ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ထားတဲ့လူနာရဲ့ မိသားစုကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ

လေဖြတ်ရောဂါဟာ ကာယကံရှင်လူနာကိုသာမက ၎င်းရဲ့မိသားစုကိုပါ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့စေပါတယ်။ အကယ်၍ ကံဆိုးမိုးမှောင်ကျပြီး သင့်မိသားစုဝင်တစ်ယောက်ယောက် လေဖြတ်ခဲ့မယ်ဆိုရင် လူနာအတွက်၊ မိသားစုအတွက် ဘာတွေဆောင်ရွက်သင့်သလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှူလေ့လာနိုင်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေအကြောင်း လေ့လာထားပါ လူတစ်ယောက်ဟာ လေဖြတ်ရာကနေ သက်သာလာနိုင်ပေမယ့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ ခံစားရတတ်ပြီး ဒီပြဿနာတွေက ကာယကံရှင်ကိုရော မိသားစုကိုပါ ရိုက်ခတ်နိုင်ပါတယ်။ ရောဂါပြင်းထန်မှုအတိုင်းအတာ၊ ဦးနှောက်သွေးပြတ်လပ်တဲ့ အချိန်ကာလ၊ ထိခိုက်သွားတဲ့ ဦးနှောက်အစိတ်အပိုင်းတွေအပေါ် မူတည်ပြီး လူနာဟာ ယာယီ သို့မဟုတ် တစ်သက်လုံး ကိုယ်အင်္ဂါမသန်စွမ်းဘဲ ဖြစ်သွားတတ်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ လှုပ်ရှားရခက်ခဲခြင်း - လေဖြတ်လူနာဟာ ခန္ဓါကိုယ်တစ်ခြမ်း အားနည်းခြင်း၊ ကြွက်သားများ မလှုပ်ရှားနိုင်ခြင်းစတဲ့ ပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ မျက်နှာတစ်ခြမ်း သို့မဟုတ် လက်မောင်းတစ်ဖက်က ကြွက်သားတွေကို မထိန်းချုပ်နိုင်တော့တာမျိုး ကြုံရတတ်ပါတယ်။ စကားပြောရခက်ခြင်း၊ မျိုချရခက်ခြင်း […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

SPA သွားခြင်းကြောင့် လေဖြတ်စေနိုင်သော အချက် ၃ ချက်

SPA သွားခြင်းသည် အလှအပရေးရာနှင့် စိတ်အပန်းပြေစေခြင်းတို့တွင် ခေတ်စားလာပါသည်။ သို့သော် SPA သွားခြင်းနှင့် လေဖြတ်ခြင်း ဆက်စပ်နေကြောင်း ဤဆောင်းပါးတွင် တွေ့ရှိနိုင်ပါ မည်။ အလွန်အမင်း လည်ပင်းဆန့်ထားရခြင်း အချို့သည် အိမ်တွင် ခေါင်းလျှော်ရခြင်းထက် SPA တွင် ခေါင်းလျှော်ရခြင်းကို နှစ်သက်ကြပါသည်။ လေ့လာတွေ့ရှိချက်အရ အချို့ လေဖြတ်လူနာများသည် SPA မှအပြန် လေဖြတ်သည်ကို တွေ့ရှိရပါသည်။ အကြောင်းရင်းမှာ ခေါင်းလျော်ရာတွင် သုံးသော ခုတင်၏အစွန်းမှ ဦးခေါင်းကို ထုတ်ထားခြင်းသည် လည်ပင်းကို နောက်ဘက်သို့ ဆွဲဆန့်ထားသကဲ့သို့ ဖြစ်စေပါသည်။ ယင်းပုံစံသည် ဦးနှောက်ထဲရှိ သွေးစီးဆင်းမှုကို နှေးကွေးစေပြီး ဦးနှောက်ထဲ သွေးဖိအားများစေပါသည်။ ထို့ကြောင့် ပြင်းထန်သော မူးဝေခြင်း၊ မျက်နှာတွင် ထုံကျင်ခြင်းတို့မှသည် လေဖြတ်သည်အထိ ဖြစ်စေ နိုင်ပါသည်။ အသက်ကြီးသူများတွင် ယင်းကဲ့သို့ ခေါင်းကို အလွန်အမင်းဆန့်ထုတ် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းကြောင့် ဖြစ်လာသော နောက်ဆက်တွဲရောဂါစု

BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့် ဖြစ်လာရသော နောက်ဆက်တွဲ ရောဂါစု တစ်ခုဖြစ်ပါသည်။ ဤဆောင်းပါးတွင် BáLint’s syndrome အကြောင်းကို ဖော်ပြသွားပါမည်။ BáLint’s syndrome ဆိုသည်မှာ BáLint’s syndrome သည် လေဖြတ်လူနာများ ဖြစ်တတ်သည့် ရှားပါးရောဂါစု တစ်ခုဖြစ်ပါသည်။ BáLint’s syndrome တွင် မြင်ကွင်းထဲရှိ အရာဝတ္ထုကို အာရုံစိုက်မရခြင်း (simultanagnosia) ၊ အာရုံစိုက်၍ ကြည့်မရခြင်း (oculomotor apraxia) နှင့် အမြင်အာရုံဖြင့် လက်လှမ်းပါက ယင်းအရာ ကို မရောက်ခြင်း (optic ataxia) စသော လက္ခဏာများ ပါဝင်ပါသည်။ BáLint’s syndrome သည် လေဖြတ်ပြီး ဦးနှောက် ထိပ်ပိုင်းနှင့် နောက်စေ့တွင် ရှိသော parieto-occipital ဦးနှောက်ဖုများ ထိခိုက် ခြင်းကြောင့် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲ

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ စိတ်ကျဝေဒနာ၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း စတဲ့ အကြောင်းရင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုးကြောင့် ခေါင်းကိုက်နိုင်သလို လေဖြတ်ခြင်းကြောင့်လည်း ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ လေဖြတ်ပြီးနောက် ဘာကြောင့်ခေါင်းကိုက်ရသလဲ ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးခြင်း၊ ဦးနှောက်တွင်း သွေးလှည့်ပတ်မှု ပြောင်းလဲခြင်းတို့ကြောင့် အချို့လူနာတွေဟာ လေဖြတ်ပြီးနောက်မှာ ခေါင်းကိုက်ဝေဒနာ ခံစားကြရပါတယ်။ ဦးနှောက်သွေးယိုခြင်းကြောင့် လေဖြတ်တဲ့လူနာတွေမှာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ချေ ပိုများပါတယ်။ လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာ (၄) မျိုး ရှိပါတယ်။ ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာ - အကိုက်အခဲပျောက်ဆေး အလွန်အကျွံအသုံးပြုသူတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ကြွက်သားတင်းအားကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာ - ဒါကတော့ ကုသရလွယ်ကူတဲ့ ခေါင်းကိုက်ဝေဒနာ အမျိုးအစားဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်သည့်ဝေဒနာ - အလွန်ဆိုးရွားပြင်းထန်တဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ပြီးနောက် အစာပိုက်ထည့်ခြင်း

လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ အစာ/ရေ ကောင်းစွာမမျိုနိုင်ခြင်းဟာ လူနာကို ဒုက္ခရောက်စေပြီး အာဟာရပြည့်ဝအောင် စားသောက်ဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒီအခြေအနေမျိုးမှာ အစာပိုက်ထည့်ဖို့ လိုအပ်လာနိုင်တဲ့အတွက် အစာပိုက်နဲ့ပတ်သက်တဲ့ သိကောင်းစရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ အစာပိုက်ထည့်ဖို့ ဘာကြောင့်လိုအပ်သလဲ အစာ/ရေ မျိုချခြင်းဟာ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး အစာနဲ့ရေတွေကို အစာအိမ်ဆီ လမ်းကြောင်းမှန်မှန် ရောက်ရှိစေဖို့ ကြွက်သားအမြောက်အမြား ပူးပေါင်းဆောင်ရွက်ရတဲ့ လှုပ်ရှားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ လေဖြတ်ပြီးတဲ့နောက် ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ကြွက်သားတွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အစားအသောက် မျိုချရာမှာ ပြဿနာဖြစ်လာပါတော့တယ်။ စားသောက်လိုက်တဲ့ အစာနဲ့အရည်တွေဟာ အသက်ရှူလမ်းကြောင်းထဲ လမ်းမှားဝင်ရောက်သွားနိုင်ပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ အစာ/ရေ နင်ခြင်း၊ အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခန္ဓါကိုယ်မှာ ရေဓါတ်ခမ်းခြောက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်ရာမှာ အခက်အခဲရှိတဲ့အတွက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ အဟန့်အတားဖြစ်စေသလို နောက်တစ်ကြိမ် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောနံရံပုံမမှန်ခြင်း နှင့် လေဖြတ်ခြင်း

လေဖြတ်ခြင်းဆိုတာ လူအများနဲ့ ရင်းနှီးပြီးသား ဝေါဟာရတစ်ခုဖြစ်ပြီး လေဖြတ်ခြင်းနဲ့ ပတ်သက်လို့ အတော်များများ ကြားဖူးနားဝရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် fibromuscular dysplasia (သွေးကြောနံရံပုံမမှန်ခြင်း) ဆိုတဲ့ ဝေါဟာရကိုတော့ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ Fibromuscular dysplasia ဟာ လူသိနည်းတဲ့ရောဂါဖြစ်ပေမယ့် လေဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း အံ့သြဖွယ်တွေ့ရှိရတဲ့အတွက် ၎င်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Fibromuscular dysplasia (သွေးကြောနံရံပုံမမှန်ခြင်း) ဆိုတာ ဘာလဲ Fibromuscular dysplasia ဆိုတာ ရောင်ရမ်းခြင်းကို မဖြစ်စေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ခန္ဓါကိုယ်အနှံ့ သွေးလှည့်ပတ်ပို့ဆောင်ပေးတဲ့ အသေးစားနဲ့ အလတ်စား သွေးကြောတွေရဲ့နံရံ ဖွံဖြိုးမှုပုံမမှန်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ သွေးကြောနံရံတွေရဲ့ ဆဲလ်ဖွံ့ဖြိုးမှု ပုံမမှန်တဲ့အတွက် အဆိုပါသွေးကြောတွေကို ပုံမှန်ထက် ကျဉ်းသွား/ ကျယ်သွားစေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းခြင်းကို သက်သာစေသော နည်းလမ်း ၅ခု

လေဖြတ်ရောဂါ ဖြစ်ပြီး အသက်ရှင်သူများတွင် ခန္ဓါကိုယ် တောင့် တင်းနေတတ်ပါသည်။ အသက်ရှင်သူ ရောဂါရှင် အနေဖြင့် ယခင် လောက် လှုပ်ရှားရ မကောင်းသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ယင်းကို ကြွက်သားတောင့်တင်းခြင်း (muscle spasticity) ဟု ခေါ်ပါသည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်း လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကြွက်သားတောင့်တင်းခြင်း အ တွက် အရေးကြီးပါသည်။ ထို့ကြောင့် လေဖြတ်ပြီးသော လူနာကို ဆရာဝန်အနေဖြင့် ပြန်လည်သန်စွမ်းရေးအတွက် အကြောအဆစ် ပြန်လည်သန်စွမ်းရေး ပညာရှင်နှင့် တွေ့ဆုံပေးပါလိမ့်မည်။ ယင်းပညာရှင်က လူနာ၏ အခြေအနေပေါ် မူတည်ပြီး ပြန်လည်သ န်စွမ်းရေးအတွက် သင့်တော်သော လေ့ကျင့်ခန်းများကို သင်ကြား ပေးပါမည်။ နောက်ပိုင်းတွင်မူ ပညာရှင်နှင့် ရက်ချိန်ပေး တွေ့ဆုံပြီး ကြားထဲတွင် လူနာကိုယ်တိုင် လေ့ကျင့်ခန်း များကို ပြုလုပ်ရမည်ဖြစ်ပါသည်။ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

မောတန်စ်နူရိုးမား

Morton’s Neuroma မောတန်စ်နူရိုးမား ဆိုတာဘာလဲ။ Neuroma ဟာ ကိုယ်ခန္ဓါအစိတ်အပိုင်းများစွာမှာ ဖြစ်ပေါ်နိုင်တဲ့ အာရုံကြောတစ်ရှူးထူတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ခြေထောက်မှာ အဖြစ်အများဆုံး Neuroma ကတော့ Morton’s neuroma ဖြစ်ပြီး တတိယနဲ့ စတုတ္ထခြေချောင်းကြားမှာ အဖြစ်များပါတယ်။ သူ့ကို တခါတရံ Intermetatarsal neuroma ဆိုပြီး ခေါ်ကြပါတယ်။ Intermetatarsal ဟာ metatarsal အရိုးတွေကြားမှ ခြေဖနောင့်မှာရှိတဲ့ သူ့ရဲ့ နေရာကိုဖေါ်ပြခြင်းဖြစ်ပါတယ်။ Neuromas တွေဟာ ခြေထောက်ရဲ့ အခြားနေရာတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ Neuromas တွေဟာ အာရုံကြောဖိမိခြင်းနဲ့ ယားယံခြင်းတွေကြောင့် အာရုံကြောထူထဲခြင်း၊ ကြီးလာခြင်းပဲ ဖြစ်ပါတယ်။ ဖိမိခြင်းဟာ အာရုံကြောကို ကြီးလာစေပြီး နောက်ဆုံးမှာတော့ အာရုံကြော ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ Morton’s Neuroma ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Morton’s Neuroma […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ဝေဒနာ ဆောင်ရန် ရှောင်ရန်များ။

ခေါင်းကိုက်ြခင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ခေါင်းထဲမှာ ထိုးကိုက်နေပြီး မူးဝေအော့အန်ချင်သလို ခံစားရမယ်။ အားနည်းပြီး ပျော့ခွေနေမယ်။ စိတ်လဲကြည်တော့မှာ မဟုတ်သလို ကိုယ့်ရဲ့ အလုပ်ခွင်မှာလည်း သေချာအာရုံစိုက်ပြီး အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်ခဲတာ အစရှိသဖြင့် ခေါင်းကိုက်လက္ခဏာ အမျိုးမျိုး ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီဆိုရင် အနည်းဆုံး ၄ နာရီမှ အများဆုံး ၃ရက်အထိ ကြာရှည်နိုင်ပါတယ်။ မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေ၊ ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ခေါင်းကိုက်နေစဉ် ဘာတွေလုပ်သင့်လဲ။ ခေါင်းကိုက်တာကို စတင်ခံစားရပြီဆိုတာနဲ့ ဝေဒနာအမြန်သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သို့မဟုတ် ခေါင်းကိုက်ပျောက်ဆေး တစ်လုံး အမြန်ဆုံး […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Dementia in head injury

အဓိပ္ပါယ်ဖွင့်ဆိုချက်။Dementia in head injury ( ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း) ဆိုတာဘာလဲ။ Dementia in head injury ( ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း) ဟာ ထင်ရှားတဲ့ ပြည်သူ့ကျန်းမာရေး ပြသနာတစ်ခုပါ။ အမျိုးအစားနှင့် ခေါင်းထိခိုက်ခြင်းနေရာ ပေါ်မူတည်ပြီး dementia ရဲ့ တွေ့ရပုံချင်းက ကွာပါတယ်။     ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဟာ အခြားသော မှတ်ဉာဏ်ချို့ယွင်းခြင် များနှင့် ကွာခြားမှု ရှိပါတယ်။ ဥပမာ Alzheimer’s disease ဟာ အချိန်ကြာလာသည်နှင့် ပိုဆိုးလာပါတယ်။ သို့သော် ခေါင်းထိခိုက်ပြီး ဖြစ်သော မှတ်ဉာဏ်ချို့ယွင်းခြင် က အချိန်ကြာလာသည်နှင့် ပိုဆိုးမလာနိုင်ပါ။ ပိုတောင် ကောင်းလာနိုင်ပါတယ်။ သို့သော် ပြန်ကောင်းလာမှုက နှေးကွေးပြီး လများ၊ နှစ်များထိကြာနိုင်ပါတယ်။   ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ဦးခေါင်းထိခိုက်ရာမှ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း