ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်တယ်ဆိုတာ

မြန်မာလို အလွယ်ပြောနေကြတဲ့ လေဖြတ်တယ်ဆိုတာ ဘယ်လိုဖြစ်လာသလဲဆိုတော့ မြန်မာအယူက ဝါယောဓာတ် အထောက်အပံ့ကြောင့် ကိုယ်တွေလက်တွေ လှုပ်ရှားနိုင်တယ် ဆိုပြီး ယူဆကြတဲ့အတွက်  မလှုပ်နိုင်တော့အခါ ဝါယောဓာတ် အထောက်အပံ့ ရပ်သွားပြီမို့ လေဖြတ်တယ်လို့ သိမ်းကြုံးပြီး ပြောကြတာပါပဲ။ ဒါကို အနောက်တိုင်းဆေးပညာမှာ ဘယ်လို သတ်မှတ်သလဲ လေ့လာကြည့်ရအောင်။   အနောက်တိုင်းဆေးပညာ အယူမှာတော့ ကိုယ်လက်လှုပ်ရှားမှုကို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းက ထိန်းချုပ်တာဖြစ်လို့ မလှုပ်နိုင်တော့တဲ့အခါ ဦးနှောက်အာရုံကြောရောဂါလက္ခဏာစု ဆိုပြီး အကြမ်းဖျင်း ယူဆကြပါတယ်။ အဲ့ဒီမှာမှ အကြောင်းအရင်းကို လိုက်ပြီး အမျိုးအစား အများကြီး ပြန်ခွဲပါတယ်။ အခုပြောပြမယ့် အကြောင်းအရာကတော့ မြန်မာတွေ လေဖြတ်တယ် ဆိုပြီး အသိများကြတဲ့  CVA (CardioVascular Accident ) အကြောင်းပါပဲ။ သူ့ရဲ့ ဆိုလိုရင်းကတော့ ဦးနှောက်ကြွက်သားတွေ ပုံမှန်လုပ်ငန်းဆောင်တာ လုပ်နေနိုင်အောင် […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

‌ခြေထောက်များ ထုံကျဉ်ခြင်း

မင်္ဂလာပါ ။ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီဆောင်းပါးလေးမှာတော့ ခြေထောက်များ တစ်ခါတစ်‌ရံ ထုံကျဉ်ခြင်းအကြောင်းကို တင်ပြပေးမှာပါ ။ ခြေထောက်တွေ ထုံကျဉ်နေတဲ့ သူတွေအနေနဲ့ ခြေထောက်များ ထုံကျဉ်ခြင်း ဟန်ချက်မညီခြင်း ခြေဖဝါးများ အပ်နဲ့ထိုးသလို ခံစားနေရခြင်း ခြေထောက်နဲ့ ခြေဖဝါးအားနည်းခြင်းတွေ ဖြစ်တတ်ပါတယ် ။ ဘာကြောင့် ခြေထောက်တွေ ထုံကျဉ်နေရတတ်သလဲ အကြောင်း အမျိုးမျိုးကြောင့် ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ပျက်စီးခြင်း ၊ အာရုံကြော ညပ်ခြင်း ၊ပိုးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ် ။ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့ အရက်သောက်ခြင်း ဆီးချိုနှင့် ဆက်စပ်နေသော အာရုံကြောရောဂါ အာရုံကကြောမကြီး ထိခိုက်ခြင်း သွေးကြောပေါက်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ် ။ ခြေထောက်ထုံကျဉ်နေတဲ့လူတွေအနေနဲ့ မကြာခဏ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ် ။ ဒဏ်ရာရနေတာကိုလည်း မသိတဲ့အတွက် […]


ဦးနှောက်အာရုံကြောကျန်းမာရေး

ခေါင်းတစ်ခြမ်းကိုက်တာ သက်သာစေဖို့

ခေါင်းတစ်ခြမ်းကိုက်တာက တော်တော်လေးခံစားရခက်တာပါ။ အကြီးစားရောဂါမဟုတ်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှုတွေအပေါ်မှာ တော်တော်လေးထိခိုက်စေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တဲ့ အခါ မြန်မြန်သက်သာစေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတွေအကြောင်း ပြောပြပေးပါရစေ။ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းထဲက တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ခံစားရခက်သလို တော်တော်လေးလည်း အလုပ်ပျက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ နည်းလမ်းကောင်းလေးအချို့ ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ တိတ်ဆိတ်ပြီး၊ မှောင်တဲ့အခန်းမှာ နားနားနေနေ နေပါ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ အလင်းဒဏ် နဲ့ အသံဒဏ်ကို မခံနိုင်တာမျိုးရှိပါတယ်။ ဒါကြောင့် အိပ်ခန်းကို အမှောင်ချပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိအောင်ထားလို့ နားနားနေနေ နေပေးပါ။ အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်မပျော်ရင်တောင် မျက်လုံးလေးမှိတ်ပြီး သက်တောင့်သက်သာလေးနေပေးပါ။ ရေနွေးဝတ် ဒါမှမဟုတ် ရေခဲဝတ်ကပ်ပေးပါ နဖူး ဒါမှမဟုတ် လည်ဂုတ်ပေးမှာ ရေနွေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေးကပ်ပေးပါ။  ဒီလိုလုပ်ပေးတာကလည်း […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်

ကိုယ်ဝန်ဆောင်တွေဆို DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးလေ့ရှိကြတာ သတိထားမိမှာပါ။ omega-3 fatty acid တစ်မျိုးဖြစ်တဲ့ DHA ကို ငါးနဲ့ ရေညှိလို အပင်တွေကနေ ရရှိနိုင်တာဖြစ်ပါတယ်။ သူက ကလေးကိုယ်ဝန်ဆောင်ချိန်တည်းက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ အရေးပါလှပါတယ်။ သုတေသနတစ်ခုမှာတော့ DHA စားသုံးမှုက မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးပိုင်းအရွယ် တွေမှာ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ Rush Institute for Health Aging နဲ့ MIND Center for Brain Health တို့ရဲ့ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Martha Clare Morris ရဲ့သုတေသနအရ တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့သိရပါတယ်။ ဆော်လမွန်၊တူနာ၊ မက်ကရယ်၊ ငါးသလောက်နဲ့ ဆာဒင်းတို့လို အဆီများတဲ့ငါးတွေမှာ DHA ကြွယ်ဝပါတယ်။ စားသောက်ပုံအာဟာရထဲမှာ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်

ကိုယ်လက်လှုပ်ရှားအားကစားလုပ်တယ်ဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ အလုံးစုံကျန်းမာရေးအတွက် ကောင်းကျိုးများလွန်းတဲ့အကြောင်း အမြဲပြောခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ကဲရင် ဘယ်အရာမှမကောင်းပါဘူး။ ခွန်အားနဲ့ ခံနိုင်ရည်၊ ကြံ့ခိုင်မှု တို့က လူတစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ကိုယ့်ခန္ဓါကိုယ်က တတ်နိုင်တာထက် လွန်ကဲသွားတဲ့အထိ လေ့ကျင့်ခန်းတွေ အကြမ်းလုပ်မယ်ဆိုရင် ကြွက်သားတွေကို အားကုန်စေတဲ့အပြင် ဦးနှောက်ကိုပါထိခိုက်နိုင်တယ်လို့ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းက လူတွေရဲ့ဆုံးဖြတ်နိုင်စွမ်းကိုကျဆင်းစေနိုင်တယ်လို့ သုတေသီတွေက ကောက်ချက်ချခဲ့ပါတယ်။ "Overtraining syndrome" လို့ခေါ်တဲ့ ဒီအခြေအနေဟာ လှုပ်ရှားနေတဲ့ ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေတင်မကဘဲ ဦးနှောက်ကိုပါထိခိုက်စေနိုင်တယ်လို့ ပြင်သစ်နိုင်ငံ Hôpital de la Pitié-Salpêtrière မှသုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်အားကောင်းစေဖို့လေ့ကျင့်မှုအတွင်း အင်အားကုန်ဆုံးတဲ့ပုံစံတစ်မျိုးပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လွန်ကဲခြင်းရဲ့ရလဒ်ဖြစ်ပါတယ်။ သုတေသနမှာ ခံနိုင်ရည်လေ့ကျင့်မှုပါဝင်နေတဲ့ အသက် ၃၅ နှစ်ဝန်းကျင် အားကစားသမား ၃၇ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့ထဲမှာ တချို့ကို […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ဘယ်ဘက်လက်တခြမ်း ထုံနေတာ နှလုံးကြောင့်ပဲလား

ဘယ်ဘက်လက်ကထုံလာတယ်ဆိုရင် ငါများလေဖြတ်တော့မှာလား၊ နှလုံးရောဂါများဖြစ်နေပြီလားလို့ စိုးရိမ်ကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်နော်။ အိပ်စက်တဲ့ပုံစံကြောင့်(ဥပမာ -တခြမ်းတည်းစောင်းပြီး ဖိအိပ်မိလို့)လည်းဖြစ်နိုင်သလို နှလုံးရုတ်တရုတ်ရပ်ဆိုင်းမှုအန္တရာယ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေဘာတွေရှိနိုင်မလဲ ဆက်ပြီးကြည့်ရအောင်။ ဘယ်ဘက်လက်တခြမ်းမှာ ထုံကျဉ်တဲ့ခံစားချက်က ခဏလောက်ဖြစ်တာဆို ပုံမှန်အားဖြင့်တော့ ဘာပြဿနာမှမရှိတတ်ပါဘူး။ သူ့အလိုလိုသက်သာသွားနိုင်တဲ့ဝေဒနာပါ။ ဒါပေမယ့် သူကမပျောက်ဘဲ ကြာရှည်နေတယ် ဒါမှမဟုတ် ရောဂါအကြောင်းရင်းတစ်ခုခုရှိနေမယ်လို့ သံသယရှိနေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းများ သွေးလည်ပတ်မှုမကောင်းခြင်း သွေးလွှတ်ကြောနဲ့သွေးပြန်ကြောတွေမှာပြဿနာရှိနေပြီဆိုရင် လက်မောင်းအတွင်း သွေးလည်ပတ်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာသွေးတိုး၊ဆီးချို ဒါမှမဟုတ် ကျောက်ကပ်ရောဂါ ရှိနေရင်လည်း သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ခြေပိုများတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အောက်ပါလက္ခဏာတွေပါ တွဲပြီးဖြစ်လာနိုင်ပါတယ်- နာကျင်ကိုက်ခဲမှု ရောင်ရမ်းခြင်း လက်ချောင်းထိပ်တွေ ပုံမှန်မဟုတ်ဘဲ အရောင်ပြောင်းလာခြင်း လက်နဲ့လက်ချောင်းတွေ အေးစက်ခြင်း။ အရိုးကျိုးအက်ခြင်း လက်ထုံကျဉ်ခြင်းက အရိုးကျိုးအက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ နာကျင်ပြီး ရောင်ရမ်းလာမှာသေချာပါတယ်။ အင်းဆက်ကိုက်ခြင်း အင်းဆက်ကိုက်ခံရတဲ့အခါ တချို့မှာ အရေပြားပေါ်ဓါတ်မတည့်ဝေဒနာတွေဖြစ်တယ်၊ တချို့မှာ အနည်းအကျဉ်းပဲဖြစ်တယ်။ တချို့ကျတော့ အကိုက်ခံရတဲ့နေရာတဝိုက်မှာ ထုံကျဉ်တာတွေဖြစ်လာတတ်ပါတယ်။ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

မပေါ့ဆသင့်တဲ့ဦးနှောက်တွင်းသွေးယိုခြင်း Inter cerebral hemorrahge ။ ။

ထိခိုက်ဒဏ်ရာ တစ်ခုခုရသွားလို့ ခေါင်းထိမိတာ၊ ဆိုင်ကယ်မှောက်တဲ့အချိန် ခေါင်းထိမိသွားတာ၊ စတဲ့ ခေါင်းထိမိသွားတဲ့ ပြဿနာတွေဟာ လုံးဝကို ပေ့ါဆလို့မရတဲ့ အရာတစ်ခုပါ။ အခြားနေရာတွေ ထိခိုက်မိသွားလို့ သွေးထွက်ရင် စိုးရိမ်တကြီး ကြောက်လန့်တကြားဖြစ်နေတတ်ပေမယ့် မမြင်ရတဲ့ခေါင်းထဲ သွေးယိုတဲ့ပြဿနာကို လူတွေက အမှုမဲ့ အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ ခေါင်းထဲ သွေးထွက်နေတာ မမြင်ရတာကတစ်ကြောင်း၊ ခေါင်းမူးပေမယ့် ထိခိုက်ဒဏ်ရာဖြစ်ထားတော့ ခေါင်းမူးတာလောက်သာထင်မိတာကတစ်ကြောင်းနဲ့ ဦးနှောက်တွင်းသွေးယိုတဲ့ ပြဿနာကို လွတ်သွားတတ်ကြပါတယ်။ အဲဒီမှာ စတွေ့တာပါပဲ။ ဦးနှောက်တွင်းယိုနေတဲ့သွေးတွေကို အချိန်မှီမသိ ကုသမှု မလုပ်လိုက်ဘူဆိုရင်သွေးတွေက ဦးနှောက်ဆဲလ်လေးတွေကို သွားပိပြီး နောက်ဆုံး ဦးနှောက်တွင်းဖိအားတက်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန် သွားတတ်ပါတယ်။ ဒီလို ဦးနှောက်တွင်းသွေးယိုခြင်း အဖြစ်အများဆုံး နေရာတွေကတော့ Basal ganglia Cerebellum Brain stem Cortex စတဲ့ ဦးနှောက်အစိတ်အပိုင်းတွေမှာ ဦးနှောက်အတွင်းပိုင်းသွေးယိုတဲ့ ပြဿနာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke )

လေဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျန်းမာရေးအခြေအနေကို စိမ်းတဲ့သူမရှိလောက်ပါဘူး။ ကိုယ်တစ်ခြမ်းဖြစ်ဖြစ် အောက်ပိုင်းဖြစ်ဖြစ် အားနည်းသွားတာ လှုပ်ရှားလို့ မရတော့တဲ့ ကျန်းမာရေး ပြဿနာလောက် စိတ်ညစ်စရာကောင်းတာမရှိဘူးလေ။ လူတိုင်းတော်တော်များများက လေဖြတ်တယ်လောက်သာ သိထားကြပေမယ့် လေဖြတ်တ ာဘယ်နှစ်မျိုးရှိလဲဆိုတာတော့ သိကြတဲ့သူရှားပါတယ်။ အကြမ်းပြောရမယ်ဆိုရင် လေဖြတ်တာကိ ုအဓိက ၂ မျိုးခွဲလို့ရပါတယ်။ Ischaemic stroke - ဦးနှောက်သွေးကြောပိတ်သွားလို့ ဦးနှောက်ဆဲလ်လေးတွေဆီသွေးမရောက်တော့ဘဲ ပုပ်ပြီးလေဖြတ်တာနဲ့ Hemorrhagic stroke - ဦးနှောက်သွေးကြော သွေးယိုပြီးထွက်လာတဲ့ သွေးခဲက ဦးနှောက်ဆဲလ်ကိုပိမိပြီး လေဖြတ်တာဆိုပြီး ၂ မျိုးရှိပါတယ်။ ဒီနေ့ပြောပြမယ့် ဆောင်းပါးလေးကတော့ အဖြစ်များတဲ့ Hemorrhagic stroke အကြောင်းပဲ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke ) ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke ) ကို ၂ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Carpel Tunnel syndrome (လက်ဖဝါးထုံကျင် အားမရှိခြင်း) နဲ့ ပက်သက်လို့မှားသိနေကြတာများ။

ကိုယ့်လက်ချောင်းလေးတွေ ညည ထုံနေတယ် ။ လက်ချောင်း လေးတွေ ကျင်နေတယ် ။ လက်ဖဝါးတွေ အားမရှိသလိုခံစားနေရပြီး ပစ္စည်းတွေ ကိုင်လိုက်တိုင်း လွတ်ကျသွားတဲ့ ပြဿနာတွေ ခံစားနေရပြီဆိုရင် သေချာပါတယ် သင့်မှာ Carpel Tunnel syndrome လို့ခေါ်တဲ့ အကြောညှပ်ပြီး လက်ဖဝါး ထုံကျင် အားမရှိတဲ့ ပြဿနာခံစားနေရတယ်ဆိုတာပါ။ ရှေ့တွေမှာလည်း Carpel Tunnel syndrome နဲ့ပက်သက်တဲ့ အကြောင်းလေးတွေ ပြောပြပြီးဖြစ်တာကြောင့် ဒီဆောင်းပါးထဲမှာတော့ Carpel Tunnel syndrome နဲ့ပက်သက်လို့ မှားသိနေတာလေးတစ်ချို့ မျှဝေပေးချင်ပါတယ် ။ Carpel Tunnel syndrome နဲ့ပက်သက်ပြီး မှားသိနေတာလေးတွေ။ လက်ဖဝါးနာနေပြီဆိုတာနဲ့ ဒါ Carpel Tunnel syndrome ကြောင့်ဖြစ်တာပဲ။ Carpal Tunnel syndrome ကြောင့် လက်ဖဝါးနာတာဖြစ်ရပေမယ့် လက်ဖဝါးနာ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)

Carpal Tunnel syndrome ဆိုတာ လက်ဖဝါးနဲ့ လက်ကောက်ဝတ် ထုံကျင်ပြီး နာကျင်အားမရှိတဲ့ပြဿနာကို ပြောတာဖြစ်ပါတယ်။ ဒါက လက်ဖဝါးမှ ာအဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်ပြီး လက်ဖဝါးမှာရှိတဲ့ median nerve အာရုံကြောပေါ် ဖိအားတွေ အများကြီးသက်ရောက်တာကြောင့်ဖြစ်ရတာပါ။ ဒီတော့ median nerve အာရုံကြောရှိနေတဲ့ လက်ညှိုး၊ လက်မ၊ လက်သန်းကြွယ်တစ်ဝက်လောက်က ကျင်နေတတ်ပြီး median nerve အာရုံကြောမရှိတဲ့ လက်သန်းလေးကတော့ ပုံမှန်ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ Carpal Tunnel syndrome အကြောင်းမပြောခင် Carpel Tunnel အကြောင်း အရင်ပြောပြချင်ပါတယ်။ Carpel Tunnel ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့မြောင်းလေးတစ်ခုဖြစ်ပြီး အောက်ခြေနဲ့ဘေးဘက်နားတွေကို carpal bones တွေက ဝိုင်းရံထားပါတယ်။ အပေါ်ပိုင်းမှာတော့ အရွတ်တွဲတစ်ခုရှိနေပြီး လက်မနဲ့လက်ချောင်းတွေ ကွေးနိုင်ဆန့်နိုင်ဖို့အတွက်သူကထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း