည်း ဒီလိုမျိုး အတိတ်မေ့တာတွေရှိတယ်ဆိုတာလေး ပြောပြချင်တာပါ။ လတ်တလော မှတ်ဉာဏ်ဆိုတာ ဘာလဲ ။ ။ လတ်တလော မှတ်ဉာဏ် ဆိုတာ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ ခုလတ်တလော တွေးနေတဲ့ အတွေးတွေကို ဦးနှောက်က […]


ဦးနှောက်အာရုံကြောကျန်းမာရေး

Short term memory တိုးတက်စေမယ့် နည်းလမ်းအချို့

ခုလေးတင်ပြောမလို့မေ့သွားပြန်ပြီ။ ဘာပြောနေတာလဲ ဆိုပြီးဖြစ်ဖူးလား။ လူတွေမှာ အလုပ်များလေလေ သတိမေ့လာလေလေပါ။ ငါမလည်း တစ်ချိန်လုံးကိုမေ့နေတာပဲလို့များဖြစ်နေပြီလား။ ဒါက ကာလတိုမှတ်ဉာဏ်အားနည်းလာတာပါ။ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းများမရှိဘူးလားလို့ စဉ်းစားနေတာလား။ အစားအသောက်တွေ နဲ့နေ့စဉ်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရုံနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်နော်။ ကာလတိုမှတ်ဉာဏ်ဆိုတာ ကာလတိုမှတ်ဉာဏ်ဆိုတာက ရုတ်တရက်ဖြစ်ပျက်တဲ့အရာတွေကို အချိန်တိုအတွင်းမှတ်ထားပေးတဲ့ မှတ်ဉာဏ်ပါ။ သတင်းအချက်အလက်တွေကို ယာယီသိမ်းဆည်းပေးထားတာပါ။ များသောအားဖြင့် ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀လောက်ပဲမှတ်ထားပေးတာပါ။ ရုတ်တရက်ဖုန်းနံပါတ်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ်၊ အရေးကြီးအချက်အလက်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ် မှတ်ထားပေးတာပါ။ ယာယီ သိမ်းဆည်းပေးထားတဲ့သဘောပေါ့။ ကာလတိုမှတ်ဉာဏ်တိုးတက်စေဖို့ ဒီလိုတွေလုပ်ပေးလို့ရပါတယ် ကာလတိုမှတ်ဉာဏ် အားနည်းလာတာက နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်တဲ့ ကိစ္စပါ။ ကာလတိုမှတ်ဉာဏ်တိုးတက်စေဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေက - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးပေးပါ။ အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပေးပါ။ သင့်တင့်မျှတတဲ့ဖြည့်စွက်အာဟာရတွေစားသုံးပေးပါ။ ချောကလက်စားပေးပါ ချောကလက် စားသုံးပြီး ၂ နာရီ ကနေ ၃ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

အစားအသောက်ကြောင့် ခေါင်းတခြမ်းကိုက်စေနိုင်သလား

ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းက အများကြီးရှိနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်းမတူကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်တတ်တယ်ဆိုရင်တော့ ဘာတွေကြောင့်ဖြစ်လာလေ့ရှိသလဲဆိုတာလေ့လာပြီး ကြိုးစားရှောင်ကြည့်တာအကောင်းဆုံးပါ။ တတ်နိုင်သလောက် ကာကွယ်ပြီးသားဖြစ်တာပေါ့။ ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့အကြောင်းရင်းခံကို သိပ္ပံပညာအရ တိတိကျကျတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဦးနှောက်အတွင်းက ရုတ်တရက်ဖြစ်လာတဲ့လှုပ်ရှားမှုအပြောင်းအလဲတွေကြောင့်ဖြစ်လာတာလို့ဆေးပညာက လက်ခံထားပါတယ်။ အဲဒီအပြောင်းအလဲတွေကြောင့် သွေးကြောတွေနဲ့ အာရုံကြောသတင်းပို့စနစ်တွေမှာလည်းထိခိုက်ကုန်တာပါ။ ရလဒ်အနေနဲ့ တဒုတ်ဒုတ်နဲ့ခေါင်းထဲမှာ ထိုးကိုက်တဲ့ဝေဒနာကို ရက်နဲ့ချီပြီး ခံစားရတတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်သောက်သုံးရတဲ့ဆေးဝါးတွေ၊ဟော်မုန်းအပြောင်းအလဲတွေ၊ အိပ်ရေးပျက်တာတွေ စတဲ့အကြောင်းအချက်တွေကြောင့်ဖြစ်လာတတ်ပါတယ်။နောက်တစ်ချက်က အစားအသောက်ပါ။ခေါင်းတခြမ်းကိုက်ရောဂါခံစားရတဲ့သူတွေမှာ ၁၀ %လောက်က အစားအသောက်ကြောင့်ဖြစ်နေတတ်ပါတယ်။ ဒီတော့ အဖြစ်များတဲ့အကြောင်းရင်းလေးတွေ မှတ်ထားလိုက်ရအောင် - ကဖင်း ကဖင်းပါတဲ့အစားအသောက်တွေကခေါင်းကိုက်သက်သာစေနိုင်တယ်ဆိုပေမယ့် အသွားနှစ်ဖက်ပါတဲ့ဓါးလိုပါပဲလို့ ပညာရှင်တွေကဆိုပါတယ်။နေ့တိုင်းစားသုံးမယ်ဆို ကဖင်းကိုပဲ မှီခိုစွဲလမ်းစေပြီး ပုံမှန်သောက်နေကျကော်ဖီထက် နည်းနည်းလေးပဲလျော့သွားတာနဲ့ခေါင်းကိုက်လာနိုင်တာဖြစ်ပါတယ်။ကော်ဖီကအစချောကလက်တွေအထိ ကဖင်းပါတဲ့ အစားအသောက်တွေကို စွဲလမ်းတဲ့အထိ မစားသုံးဖို့ ဂရုပြုစေချင်ပါတယ်။ တာရှည်ခံအသား တာရှည်ခံအောင်လုပ်ထားတဲ့အသားတွေမှာ ပါတဲ့ နိုက်ထရိတ်တွေကြောင့်ခေါင်းတခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အငန်ဓါတ်လည်း ပါဝင်မှုများလို့ရေဓါတ်ခန်းခြောက်စေတာဖြစ်ပါတယ်။ အရက် အရက်ကြောင့်ချည်းပဲ အဲ့လောက်မဆိုးပေမယ့် တန်နင်၊ ဆာလ်ဖိတ်တာရှည်ခံပစ္စည်းတွေနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ခေါင်းကိုက်စေတာလို့ […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

သင့်ကြောင့် ဦးနှောက်မပျက်စီးပါစေနဲ့။ ။

ဦးနှောက်ဆိုတာ နှလုံးလိုပဲ လုံးဝကို အထိခိုက်မခံတဲ့ နုနယ် ရှုပ်ထွေးလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် မာလာခွံလို့ခေါ်တဲ့ ဦးခေါင်းခွံမာကြီးထဲမှာ ဦးနှောက်က တည်ရှိနေတာဖြစ်ပါတယ်။ ဒီလောက်အတွင်းကျတဲ့နေရာမှာရှိပြီး သေချာ အကာကွယ်ခံထားရတဲ့ သင်တို့ဦးနှောက်ဟာ သင့်တို့ကြောင့်ပဲ ပျက်စီးတတ်တယ်ဆိုတာ သင်သိပါသလား။ ။ သင်ကိုယ်တိုင်တောင်မသိဘဲ လုပ်နေမိတဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့ အပြုအမူတွေ။ ။ အိပ်ချိန်မမှန်ခြင်း။ ။ အိပ်ချိန်လုံလောက်စွာ မရရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ လူတိုင်းသိကြတဲ့ ကိစ္စတစ်ခုပါ။ အဆိုးဆုံးထိခိုက်တာကတော့ ဦးနှောက်ဖြစ်ပါတယ်။ သူ့ခမျာ နေ့ဘက်တွေဆို တွေးတော ချိတ်ဆက်နေရတာ အနားယူရမယ့် ညဘက်ကလေးမှာမှ အနားကောင်းကောင်းမရရင် အချိန်ကြာလာတာနဲ့ ယိုယွင်းလာတော့မှာပါ။ ဒါ့အပြင် အိပ်ချိန်မလုံလောက်ခြင်းက ကြီးလာရင်ဖြစ်တတ်တဲ့ Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ နေ့ရက်တိုင်းကို အထီးကျန်စွာ ဖြတ်သန်းနေရခြင်း။ ။ သူငယ်ချင်းများများရှိရမယ်ဆိုလို့ social media […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Dandy-Walker Syndrome (Dandy-Walker ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dandy-Walker ရောဂါစုဆိုတာ ဘာလဲ။ Dandy-Walker ရောဂါစုဆိုတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ငယ် (cerebellum) နဲ့ ၎င်းရဲ့အနီးတဝိုက်က အရည်ပြည့်နေတဲ့အခန်းငယ် (ventricles) တွေ မွေးရာပါချို့ယွင်းနေတဲ့ ရောဂါစုတစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ ဒီရောဂါစုရဲ့ အဓိကလက္ခဏာရပ်တွေကတော့ ဦးနှောက်အထက်ပိုင်း၊ အောက်ပိုင်းနဲ့ အာရုံကျောမကြီးတို့အကြား cerebrospinal fluid အရည်ကြည်တွေ စီးဆင်းသွားလာနေတဲ့ စတုတ္ထအခန်းငယ် ပုံမှန်ထက်ကြီးနေခြင်း၊ ဦးနှောက်ခြမ်းနှစ်ခုကြားက cerebellar vermis အစိတ်အပိုင်း တစ်ဝက်တစ်ပျက် သို့မဟုတ် လုံးဝပါမလာခြင်း၊ ဦးခေါင်းခွံအောက်ခြေနားမှာ ရေအိတ်ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်ပတ်ပတ်လည်မှာ အရည်ပြည့်ဖောင်းပြီး ဦးခေါင်းကြီးတဲ့ပြဿနာ (hydrocephalus) လည်း ဖြစ်ပေါ်နိုင်ပါတယ်။ Dandy-Walker ရောဂါစု ခံစားနေရသူတွေမှာ အဆိုပါလက္ခဏာရပ်တွေ ရုတ်တရက်ပေါ်လာနိုင်သလို လုံးလုံးသတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။   Dandy-Walker ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ခန့်မှန်းချေအားဖြင့် Dandy-Walker […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Walker-Warburg syndrome (ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်း ဆိုတာဘာလဲ။ ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းဆိုတာ မွေးရာ ကြွက်သားသေးသိမ်တဲ့ ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်လုံးနဲ့ ဦးနှောက်ချို့ယွင်းမှုများဖြင့်လည်း ဆက်စပ်နေမှာပါ။ ထိုရောဂါမှာ ဦးနှောက်အခေါက်အတွန့်များမရှိဘဲ မျက်နှာပြင်ချောမွတ်နေခြင်း၊ ဦးနှောက်ငယ်နဲ့ ဦးနှောက်အမြှီးတို့တွင် မူမမှန်မှုများရှိခြင်းတို့ ပါဝင်ပါတယ်။ ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်း (WWS) ကို ကမ္ဘာတစ်ဝန်းမှာ တွေ့ရပြီး ယောက်ျားနှင်မိန်းမ ဖြစ်ပွားနှုန်းအတူတူပဲဖြစ်ပါတယ်။ ဖြစ်ပွားနှုန်းကို အတိအကျမသိရှိသော်လည်း လူအယောက် ၂၀၀၀၀၀ မှာ ၁ယောက်နှုန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဝေါ့ကာဝါးဘာ့ ဆင်ဒရုန်းရဲ့ အဓိကရောဂါလက္ခဏာက ကြွက်သားသေးသိမ်ခြင်းနဲ့ ဦးနှောက်နှင့်မျက်လုံးမူမမှန်မှုများရှိခြင်းတို့ပဲဖြစ်ပါတယ်။ WWS ရဲ့ ရောဂါလက္ခဏာတွေဟာ မွေးရာပါတွေဖြစ်ပြီး တချို့သော ဦးနှောက်မူမမှန်မှုတွေကို အမေဗိုက်ထဲကကလေးကို အာထရာဆောင်းရိုက်ခြင်း၊ MRI ရိုက်ခြင်းတို့ဖြင့် […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Empty sella syndrome (Empty Sella ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Empty Sella ရောဂါစုဆိုတာ ဘာလဲ။ Empty Sella ရောဂါစုဆိုတာ sella turcica ခေါ် ဦးခေါင်းခွံအောက်ခြေ sphenoid အရိုးထဲက ပီကျူထရီဂလင်းတည်ရှိရာ မြင်းကုန်းနှီးသဏ္ဍာန် အချိုင့်ရာတစ်ခု ပုံမှန်ထက်အရွယ်အစားကြီးနေတဲ့ ဒါမှမဟုတ် ပုံသဏ္ဍာန်မမှန်တဲ့ ရှားပါးရောဂါစုတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါရှိသူအချို့ရဲ့ sella turcica ထဲမှာ cerebrospinal fluid (CSF) ခေါ် ဦးနှောက်အာရုံကြောအရည်ကြည်တွေ ရှိနေပြီး အောက်ခြေကြမ်းပြင်မှာ အလွန်သေးငယ်တဲ့ ပီကျူထရီဂလင်းကို တွေ့မြင်နိုင်ပါတယ်။ အချို့လူတွေမှာတော့ sella turcica တစ်ခုလုံး CSF တွေပြည့်နေပြီး ပီကျူထရီဂလင်းကို လုံးဝမြင်ရမှာမဟုတ်ပါဘူး။ အကြောင်းအရင်းမရှိဘဲ သူ့အလိုလိုဖြစ်ပေါ်လာတဲ့ empty sella ရောဂါစုကို primary empty sella ရောဂါစုလို့ခေါ်ပြီး အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ အမျိုးအစားကိုတော့ secondary empty sella […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Dyggve-Melchior-Clausen syndrome (Dyggve-Melchior-Clausen ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dyggve-Melchior-Clausen ရောဂါစု ဆိုတာဘာလဲ။ Dyggve-Melchior-Clausen syndrome ဆိုတာ အရမ်းရှားတဲ့ အချိန်ကြာတာနဲ့အမျှ ပိုပိုပြီးဆိုးလာတဲ့ မျိုးရိုးဗီဇ အခြေအနေတစ်ခုဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အရိုးဖွဲ့စည်းမှုနဲ့ ဦးခေါင်းသေးခြင်း၊ ပညာ သင်ကြားရာများတွင် ခက်ခဲခြင်းလက္ခဏာများနဲ့လာပါတယ်။ Dyggve-Melchior-Clausen ရောဂါစု ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Dyggve-Melchior-Clausen syndrome ဆိုတာအရမ်းကိုရှားပါတယ်။ ဒီနေ့ထိ case 100လောက်သာရှိပါသေးတယ်။ အခြားအချက်အလက်များကို သိနိုင်ဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများDyggve-Melchior-Clausen ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Dyggve-Melchior-Clausen syndrome နဲ့ မွေးလာတဲ့ မွေးကင်းစကလေးတွေဟာ ပုံမှန်မဟုတ်ပဲ အရမ်းသေးနေခြင်းရှိနိုင်သလို ပုံမှန်အခြေအနေနဲ့ ဖြစ်နိုင်ပါတယ်။ ကလေးကအသက်ကြီးလာတာနဲ့အမျှ Dyggve-Melchior-Clausen syndrome က စပြီး ဖြစ်ပွားလာပါတယ်။ ကလေးအသက် ၂နှစ်လောက်ရောက်တဲ့အခါမှာတော့ ကလေးဟာ ရင်ဘတ်ရိုးပုံစံဟာ စည်ပိုင်းလိုပုံစံဖြစ်ပြီး စပြီးပုံပျက်လာတတ်ပါတယ်။ ကလေးဟာ အစားအစာ စားတဲ့အခါပြသနာရှိခြင်း၊ သူရောက်ရမယ့် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Edwards syndrome (Edwards ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Edwards ရောဂါစု ဆိုတာဘာလဲ။ Edwards’ ရောဂါစု ဆိုတာအရမ်းရှားတဲ့အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်ထဲက ဆဲလ်တွေရဲ့ ခရိုမိုဆုန်း ပမာဏတွေမူမမှန်မှုကြောင့်ဖြစ်ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ ပုံမှန်ဆိုပါက ခရိုမိုဆုန်း ၄၆ခုနဲ့ မွေးလာပြီး၂၃စုံဆီပါပါတယ်။ Edwards’ ရောဂါစု ရှိတဲ့ကလေးတစ်ယောက်ဟာ ခရိုမိုဆုန်း ၁၈မှာ ပုံမှန်ထက် ကော်ပီအပွား သုံးခု ပါနေပါတယ်။ အဲ့လိုအခြေအနေကို trisomy 18 လို့ခေါ်ပါတယ်။Edwards’ ရောဂါစု ဆိုတာ အရမ်းဆိုးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ Edwards’ ရောဂါစု နဲ့မွေးလာတဲ့ကလေးတော်တော်များများဟာ မွေးပြီးတော့ ရက်အနည်းငယ်၊အပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်လောက်သာ ရှင်သန်နိုင်ပါတယ်။ တစ်ချို့သော ကလေးတွေတစ်နှစ်ထက်ပိုပြီး အသက်ရှင်ခဲ့ရင်လည်း ရှုပ်ထွေးတဲ့ကျန်းမာရေးပြသနာပေါင်းစုံနဲ့ကြုံတွေ့ရနိုင်ပါတယ်။Edwards’ ရောဂါစု ရှိတဲ့ကလေးတွေဟာမိခင်ရဲ့ ဗိုက်ထဲမှာ ပုံမှန်ဖွံဖြိုးရမှာကိုမဖွံဖြိုးနိုင်တဲ့အတွက် သူတို့ဟာမွေးလာပါက ကိုယ်အလေးချိန်လျော့ခြင်းတွေဖြစ်စေနိုင်ပါတယ်။ သူတို့ရဲ့ နှလုံးနဲ့ကျောက်ကပ်တို့က သေချာစွာ ကြီးထွားလာမှုမရှိကြပါဘူး။ ကလေးတွေဟာ […]


အတက်ရောဂါ

အတက်ရောဂါရှိပြီဆိုရင် သတိပြုဖွယ်ရာများ

“ဝုန်း” “ဒီမှာ လူတစ်ယောက်တက်နေလို့” “ခြေမကို ချိုး ခြေမကို ချိုး” “လျှာကိုက်မိနေပြီ။ သော့ရှိရင်ပေးကြပါ။” “အားလုံး တစ်ချက်လောက်ဖယ်ပေးကြပါ။ ကျွန်တော်ဆရာဝန်ပါ။ လူနာကိုနည်းနည်း ခုံနဲ့လွတ်တဲ့နေရာရွှေ့ပြီး ဘေးစောင်းလေးထားပေးပါ။ ခုနပြောတဲ့ခြေမချိုးတာတွေ သော့ပါးစပ်ထဲထည့်ဖို့တွေမလုပ်ကြပါနဲ့။ အလကားပဲ။ အကျိုးမရှိပါဘူး။” YBS ယာဉ်တစ်စီးပေါ်တွင်ဖြစ်နေသော အသံများဖြစ်သည်။ ခရီးသည်တစ်ဦး ကားစီးရင်းတက်သွားသည်ကိုဝိုင်းဝန်းပြုစုရန်ကြိုးစားနေသော အသံများဖြစ်သည်။ လူအများစုမှာ သူတို့ယုံကြည်လက်ခံထားသည့်အတိုင်းဝိုင်းဝန်းပြုစုရန်ကြိုးစားနေသည်ကိုကားပေါ်တွင်ပါလာသော ဆရာဝန်တစ်ဦးက ပြန်ရှင်းပြနေခြင်းဖြစ်သည်။ ဘာကြောင့်တက်ရသလဲ။ အတက်ရောဂါဖြစ်စေနိုင်သော အကြောင်းတရားများစွာရှိပါသည်။ ကလေးငယ်များတွင်အဖျားကြီးခြင်းကြောင့်တက်ခြင်းရှိတတ်သည်။ ထိုအဖျားကြီးခြင်းကြောင့်တက်ခြင်းသည်အသက်၆ နှစ်ကျော်လောက်တွင်ပြန်ကောင်းသွားတတ်သည်။ သို့သော်တခြားဦးနှောက်အမြှေးရောင်ခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ခြင်းများ ဖြစ်လျှင်လည်း ဖျားပြီး တက်တတ်ရာ ထိုရောဂါများမဟုတ်မှသာ ရိုးရိုးဖျားခြင်းကြောင့်တက်ခြင်း (febrile convulsion) ဟုသတ်မှတ်ကြရသည်။ ဆရာဝန်က သေချာစွာ စစ်ဆေးပြီးမှသတ်မှတ်ရသည်။ ထို့အကြောင်းများအပြင်ကလေးများတွင်ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်း၊ မွေးစဉ်အခါက ဦးနှောက်ခိုက်ထားခြင်း၊ သူငယ်နာ (cerebral palsy) ရှိခြင်း၊ခေါင်းထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးခြင်း၊ ကျောက်ကပ်ရောင်ပြီး သွေးတိုး၍တက်ခြင်း၊ မွေးရာပါနှလုံးရောဂါဖောက်ချိန်တွင်ကိုယ်ခန္ဓါများ ပြာနှမ်း၍ တက်ခြင်း၊ လူကြီးများတွင်လည်း ဖြစ်တတ်သောဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတစ်ချို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း