ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ) ကဘာလဲ။ Myaesthenia gravis ဆိုတာ ခုခံအားစနစ်က မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်တဲ့ အာရုံကြောကြွက်သား ရောဂါတစ်ခုပဲဖြစ်တယ်။ မျက်လုံး၊ မျက်နှာ၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တွေရဲ့ ကြွက်သားတွေကို အားယုတ်လျော့သွားစေတယ်။ ရောဂါစဖြစ်တဲ့ ပထမ ၃ နှစ်အတွင်းမှာ ကြွက်သားအားလျော့မှု အများဆုံးဖြစ်ပြီးတော့ အဲဒီနောက်ပိုင်းမှာတော့ ဆိုးဝါးမှုဟာ တဖြည်းဖြည်း နှေးကွေးလာပါတယ်။ Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်း ဒီရောဂါဖြစ်နိုင်ပါတယ်။ သို့သော်ငြားလည်း အမျိုးသမီးတွေမှာ အသက် ၄၀ မတိုင်ခင် အဖြစ်များပြီး အမျိုးသားတွေမှာ အသက် ၅၀ နောက်ပိုင်းမှာ အဖြစ်များတယ်။ ဖြစ်ပွားနိုင်ချေများကို လျော့ချခြင်းဖြင့်စီမံနိုင်တယ်။ အချက်လက်များကို ထပ်မံသိရှိ ဖို့ အတွက် ဆရာဝန်နဲ့ ဆွေးနွေး […]


အတက်ရောဂါ

Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) ကဘာလဲ။ အတက်ရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေရဲ့ လှုပ်ရှားမှုအပြောင်းအလဲကြောင့် လေသင်တုန်းဖြတ်ခြင်း၊ ပုံမှန်မဟုတ်တဲ့ အပြုအမူနဲ့ ခံစားချက်တွေဖြစ်ပေါ်ခြင်း၊ တချို့လူတွေမှာ သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်စေတဲ့ ရောဂါတစ်မျိုးကို ခေါ်ပါတယ်။ နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ အပါအဝင် အတက်ရောဂါအမျိုးအစားပေါင်း ၂၀ရှိပါတယ်။   နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါကို ရောဂါအခြေပြုတဲ့ အစိတ်အပိုင်းအပေါ်မူတည်ပြီး နှစ်မျိုးထပ်မံခွဲခြားနိုင်ပါတယ်။ ပထမတစ်မျိုးက အတွင်းဘက် နားထင်ပိုင်းဦးနှောက်ခြမ်းမှာ အခြေပြုပြီး ဒုတိယတစ်မျိုးက အပြင်ဘက် နားထင်ပိုင်းဦးနှောက်ခြမ်းမှာ အခြေပြုပါတယ်။ နားထင်ပိုင်းဦးနှောက်ခြမ်းဟာ စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်ပြီး ရေတိုမှတ်ဉာဏ် လုပ်ငန်းစဉ်နဲ့ ထိန်းသိမ်းခြင်းကိုလည်း ဆောင်ရွက်ပေးပါတယ်။ Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အတက်ရောဂါ အမျိုးအစားအားလုံးထဲမှာ ဒီရောဂါဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။ အတက်ရောဂါရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းဟာ နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါကို […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Cauda equina syndrome (Cauda equina syndrome )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cauda equina syndrome (Cauda equina syndrome ) ကဘာလဲ။ Cauda equina syndrome ဆိုတာ ရှားပါး ရောဂါတစ်ခုဖြစ်ပြီး ဖြစ်ခဲ့ပါက အရေးပေါ် ခွဲစိပ်ကုသမှု လိုအပ်ပါတယ်။ ထိုရောဂါမှာ တစ်စုံတစ်ခုက ကျောရိုးထဲရှိ အာရုံကြောမ အမြစ်တွေကို ဖိမိနေခြင်းဖြစ်ပါတယ်။ မြန်ဆန်စွာ မကုသပါက ဆီး/ဝမ်းမထိန်းနိုင်ခြင်း၊ ကိုယ်တစ်ပိုင်း/တစ်ခြမ်း အကြောသေခြင်းများ ဖြစ်နိုင်ပါသည်။ ဒီရောဂါဟာ Cauda equina ဟုခေါ်သော အာရုံကြောမ အမြစ်တွေကို ဖိမိခြင်းဖြစ်ပါတယ်။ ထို အာရုံကြောမ အမြစ်များဟာ အာရုံကြောမကြီးရဲ့ အောက်ဘက် ခန္ဓကိုယ်၏ ခါးပိုင်းတွင် ရှိပြီး သူတို့ဟာ ခြေထောက် နဲ့ တင်ပါးဝန်းကျင် အစိတ်အပိုင်းများ ထံမှ အာရုံများ ကိုခံယူသယ်ဆောင်ခြင်းတာဝန် ကို လုပ်ဆောင်ပါတယ်။ Cauda equina syndrome […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Brain Infection (ဦးနှောက်ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Infection (ဦးနှောက်ပိုးဝင်ခြင်း) ကဘာလဲ။ ကျွနုပ်တို့ရဲ့ ဦးနှောက် အာရုံကြောမကြီးနဲ့ ၎င်းတို့ကို ကာရံထားတဲ့ ဖွဲ့စည်းမှုကြီးဟာ ပိုးမျ ိုးစုံတို့ ကူးစက်ခြင်းကို ခံ ရနိုင်ပါတယ်။ ကပ်ပါးကောင်များ၊ မှိ ုပိုးများ၊ တစ်ခြားပိုးမွှားတွေဟာ အာရုံကြောမကြီးကို ကူးစက်ဝင်ရောက်နိုင်ပါတယ်။ ရှားပင်ရှားသော်လည်း ဖြစ်နိုင်ပါတယ်။ ကူးစက်ဝင်ရောက်လာတဲ့ပိုးမွှားတွေဟာ ပိုးကူးခံရတဲ့နေရာတွေမှာ ရောင်ရမ်းတာဖြစ်စေပါတယ်။ ပိုးဝင်ခြင်းနေရာတွေမျိ ုးစုံပေါ်မူတည်ပြီး ခေါ်တဲ့နာမည်တွေလည်းကွဲပြားသွားပါတယ်။ ဦးနှောက်အမှေးပါးရောင်ခြင်း ဦးနှောက်ကို ကာရံထားတဲ့ ဦးနှောက်အမှေးပါး ရောင်ခြင်း ဖြစ်ပါတယ်။ ဦးနှောက်အမှေးပါးဟာ သုံးလွှာရှိပြီး ဦးနှောက် ရယ် အာရုံကြောမကြီးရယ် အထဲက CSF လို့ခေါ်တဲ့ အရည် ကိုပါ အကုန်ခြံ ုပြီးကာထားတဲ့အလွှာဖြစ်ပါတယ်။ ဦးနှောက်ရောင်ခြင်း ဒီဟာကတော့ ဦးနှောက်အသားတွေ ရောင်ခြင်းဖြစ်ပါတယ်။ အာရုံကြောမကြီးရောင်ခြင်း။ အာရုံကြောမကြီး ရောင်ခြင်းကို ဆိုလိုပါတယ်။ ပြည်တည်နာဆိုတာဟာ ပိုးရှိတဲ့အရာတွေရယ် ပိုးမွှားတွေရယ် စုပြ ုံဝင်ရောက်ခြင်းကြောင့်ဖြစ်ရပြီး သူက အာရုံကြောစနစ်ရဲ့မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ Toxoplasmosis တောက်ဆိုပလတ်စ်မိုးစစ် လို့ခေါ်ပြီး ကပ်ပါးကောင် Toxoplasma gondii ကြောင့်ဖြစ်စေပါတယ်။ Cerebral […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ကဘာလဲ။ လက်ဖျံကြောသေခြင်းဆိုသည်မှာ လက်ဖျံကြောရောဂါတစ်ခုဖြစ်သည်။ သင့်၏ပခုံးမှ လက်သန်းအထိ ရှိသောအာရုံကြောကိုဆိုလိုသည်။ သင့်၏လက်ချောင်းလှုပ်ရှားမှုများ အားကောင်းစေသော ကြွက်သားများအား လက်ဖျံကြောသည်ထိန်း ချုပ်ပေးသည်။ သင့်လက်ဖျံရှိအရာဝတ္တုများအားတင်းကြပ်စွာ ဆုပ်ကိုင်ပေးသည့်အချို့သောကြွက်သားများအားလည်းထိန်းချုပ် ပေးသည်။ သင့်လက်ဖျံကြောအားထိခိုက်မိပါက သင့်လက်တွင် အာရုံခံစားမှုပျောက်သွား၍ ကြွက်သားအားနည်းလာတတ်သည်။ Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) က ဘယ်လောက်အဖြစ်များသလဲ သင့်၏အခြားသောအာရုံကြောများနှင့်မတူပဲ သင့်လက်ဖျံကြောသည် ကြွက်သား(သို့)အရိုးများနှင့်လမ်းကြောင်း တောက်လျှောက်ကာကွယ်ထားခြင်းမခံရပေ။ အချို့သောနေရာများတွင် သင့်အရေပြားနှင့်ထိုအာရုံကြောသည်နီးကပ်နေတတ်သည်။ ဆိုလိုသည်မှာ လက်ဖျံကြောအားထိခိုက်မှုသည် အဖြစ်မများခြင်းမ ဟုတ်ပေ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများUlnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ဖျံကြောသေခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သင့်လက်တွင် အာရုံသိစိတ်ပျောက်သွားခြင်း အထူးသဖြင့်သင့်လက်ညှိုးနှင့် လက်သန်းများတွင်ဖြစ်သည် သင့်လက်ချောင်းများပူးတွဲမလုပ်ဆောင်နိုင်ခြင်း သင့်လက်တွင် ကျဉ်ခြင်း(သို့)ပူစပ်ပူလောင်ဖြစ်ခြင်း နာကျင်ကိုက်ခဲခြင်း လှုပ်ရှားမှုတခုဖြင့်ပိုဆိုးလာနိုင်သည့် လက်အားနည်းမှု ဆုပ်ကိုင်နိုင်သည့်စွမ်းရည်ဆုံးရှံူးသွားခြင်း စသည်ဖြင့်ဖြစ်သည်။ သင့်လက်တွင် ကြံ့ခိုင်မှုပျောက်သွားသောအခါ ဖန်ခွက်အားဆုပ်ကိုင်ခြင်းနှင့် ဘော့ပင်အားဆုပ်ကိုင်ခြင်းစသော သင့်၏နေ့စဉ်လုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အာရုံသိစိတ်နှင့်ထိန်းချုပ်မှုပျောက်လာသောအခါ သင့်လက်ရှိကြွက်သားများကို မာတောင့်လာစေပြီး လက်သည်းကဲ့သို့ကွေးကာ ပုံပျက်သွားစေသည်။ ပြင်းထန်သော အခြေအနေများတွင်သာထိုကဲ့သို့ဖြစ်ပွားတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ကဘာလဲ။ လက်မောင်းနာ့ဗ်ကြောကွန်ရက်ဆိုတာဟာ အာရုံကြောတွေ စုထားတဲ့ကွန်ရက်တစ်ခုဖြစ်ပြီး ၎င်းက သင့်ကြောရိုးမကြီးက နေ သင့်ပုခုံး၊လက်မောင်းနဲ့လက်တွေကို အချက်ပြခြင်းတွေ လွှတ်တာဖြစ်ပါတယ်။ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်ဒဏ်ရာရမှုဟာ အာရုံကြောတွေကို ဆွဲဆန့်သလိုဖြစ်ခြင်း ဖိထားခြင်း ၊တအားဆိုးတဲ့အခြေအနေမျိုးကတော့ ကြောရိုး မကြီးကနေ ဆုတ်ဖြဲခံရသလိုဖြစ်တဲ့အခါ မျိုးတွေဖြစ်ပါတယ်။   သိပ်မဆိုးတဲ့ထိခိုက်ဒဏ်ရာရမှုတွေဖြစ်တဲ့ ဘောလုံးကစားရာ မှာထိခိုက်တတ်တဲ့ ဟာမျိုးတွေမှာရတတ်ပါတယ်။ ကလေး မွေးတဲ့အခါမှာလည်း ကလေးတွေကို မီးဖွားရင်းနဲ့ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်နိုင်ပါတယ်။ တစ်ခြား အခြေအနေတွေကတော့ အလုံးအကြိတ်ဖြစ်ခြင်း၊ ရောင်ခြင်း တွေကနေ ဒီနာ့ဗ်ကြောတွေကို ဖိနိုင် ထိနိုင်ပါတယ်။   အရမ်းဆိုးတဲ့ ထိခိုက်မှုမျိုးကတော့ ဆိုင်ကယ်၊ကားတို့ မတော်တဖြစ်မှုတွေကနေရတတ်ပါတယ်။ အရမ်းဆိုးတဲ့လက် မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်မှုက သင့်လက်မောင်းကို အကြောသေသလိုဖြစ်စေပြီး အာရုံခံစားမှု နဲ့လုပ်ဆောင်မှုတွေမလုပ်နိုင်လောက်တဲ့အထိဖြစ်စေနိုင်ပါတယ်။ အာရုံကြောအစားထိုးခြင်း၊ အာရုံကြောလွှဲပြောင်းခြင်း သို့ မဟုတ် ကြွက်သားလွှဲပြောင်းခြင်း အစရှိတဲ့ခွဲစိတ်မှုနည်းလမ်း တွေကနေပြီး ပုံမှန်လုပ်ဆောင်မှုရအောင်လုပ်နိုင်ပါတယ်။ Brachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) က ဘယ်လောက်အဖြစ်များသလဲ အခြားအချက်အလက်များသိရဖို့ သင့်ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပါ။ လက္ခဏာများBrachial plexus injury (လက်မောင်းနာ့ဗ်ကြောကွန်ရက် ထိခိုက်ဒဏ်ရာရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်မောင်းနာ့ဗ်ကြောကွန်ရက်ထိခိုက်ခြင်းမှာတွေ့ရတဲ့ ရောဂါလက္ခဏာတွေက […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု )

အဓိပ္ပါယ်ဖွင့်ဆိုချက်Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ကဘာလဲ။ အတွင်းနားတွင် ရှိသော ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော တွင် ရောဂါကူးစက်ခြင်း ကို ခေါ်သည်။ ထိုသို့ရောဂါကူးစက်ခြင်းက ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြောကို အနာဖြစ်စေပြီး သင့်ရဲ့ ကိုယ်နေဟန်ချက်ကို နောက်ယှက်သည်။   Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ပြင်းထန်စွာ ခေါင်းမူးဝေခြင်း( ချာချာလည်ခြင်း ၊ ယိုင်ထိုးနေသော ခံစားမှု) ခေါင်းမူးခြင်း ကိုယ်နေဟန်မထိန်းနိုင်ခြင်း ပျို့ အန်ခြင်း အာရုံစူးစိုက်ရန်ခက်ခဲခြင်း ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြောယောင်ရမ်းခြင်း နှင့် အတွင်း နားစည်ရောင်ရမ်းခြင်းတို့သည် ဆက်စပ်နေသည်။ ကိုယ်နေဟန်ချက်ထိန်းသောအာရုံကြော ယောင်ရမ်းခြင်း တွင် ကိုယ်နေဟန်ချက်နှင့် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ကဘာလဲ။ အပြင်းအထန် လေ့ကျင့်ခန်းလုပ်နေချိန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ခံစားရသော ခေါင်းကိုက်ခြင်းကို ခေါ်သည်။ အပြေးအားကစား ၊ လှေလှော် အားကစား ၊ တင်းနစ် ၊ ရေကူးခြင်း နှင့် အလေးမခြင်းတို့က လည်း ထိုသို့ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။ ဆရာဝန်များက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို နှစ်မျိုး ခွဲထားသည်။ ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အဓိကဖြစ်သော ခေါင်းကိုက်ခြင်း သည် ပုံမှန်အား ဖြင့် အန္တရာယ် မရှိပါ ။ အခြားဖြစ်စေသော အကြောင်းများနှင့် တွဲမနေသော ကြောင့် ဆေးဖြင့်ကုသကာကွယ်နိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်း သည် ပြင်းထန်သော ဦးနှောက်ရောဂါများနှင့် ဆက်နွယ်နေသည်။ ဥပမာအားဖြင့် ဦးနှောက်အတွင်းသွေးထွက်ခြင်း ၊ ဦးနှောက်ကင်ဆာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ကဘာလဲ။ သင်၏ဦးခေါင်းပေါ်တွင် ဝတ်ဆင်သော မည်သည့် အရာ မဆို ဦးရေပြားပေါ်တွင် တောက်လျှောက် တင်းကျပ်စေပါက အပြင်မှ ဖိအားကြောင့် ခေါင်းကိုက်ခြင်း ကို ဖြစ်စေသည်။ အားကစား ပြုလုပ်ရာတွင် ဦးထုတ်ဆောင်းရသော ၊ မျက်လုံးအကာအကွယ် အသုံးပြုရသော အားကစား သမားများအနေနှင့် ပိုမို ခံစားရသည်။ တစ်ခါတစ်ရံတွင် ခေါင်းကိုက်စေသော ပစ္စည်းကို အစွဲပြုကာလည်း ခေါ်သည်။ ဥပမာအားဖြင့် ရေကူးမျက်မှန် ကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းနှင့် ဘောလုံးဦးထုတ်ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း တို့ဖြစ်သည်။ External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများExternal compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုခေါင်းကိုက်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှု ကို သက်ရောက်သော ဖိအား၊ တင်းကျပ်မှုကို မူတည်ပြီးဖော်ပြလေ့ရှိတယ်။ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ကဘာလဲ။ ရုတ်တရက်ဖြစ်သော ခဏတာ အတိတ်မေ့ရောဂါကိုဆိုလိုပြီး အဖြစ်များသော အာရုံကြောဆိုင်ရာရောဂါများဖြစ်သည့် အတက်ရောဂါ (သို့)လေဖြတ်လေငန်းရောဂါများကြောင့်ဖြစ်တတ်သည်။ ထိုကဲ့သို့အတိတ်မေ့နေစဉ်တွင် သိပ်မကြာခင်မှအဖြစ်အပျက်များသည် ရိုးရိုးရှင်းရှင်းပင် ပြန်စဉ်းစားမရပဲပျောက်ကွယ်ကုန်ကာသင်သည်မည်သည့်နေရာတွင် ရောက်နေသည်(သို့)မည်သို့ရောက်လာသည်ကို ပင်မမှတ်မိနိုင်တော့ပေ။ ပိုပြောရလျှင်ယခုဖြစ်ပျက်နေသောအရာများနှင့် ပတ်သတ်ကာသင်သည် ဘာကိုမျှမှတ်မိနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ပြင် သင့်အားဖြေထားပြီးသောအဖြေများကိုမမှတ်မိခြင်းကြောင့် မေးပြီးသားမေးခွန်းများကိုလည်း သင်သည်ထပ်ကာထပ်ကာ မေးနေတတ်သည်။ လွန်ခဲ့သည့် တရက်၊တလ (သို့)တစ်နှစ် ကဖြစ်ပွားခဲ့သောသင့်အားမေးမြန်းပါကလည်း စိတ်ထဲတွင်မမှတ်မိပဲဟာတာတာဖြစ်နေတတ်သည်။ ထိုအတိတ်မေ့ရောဂါတွင် သင်သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မှတ်မိကာ သိကျွမ်းသူများကိုလည်း မှတ်မိသော်လည်း သင်၏မှတ်ဉာဏ်အချို့ပျောက်ဆုံးသွားမှုအား မလျော့ပါးသွားစေပါ။ ထိုကဲ့သို့ အတိတ်မေ့ခြင်းသည် ခဏသာဖြစ်ပြီး ပြန်ကောင်းသွားသောအခါ မှတ်ဉာဏ်သည်အကောင်းပကတိသာဖြစ်သည်။ Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အတိတ်မေ့ခြင်းရောဂါသည် အဖြစ်နည်းပါးကာ အန္တာရယ်ပေးနိုင်စွမ်းလည်းနည်းပါးပြီး ပြန်ဖြစ်ရန်လည်းခဲယဉ်းတတ်သည်။ ထပ်မံသိရှိလိုပါက သင်၏ဆရာဝန်နှင့် ဆက်လက်ဆွေးနွေးပါ။ လက္ခဏာများTransient […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း