အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

Moisturizer သုံးရင် သိထားသင့်တဲ့ အချက် ၄ချက်

Moisturizer တို့၊လိုးရှင်းတို့သုံးတာဟာ အင်မတန်လွယ်ကူရိုးရှင်းတယ်လို့ ထင်ရပါတယ်။ ဟုတ်တယ်ဟုတ်?။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီထက်ပိုပညာသားပါပြီး ပိုအာရုံစိုက်ရပါတယ်။ Moisturizerကို နည်းစနစ်တကျနဲ့ မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် သင့်အသားအရေဟာ သိသိသာသာကို နူးညံ့ပျော့ပျောင်းလာပါလိမ့်မယ်။ ဒီလို အသုံးပြုတတ်စေဖို့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်ကြရအောင်။   (၁) ညီညီညာညာ လိမ်းပါ။ အကယ်၍သင်ဟာ Moisturizerကို မျက်နှာအလယ်က စ,လိမ်းပြီး ဘေးဘက်ကို ဆွဲမယ်ဆိုရင် Moisturizerတွေဟာ မျက်နှာဘေးအစွန်တွေမှာ ပိုများနေမှာဖြစ်တဲ့အတွက် ဆံစပ်တဝိုက်နဲ့ နားရွက် နားတွေမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမှာ ဖြစ်ပါတယ်။ ဆံပင်အတွက်သုံးတဲ့ အလှကုန်တွေကြောင့် ခုနကနေရာတွေမှာ အပေါက်ပိတ်တာတွေ ဖြစ်စေတယ်ဆိုပေမယ့် Moisturizer လိမ်းပုံမမှန်ရင်လည်း ဒီလိုမျိုးပြဿနာတွေဖြစ်စေမှာပါ။   (၂) SPF ပါတဲ့ Moisturizer တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို သိအောင်လုပ်ပါ။ လူအများစုဟာ အဆိုပါ အလုပ်နှစ်ခုလုပ်ပေးတဲ့ လိုးရှင်းတွေကို မျက်နှာမှာ အရင် […]


အသားအရေ ထိန်းသိမ်းခြင်း

အကောင်းဆုံး eye cream ကို ရွေးချယ်နိုင်ရန် အချက် ၄ချက်

သင့်မျက်နှာအတွက် Moisturizer ရှိနေတဲ့အချိန်မှာ eye cream လိမ်းဖို့ မလိုဘူးလို့ ခံစားရနိုင်ပါတယ်။ မျက်လုံးတဝိုက်မှာ ရှိတဲ့ ထိခိုက်ပျက်စီးလွယ်တဲ့ အသားအရေအတွက် အစိုဓာတ် ထိန်းပေးဖို့  Moisturizer ကပိုပြီးတော့လိုအပ်ပါတယ်။ eye creamရဲ့ ကောင်းကျိုးတွေနဲ့ သုံးသင့်တဲ့ ထုတ်ကုန်အချို့ကိုအကြံပြုထားပေးပါတယ်။ ဘာကြောင့်လိုအပ်တာလဲ  အသားအရေ အားလုံးဟာ မတူညီကြပါဘူး။ သင့်မျက်လုံးတဝိုက်က အသားအရေဟာ ပိုပြီးပါးပါတယ်။ အဲ့ဒီဧရိယာထဲမှာရှိတဲ့ ကြွက်သားတွေအားလုံးဟာ သေးငယ်တာကြောင့် ပိုပြီးတော့ အထိခိုက်လွယ် ကာ အဆီအိတ်ဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်းနဲ့ အရေးအကြောင်းများ ဖြစ်ခြင်းကိုပိုပြီးခံစားရပါတယ်။ ဒါ့အပြင် သင့် မျက်ဝန်း တစ်ဝိုက်မှာ အဆီဂလင်း အနည်းငယ်ကသင့်မျက်လုံးရဲ့ အရေပြားကို သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးဖို့အတွက် ရှိနေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ eye cream ကိုသုံးစွဲခြင်းကအသားအရေဆိုင်ရာ ပြဿနာများစွာကို ကာကွယ် ပေးနိုင်ပါတယ်။ မျက်ခွံမို့အစ်ခြင်း မျက်ခွံမို့အစ်ခြင်းဟာမျက်လုံးတစ်ဝိုက်မှာရှိတဲ့ တစ်ရှူးတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။ မျက်နှာကို တစ်ရှူးနဲ့တချိန်လုံး သုတ်ပေးနေဖို့လိုပြီး ဓာတ်ပုံထဲမှာ ဆိုလည်း သင့်မျက်နှာက ဝင်းပြောင်ပြောင်ကြီးဖြစ်နေမယ့်အပြင် မျက်နှာသစ်ပြီးသွားရင်လည်း ဘယ်လောက်မှမကြာဖူး အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်လာပြန်ဦးမှာပါ။ ဒါပေမဲ့ မပူပါနဲ့၊ အောက်မှာဖော်ပြထားတဲ့ (လူအများမှားယွင်းတတ်သော) အချက်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် သင့်ရဲ့ အဆီပြန်တဲ့ ပြဿနာကို အတိုင်းအတာတစ်ခုအထိ ကူညီဖြေရှင်း ပေးနိုင်မှာပါ။   အသားအရေခြောက်ကပ်လွန်းအောင်လုပ်ခြင်း အဆီပြန်တတ်တဲ့သူတွေဟာ သူတို့ရဲ့အသားအရေကို အမြဲတမ်းလိုလို အရမ်းခြောက်ကပ်နေအောင် ထားလေ့ ရှိကြပါတယ်။ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းတွေကို သုံးစွဲပြီး မျက်နှာကို လုံးဝပြောင်ရှင်းနေအောင် လုပ်ထား တတ်ကြပါတယ်။ သင့်မျက်နှာက အဆီတွေကို လုံးဝဖယ်ရှားပစ်လိုက်တဲ့အခါ ခဏတာအတွက်တော့ ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တမ်းကျတော့ ပြဿနာကို ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရုတ်တရက် ခြောက်သွေ့သွားတဲ့ သင့်အသားအရေကို အစိုဓာတ်ပြန်ပေးဖို့အတွက် […]


ဝက်ခြံ

ဝက်ခြံအကြောင်း သိကောင်းစရာများ

ဝက်ခြံအကြောင်း သိကောင်းစရာများ အချို့လူတွေက တစ်ခါတလေမှသာ ဝက်ခြံအနည်းငယ်ပေါက်တတ်ပေမဲ့ အချို့လူတွေကတော့ နီရဲဖူးရောင်နေတဲ့ ဝက်ခြံတွေကြောင့် မျက်နှာသစ်ဖို့တောင် နာကျင်နေတာမျိုးကို ခံစားနေကြရပါတယ်။ သင်ဟာ ဝက်ခြံပေါက်တဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရသည်ဖြစ်စေ သင့်နဖူးမှာ ပေါက်တတ်တဲ့ whiteheads (ဝက်ခြံပုန်း) တွေအကြောင်း သိချင် နေသည်ဖြစ်စေ ဒီမှာသင်သိသင့်တဲ့ အချက်၆ချက်ကိုဖော်ပြပေးထားပါတယ်။ ဘယ်သူတွေက ဝက်ခြံပေါက်နိုင်ခြေပိုများသလဲ။ ဝက်ခြံတွေဟာ သင့်အသားအရည်မှာရှိတဲ့ အဆီဂလင်းတွေဟာ ပိုလျှံနေတဲ့အဆီတွေ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေတဲ့အခါ ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားတွေ ဝင်သွားတာနဲ့ ချွေးပေါက်တွေ မွှေးညှင်းပေါက်တွေဟာ ရောင်ရမ်းလာပြီး ဝက်ခြံ စဖြစ်ပါတော့တယ်။ လူအများစုက ဝက်ခြံတွေဟာ ဆယ်ကျော်သက်တွေမှာပဲ ရှိတယ်လို့ ထင်ကြ ပါတယ်။ တကယ်တမ်းမှာတော့ အသက်အရွယ်မရွေး လူမျိုးမရွေး ဝက်ခြံဖြစ်တတ်ကြပါတယ်။ အသက်၅၀ ပတ်ဝန်းကျင် လူကြီးတွေတောင်မှ ဝက်ခြံပြဿနာကို ခံစားနေရတတ်ပါသေးတယ်။ ဘာတွေက ဝက်ခြံဖြစ်စေတာလဲ။ ဝက်ခြံဖြစ်စေတဲ့ အဓိကတရားခံကို သိပ္ပံပညာရှင်တွေတောင် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့နည်းလမ်းငါးသွယ်

မျက်နှာပေါ်က မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့နည်းလမ်းငါးသွယ် ကျွန်တော်တို့အားလုံးမှာ ကိုယ်မလိုချင်တဲ့ အမွှေးအမျှင်တွေ မျက်နှာပေါ်မှာရှိတတ်ပါတယ်။ တခါတလေ ပါးမှာ၊ တခါတလေ မေးစေ့မှာ စသဖြင့်ပေါ့။ ဒီလို အမွှေးအမျှင်တွေကို ဖယ်လည်းဖယ်ပစ်ချင်တယ်၊ အသားရေကိုလည်း ထိခိုက်မှာ စိုးရိမ်နေတယ် ဆိုရင် အောက်မှာရေးထားတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားနည်း ငါးနည်းကို စမ်းသုံးကြည့်ပါ။ ဖယောင်းကို အသုံးပြုပြီး အမွှေးအမျှင်တွေ ဖယ်ရှားနည်း (Waxing) မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းအတွက်မဆို ဖယောင်းကို အသုံးပြုနိုင်ပါတယ်။ တခါ waxing လုပ်ထားပြီးရင် တလ ကနေ နှစ်လအထိ အဲ့နေရာမှာ ဘာအမွှေးအမျှင်မှ ထပ်ထွက်လာမှာ မဟုတ်ပါဘူး။ ကုန်ကျစားရိတ်လည်း အရမ်းကြီးမများလှပါ။ waxing လုပ်ပြီးတဲ့ နောက်ပိုင်းကိုယ့်အသားအရေကို ဂရုတစိုက် ဆက်လက်ထိန်းသိမ်းဖို့ပဲ လိုအပ်ပါတယ်။ တခုရှိတာက waxing လုပ်တာဟာ အရေပြားရဲ့ အပေါ်ယံမှာ ကာကွယ်ပေးထားတဲ့ […]


ဝက်ခြံ

ဆယ်ကျော်သက်အရွယ် ဝက်ခြံတွေကို တိုက်ထုတ်ဖို့ အဆင့်၆ဆင့်

ဆယ်ကျော်သက်အရွယ် ဝက်ခြံတွေကို တိုက်ထုတ်ဖို့ အဆင့်၆ဆင့် အောက်မှာဖော်ပြထားတဲ့ အဆင့်တွေက သင်အပါအဝင် ဆယ်ကျော်သက်တွေအားလုံး သိထားသင့်တဲ့ အသားအရေကို ဖြူစင်ကြည်လင်စေတဲ့ နည်းတွေဖြစ်ပါတယ်။ သင်ထင်ထားတာထက် အများကြီး လွယ်ကူ အဆင်ပြေတာကို တွေ့ရ ပါလိမ့်မယ်။ အဆင့် ၁။ ။ အရမ်းကြီး မပြင်းတဲ့.မျက်နှာသစ်ဆေးတွေကိုပဲ အသုံးပြုပါ။ နီရဲရောင်ရမ်းတာတွေကို လျှော့ချပေးပြီး အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့နဲ့ အဆီပြန်တာကို ထိန်းသိမ်းထားဖို့အတွက်ဆိုရင် မျက်နှာကို မျက်နှာသစ်ဆေး အပျော့စားနဲ့ တနေ့ကို နှစ်ကြိမ် သစ်ပေးပါ။ ကိုယ်တိုက်ဆပ်ပြာတွေ၊ မျက်နှာသစ် ဆပ်ပြာတုံးတွေဟာ အသားအရေကို အလွန်အမင်း ခြောက်သွေ့စေရုံသာမက ချွေးပေါက်တွေကိုလည်း ပိတ်စေတာမို့ သူတို့ကို မျက်နှာသစ်ဖို့အတွက် မသုံးသင့်ပါဘူး။ ခပ်ပြင်းပြင်း မျက်နှာသစ် ဆေးတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဝက်ခြံဆိုတာ ကြမ်းကြမ်း ပွတ်တိုက်ပစ်ရုံနဲ့ ပျောက်သွား တတ်တာမျိုး မဟုတ်ပါဘူး။ အဆင့် ၂.။ […]


အသားအရေနှင့် အလှအပ

ဆံပင်အခြောက်မြန်အောင် မှုတ်နည်း ၆နည်း

ဆံပင်တခါခြောက်အောင် dryer နဲ့ နာရီဝက်တနာရီ ထိုင်မှုတ်နေရတာ စိတ်ပျက်နေပြီလား။ မပူပါနဲ့တော့။ အဲ့သလိုမျိုး အချိန်မကုန်ရစေဖို့ အောက်က အချက်လေးတွေကိုသာ ဖတ်ကြည့်လိုက်ပါ။ ဆံပင်ကို ညှစ်ပါ။ ဆံပင်ကို မမှုတ်ခင် မျက်နှာသုတ်ပုဝါနဲ့ အရင်သုတ်မယ်ဆိုရင် အချိန်ကုန်အရမ်း သက်သာသွားမှာပါ။ နည်းမှန်လမ်းမှန် သုတ်ဖို့တော့ လိုပါလိမ့်မယ်။ ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ ကြပ်ကြပ်ပတ်ပြီး ရေတွေကို ညှစ်ချပါ။ ခပ်ကြမ်းကြမ်း မပွတ်မိပါစေနဲ့။ အဲ့သလို ပွတ်မိလိုက်ရင် ဆံသားကြမ်းစေတဲ့အပြင် ဆံပင်ကိုလည်း လုံးထွေးသွားစေပါတယ်။ ညှစ်ချတဲ့ အခါမှာလည်း အရမ်းကြီးခြောက်သွားအောင် မညှစ်ပါနဲ့။ စိုထိုင်းထိုင်းလေးတော့ ဖြစ်နေပါစေ။ ဘာလို့လဲဆိုတော့ အရမ်းခြောက်သွားပြန်ရင်လည်း hair-dryer နဲ့မှုတ်တဲ့ အခါ ကိုင်ရခက်လို့ပါ။   နေရာပြောင်းပါ။ ရေချိုးခန်းထဲမှာ ဘယ်တော့မှ ဆံပင်ကို အခြောက်မခံပါနဲ့။ ရေချိုးခန်းဟာ စိုထိုင်းဆများတဲ့အတွက် တော်တော်နဲ့ ခြောက်မှာမဟုတ်ပါဘူး။ Gym တို့ ရေကူးကန်တို့မှာလို အများသုံးနေရာဆိုရင်လည်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်

ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့် ဆိုင်မှာခြေသည်းလက်သည်းညှပ်ရတာပုံဖော်ရတာဟာအလှအပအတွက်အရေးကြီးသလိုပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်ဆိုင်သွားဖို့အချိန်ဒါမှမဟုတ်ပိုက်ဆံကသင့်ဆီမှာအမြဲတမ်းရှိချင်မှရှိနေမှာပါ။ ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်သင့်ဆီမှာပစ္စည်းကိရိယာလေးတွေစုံစုံလင်လင်ရှိရုံနဲ့ဆိုင်သွားစရာမလိုဘဲကိုယ့်ဖာသာအိမ်မှာခြေသည်းလက်သည်းအလှဆင်နိုင်ပါပြီ။ လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေက acetone ဓါတ်မပါတဲ့လက်သည်းဖျက်ဆေးနဲ့ဂွမ်းလုံးလေးတွေ လက်သည်းခြေသည်းပုံဖော်တဲ့ကိရိယာလေး (nail file) ဖော့တုံးလေးတွေ လက်ကိုဂျီးချွတ်ဖို့သကြားနဲ့လုပ်ထားတဲ့ scrub လက်သည်းပြင်ရာမှာသုံးတဲ့သွားကြားထိုးတံအရွယ်တုတ်ချောင်းလေးတွေ (Orangewood stick) Moisturizer လက်သည်းခွံတဝိုက်ကိုအစိုဓါတ်ပေးဖို့သုံးတဲ့အဆီလေးတမျိုး(cuticle oil လို့ခေါ်တယ်၊ လက်သည်းနီလိုပဲ ပုလင်းသေးသေးလေးနဲ့) လက်သည်းဆိုးဆေးလေးတွေ (အောက်ခံ၊အရောင်၊အပေါ်လွှာ) အဆင့်၁။ ။ အရင်ဆိုးထားတဲ့ လက်သည်းဆိုးဆေးတွေကို အရင်ဖျက်ပါ။ ပထမဆုံးအဆင့်အနေနဲ့acetoneမပါဝင်တဲ့လက်သည်းဖျက်ဆေးကိုသုံးပြီးလက်သည်းဆိုးဆေးအဟောင်းတွေကိုဖယ်ရှားပစ်ပါ(acetoneကအရမ်းပြင်းပါတယ်)။ ပြီးရင်လက်သည်းညှပ်နဲ့ပုံဖော်ကိရိယာလေး(nail file) ကို သုံးပြီး လက်သည်းကို လိုချင်တဲ့ပုံစံနဲ့ အရှည်ဖြစ်အောင်ပုံဖော်ပါ။ ဒီနေရာမှာ ပြောစရာရှိတာက သင့်ရဲ့နူးညံ့လှတဲ့ လက်သည်းလေးတွေကို အကောင်းဆုံးပုံဖော်နိုင်ဖို့နဲ့ အောက်ကခံထားတဲ့ ဘုတ်ပြားကိုမထိခိုက်စေဖို့ ဖန်နဲ့လုပ်ထားတဲ့ပုံဖော်ကိရိယာကို သုံးသင့်ပါတယ်။ အဲ့ဒီနောက်မှာဖော့တုံးလေးတွေကိုသုံးပြီး လက်သည်းခွံလေးတွေကို ပြောင်ချောသွားအောင် လုပ်ပေးရပါမယ်။ ပိုပြီးတောက်ပြောင်စေဖို့အတွက် ပိုနူးညံ့ညီညာတဲ့ ဖော့တုံးလေးကိုသုံးပြီးထပ်လုပ်နိုင်ပါတယ်။ အဆင့်၂။ ။ ခြေ၊လက်တွေကိုရေထဲမှာစိမ်ပြီးဂျီးချွတ်ပါ။ လက်တွေကိုရေထဲမှာ၂မိနစ်၃မိနစ်လောက် ၊ခြေထောက်ဆိုရင် ၅မိနစ်လောက်စိမ်ထားပါ။ […]


ဝက်ခြံ

ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်

ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့် သင့်မှာ ဝက်ခြံတွေထွက်နေပြီဆိုရင် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်ရလဲဆိုတာ သင်အသိဆုံးပါ။ သာယာလှတဲ့ မနက်ခင်းလေးမှာ သင်နိုးလာမယ်၊ ငှက်ကလေးတွေကလည်း ကျီကျီကျာကျာ တေးသီလို့ သင်ကြည်နူးနေတုန်းမှာပဲ မျက်နှာကို အမှတ်မထင် စမ်းကြည့်မိလိုက်တဲ့အခါ ဝက်ခြံတွေထွက်နေတာကို သိလိုက်ရတယ်ဆိုရင်အတော်ကို စိတ်ပျက်စရာကောင်းမယ်ဆိုတာ တွေးကြည့်ဖို့တောင်မလိုပါဘူး။ ဝက်ခြံတွေ မျက်နှာပေါ်ရောက်မလာခင် စောစောစီးစီး ကြိုတင်ကာကွယ်လို့ ရမယ်ဆိုရင်ကော ဘယ်လိုလဲ။ အောက်မှာ ဖော်ပြမယ့် အချက်လေးတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဝက်ခြံတွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ မျက်နှာသစ်ပါ။ တစ်နေ့နှစ်ခါ မျက်နှာသစ်ပါ။ မိတ်ကပ်ဖျက်ဖို့လည်း မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ (အဆီပြန်တတ်တဲ့သူဆိုရင် ဂျယ်လ်အမျိုးအစား၊ အသားအရေခြောက်သွေ့တတ်တဲ့ သူဆိုရင် ခရင်မ်အမျိုးအစားစသဖြင့်ပေါ့)။ မျက်နှာကို စနစ်တကျ သစ်ပေးခြင်းအားဖြင့် မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမယ့် အညစ်အကြေးတွေ၊ ဂျီးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တကယ်လို့ […]


ဝက်ခြံ

ဝက်ခြံကုသခြင်း

ဝက်ခြံတွေဟာမပျောက်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ ကုသမှုနဲ့ ထိန်းချုပ်လို့တော့ရပါတယ်။ အရေပြားထိန်းသိမ်းမှု တွေပြုလုပ်တာ၊ သို့မဟုတ်၊ အဆီထုတ်လုပ်ခြင်းကိုကာကွယ်ပေးတဲ့ ကုသမှုတွေ၊ ဘက်တီးရီးယားတွေတိုးပွားလာခြင်းကိုကန့်သတ်ပေးနိုင်တဲ့ ကုသမှုတွေ၊ အရေပြားဆဲလ်တွေကိုဖယ်ရှားခြင်းနဲ့ ချွေးပေါက်တွေမပိတ်အောင်လုပ်ပေးခြင်းနည်းတွေကိုသုံးပြီး အစက်ပြောက်တွေ လျှော့ချဖို့ (သို့) ရှင်းလင်းသွားဖို့က ဝက်ခြံကုသခြင်း ရဲ့ ရည်ရွယ်ချက်ပါ။ အချို့သော ဝက်ခြံကုသခြင်းနည်းတွေဟာ ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းမဟုတ်တဲ့ ဆေးဆိုင်ကပေးတဲ့နည်းလမ်းတွေ ( OTC )ဖြစ်နေနိုင်ပြီးအချို့ကတော့ ဆရာဝန်တွေနဲ့ အရေပြားအထူးကုတွေရဲ့ညွှန်ကြားချက်အတိုင်းကုသတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ Benzoyl Peroxide နဲ့ Salicylic acid တွေက ဝက်ခြံကုသခြင်းရဲ့ အသုံးအများဆုံးနည်းလမ်းတွေထဲမှာ ပါဝင်ပါတယ်။ Benzoyl Peroxide နဲ့ Salicylic acid နှစ်မျိုးလုံးဟာ ဝက်ခြံကိုအကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ အရာတွေဖြစ်ပြီးဈေးကွက်ထဲမှာတော့ သက်ရောက်မှုအရှိဆုံးကုသမှုအဖြစ်ရပ်တည်နေပါတယ်။ ဝက်ခြံကုသပေးတဲ့ ဆေးဆိုင်အများစုမှာ ဒီ၂မျိုးထဲက တစ်မျိုးမဟုတ် တစ်မျိုးရှိကိုရှိပါတယ်။ ဒါပေမဲ့ သင်ဖြစ်နေတဲ့ ဝက်ခြံကိုဘယ်တစ်မျိုးကပျောက်ကင်းစေနိုင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောဖို့တော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့သင်သုံးလိုက်တဲ့ တစ်မျိုးကမှားနေတယ်ဆိုရင်တော့ သင့်အခြေအနေကိုတကယ်ကိုပိုဆိုးသွားစေမှာပါ။ Benzoyl […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း