အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေနှင့် အလှအပ

မလိုလားတဲ့အမွေးအမျှင်များကို မီးဖိုချောင်သုံးပစ္စည်းများနှင့်ဖယ်ရှားခြင်း

မလိုလားတဲ့ အမွှေးတွေကို ဖယ်ရှားဖို့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေဟာ လိုက်လုပ်ဖို့လွယ်ကူပါတယ်။ ဘယ်နည်းလမ်းက သင့်အတွက် အဆင်အပြေဆုံး ဖြစ်မလဲဆိုတာ ရှာကြည့်ပါ။ မျက်နှာပေါ်မှ အမွှေးအမျှင်များအတွက် သကြားသံပုရာအရော သကြားကိုရေနဲ့ သံပုရာရောထားတာဟာ သင့်မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သဘာဝအတိုင်း အရောင်ချွတ်ပေးနိုင်ပါတယ်။ အသုံးပြုလိုက်တဲ့ သံပုရာရာရည်က သင့်မျက်နှာပေါ်က အမွှေးတွေကို အရောင်ဖျော့သွားစေပါတယ်။ ပါဝင်ပစ္စည်းသုံးမျိုးလုံးကိုရောလိုက်ခြင်းကတော့ မျက်နှာပေါ်က အမွှေးတွေအပြင် အခြားအစိတ်အပိုင်းက အမွှေးတွေကိုပါ ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေကိုတော့ ဒီအရာတွေ အသုံးမပြုသင့်ပါဘူး။   လိုအပ်သောပစ္စည်းများ သကြားစားပွဲတင်ဇွန်း ၂ဇွန်း ရေစားပွဲတင်ဇွန်း ၁၀ဇွန်း သံပုရာရည် လက်ဖက်ရည်ဇွန်း၂ဇွန်း ခွက်သေးလေးတစ်ခွက် နည်းလမ်း ခွက်ထဲမှာ သကြားနဲ့ရေကို ရောလိုက်ပါ။ သကြားပျော်ရည် အသင့်ဖြစ်ပြီဆိုရင် သံပုရာရည်ထပ်ထည့်ပြီ းသေချာမွှေပေးပါ။ ဒီအရောက ိုမျက်နှာပေါ်မှာ အမွှေးပေါက်ရာ လမ်းကြောင်းအတိုင် းလိမ်းပေးပါ။ ၁၅မိနစ်မှ မိနစ်၂၀ထိထားပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

တစ်ရက်ဘယ်နှစ်ကြိမ် မျက်နှာသစ်သင့်သလဲ

အသားအရေနဲ့ ပတ်သက်ပြီးလုပ်ဆောင်ရမယ့် အရာတွေအတွက် မျက်နှာတိုင်းနဲ့ ပတ်သက်ပြီး ခြုံငုံထားနိုင်တဲ့ နည်းလမ်းတော့မရှိပါဘူး။ တစ်ရက်ကို မျက်နှာဘယ်နှစ်ကြိမ် သစ်သင့်သလဲဆိုတာ အသားအရေအမျိုးအစားမှစပြီး ပတ်ဝန်းကျင်အနေအထားထိ ပေါ်မူတည်ပါတယ်။ ဒါပေမဲ့ အောက်ပါအချက်တွေထဲက သင်နဲ့ သင့်တော်တာရှိရင်တော့ လိုက်လုပ်နိုင်ပါတယ်။ သင့်နံပါတ်ကိုသင်သိနိုင်ဖို့ ကျွန်ုပ်တို့ ဒီမှာရေးပြလိုက်ပါပြီ။ တကယ်လို့သင့်မှာ ထိခိုက်လွယ်sensitive ဖြစ်တဲ့ အသားအရေရှိနေခဲ့ရင် ဒီအသားအရေပိုင်ဆိုင်ထားခြင်းက အသားခြောက်ခြင်းနဲ့ ယားယံနာကျင်ခြင်းတွေ ပိုပြီးဖြစ်နိုင်ချေများပါတယ်။ တစ်ရက်ကိုတစ်ကြိမ်သာမျက်နှာသစ်ပါ။ မျက်နှာသစ်လွန်းခြင်းကလည်း အရေပြားမှာရှိတဲ့ သဘာဝအဆီတွေ၊ အသားအရေကို ကာကွယ်ပေးနေတဲ့ အဆီတွေကုန်ခမ်းသွားစေပြီး အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ မနက် အိပ်ရာထတဲ့အချိန်မှာ ရေတစ်မျိုးထဲနဲ့ မျက်နှာသစ်ပြီးပုံမှန်သုံးနေကျ အစိုဓာတ်ထိန်း (Moisturizer) နဲ့ တိုနာ (toner) ကိုသုံးပြီး တစ်နေကုန်နေလို့ရပါတယ်။ တစ်နေ့တာကုန်ပြီး ညရောက်လာပြီဆိုရင်တော့ အသားအရေပေါ်ရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံးအချိန်ရောက်ပါပြီ။ ညဘက် မျက်နှာသစ်တဲ့အခါမှာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အရောင်ဆိုးထားတဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

အရောင်ဆိုးထားတဲ့ဆံပင်ဟာ ဘာမှမလုပ်ထားတဲ့ဆံပင်ထက် မတူညီတဲ့လိုအပ်ချက်တွေရှိတယ်ဆိုတာ သင်သိပါသလား။ ကျွန်တော်တို့တွေဟာ ဆံပင်ကို အရောင်ဖျော့လိုက် ရင့်လိုက်နဲ့ပဲ အရောင်တွေကို ကျွန်တော်တို့ဘဝထဲ ပိုပိုပြိး ထည့်သွင်းနေကြပါတယ်။ highlights ဖြစ်စေ၊ Lowlights ဖြစ်စေ တစ်ခေါင်းလုံးဆိုးထားသည်ဖြစ်စေ ဒီဆေးဆိုးဆံပင်တွေကို ကျန်းမာသန်စွမ်းနေအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီတွေနဲ့အတူ ကြည့်လိုက်ရအောင်။   ဆံပင်အဖျားတွေကိုဂရုစိုက်ပါ။ သင့်ဆံပင်က ပိုကျန်းမာနေလေ အရောင်ကပိုကြာကြာခံလေပါပဲ။ ဒါကြောင့် ရက်သတ္တပတ် ၆ပတ်ကိုတစ်ခါလောက်တော့ salon ကိုပုံမှန်သွားကိုသွားသင့်ပါတယ်။   နေရောင်ကာခရင်မ်တွေကိုအသုံးပြုပါ။ နေရောင်ခြည်ကနေ သင့်အသားအရည်တစ်ခုတည်းကို ကာကွယ်ဖို့လိုအပ်တာမဟုတ်ပါဘူး။ သင်ဆိုးထားတဲ့အရောင်သစ်လေးကို ကြာရှည်ခံဖို့နဲ့ အမြဲတမ်းတောက်ပနေဖို့ သင့်ဆံပင်ကို နေရောင်ခြည်ဒဏ်ကနေကာကွယ်တာ သို့မဟုတ် ကာကွယ်ပေးနိုင်တဲ့ခရင်မ်တွေကိုသုံးပေးဖို့လိုပါတယ်။ အရောင်ဆိုးထားတဲ့ဆံပင်အတွက် ရေကိုအခြေခံထားတဲ့ပစ္စည်းတွေက အဆီကိုအခြေခံထုတ်တဲ့ပစ္စည်းတွေထက် ပိုပြီးသင့်လျော်ပါတယ်။   ပျော့ဆေးသုံးပါ။ အရောင်ဆိုးထားတဲ့ဆံပင်ဟာ ပုံမှန်ဆံပင်ထက် ပိုပြီးခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဆံပင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေထဲမှာ တစ်ပတ်တစ်ခါတော့ deep conditioning treatment ယူပေးသင့်ပါတယ်။ ပျော့ဆေးကို ရေနွေးနဲ့နယ်ပြီးဆံပင်ကိုလိမ်းပေးပါ။ ဆေးကိုစုပ်ယူသွားနိုင်စေဖို့ နာရီဝက်ခန့် သဘက်နဲ့ပေါင်းထားပေးပါ။ ခေါင်းလျှော်ချလိုက်ပြီးရင်တော့ […]


အသားအရေ ထိန်းသိမ်းခြင်း

ပေါင်းစပ်အသားအရေအတွက် သဘာဝပစ္စည်းတွေကိုဘယ်လိုရွေးချယ်မလဲ

ပေါင်းစပ်အသားအရည်မှာ အဆီပြန်တဲ့နေရာတွေ နဲ့ ခြောက်သွေ့တဲ့နေရာ သို့မဟုတ် ပုံမှန်နေရာလေးတွေ ပေါင်းစုဖြစ်တည်နေတတ်ပါတယ်။ ပေါင်းစပ်အသားအရည်ဟာ ဟော်မုန်းကြောင့်သော်လည်းကောင်း မျိုးရိုးအရသော်လည်းကောင်း တစ်နေရာတည်းမှာ အဆီဂလင်းလေးတွေ ပိုပြီးအလုပ်လုပ်တဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ များသောအားဖြင့် ပေါင်းစပ်အသားအရည်ရှိတဲ့သူတွေဟာ T-zone နေရာမှာအဆီပြန်တတ်ကြပါတယ်။ T-zone မှာ နဖူး၊ နှာခေါင်းနဲ့၊ မေးစေ့တို့ပါဝင်ပါတယ်။ ပေါင်းစပ်အသားအရည်ဟာ အဆီပြန်တဲ့အသားအရည် သို့မဟုတ် ခြောက်သွေ့တဲ့အသားအရည်တွေထက် အနည်းငယ်ကွဲပြားတဲ့ အလှကုန် အသုံးပြုပုံတွေလိုအပ်ပါတယ်။ ပေါင်းစပ်အသားအရည်ကိုဂရုစိုက်မယ်ဆိုရင် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေ မလိုအပ်ပါဘူး။ သဘာဝနည်းလမ်းအနည်းငယ်ကို သင်ကိုယ်တိုင်အသုံးပြုကြည့်လိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ ပေါင်းစပ်အသားအရည်ဟာ သင့်ကိုဒုက္ခပေးနိုင်တော့မှာမဟုတ်ပါဘူး။   သဘာဝမျက်နှာသန့်စင်ဆေး သင့်အသားအရည်ကို သင့်အိမ်မှာရှိတဲ့ပစ္စည်း သို့မဟုတ် အော်ဂဲနစ်အလှကုန်တွေသုံးပြီး သဘာဝအတိုင်းသန့်စင်ပေးပါ။ ပေါင်းစပ်အသားအရည်အတွက် သဘာဝမျက်နှာသန့်စင်ဆေးကတော့ ပျားရည်စစ်စစ်ပါပဲ။ ပျားရည်စစ်စစ်က သဘာဝအကျဆုံးပါပဲ။ ပျားရည်မှာ အသားအရည်ကို ပြုပြင်ကောင်းမွန်စေနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပြီး ပေါင်းစပ်အသားအရည်ရဲ့ ခြောက်သွေ့နေတဲ့အပိုင်းတွေကို အစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။ ပျားရည်ဟာ အသားအရည်နူးညံ့ချောမွေ့စေပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေး ကိုဘယ်လိုရွေးချယ်ရမလဲ

သင့်အသားအရေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးက ိုဘယ်လိုရွေးချယ်ရမလဲ။ မျက်နှာသစ်ဆပ်ပြာ ကောင်းတစ်ခုဟာ ပထမဆုံးအနေနဲ့ သင့်အသားအရည်ကို ဂရုစိုက် ပေးနိုင်ရပါမယ်။ ဖုန်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးရင်း မိတ်ကပ်တွေကို ပျော်ဝင်စေနိုင်ရမယ်။ ပြီးတော့ ချွေးပေါက်တွေကိုလည်းဖွင့်ပေးနိုင်ရပါမယ် (Moisture တွေကို ဖယ်ထုတ်ပစ်တာမျိုး မဟုတ်ဘဲနဲ့) ။ ဒီလို သေချာသန့်စင်ပေးခြင်းဟာ အခြားအရေပြား အလှကုန်တွေ သုံးတဲ့အခါမှာ အကောင်းဆုံးဖြစ်စေပါတယ်။ မျက်နှာသစ်ဆေးတေ ွအားလုံးဟာ တူညီနေကြတာတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲက ထောင်နဲ့ချီရှိတဲ့ ပစ္စည်းတွေထဲက သင်နဲ့ကိုက်ညီတာကို ဘယ်လိုရွေးချယ်သင့်သလဲ။ ဂျေးချွတ် ဆေးခပ်ပြင်းပြင်းတွေကို မျက်နှာပေါ်ဘယ်တော့မှမတင်ပါနဲ့။ သင့်အဘွားက ဘယ်လိုပဲပြောနေပါစေ။ ဆပ်ပြာဟောင်း ခပ်ကောင်းကောင်းတွေနဲ့ ရေနဲ့ပဲသုံးနေတာက သင့်အသားအရည်အတွက် အကောင်းဆုံးမဖြစ်နိုင်ပါဘူး။ တကယ်လို့ သင့်အသားက တင်းကြပ်တာ ခြောက်သွေ့တာနဲ့ ရေချိုးပြီးတဲ့အခါမှာ ပြောင်ချောချောဖြစ်နေရင် creamier cleanser (ခရင်မ်များသောမျက်နှာသစ်ဆေး) […]


အသားအရေ ထိန်းသိမ်းခြင်း

ခြောက်သွေ့တဲ့အသားအရည်အတွက် အကောင်းဆုံး moisturizer အစိုဓါတ်ထိန်းပစ္စည်း ကိုဘယ်လိုရွေးချယ်မလဲ

သင်ဟာအသားခြောက်တဲ့လူဆိုရင် သင့်အတွက်သင့်တော်မယ်ထင်တဲ့ Moisturizer အနည်းငယ်ကို သင်စမ်းသုံးကြည့်ပြီးဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာတော့ Moisturizer တွေ အများကြီးရှိပါတယ်။ အများအားဖြင့် သူတို့တွေကို ပုံမှန်အသားခြောက်တဲ့လူအတွက် (သို့) အလွန်အမင်းအသားခြောက်သူတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးအမျိုးမျိုး ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဈေးသိပ်မပေးရတဲ့ဆေးဆိုင်လေးတွေကနေလည်းဝယ်လို့ရနိုင်ပြီး အချို့ကတော့ ရွှေကွပ်ထားတဲ့ပုလင်းတွေနဲ့လာပြီး ဒေါ်လာရာပေါင်းများစွာပေးရတာတွေလည်းရှိပါတယ်။ အမျိုးအမည်တွေအများကြီးရှိတာကြောင့်ရွေးချယ်ရခက်နေတဲ့အချိန်မှာ သင်ဘာကိုရွေးဝယ်သင့်သလဲ။ brand နာမည်ကြည့်ပြီးလိုက်ရှာနေတာထက် ဘူးခွံပေါ်ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဆန်းစစ်ပြီး ရွေးချယ်ဝယ်ယူဖို့က ပိုအရေးကြီးပါတယ်။ ဒီပါဝင်ပစ္စည်းတွေက သင်ဝယ်လိုက်တဲ့ပစ္စည်းဟာ သင့်အသားအရည်အတွက် တကယ်သင့်တော်မတော် ပြောပြပါလိမ့်မယ်။ သင်ဝယ်တဲ့အခါ ကြည့်သင့်တဲ့အဓိက ပါဝင်ပစ္စည်းတွေရှိပါတယ်။ ဒါမှသာ သင့်အတွက်အသုံးဝင်မယ့်ပစ္စည်းကို စိတ်ချလက်ချဝယ်နိုင်မှာပါ။   Moisturizer မှာ ရှိကိုရှိသင့်တဲ့ ပါဝင်ပစ္စည်းများ သိပ္ပံနည်းကျကျ ခြောက်သွေ့တဲ့အသားအရည်ကို ပြန်လည်ကောင်းမွန်လာစေတယ်ဆိုတဲ့ ဒီပစ္စည်းတွေပါဝင်တဲ့ ဖော်မြူလာနဲ့ထုတ်ထားတာကို ရှာဖွေသင့်ပါတယ်။ Antioxidants (ဓါတ်တိုးဆန့်ကျင်ပစ္စည်း)ဆိုတာ free-radical ကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးမှုတွေ နဲ့ ပတ်ဝန်းကျင်ကြောင့် အသားအရည်ပျက်စီးမှုတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ပစ္စည်းတွေနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အိုမင်းရင့်ရော်လာတာကို ထိန်းသိမ်းဖို့အတွက် အသားအရေထိန်းသိမ်းမှုအစီအစဉ် ဘယ်လိုဆွဲမလဲ။

အိုမင်းရင့်ရော်လာတာကို ထိန်းသိမ်းဖို့အတွက် skin-care plan ဘယ်လိုဆွဲမလဲ။ အရေးအကြောင်းတွေအတွက် လိမ်းဆေးတွေ၊ မျက်လုံးအတွက် အဆီတွေနဲ့ အခြားသောanti-aging ပစ္စည်းတွေဟာအိုမင်းရင့်ရော် လာတဲ့ သင်္ကေတတွေကို လျှော့ချပေးနိုင်ပါတယ်။ထိရောက်တဲ့ anti-aging skin care plan ကို ဖန်တီးနိုင်ဖို့ ဆိုရင်တော့ကျန်းမာရေးနဲ့ သင့်လျော်တဲ့ ကျန်းမာစေမယ့်အသားအရည် ထိန်းသိမ်းတဲ့ အလေ့အထတွေနဲ့ စရမှာပါပဲ။ ကျန်းမာရေးနဲ့ သင့်လျော်တဲ့ အသားအရည် ထိန်းသိမ်းတဲ့ အလေ့အထတွေရဲ့ကောင်းကျိုး တွေကတော့ အရည်ပြားပေါ်မှာအကွက်တွေမဖြစ်အောင် ကာကွယ်ပေးခြင်း အသားအရည်ရဲ့ နုပျိုတဲ့တင်းရင်းမှုတွေကို ထိန်းထားပေးနိုင်ခြင်း အရေးအကြောင်းတွေကို လျှော့ချပေးနိုင်ခြင်း အသားအရည်ကို ပိုပြီးလင်းလက်နုပျိုစေခြင်း အသားအရည်ကြမ်းတမ်းမှုမဖြစ်စေခြင်း အရည်ပြားကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ခြင်း စတာတွေပါဝင်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင် အိုမင်းရင့်ရော်မှုကို ထိန်းသိမ်းတဲ့ skin-care planကို ဖန်တီးနိုင်ဖို့ဆိုရင် အောက်ဖော်ပြပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသားအရည်ထိန်းသိမ်းခြင်းအလေ့အထတွေကို လိုက်နာဖို့လိုပါတယ်။ အောက်ပါအကြံပြုချက် တစ်ခုချင်းစီဟာ နှစ်ပေါင်းများစွာ […]


ဝက်ခြံ

မျက်နှာကို ဘယ်လို ထိရောက်စွာချေးချွတ်ကြမလဲ

မျက်နှာကို ထိရောက်စွာ ဘယ်လိုချေးချွတ်ကြမလဲ။ AHA (glycolic နဲ့ lactic acid တို့လိုမျိုး alpha hydroxyl acid) သို့မဟုတ် BHA (salicylic acid လို့သိကြတဲ့ beta hydroxy acid)တွေနဲ့ ကောင်းမွန်စွာဖော်စပ်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို နေ့စဉ်သုံးစွဲခြင်းက ကောင်းကျိုးတွေ ဖြစ်စေနိုင်တယ်ဆိုတာတော့ မေးစရာ မလိုပါဘူး။ ဒီပစ္စည်းတစ်ခုချင်းစီဟာ အိုမင်းရင့်ရော်တဲ့ လက္ခဏာနဲ့ ဝက်ခြံ တွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းတွေ အပါအဝင် ကောင်းကျိုးတွေ အများကြီးပေးနိုင်ပါတယ်။ အသားအရည်ဟာ သဘာဝအားဖြင့် နေ့တိုင်းသန်းနဲ့ချီတဲ့အရည်ပြားဆဲလ်တွေကို ခွာချပေးပါတယ်။ နေရောင်ခြည်ကြောင့် ေ သာ်လည်းကောင်း၊ ခြောက်သွေ့ခြင်း၊ အဆီပြန်ခြင်း၊မျိုးရိုး၊သို့မဟုတ် အခြားသော အရည်ပြားပြဿနာတွေကြောင့် ဒီသဘာ၀ ဖြစ်စဉ်နှေးကွေးသွားခဲ့ရင် သို့မဟုတ် ရပ်တန့်သွားခဲ့ရင်ဖြစ်လာမယ့် အကျိုးဆက်တွေကတော့အသားအရည် ညစ်လာတာခြောက်လာ တာနဲ့ ချွေးပေါက်ပိတ်ခြင်း၊ ဖုထစ်တွေဖြစ် […]


ဝက်ခြံ

ဝက်ခြံတွေကိုထိန်းချုပ်ဖို့ပြောင်းလဲသင့်တဲ့အနေအထိုင် ဆယ်ချက်

ဝက်ခြံတွေကိုချေမှုန်းဖို့ဆိုရာမှာ လိုးရှင်းတွေကို ထိုင်လိမ်းနေရုံနဲ့လည်း မပြီးသေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင် သွားလာ စားသောက်မှုလေးတွေကို အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်လည်း သိသိသာသာ အကျိုးရှိတာကို တွေ့မြင်ရမှာပါ။ အိပ်ရေးဝဝအိပ်ပါ။ ဖိအားတွေများတဲ့အခါမှာ ခန္ဓါကိုယ်ကနေပြီး glucocorticoid လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်းတမျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ အရေပြားရဲ့တည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်နှောင့်ယှက်တဲ့အတွက်ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ အိပ်ရေးဝဝအိပ်ပြီး မျက်နှာလှလှလေးပိုင်ဆိုင်ဖို့ဆိုရင် ညအိပ်တဲ့အခါ airconကို ၁၈ဒီဂရီကနေ ၂၂ဒီဂရီလောက် အတွင်းမှာထားပြီး အိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့ခန္ဓါကိုယ် အပူချိန်ကသင့်ကို အလွယ်တကူ အိပ်ပျော်သွားစေလို့ပါ။ အစားအသောက်ကိုစနစ်တကျမှန်မှန်ကန်ကန်စားပါ။ အချို့အစာအစာတွေဟာေ သွးထဲမှာရှိတဲ့သကြားဓါတ်ကို အလျင်အမြန်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ အင်ဆူလင်ဟော်မုန်းတွေပါ အများအပြားထွက်ရှိလို့ လာပါလိမ့်မယ်။ သွေးထဲမှာ အင်ဆူလင်ဓါတ်များလာရင် မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတဲ့ ဆဲလ်တွေ ပိုပြီးများလာပါတယ်။ ဒါ့အပြင်အင်ဆူလင်ဟာ အဆီဂလင်းကိုလည်း အလုပ်ပိုလုပ်စေတဲ့အတွက် အဆီတွေပါ ပုံမှန်ထက်ပိုပြီးထွက်လာဦးမှာပါ။ ဒါကြောင့် သင့်အနေနဲ့ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

အိမ်မှာ လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်

သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ ၅၀%ကို သင့်ခန္ဓါကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့စာရင် သင့်လက်တွေက ပိုပြီးလုပ်ဆောင် ပေးနေရတာပါ။ ဒီအသုံးများတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းလေးကို ဂရုစိုက်ဖို့ ကျွန်မတို့ ဘယ်လောက် စဉ်းစားပေးခဲ့ကြပါသလဲ။ အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့။ သူတို့ဟာ ပန်းကန်ဆေးတာကစ ကြမ်းတိုက်တာ အဆုံးအိမ် အလုပ်တွေလုပ်ရင်း ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေဟာ အသားအရေနဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ chemical အမျိုးမျိုးနဲ့ ပုံမှန်နီးပါး ထိတွေ့နေကြရတာမဟုတ်လား။ သင့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြတဲ့ နေရာမှာ Manicure ကောင်းကောင်း လုပ်ထားခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ ဒီနေရာမှာပဲ လက်သည်းတွေကို စွဲလမ်း တပ်မက်ခြင်း အစပြုတော့တာပါပဲ။ အောက်မှာဖော်ပြထားတဲ့ လက်သည်းနဲ့ လက်တွေအတွက် ရိုးရှင်းတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေက သင့်ရဲ့ပုံစံကို ပိုပြီးကြည့်ကောင်းလာစေရုံသာမက သင့်လက်သည်းတွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံလည်း ပေါက်စေပါတယ်။ သင်ကိုယ်တိုင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း