ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ပြီးနောက် အစာပိုက်သွင်းခြင်း

လေဖြတ်ဝေဒနာခံစားရပြီးနောက် ရင်ဆိုင်လာရတဲ့ အစာရေစာမြိုချရခက်ခဲခြင်းပြဿနာကြောင့် လူနာအနေနဲ့ စားဖို့သောက်ဖို့ အခက်တွေ့ရပါတယ်။ အာဟာရလည်း ပြည့်ဝစွာ မရရှိတော့ပါဘူး။ ဒီလို အခြေအနေမျိုးမှာ အစာပိုက်တွေက ကူညီပေးပါလိမ့်မယ်။ အစာပိုက်သွင်းပြီး ဘယ်လိုအာဟာရပေးမလဲဆိုတာနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဒီဆောင်းပါးက ပေးနိုင်ပါလိမ့်မယ်။ အစာသွင်းပိုက်ဘာကြောင့် လိုအပ်တာလဲ။ ကြွက်သားအများအပြား စည်းချက်ညီညီ၊ဟန်ချက်ကျကျ ပူးပေါင်းပြီး အစာနဲ့အရည်တွေအားလုံး အစာအိမ်ထဲဝင်သွားစေဖို့ လုပ်ဆောင်ရတာဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ လေဖြတ်ပြီးချိန်မှာ ဒီကြွက်သားတွေ ထိခိုက်သွားတဲ့အတွက် မြိုချရခက်ခဲလာသလို အစာနဲ့ရေမြိုချခြင်းဟာလည်း အန္တရာယ်ကြီးလာပါပြီ။ ဘာလို့လဲဆိုတော့ အစာ သို့မဟုတ် အရည်တခုခု မြိုချလိုက်ချိန်မှာ အဆိုပါအစာတွေ၊ရေတွေဟာ အသက်ရှုလမ်းကြောင်းထဲကို ဝင်သွားနိုင်ပြီး ရင်ခေါင်းတွင်း ကူးစက်ပိုးဝင်ခြင်း၊အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်း၊နမိုးနီးယားအဆုတ်ရောင်ရောဂါရခြင်း၊အာဟာရချို့တဲ့ခြင်း၊ရေဓါတ်ခမ်းခြောက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေဆီ ဦးတည်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်အနေနဲ့ သောက်ဆေးတွေသုံးစွဲဖို့လည်း အခက်အခဲတွေ ရှိလာနိုင်တာကြောင့် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်း (၅) ခု

ခေါင်းကိုက်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာထိခိုက်မှုတွေဖြစ်နေသလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမယ့်နည်းလမ်းလေးတွေပါ။ ဒါတွေကြောင့်ခေါင်းကိုက်နိုင်ပါတယ် ခေါင်းကိုက်ရတာအများစုကတော့ ဒီအကြောင်းအရင်းတွေကြောင့်ပါ။ စိတ်ဖိစီးတာ ရာသီမလာခင် နဲ့ လာပြီးချိန်မှာ ကိုယ်တွင်းကဟော်မုန်းတွေပြောင်းလဲမှုကြောင့် နောက်ကျောနဲ့လည်ပင်းက ကြွက်သားတွေတင်းမာနေတာကြောင့် ဆာလောင်တာနဲ့ရေဓါတ်ခမ်းခြောက်တာကြောင့် သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် အရက်၊ကဖင်းနဲ့ သကြားတွေစားသုံးမှုများတာကြောင့်ခေါင်းကိုက်ရတာပါ။ ခေါင်းကိုက်စေတဲ့အခြားအကြောင်းအရင်းတွေက - ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း မျက်လုံးေအာင့်တာ အတွင်းတိမ်ြဖစ်နေတာ အဖျားရှိနေတာ သွားကိုက်နေတာ ဦးခေါင်းနဲ့ မျက်နှာတဝိုက်ကကြွက်သားတွေတောင့်တင်းနာကျင်နေတာ ခေါင်းကိုက်တာကို သက်သာစေမယ့်နည်းလမ်းတွေက အခုပြောပြမယ့်နည်းလမ်းလေးတွေကို အသုံးပြုပြီး ခေါင်းကိုက်တာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ (၁) မျက်လုံးကိုမှိတ်ပြီးအနားယူလိုက်ပါ - ဒါကခေါင်းကိုက်တာကို သိသိသာသာသက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ခေါင်းကိုက်တာကိုဖြစ်စေတဲ့ တင်းအားတွေကိုလည်းလျော့ကျသွားစေနိုင်ပါတယ်။ခေါင်းအရမ်းကိုက်လာတဲ့အခါ တိတ်ဆိတ်ပြီး၊ အလင်းရောင်ဝင်ရောက်မှုနည်းတဲ့ အခန်းထဲမှာငြိမ်ငြိမ်လေးလှဲနေပြီး မျက်လုံးမှိတ်ထားပေးပါ။ တိတ်ဆိတ်မှောင်မိုက်မှုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အထောက်အကူပြုပေးပြီးခေါင်းကိုက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ (၂) စိတ်ကိုဖြေလျော့လိုက်ပါ - အသက်ကို ခပ်ပြင်းပြင်းနဲ့ခပ်ဝဝလေးရှုပေးတဲ့လေ့ကျင့်ခန်းက စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပြီးခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ အသက်ကို ဝမ်းဗိုက်ပိုင်းအထိ ရှိုက်ပြီး ရှုပေးတာကို […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

အဖြစ်အများဆုံး ခေါင်းကိုက်ခြင်း တွေကို သင်ဘယ်လိုသိနိုင်မလဲ

ခေါင်းကိုက်ခြင်း ဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ဝေဒနာတစ်ခုဖြစ်သလို မဖိတ်ခေါ်ဘဲ အချိန်မရွေးရောက်လာနိုင်တဲ့ ဧည့်ဆိုးလည်းဖြစ်ပါတယ်။ ဘယ်လောက်ဒုက္ခပေးလဲဆို နည်းနည်းလေးခေါင်းကိုက်နေတာနဲ့ လူကစိတ်မကြည်တော့ဘူး၊ အာရုံစိုက်မရတော့ဘူး။ ပိုဆိုးတာကခေါင်းကိုက်နေရင် အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ နားနေရတာ၊ လှဲအိပ်နေရင်တောင် ဆက်ပြီးထိုးကိုက်နေတာမျိုးဖြစ်ပါတယ်။ ခေါင်းကိုက်တယ်ပဲ အလွယ်ပြောလိုက်ပေမယ့် တကယ်တမ်းက ကိုက်တဲ့နေရာ၊ အကြောင်းရင်းတွေမတူတဲ့ အမျိုးအစားတွေကွဲပြားတယ်ဆိုတာလေး ဆက်ပြီးပြောပြချင်ပါတယ်။ အဖြစ်များကြတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားတွေထဲက (၉) မျိုးကိုလေ့လာကြည့်ရအောင်။ ကိုယ်ဖြစ်ဖူးတာတွေ အများကြီးပါနေတာတွေ့ရပါလိမ့်မယ်။ အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း များ (က) ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲဖြစ်တဲ့ ခေါင်းကိုက် ခြင်းများ။ Primary headaches လို့ခေါ်တဲ့ ခေါင်းကိုက်မှုတွေက ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ရောဂါအခံကြောင့် မဟုတ်ဘူးဆိုတော့ ဘယ်လိုခေါင်းကိုက်တာမျိုးကိုခေါ်တာဖြစ်မလဲ - (၁) ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း အဖြစ်များဆုံးဖြစ်တဲ့ ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အမျိုးအစား(Tension headache)ဆိုရင် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ခေါင်းတစ်ခုလုံးအုံခဲပြီး ကိုက်နေတော့တာပဲ။ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေများနေတဲ့အခါ ခေါင်းမကြည်ဘူး၊ တဒုတ်ဒုတ်နဲ့ ထိုးကိုက်နေပြီး ဇက်ကြော၊နဖူး၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်သို့ထောက်ပံ့ပေးသောသွေးလွှတ်ကြောရောဂါ

နောက်ပိုင်းနှစ်ကာလတွေမှာ လေဖြတ်ခြင်းဟာ သိသိသာသာကိုတိုးလာတဲ့ရောဂါတစ်ခုဖြစ်တယ်။ လေဖြတ်ခြင်းအများစုဟာ ဦးနှောက်ကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြော တနည်း မေ့ကြောလို့ခေါ်တတ်ကြတဲ့ carotid artery ရောဂါ ဒါမှမဟုတ် သွေးဝင်ခန်းခုန်နှုန်းမမှန်ခြင်းကြောင့် ဖြစ်နေရပါတယ်။ Carotid artery ရောဂါဟာ သွေးကြောထဲမှာသွေးများခဲကာ ဦးနှောက်ဆီသွေးမရောက်ခြင်းကြောင့်လေဖြတ်ရခြင်းဖြစ်တယ်။   အကြောင်းအရင်းများ အဓိကကတော့ သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံတွေ ဆက်တိုက်ထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ သွေးကြောအတွင်းမှာ စုပုံနေတဲ့အရာတွေက သွေးစီးလမ်းကြောင်းကိုပိတ်ကာ အထူးသဖြင့်ဦးနှောက်ဆီသို့သွေးရောက်မှုကိုဟန့်တားလိုက်တယ်။ အကြောင်းအရင်းတွေကတော့ - ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း။ သွေးတိုးခြင်း။ သွေးတွင်းသကြားဓါတ်၊ အဆီ၊ ကိုလက်စရောတိုးစေသောရောဂါများ၊ ဥပမာ- ဆီးချိုသွေးချို၊ အဝလွန်ခြင်း သို့ အင်ဆူလင်မထိန်းနိုင်ခြင်း။ ထိုအခါ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပျက်စီးမှုတွေပြန်ပြင်ဖို့၊ ပြန်လည်တိုက်ခိုက်ဖို့စတင်လာတယ်။ ထိုပြန်လည်ပြင်ဆင်ခြင်းကြောင့် သွေးကြောထဲမှာ စုပုံခြင်းတွေဖြစ်လာပြီး သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းတို့ ဖြစ်လာတော့တယ်။ ကိုလက်စရော၊ အမျှင်တစ်သျူး၊ ကယ်လ်စီယမ်နဲ့ တခြားဆဲလ်အမှုန်အမွှားများစုကာ ထိခိုက်နေတဲ့သွေးကြောနံရံကိုဖာဖို့ သွေးခဲဖြစ်လာတယ်။ ထိုသွေးခဲကြောင့်ပဲ […]


အတက်ရောဂါ

တက်နေတဲ့ လူတစ်ယောက်ကို အကူအညီပေးခြင်း

တက်နေသော လူတစ်ယောက်ကို မြင်တွေ့ရတာက တုန်လှုပ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံ ဖြစ်နိုင်ပါတယ်။ တက်ခြင်းအများစုက အချိန်ကြာမည်ဟု ထင်ရသော်လည်း အမှန်တကယ် စက္ကန့် ၆၀-၉၀ ထက်မကြာတတ်ပါ။ တက်နေသော လူတစ်ယောက်ကို တွေ့ပါက အရေးကြီးဆုံးက စိတ်အေးအေးထားဖို့ဖြစ်ပါတယ်။ တက်သည့် အချိန်ကို မှတ်ထားပါ။ ၃ မိနစ်ထက်ပိုကြာပါက သို့မဟုတ် တက်နေသူက ကိုယ်ဝန်ရှိပါက အရေးပေါ်ဌာနကို ချက်ချင်းခေါ်ပါ။ သင်ဟာ အကူအညီမဲ့သလို ခံစားရနိုင်သော်လည်း တက်နေသူ ဘေးကင်းအောင် ပြုလုပ်နိုင်ပါတယ်။ တက်ခြင်းက ကြွက်သားများ ထိန်းချုပ်နိုင်စွမ်း၊ လှုပ်ရှားမှု၊ စကားပြောခြင်း၊ အမြင်အာရုံ စသည်တို့ကို အနှောင့်အယှက်ဖြစ် စေပါတယ်။ တက်သောသူရဲ့ ခန္ဓါကိုယ် သည် ပြင်းထန်စွာ တုန်လှုပ်ပြီး စက္ကန့် အနည်းငယ်မှ မိနစ် အနည်းငယ်ကြာနိုင်ပါတယ်။ သတိလစ်သွား နိုင်ပါတယ်။ သင်သိထားသင့်သော အတက်ရောဂါ အမျိးအစား အနည်းငယ် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

စိုင်းရာတစ်အာရုံကြော (sciatic nerve)

Sciatic Nerve ဟာ အကြီးဆုံး အာရုံကြောဖြစ်ပြီးတော့ ကျောရိုးမရဲ့ အဝေးဆုံးနေရာကနေ စတင်ဖြစ်ပေါ်လာပြီး ခြေထောက်တစ်လျှောက် တည်ရှိတဲ့ အာရုံကြော ဖြစ်ပါတယ်။ ကျောရိုးရှိသတ္တဝါ အများစုမှာ သူဟာ ကျောရိုးရဲ့ အာရုံကြော L4 ကနေ S4 မှာ ကျောရိုးမကို ထွက်သွားတဲ့ neuron တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှုပ်ထွေးတဲ့ အရာတစ်ခုဖြစ်တဲ့ Sacral plexus ရဲ့ ကြီးမားတဲ့ အခွဲတစ်ခု ဖြစ်ပါတယ်။ သူဟာ ခြေထောက် အစိတ်အပိုင်းအတော်များများကို ထောက်ပံ့ပေးပါတယ်။ ကျောရိုးရှိသတ္တဝါတွေရဲ့ အာရုံကြောကြီးတွေလိုမျိုးပဲ သူဟာ လုပ်ဆောင်ချက်တွေရောနေတဲ့ အာရုံကြောတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူ့ကို sensory neurons ရော motor neurons ရော ရဲ့ axons တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ Sciatic Nerve […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ချာချာလည်မူးဝေခြင်းကို ကျော်လွှားနိုင်ရန် အကြံပြုချက်များ

ချာချာလည်မူးဝေခြင်းသည် လူများကို ကောင်းစွာ အလုပ်လုပ်ရန်၊ စာ လေ့လာရန် ခက်ခဲစေသည်။ ထို့ကြောင့် ချာချာလည် မူးဝေခြင်းကို ကျော်လွှားရန် အကြံပြုချက်များ လိုအပ်သည်။ ချာချာလည်မူးဝေခြင်း ဆိုတာဘာလဲ။ ချာချာလည်မူးဝေခြင်းဆိုသည်မှာ ပတ်ဝန်းကျင်ရှိ ကမ္ဘာ ကြီး လည်ပတ်နေသည်ဟု ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။   ချာချာလည်မူးဝေခြင်းကို ဖြစ်စေသော အကြောင်းရင်းများ အထက်တွင် ဖော်ပြထားသကဲ့သို့ အတွင်းနား ပြဿနာ များသည် ချာချာလည်မူးဝေခြင်းကို ဖြစ်စေသည်။ ထိုပြဿနာ များမှာ- BPPV BPPV ဆိုသည်မှာ benign paroxysmal positional vertigo ( ကင်ဆာမဟုတ်သော ရုတ်တရက်ဖြစ်သော နေရာ ကြောင့်ဖြစ်သော ချာချာလည်မူးဝေခြင်း) ၏ အတိုကောက် ဖြစ်သည်။ BPPV ဖြစ်သောအခါ ကယ်စီယမ် အမှုန်များ၊ အနည်အနှစ်များသည် အတွင်းနား ပြွန်အတွင်းသို့ ကျသည်။ ထိုအခါ နားသည် […]


ပါကင်ဆန်ရောဂါ

ပါကင်ဆန်ရောဂါအတွက် အိမ်သုံးကုသမှု

ဦးနှောက်ထဲရှိ အာရုံကြောဆဲလ်အချို့တွင် ပြဿနာ တက်ပါက ပါကင်ဆန်ရောဂါ ဖြစ်ပွားသည်။ ပါကင်ဆန် ရောဂါသည်များသည် လှုပ်ရှားမှုတွင် အခက်အခဲဖြစ်သည်။ သင့်တွင် ပါကင်ဆန်ရောဂါရှိသည်ဟု သိရပါက အရမ်း စိတ်မပူပါနှင့်။ သင့်ကို သက်တမ်းစေ့ နေနိုင်စေသော အသုံးဝင်သော ကုသမှုများစွာ ရှိသည်။ အိမ်သုံးကုထုံးနှင့် လူနေမှုပုံစံ ပြောင်းလဲခြင်းသည် ပါကင်ဆန်ရောဂါကို လွယ်ကူစွာနှင့် ဘေးထွက်ဆိုးကျိုးနည်းစွာ ထိန်းချုပ်နိုင်သည်။   လူနေမှုပုံစံ ပြောင်းလဲခြင်း ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသုံးခြင်း။ ကျန်းမာသော အစားအသောက်များ စားခြင်းသည် ပါကင်ဆန်ရောဂါ၏ လက္ခဏာ အချို့ကို သက်သာစေနိုင်သည်။ ဥပမာ- ဝမ်းချုပ်ခြင်း ဖြစ်သည်။ အမျှင်ဓါတ်များ၊ အရည်များ၊ omega 3 fatty acids ကဲ့သို့ အာဟာရများ ပါဝင်သော အစာများ သည် ဤရောဂါအတွက် သင့်တော်သည်။ အကြံပြုထောက်ခံ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကာလတာရှည် ကြို့ထိုးခြင်းသည် လေဖြတ်ခြင်း၏ လက္ခဏာ ဖြစ်နိုင်

သင့်အနေဖြင့် ကြို့ထိုးခြင်းနှင့် လေဖြတ်ခြင်းသည် ဆက်စပ်မှု့ မရှိသော အကြောင်းအရာ တစ်ခုဟု သင်ထင်နေပါသလား။ သင်ထင်မြင်ချက်မှန်မမှန် အောက်ပါဆောင်းပါးကို ဆက်လက်ဖတ် ရှူပါ။   ကြို့ထိုးခြင်း ကြို့ထိုးခြင်းသည် ရင်ဝမ်းခြားမြှေး၏ စိတ်ထိန်းချုပ်မှု့ မရှိဘဲ ရုတ် တရက် လှုပ်ရှားမှု့ကြောင့် ဖြစ်ရပါသည်။ ရင်ဝမ်းခြားမြှေးသည် အ ဆုတ်၏ အောက်ခြေတွင် ကပ်နေသော ကြွက်သားအပြားကြီး ဖြစ် ပါသည်။ နံရိုးကြားကြွက်သား များနှင့်အတူ အသက်ရှူခြင်း လုပ် ငန်းစဉ်တွင် ပါဝင်ပါသည်။ ရင်ဝမ်းခြားမြှေး၏ လှုပ်ရှားမှု့ကြောင့် အ သံကြိုးကို ရုတ်တရက် လှုပ်ရှားစေပြီး ကြို့ထိုးသံဖြစ် စေပါသည်။ အများအားဖြင့် ကြို့ထိုးခြင်းသည် ဘာမှလုပ်ရန် မလိုဘဲ မိနစ်အ နည်းငယ်အတွင်း ပျောက်ကင်းပါသည်။ လူအများစုသည် အနည်း ဆုံး တသက်တကြိမ် ကြို့ထိုးဖူးပါမည်။ သို့သော် ၄၈နာရီထက် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

နှလုံးနှုန်းခုန်စောင့်ကြည့်စက်ဖြင့် လေဖြတ်ခြင်းကို စောင့်ကြည့်ခြင်း

လေဖြတ်ခြင်းသည် အသက်သေစေနိုင်သော အရေးပေါ် အခြေအ နေဖြစ်ပါသည်။ လေဖြတ်ပြီးနောက် အသက်ရှင်နေသေးလျင်ပင် နောက်ဆက်တွဲပြဿနာများ များစွာရှိနေသေးသည့် အတွက် ေ လဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် အရေးကြီးပါသည်။ ဤ ဆောင်းပါးတွင်မူ နှလုံးခုန်နှုန်း စောင့်ကြည့်စက်နှင့် လေဖြတ်ခြင်း ကို စောင့်ကြည့်နိုင်ပုံကို တင်ပြသွားပါမည်။ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းသည် လေဖြတ်ခြင်းကို စတင်နိုင် အမေရိကန် နှလုံးအဖွဲ့အစည်း၏ အဆိုအရ လေဖြတ်သူ ၅ဦးတွင် ၁ဦးမှာ ကနဦးတွင် နှလုံးသွေးဝင်ခန်း ခုန်နှုန်းမမှန်သော ပြဿနာ (AF) ရှိပါသည်။ Atrial fibrillation (AF) ဆိုသည်မှာ atrum ဟု ခေါ်သော နှလုံး ဘယ်ဘက်အပေါ်ခန်း ခုန်နှုန်းမမှန်၊ မြန်နေခြင်း ဖြစ်ပါသည်။ ဤသို့ဖြစ်ခြင်းသည် နှလုံးတွင်း သွေးအိုင်စေပြီး သွေး ခဲများ ဖြစ်စေပါသည်။ ယင်းသွေးခဲထဲမှ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း