ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ကိုယ့်နာမည်တောင်မေ့ချင်သလိုဖြစ်နေတဲ့ မေ့တတ်သူလေးတွေအတွက် နည်းလမ်းကောင်း(၅)ခု

ဟိုမေ့ဒီမေ့နဲ့ ကိုယ့်နာမည်တောင် ရုတ်တရက် စဉ်းစားရင် မေ့ချင်သလိုလိုဖြစ်နေတာမျိုး ကြုံဖူးကြလား။ အသက်တွေတောင် သိပ်မကြီးသေးဘဲမှတ်ဉာဏ်တွေက မကောင်းတော့တာကို ဘယ်လိုလုပ်ရမလဲနော်။ မေ့တတ်လာတာ၊တွေးခေါ်နိုင်စွမ်းကျလာတာနဲ့ပတ်သက်ပြီး လူတိုင်းစိုးရိမ်တတ်ကြပါတယ်။ တချို့မှာတော့ အသက်ကြီးတာတောင် ဉာဏ်ထက်မြက်နေကြပြီး တချို့က ငယ်ငယ်လေးနဲ့ မှတ်ဉာဏ်မကောင်းတော့တာလဲဆိုတာ သိကြရဲ့လား။ မျိုးဗီဇနဲ့ ဆိုင်တယ်ဆိုပေမယ့်နေထိုင်မှုပုံစံနဲ့လည်း အရမ်းကိုဆက်နွှယ်နေတယ်ဆိုတာ သိထားဖို့လိုပါတယ်။ မှတ်ဉာဏ်ပြန်ကောင်းအောင် ဘာတွေလုပ်ရမလဲ (၁) ဦးနှောက်အတွက်အကျိုးပြုတဲ့ အစားအစာတွေစားပါ သစ်ကြားသီး - မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ အချက်အလက်တုံ့ပြန်အသုံးချနိုင်တဲ့မြန်နှုန်းတို့မှာ တိုးတက်ကောင်းမွန်စေပါတယ်။ ဘလူးဘယ်ရီ- ဦးနှောက်လုပ်ဆောင်ချက်၊ မှတ်ဉာဏ်အလုပ်လုပ်နိုင်စွမ်း၊ ဦးနှောက်ကိုသွေးရောက်ရှိမှုနဲ့ ဉာဏ်စွမ်းအသုံးချနေချိန် ဦးနှောက်ရဲ့လှုပ်ရှားမှုတို့ကိုကောင်းစေပါတယ်။ Lutein -ကိုက်လန်နဲ့ ဟင်းနုနွယ်၊ထောပတ်သီးနဲ့ ကြက်ဥတို့မှာတွေ့ရလေ့ရှိတဲ့ ဓါတ်ဖြစ်ပါတယ်။ သူက အသက်အရွယ်ကြောင့် ဦးနှောက်ဉာဏ်ရည်ကျဆင်းမှုကို ခုခံပေးနိုင်ပြီးလေ့လာနိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ထောပတ်သီး၊ချောကလက်၊ ကဖင်းစတာတွေလည်း စားလို့ရပါတယ်။ ဒါပေမယ့်ပြုပြင်စီမံထားတာတွေ၊ ပြည့်ဝဆီ၊အသွင်ပြောင်းဆီတွေနဲ့အချိုများတာတွေကိုရှောင်ပါ။ အကျိုးပြုအဆီဓါတ် Omega-3 fatty acid ပါတဲ့အစားအသောက်တွေက ဦးနှောက်နဲ့မှတ်ဉာဏ်ကို […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဦးထုပ်ဆောင်းရင် ခေါင်းကိုက်တာ ဘာကြောင့်လဲ

နေပူလို့ဦးထုပ်လေးဆောင်းပါမယ်ဆိုဆောင်းလို့မဖြစ်၊ သူများလို စတိုင်ထုတ်ချင်လည်း ဦးထုပ်ဆောင်းတိုင်းခေါင်းကိုက်ရသူတွေ ရှိပါတယ်။ အလှလည်းဆောင်းမရ၊ ကျန်းမာရေးအတွက်လည်းဆောင်းမရ၊နောက်ဆုံးဆောင်းတွင်းခေါင်းစွပ်တောင် စွပ်မရသူတွေမှာ အတော်အဆင်မပြေဖြစ်ရပါတယ်။ ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးမှာပါ။ ဒီလိုဖြစ်တာကို ဖိအားကြောင့်ခေါင်းကိုက်ခြင်း (compression headache) လို့ခေါ်ပါတယ်။ ဦးခေါင်းမှာ ဒါမှမဟုတ် ဦးရေပြားမှာ ဖိအားဖြစ်စေ၊ တင်းကျပ်စေတဲ့အရာတွေဝတ်ဆင်တဲ့အခါဖြစ်လာတတ်တဲ့ခေါင်းကိုက်ခြင်းတစ်မျိုးပါ။ ဦးထုပ်၊ခေါင်းစည်းကြိုး၊ခေါင်းပေါင်းတွေဝတ်ရင်ဖြစ်တတ်သလို တချို့မိန်းကလေးတွေမှာ ဘီးကုတ်တပ်ရင်တောင်ခေါင်းကိုက်တတ်ပါတယ်။ ဒီဝေဒနာက ဦးထုပ်ဆောင်းထားသရွေ့ခံစားနေရတတ်ပြီး ချွတ်လိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက - တဒုတ်ဒုတ်နဲ့ ထိုးကိုက်တာမဟုတ်ဘဲ ခေါင်းကိုက်ဝေဒနာကို ပုံမှန်နှုန်းနဲ့ခံစားနေရတယ်၊ မအီမသာဖြစ်တာ၊ခေါင်းမူးတာလိုမျိုး တခြားလက္ခဏာတွေမရှိဘူး၊ ခေါင်းကို ဖိအားဖြစ်စေတဲ့အရာ ဖယ်ရှားလိုက်တာနဲ့ တစ်နာရီအတွင်း ကိုက်ခဲမှုသက်သာသွားတယ်။ ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်လေ့ရှိတဲ့သူတွေမှာဆို ဒီဝေဒနာကနေခေါင်းတစ်ခြမ်းကိုက်ဝေဒနာအဖြစ် ကူးပြောင်းသွားနိုင်ပါတယ် - ဦးခေါင်းတစ်ခြမ်း သို့မဟုတ် နှစ်ဖက်စလုံးမှာ တဒုတ်ဒုတ်နဲ့ထိုးကိုက်ခြင်း အလင်း၊အသံ ဒါမှမဟုတ် တစ်ခါတလေ အထိမခံနိုင်တဲ့အထိဖြစ်ခြင်း မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း အမြင်အာရုံဝေဝါးခြင်း တို့ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာစေတဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ

အချိန်ရှိခိုက် လုံ့လစိုက်ပါတဲ့။ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အလုပ်ကြိုးစားကြတာ တကယ်အကျိုးရှိပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းတာကြောင့် ကျန်းမာရေးမှာတော့ အနုတ်လက္ခဏာမပြအောင် ဂရုစိုက်သင့်ပါတယ်။ အခုပဲ သုတေသနတွေ့ရှိချက်တွေကပြောနေပါပြီ၊ အလုပ်လုပ်ချိန်အရမ်းများတာကလေဖြတ်နိုင်ခြေပိုများပါတယ်လို့။ တစ်နှစ်ကို အနည်းဆုံး ရက် ၅၀လောက် တစ်နေ့ကို ၁၀ နာရီကျော်အလုပ်လုပ်ခဲ့တဲ့သူတွေဟာလေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်ပိုများတယ်လို့Stroke ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ ဒီလိုနှုန်းနဲ့ အလုပ်လုပ်တာ ၁၀ နှစ်ကျော်ပြီဆိုရင်တော့လေဖြတ်အန္တရာယ် ၄၅ ရာခိုင်နှုန်းလောက် ပိုများသွားနိုင်တယ်လို့ သိရပါတယ်။ " ၁၀ နှစ်ကြာ အလုပ်ချိန်များခဲ့တာနဲ့လေဖြတ်အန္တရာယ်ဆက်နွှယ်မှုက အသက် ၅၀အောက်အရွယ်တွေမှာ ပိုသိသာပါတယ်" လို့Paris Hospital, Versailles and Angers University မှ သုတေသီAlexis Descatha ကပြောပါတယ်။ သုတေသနမှာ အသက် ၁၈ နှစ်ကနေ ၆၉ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုတာ ဘာလဲ

အခုလေးတင် မြင်လိုက်၊ ကြားလိုက်၊ လုပ်လိုက်တဲ့အရာတစ်ခုကို ခဏနေတော့ မေ့သွားတာမျိုး ဖြစ်ဖူးလား၊ ကိုယ့်ကိုယ်ကိုယ် သတိထားမိလား။ ဒါဆိုရင်တော့ သင့်မှာ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ လက္ခဏာရှိနေနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေမှာတော့ မေ့တတ်တဲ့အကျင့်ရှိတာ သိပ်ပြဿနာမရှိပေမဲ့ ဒါဟာ တခြားသော စိတ်နဲ့ခန္ဓါ ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ရုတ်တရက်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ အခြေအနေတွေကို မေ့သွားတတ်တာ၊ စဉ်းစားလို့ မပေါ်တော့တာကို ခေါ်တာဖြစ်ပါတယ်။ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ မေးပြီးသားမေးခွန်းကို ထပ်ခါတလဲလဲ ပြန်မေးတတ်တာ အခုလေးတင် ထားခဲ့လိုက်တဲ့ ပစ္စည်းကို ဘယ်နားမှာထားခဲ့မှန်း စဉ်းစားရခက်တာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မေ့လွယ်တာ အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် မကြာခဏ မေ့တတ်လာတာလဲ။ အသက်ကြီးလာတာ၊ အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာတာ၊ ဦးနှောက်အကျိတ်၊ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဆယ်ကျော်သက် နဲ့ ခေါင်းကိုက်ဝေဒနာ၊ ဘာတွေသိထားသင့်သလဲ

ခေါင်းကိုက်တယ်ဆိုတာ လုပ်ငန်းခွင်ဝင်နေတဲ့ လူကြီးတွေမှာပဲ ဖြစ်တတ်တယ်ထင်နေပါသလား။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာလည်း အဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ ကလေးဘဝကနေမြီးကောင်ပေါက်အရွယ်ကို ချဉ်းနင်းဝင်ရောက်လာချိန်မှာခေါင်းကိုက်ဝေဒနာခံစားရနိုင်ခြေ ပိုများလာလေ့ရှိပါတယ်။ သုတေသနတွေအရဆိုယောကျာ်းလေးတွေဟာ လူပျိုဖော်မဝင်ခင်မှာ မိန်းကလေးတွေထက်ခေါင်းကိုက်ဝေဒနာခံစားရနိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ပျိုဖော်ဝင်ကာစအချိန်နောက်ပိုင်းမှာတော့ မိန်းကလေးတွေက ပိုခေါင်းကိုက်လေ့ရှိပါတယ်။ သိပ်တော့မပြင်းထန်ပေမယ့် ဆယ်ကျော်သက် ၁၀ယောက်မှာ ၈ယောက်လောက်က တစ်လကိုအနည်းဆုံးတစ်ကြိမ်တော့ခေါင်းကိုက်ဝေဒနာခံစားရပါတယ်။ ကလေးတွေခေါင်းကိုက်နေတဲ့အချိန်ဆို ဦးနှောက်အကျိတ်များဖြစ်နေလား၊ ဘာရောဂါများဖြစ်နေလဲဆိုပြီး မိဘတွေစိတ်ပူကြတာ သဘာဝပါ။ ဒါပေမယ့်ခေါင်းကိုက်ခြင်းအများစုဟာ အအေးမိ၊ တုပ်ကွေးတို့လိုရောဂါအခြေအနေတွေအတွက်တင်မကဘဲနေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုတွေရဲ့နောက်ဆက်တွဲအဖြစ်နဲ့ ခံစားရတာတွေပါ။ ဘာကြောင့်ခေါင်းကိုက်တာလဲ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များတဲ့ခေါင်းကိုက်ခြင်းက နှစ်မျိုးရှိတယ်။ မြီးကောင်ပေါက်အရွယ် အပြောင်းအလဲတွေကြောင့် စိတ်ဖိစီးမှုတွေ၊ ပညာရေးကြောင့် ပူပန်မှုတွေ လိုမျိုး စိတ်ထဲက ဖိစီးလေးလံမှုတွေကြောင့်ဖြစ်လာတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားရယ်၊ တခြားလက္ခဏာတွေနဲ့ပါ နေမကောင်းဖြစ်စေတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်းရယ်ဖြစ်ပါတယ်။ ဘာကွာလဲဆိုတော့ ခေါင်းတစ်ခြမ်းကိုက်ရင် မအီမသြာဖစ်တာ၊ ပျို့အန်တာတွေဖြစ်စေနိုင်ပေမယ့် ဖိစီးမှုကြောင့်ခေါင်းကိုက်ရင်တော့ ဒီလက္ခဏာတွေမခံစားရတတ်ပါဘူး။ သူတို့ကို မူလရင်းမြစ်ခေါင်းကိုက်ဝေဒနာ (Primary headache) လို့ခေါ်ပါတယ်။ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ခေါင်းကိုက်ခြင်းကိုဆိုလိုတာပါ။ ဘယ်လိုလက္ခဏာတွေကို ခံစားရနိုင်လဲဆိုတော့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

ရာသီဥတုကြောင့်လား၊ အစားအသောက်ကြောင့်လား မသိဘူး။ခေါင်းထဲမှာ တစ်မျိုးကြီးပဲဖြစ်တယ်ဆိုတာက တစ်နေ့တာမှာ လူတိုင်းလိုလို ညည်းတွားမိတဲ့ စကားတစ်ခွန်းပါနော်။ ခေါင်းထဲက တစ်မျိုးကြီးဆိုတိုင်း ခေါင်းကိုက်တာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ခေါင်းမူး နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ခွဲခွဲခြားခြားသိမှလည်း လိုအပ်တဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ ခေါင်းကိုက်တာလား၊ ခေါင်းမူးတာလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ အတူတူခွဲကြည့်ရအောင်လား။ ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ ခေါင်းမူးတာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ ဆိုတော့ ခေါင်းကိုက်တယ် ဆိုတာ ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့ အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်က ကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ခေါင်းကိုက်နိုင်ပါတယ် ရာသီဥတုအပြောင်းအလဲ၊ ကဖင်း နဲ့ အယ်လ်ကိုဟောများသွားတာ၊ ရေဓာတ်နည်းတာ၊ အစားအစာတွေ၊ အိပ်ချိန်မပြည့်ဝတာတွေကြောင့် […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မေ့ပြန်ပြီ....မှတ်ဉာဏ်တွေမကောင်းတော့ဘူးဆိုသူတွေအတွက် နည်းလမ်း (၆) ချက်

ဒီနေ့ဘာတွေလုပ်စရာရှိလဲ မေ့တတ်နေပြီလား။ ဘာပြီးရင်ဘာလုပ်မယ် အစီအစဉ်တွေအကုန်ပျောက်၊ ပစ္စည်းတွေ ဘယ်နားထားမိမှန်းမသိဖြစ်နေတတ်လား။ ဒါဆို မှတ်ဉာဏ်ပြဿနာရှိနေပါပြီ။ အခုခေတ် ဒစ်ဂျစ်တယ်ပစ္စည်းတွေက ခေတ်မီလွန်းတော့ ဖုန်းနံပါတ်တွေ၊ အဆက်အသွယ်တွေ၊ လုပ်စရာအစီအစဉ်တွေကို ဖုန်းထဲ၊ကွန်ပျူတာထဲ မှတ်သားလာကြပါတယ်။ စက်ပစ္စည်းအားကိုးနဲ့ ဦးနှောက်ကိုအလုပ်မပေးတာတွေ၊ ဒါမှမဟုတ် စိတ်ဖိစီးမှု၊ အလုပ်တာဝန်တွေများလို့ မေ့တတ်လာသူတွေအတွက် ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်နည်းလမ်း (၆) ခုကို ဖော်ပြပေးလိုက်မယ်နော်။ (၁) အာရုံထားပါ စာဖတ်နေတာပဲဖြစ်ဖြစ်၊အရေးကြီးတဲ့ဧည့်သည်နဲ့ဆွေးနွေးနေတာဖြစ်ဖြစ်၊ ညွှန်ကြားချက်ကိုနားထောင်နေတာပဲဖြစ်ဖြစ် တစ်ခုတည်းကိုအာရုံစိုက်ထားပါ။ တခြားအာရုံတွေကို အဝင်မခံပါနဲ့။ (၂) မြင်ယောင်ပုံဖော်ကြည့်ပါ တစ်ခုခုကို မမှတ်မိရတဲ့အကြောင်းက တကယ်တမ်းကိုယ်တိုင်မမြင်ရတဲ့အတွက် ကိုယ်မှတ်မိချင်တဲ့အရာကို မှတ်မထားနိုင်တာလည်းပါပါတယ်။ စိတ်ထဲကနေ ပုံဖော်မြင်ယောင်ကြည့်ပါ။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် ထိရောက်ပါတယ်တဲ့။ (၃) မနက်ဖြန် မေ့နိုင်လောက်တဲ့အရာတွေအတွက် အစီအစဉ်ဆွဲပါ နောက်တစ်နေ့မှာ ဟိုမေ့ဒီမေ့ဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်သိနေမှာပါ။ အခုလောလောဆယ် သေချာသတိထားမှတ်နေတဲ့အရာကို နောက်နှစ်ရက်လောက်ဆို ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေရလောက်ပြီ။ ဆိုတော့ ကြိုစဉ်းစားပြီး စာရွက်နဲ့ဖြစ်ဖြစ်မှတ်ထားလိုက်ပါ။ (၄) မှတ်ဉာဏ်မကောင်းတဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ်ပြောနေတာ ရပ်ပါ နာမည်တွေမမှတ်မိတဲ့ပြဿနာက […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

အာရုံကြောက ကျန်းမာရေးအတွက် သိပ်အရေးမကြီးပါဘူး၊လို့ ထင်စရာရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ခေါင်းကိုက်ေနရင် အလုပ်လုပ်ဖို့ မပြောနဲ့ အစားတောင်ကောင်းကောင်းမစားနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မခံမရပ်နိုင်အောင်ခေါင်းထဲကထိုးကိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုခေါင်းထဲက ထိုးကိုက်တာက တစ်ခါတလေမှာ အာရုံကြောအားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်နော်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ အစားအသောက်ကနေတဆင့် ကာကွယ်လို့ရပါတယ်။ ကျန်းမာတဲ့ အာရုံကြောစနစ်အတွက် လိုအပ်တဲ့ဓါတ်တွေ အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်။ ဗီတာမင် B1 (သီရာမင်း) ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် B6 အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။ ဗီတာမင် B12 ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကော့ပါး သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။ အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ ဟင်းနုနွယ် အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆန်လုံးညို ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ကိုကိုး ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်နေတာလား။ မအီမသာဖြစ်နေတာလား

ခေါင်းကိုက်တာနဲ့မအီမသာဖြစ်တာတွေက နေ့စဉ်ဘဝမှာကြုံတွေ့နေကျ ကျန်းမာရေးပြဿနာတွေပါ။ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် အလုပ်အကိုင်ပျက်ပြီး နေရထိုင်ရခက်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ နေရထိုင်ရခက်စေတဲ့ ဒီကျန်းမာရေးပြဿနာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်နော်။ ခေါင်းကိုက်တယ်ဆိုတာ ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်တောင့်သက်သာမရှိတဲ့အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်ကကြွက်သားတွေနာသလိုမျိုးလည်းခံစားရနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲ၊ ကဖင်း နဲ့ အယ်လ်ကိုဟောများသွားတာ၊ ရေဓါတ်နည်းတာ၊ အစားအစာတွေ၊ အိပ်ချိန်မပြည့်ဝတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ မအီမသာဖြစ်တယ်ဆိုတာ မအီမသာဖြစ်တာက ဦးခေါင်းထဲမှာခံစားရတာမဟုတ်ဘဲ အစာအိမ်ထဲမှာ သက်တောင့်သက်သာမဖြစ်တဲ့ခံစားမှုမျိုးပါ။ ခေါင်းကိုက်တဲ့အခါ အန်ချင်တာမျိုးမဖြစ်နိုင်ပေမယ့် မအီမသာဖြစ်တဲ့အခါ ခေါင်းထဲက ခဲနေတတ်ပြီး အန်လိုက်မှ သက်သာ သွားတတ်ပါတယ်။ အစာမကြေတဲ့အခါမျိုးမှာ ခေါင်းထဲကခဲနေတာက ခေါင်းကိုက်တာကြောင့် မဟုတ်ပါဘူး။ မအီမသာဖြစ်နေတာလို့ပြောရပါမယ်။ ဒီအခြေအနေနှစ်ရပ်က မတူပေမယ့် တစ်ခါတလေမှာ အခြေအနေနှစ်ရပ်ကို အတူတူတွဲလို့ခံစားရနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဒီအခြေအနေနှစ်ရပ်ကို အတူတူခံစားရနိုင်တာလဲ အချို့သော ခေါင်းကိုက်ခြင်းတွေက မအီမသြာဖစ်တာနဲ့အတူတူခံစားရလေ့ရှိပြီး အန်လိုက်မှ သက်သာသွားတာမျိုးရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတဲ့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်း (၁၀)ခု

ခေါင်းကိုက်လိုက်တာ။ ဘာမှမလုပ်ချင်ဘူး။ ဘာလို့များခေါင်းကိုက်ရတာလဲမသိဘူး၊ ဆိုတဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ ဘာကြောင့်ခေါင်းကိုက်ရတာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေနော်။ ခေါင်းကိုက်….ခေါင်းကိုက်…..ခေါင်းကိုက် ခေါင်းကိုက်တယ်ဆိုတာက ခေါင်းထဲမှာနေရတာ သက်တောင့်သက်သာမရှိတဲ့အနေအထားမျိုးပါ။ လှုပ်ရှားလွန်းတာကြောင့် ဖြစ်နိုင်သလို ခေါင်းထဲမှာရှိတဲ့ နာကျင်မှုကိုအာရုံခံတဲ့ အစိတ်အပိုင်းတွေမှာ ပြဿနာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ခေါင်းကိုက်တဲ့အမျိုးအစားကလည်း အမျိုးမျိုးပါ။ သာမန်ခေါင်းကိုက်တာက က ရောဂါတစ်ခုခုကြောင့်ဖြစ်တဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်မဟုတ်ပါဘူး။ ဦးနှောက်ထဲမှာ ဖြစ်ပေါ်တဲ့ Chemical activity၊ ဦးခေါင်းခွံတဝိုက်က အာရုံကြောတွေ၊သွေးကြောတွေ၊ ဦးခေါင်းနဲ့ဇက်က ကြွက်သားတွေက ခေါင်းကိုက်တာကိုဖြစ်စေရာမှာ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်နေကြတာပါ။ ဒီအချက်တွေကြောင့် ခေါင်းကိုက်စေနိုင်တယ်နော် သင့်ကိုခေါင်းကိုက်စေရတဲ့အကြောင်းအရင်းတွေကတော့ တော်တော်လေးများပါတယ်။ နေ့စဉ်ဘဝမှာလုပ်မိနေတဲ့ အချက်တွေကြောင့်လည်း ခေါင်းကိုက်တာကိုခံစားရနိုင်ပါတယ်။ (၁) ရာသီဥတုအခြေအနေ - ခေါင်းကိုက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပေါ့။ ရာသီဥတုအခြေအနေတိုင်း ကတော့ခေါင်းကိုက်တာကိုမဖြစ်စေနိုင်ပါဘူး။ အရမ်းပူလွန်းတဲ့ရာသီဥတုအခြေအနေ၊ ပတ်ဝန်းကျင်က စိုထိုင်းဆ ပြောင်းလဲသွားမှုအနေအထားတွေက ဦးနှောက်ရဲ့ ဓါတုပစ္စည်းထုတ်လုပ်မှုကို ပြောင်းလဲသွားခြင်းတို့က ခေါင်းကိုက် တာကိုဖြစ်စေတာပါ။ (၂) စိတ်ဖိစီးမှု - ခေါင်းကိုက်ရခြင်းရဲ့ ၃ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း