ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Radial Neuropathy (ရေဒီယယ် အကြောရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) ကဘာလဲ။ ရေဒီယယ်အကြောသည် လက်မောင်းအနောက်(တရိုင်ဆက်) တံတောင်ဆစ်အပြင်ဘက်( အပြင်အရိုးဖု)ကိုပတ်ပြီး လက်ဖျံအတိုင်းဆင်းကာ လက်မနှင့် လက်ညိုးကြားတွင်အဆုံးသတ်သည်။ အကြောဆိုင်ရာရောဂါဟူသည် အာရုံကြောလုပ်ဆောင်မှုမကောင်းခြင်းဖြစ်ပြီး အာရုံကြောလမ်းကြောင်းတစ်နေရာရာတွင်အဖိခံရသောကြော်ဖြစ်သည်။ Radial Neuropathy (ရေဒီယယ် အကြောရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ ယောက်ျားလေးများတွင်ပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများRadial Neuropathy (ရေဒီယယ် အကြောရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရေဒီယယ် အကြောရောဂါများရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာခြင်း အားနည်းခြင်း ထုံခြင်း ကျဉ်ခြင်း ထိုလက္ခဏာများသည် လက်ဖျံအနောက် လက်ဖမိုး လက်မ သို့မဟုတ် လက်ချောင်း(လက်ညိုး လက်ခလယ် လက်သူကြွယ်တပိုင်း) တွင်ဖြစ်တတ်သော်လည်း လက်ချောင်းထိပ်များတွင်မဖြစ်တတ်ပါ။ ရေဒီယယ် အကြောရောဂါများ(ရေဒီယယ် အကြောကိုဖိခြင်း)သည် လက်မောင်းအနောက် လက်တံတောင်ဆစ် သို့မဟုတ် လက်ဖျံ အတွင်းကြွက်သားနေရာများတွင်ပိုဖြစ်တတ်သည်။   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Morton's Neuroma (မော်တန်အာရုံကြောအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) ကဘာလဲ။ မော်တန်အာရုံကြောအကျိတ်ဆိုတာ ခြေဖဝါးကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး နံပါတ်၃နဲ့၄ ခြေချောင်းကြားထဲက နေရာမှာ ပိုဖြစ်တတ်ပါတယ်။ မော်တန်အာရုံကြောအကျိတ်ဖြစ်ရင် ကျောက်ခဲပေါ်မှာ မတ်တပ်ရပ်နေမိသလို၊ ခြေအိတ်ကခေါက်နေသလို ခံစားရပါတယ်။ မော်တန်အာရုံကြောအကျိတ်ဟာ ခြေချောင်းလေးတွေဆီသွားတဲ့ အာရုံကြောဝန်းကျင်က တစ်သျှူးတွေမာကြောလာလို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ခြေဖဝါးမှာ စူးရှပူပြင်းစွာ ခံစားရပါတယ်။ ခြေချောင်းများဟာ ပူလောင်နာကျင်ခြင်း၊ သို့မဟုတ် ထုံခြင်း ခံစားရပါတယ်။ ဒေါက်မြင့်ဖိနပ်တွေဟာ မော်တန်အာရုံကြောအကျိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လူအများဟာ ကျယ်ပြီးနိမ့်တဲ့ ဖိနပ်ကို စီးလိုက်မှသာ သက်သာသွားတတ်ပါတယ်။ တခါတရံ ကော်တီကိုစတီးရွိုက်ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ Morton’s Neuroma (မော်တန်အာရုံကြောအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ ခြေဖဝါးကို နာကျင်ထိခိုက်စေခြင်း မကြာခဏဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုဖြစ်နိုင်ခြေများပါတယ်။ နံပါတ်၃နဲ့၄ ခြေချောင်းတွေကြားမှာ မကြာခဏဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Friedreich's Ataxia

အဓိပ္ပါယ်ဖွင့်ဆိုချက်Friedreich’s Ataxia ကဘာလဲ။ Ataxia ဆိုသည်မှာ အစီအစဉ်ကျမှု မရှိခြင်းကို ဆိုလိုပါသည်။ အကြောင်းရင်းအမျိုးမျိုးရှိသော Ataxia အမျိုးမျိုးရှိပါသည်။ Friedreich’s Ataxia မှာ ထိုအရာများမှ တစ်ခုဖြစ်သည်။   Friedreich’s Ataxia သည် ရှားပါးသော မျိုးရိုးဗီဇရောဂါတစ်ခုဖြစ်ပြီး လမ်းလျှောက်ရခက်ခြင်း၊ ခြေလက်များတွင် အာရုံခံစားနိုင်စွမ်း မရှိခြင်း၊ စကားကောင်းကောင်းမပြောတတ်ခြင်းတို့ ဖြစ်စေပါသည်။ ၎င်းကို Spinocerebellar degeneration ဟုလည်းခေါ်၏။ ထိုရောဂါမှာ ဦးနှောက်၊ အာရုံကြောမကြီးတို့တွင် ပျက်စီးမှုများ ဖြစ်စေနိုင်ပြီး နှလုံးကိုလည်း ထိနိုင်ပါသည်။   နာမကျန်းမှုမှာ ယေဘုယျအားဖြင့် လမ်းလျှောက်ရခက်ခြင်းမှ စတင်လေ့ရှိသည်။ Friedreich’s Ataxia ရှိသောလူများတွင် ခြေချော် လက်ချော်ဖြစ်ခြင်း ခြေများတုန်ယင်နေခြင်းတို့ကို ကလေးဘ၀ သို့မဟုတ် မြီးကောင်ပေါက်စကပင် စခံစားရသည်။ ရှားပါးသောဖြစ်ရပ်များတွင်တော့ တစ်နှစ်သားနှင့် လူလတ်ပိုင်းများတွင် စပေါ်လာတတ်ပါသည်။ ရောဂါဆိုးလာသည်နှင့် ကျောရိုး၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Stroke ( လေဖြတ်ခြင်း )

လေဖြတ်ခြင်း ဆိုသည်မှာ ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုဆီသို့ သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်လျှင်သော်လည်းကောင်း၊ လွန်စွာ လျော့နည်းလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ Brain attack ဟုခေါ်ပါတယ်။ မိနစ်ပေါင်းလောက် သွေးစီးဆင်းမှု နည်းပါက ဦးနှောက်၏ တစ်ရှူးများထံ အောက်စီဂျင်နှင့် အာဟာရများ ရောက်မှု နည်းသွားပါတယ်။ ထိုအခါ ဦးနှောက် ဆဲလ်များ သေဆုံးသွား နိုင်ပါတယ်။ Stroke (လေဖြတ်ခြင်း)က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို ကာကွယ်ခြင်းအားဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ Stroke (လေဖြတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လေဖြတ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ -ခန္ဓာကိုယ် တစ်ခြမ်းရှိ မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်တို့ ရုတ်တရက် အားနည်းလာခြင်း၊ ထုံကျင်လာခြင်း -လက်နှစ်ဘက်ကိုခေါင်းပေါ် ပြိုင်တူမြှောက်ကြည့်ပါက လေဖြတ်သောလက်မှာ အောက်သို့ပြန်ကျသွားပါလိမ့်မယ်။ အလားတူပင် - ပြုံးပြသောအခါ ပါးစပ်ရဲ့ တစ်ခြမ်းမှ သွားရည်ကျခြင်း၊ ရုတ်တရက် အမြင်အာရုံနှင့် […]


Multiple Sclerosis ရောဂါ

Amyotrophic Lateral Sclerosis

အဓိပ္ပါယ်ဖွင့်ဆိုချက်Amyotrophic Lateral Sclerosis ကဘာလဲ။ Amyotrophic Lateral Sclerosis ဆိုတာ ဦးနှောက်ရှိ လှုပ်ရှားမှုနှင့်ဆိုင်တဲ့ အာရုံကြောဆဲလ် များ တဖြည်းဖြည်းပျက်စီးလာတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Lou Gehrig’s disease လို့လည်းခေါ်ပါတယ်။ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကိုတော့ မသိသေးပါဘူး။ အချို့ ဟာမျိုးရိုးလိုက်ပါတယ်။ ခြေ\လက် ရှိ ကြွက်သားများ သူ့အလိုလို ဇာတ်တိုက် လှုပ်လာခြင်း\ အားနည်းလာခြင်း၊ သို့မဟုတ် စကားပြော လေးလံလာခြင်း တို့နဲ့ အစပြုပါတယ်။ နောက်ဆုံးမှာတော့ သွားလာလှုပ်ရှားခြင်း၊ စကားပြောခြင်း၊ စားသောက်ခြင်း၊ အသက်ရှူခြင်း စတဲ့ ကိစ္စရပ်တွေမှာ အသုံးပြုရတဲ့ ကြွက်သားများကိုပါ ထိခိုက်လာပါတယ်။ ကုသနိုင်တဲ့ ဆေးဝါးမရှိပါဘူး။ နောက်ဆုံး အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်ပါတယ်။ Amyotrophic Lateral Sclerosis က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) ကဘာလဲ။ Steele-Richardson-Olszewski ရောဂါစုဟု ခေါ်သော ၎င်းရောဂါမှာ လမ်းလျှောက်ခြင်း၊ ဟန်ချက်ထိန်း မှုနှင့် မျက်လုံးဆိုင်ရာ ပြဿနာများ ဖြစ်စေသော ရှားပါးလှသည့် ဦးနှောက်ဆိုင်ရာရောဂါ တစ်မျိုးဖြစ်ပါသည်။ ၎င်းက ဦးနှောက်တွင်းရှိ လှုပ်ရှားမှုနှင့်တွေးခေါ်မှုကို ထိန်းချုပ်သော ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်လာသည်။ ၎င်းက အချိန် ကြာလာသည်နှင့် ပို၍ ဆိုးလာလေ့ရှိကာ အဆုတ်ရောင် (နမိုးနီးယား) ခြင်းနှင့်အစာမျိုချခြင်းဆိုင်ရာ ပြဿနာများကဲ့သို့ အသက်အန္တယ် ထိခိုက်စေသော ဆိုးကျိုးများထိဖြစ်စေနိုင်ပါသည်။ Progressive supranuclear palsy (supranuclear အမျိုးအစား ပို၍ ဆိုးလာတတ်သော အကြောသေရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကွဲလွဲမှုများရှိကြသည့်တိုင် တကမ္ဘာလုံးတွင် လူ ၁ သိန်းလျှင် ၃-၆ ယောက်ခန့်က PSP […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ) ကဘာလဲ။ အမြင်အာရုံဆိုင်ရာ လက္ခဏာများ ပါဝင်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရိုးရိုးခေါင်းတခြမ်းကိုက်ရောဂါလို နာကျင်ခြင်းမျိုး ရှိချင်မှရှိပါလိမ့်မယ်။ အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်လျှင် သင့်မျက်လုံးထဲမှာ အလင်းရောင်ပြိုးပြိုးပြက်ပက်များ၊ အကွေ့အကောက်လိုင်းများ၊ ကြယ်များကို မြင်နေပါလိမ့်မယ်။ အချို့ကလည်း ထင်ယောင်မြင်မှား ဖြစ်နေတယ်လို့ပြောကြပါတယ်။ သင့်မြင်ကွင်းရဲ့ တစ်နေရာရာကို မမြင်ရတော့တာလည်း ဖြစ်နိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်လူနာ ၅ယောက်မှာ ၁ယောက်ဟာ အမြင်အာရုံဆိုင်ရာ လက္ခဏာများခံစားနေရပါတယ်။ ဒီရောဂါဟာ သင့်ရဲ့ စာရေး၊ စာဖတ်၊ ကားမောင်းစတဲ့ အလုပ်များလုပ်နိုင်စွမ်းကို ကျဆင်းစေတတ်ပါတယ်။ ရောဂါလက္ခဏာများဟာ ယာယီသာဖြစ်လို့ စိုးရိမ်စရာတော့ မရှိပါဘူး။ အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါနဲ့မှားတတ်ပါတယ်။ တကယ်တော့ ဒီရောဂါနှစ်ခုဟာ မတူပါ။ မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါဟာ ရှားပါးပြီး မျက်လုံးတစ်ဘက်တည်းမှာ ဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဘက် မမြင်ရတော့ခြင်းဟာ အရေးကြီးတဲ့ရောဂါလက္ခဏာဖြစ်လို့ အကြောင်းရင်းကိုသိဖို့ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Burners and Stingers (အာရုံကြောညပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Burners and Stingers (အာရုံကြောညပ်ခြင်း) ကဘာလဲ။ ထိခိုက်မိခြင်းကြောင့် လည်ပင်းနှင့် ပုခုံးရှိ အာရုံကြောများ ဆွဲဆန့်မိခြင်း၊ ဖိမိခြင်းဖြစ်သည်။ တွန်းတွန်းတိုက်တိုက်ကစားရသည့် အားကစားနည်းများတွင် ဖြစ်လေ့ရှိပြီး ပုခုံးမှ လက်တလျှောက်လုံး စူးရှ၊ ပူလောင်သည့် နာကျင်မှုကိုခံစားရစေသည်။ လက်တလျှောက်ဓါတ်လိုက်သလို၊ လျှပ်စီးထိသလို ခံစားမှုမျိုးဖြစ်သည်။ အများအားဖြင့် အာရုံကြောညပ်ခြင်းသည် ယာယီသာဖြစ်ပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းသက်သာသွားလေ့ ရှိသည်။ Burners and Stingers (အာရုံကြောညပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများBurners and Stingers (အာရုံကြောညပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာရုံကြောညပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လည်ပင်းနဲ့ ပုခုံးကြားစူးရှ၊ ပူလောင်သည့် နာကျင်မှု၊ ဓါတ်လိုက်သလို ခံစားမှုမျိုးရရှိခြင်း လက်မောင်း၊ လက်နှင့် လက်ချောင်းများတွင် စူးရှ ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ ပုခုံးနှင့် လက်မောင်းတွင် ပင်အပ်ငယ်များဖြင့် ထိုးသကဲ့သို့ ခံစားရခြင်း ဖြစ်သည့်နေရာတွင်ပူနွေးခြင်း […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Pick's disease (ပစ်ခ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pick’s disease (ပစ်ခ်ရောဂါ) ကဘာလဲ။ ပစ်ခ်ရောဂါ ဆိုတာ အယ်ဇိုင်းမားနှင့် ဆင်တူတဲ့ စိတ်မူမမှန်ရောဂါ တစ်ခု ဖြစ်ပြီး အဖြစ်နည်းပါးပါတယ်။ ဒီရောဂါကြောင့် စိတ်ခံစားမှုတွေ၊ အပြုအမူ၊ စရိုက်လက္ခဏာ နဲ့ ဘာသာစကားတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဦးနှောက်ရှေ့ခြမ်းမူမမှန်ဖြစ်ခြင်း as frontotemporal dementia (FTD) သို့မဟုတ် ဦးနှောက်ရှေ့ခြမ်းယိုယွင်းမှု frontotemporal lobar degeneration (FTLD) လို့လည်းခေါ်ကြပါတယ်။ လိုအပ်တဲ့ အာဟာရတွေကို ရွှေ့ပြောင်းဖို့အတွက် သင့်ဦးနှောက်ဟာ သယ်ပို့စနစ်တစ်ခုကို အသုံးပြုပါတယ်။ ဒီစနစ်ကို ပရိုတင်းဓါတ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး မီးရထားလမ်းလိုမျိုး ယှက်ဖြာနေပါတယ်။ ဘယ်လို အာဟာရတွေဟာ ဘယ်နေရာကို သွားရမယ် ဆိုတာကို ဒီစနစ်ထဲမှာ ညွှန်ပြထားပါတယ်။ အာဟာရတွေ သွားလာတဲ့ လမ်းကြောင်းကို ဖြောင့်ဖြူးနေစေဖို့ ထောက်ပံ့ပေးတဲ့ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) ကဘာလဲ။ အသားဖောရောင်ပြီး သတိလစ်တယ်ဆိုတာ သွေးထဲမှာ လည်ပင်းအကျိတ်ဟော်မုန်းတွေ ကာလအတန်ကြာ အလွန်အမင်း ချို့တဲ့တာကြောင့် ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့တာ ဖြစ်ပါတယ်။ အသားဖောရောင်ပြီး သတိလစ်တာကို လည်ပင်းအကျိတ်ဟော်မုန်းချို့တဲ့ခြင်းရဲ့ အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် သတ်မှတ်ကြပြီးတော့ လည်ပင်းအကျိတ်ရောဂါရဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ Myxedema coma (အသားဖောရောင်ပြီး သတိလစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသားဖောရောင်ပြီး သတိလစ်ခြင်းက အဖြစ်မများပေမဲ့ အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးတွေမှာတော့ ဖြစ်လေ့ရှိပါတယ်။ အပူချိန်နည်းတဲ့ ဆောင်းရာသီတွေမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ အသားဖောရောင်ပြီး သတိလစ်ခြင်းက အသက်အန္တရာယ်ဆုံးရှူံးတဲ့အထိပါ ဆိုးရွားနိုင်ပါတယ်။ ကံကောင်းတာကတော့ ဒီလိုဖြစ်ဖို့အခွင့်အလမ်းနည်းပါးတာပဲ ဖြစ်ပါတယ်။ ဒီလို အသားဖောရောင်ပြီး သတိလစ်တာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင်ဆိုရင် အန္တရာယ်ရှိတဲ့ အချက်တွေကို လျှော့ချရပါမယ်။ ထပ်မံသိရှိလိုတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း