အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံတွေရှိနေစဉ်မှာ ဘယ်လိုချေးချွတ်မလဲ

ဘယ်လိုချေးချွတ်မလဲ။ ဝက်ခြံဆိုတာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံတွေက ခန္ဓါကိုယ်အပေါ်ပိုင်း မျက်နှာ၊ ရင်ဘတ်၊ လည်ပင်း၊ ကျောနဲ့ ပုခုံးစတာတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းကတော့ အရေပြားရဲ့ အဆီဂလင်းတွေက ဆီတွေအများကြီးကိုထုတ်ပေးပြီး အဲဒီ ဆီတွေက ချွေးပေါက်တွေကိုပိတ်စေကာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားပျော်မွေ့ဖို့ ကြားခံနယ်ကို ပြည့်စုံစွာဖွံ့ဖြိုးလာစေလို့ဖြစ်ပါတယ်။ ချေးချွတ်ခြင်းက အသားအရေရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ပိုပြီးကြည့်ကောင်းလာစေကာ ချွေးပေါက်ပိတ်နေတာကိုလည်းလျော့နည်းစေပါတယ်။   အမျိုးအစားများ ချေးချွတ်ခြင်း (Exfoliation) ဟာ ဓါတုဆေးသုံးတာလည်းဖြစ်နိုင်သလို သဘာဝပစ္စည်းတွေသုံးတာလည်းဖြစ်နိုင်ပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်းမှာတော့ glycolic acid ကဲ့သို့သော ဓါတုပစ္စည်းတွေကို ဆဲလ်သေတွေရှိနေတဲ့ အရေပြားအပေါ်ယံလွှာကို ပျော်ဝင်စေခြင်းအားဖြင့် ဖယ်ရှားပေးပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်း ဟာ chemical peels (ဓါတုဆေးသုံးချေးချွတ်နည်းတစ်မျိုး) ပုံစံပါပဲ။ Physical exfoliation (ရုပ်ပိုင်းဆိုင်ရာချေးချွတ်ခြင်း) မှာတော့ သဘာဝပစ္စည်း တွေဖြစ်တဲ့ sugar granules (သကြားခဲ)တွေလိုပစ္စည်းတွေကို ဆဲလ်သေတွေရှိတဲ့ အရေပြားအပေါ်ယံလွှာကိုဖယ်ရှားဖို့သုံးပါတယ်။ အသားအရေကိုထိခိုက်စေနိုင်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizerကို ဘယ်လိုရှာဖွေမလဲ

Moisturizer (အစိုဓါတ်ထိန်းအလှဆီ) ကိုဘယ်လိုရှာဖွေမလဲ။ အဆီပြန်တဲ့အသားအရေအတွက် Moisturizer (အစိုဓါတ်ထိန်းအလှဆီ)ကဘာလို့လိုအပ်တာလဲ။ Moisturizer (အစိုဓါတ်ထိန်းအလှဆီ) က အဆီပြန်တဲ့သူတွေအတွက် ကောင်းကျိုးကိုဖြစ်စေပါတယ်လို့ဆိုရင် သင်ယုံနိုင်ပါ့မလား။ အဆီတွေက အသားအရေကို ချောမွတ်နေစေတာပါ။ အစိုဓါတ်ဖြည့်ပေးတာမဟုတ်ပါဘူး။ moisturizer တွေက အသားထဲကိုစုပ်ယူသွားနိုင်မယ့် ပစ္စည်းတွေပေးနိုင်တာကြောင့် အရေးကြီးပါတယ်။ အဆီတွေကတော့ မွှေးညှင်းပေါက်တွေကနေထွက်လာပြီး အသားအရေကိုချောမွေ့စေကာ အစိုဓါတ်ကို ထိန်းထားပေးပါတယ်။ အဆီပြန်ခြင်းကို တိုက်ဖျက်ပေးမယ့် ပစ္စည်းတွေနဲ့ မျက်နှာသစ်ပြီးတဲ့အချိန်န်မှာ အသားအနည်းငယ်ခြောက်နေသလို ခံစားရစေမှာပါ။ Moisturizerမသုံးဘူးဆိုရင် အသားအရေစိုပြည်နေအောင် သင့်အသားကနဂိုထုတ်ပေးနေကျအဆီထက် ပိုပြီးထုတ်ပေးနေမှာဖြစ်လို့ ပိုပြီးအဆီပြန်လာတာကို သင်တွေ့ရမှာပါ။ Moisturizers တွေက အဆီပိုတွေထုတ်လုပ်နေခြင်းကို လျှော့ချပေးနိုင်ပြီး အဆီပြန်နေတဲ့ပုံစံဖြစ်လာခြင်းကို လျော့နည်းစေပါတယ်။ အဆီမပါတဲ့Moisturizer တွေ၊ ချွေးပေါက်မပိတ်စေတဲ့ moisturizer တွေနဲ့ salicylic acid ပါဝင်တဲ့ Moisturizer တွေဟာ အဆီတွေစုပုံနေခြင်းမဖြစ်လာဖို့ကာကွယ်ပေးပြီး matte ပုံစံဖန်တီးပေးနိုင်တဲ့ moisturizer တွေကတော့ အဆီတွေကိုခြောက်သွေ့နေအောင်စုပ်ယူပေးနိုင်ပြီး […]


ဝက်ခြံ

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကိုဘယ်လိုဖယ်ရှားမလဲ

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကို ဘယ်လိုဖယ်ရှားမလဲ။ ဝက်ခြံတွေ အစုလိုက်ပေါက်တာနဲ့တင် လုံလောက်ပါပြီ။ ဒါပေမဲ့ဝက်ခြံတွေ ပျောက်သွားတာ ကြာလှနေတာတောင် ဘုတွေဒစ်တွေနဲ့ အမှတ်တွေကျန်ရစ်ခဲ့တာကြီးက ပိုဆိုးပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒါတွေကိုကွယ်ပျောက်သွား အောင် ဖယ်ရှားပေးနိုင်တဲ့ ကုသနည်းတွေရှိနေပါတယ်။ ဒါပေမဲ့ ပထမဆုံး သင့်ကိုယ်သင် ဘာနဲ့ရင်ဆိုင်နေရတာလဲဆိုတာတော့ သိဖို့လိုအပ်ပါတယ်။ ဝက်ခြံပေါက်ပြီး အမဲစက်တွေကျန်ရစ်ခဲ့တာနဲ့ ဝက်ခြံအမာရွတ်တွေက အတော်ကြီးကို ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ကာကွယ်ခြင်း ကနေ ကုသခြင်းအထိ လုပ်ဆောင်နိုင်ဖို့ သင်ကဘာဖြစ်နေတာလဲဆိုတာနဲ့ ဘယ်လိုကုသရမလဲ ဆိုတာသိသင့်ပါတယ်။ လူတွေဟာ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို မှားလေ့ရှိကြပေမဲ့ သူတို့ကတကယ်တမ်းအတော်ကြီးကိုကွာခြားကြတာပါ။ အနီရောင် သို့မဟုတ် အညိုရောင် အသားရောင်ခြယ်တွေများလာခြင်းတွေ ဝက်ခြံနောက်မှာ ကပ်လိုက်လာတာက ယာယီ ရောင်ရမ်းခြင်းကြောင့်ပါ။ ဒီအမှတ်တွေက လအနည်းငယ် ကြာတတ်ပြီး သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ တကယ့် ဝက်ခြံအမာရွတ်တွေကတော့ မကုသမချင်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေမဝါအောင် ဘယ်လိုကာကွယ်ရမလဲ

လက်သည်းတွေမဝါအောင်ဘယ်လိုကာကွယ်ရမလဲ။ သင့်လက်သည်းတွေဟာ မာကျောသိပ်သည်းနေတဲ့ အပေါ်ယံအရေပြားဆဲလ်ပြင်ကြီးပါ (epidermis cells)။ သင့်အရေပြားကို ဖြစ်စေတဲ့ ဆဲလ်တွေနဲ့အတူတူပါပဲ။ ဒါပေမဲ့ လက်သည်းပေါ်က ဆဲလ်တွေကတော့ ဆဲလ်သေတွေဖြစ်ပြီး keratin လို့ခေါ်တဲ့ ပရိုတိန်းတွေနဲ့ ဖြည့်ဆည်းထားပါတယ်။ သင့်လက်သည်းခွံရဲ့ ၄ပုံ၃ပုံကသာ အရေပြားနဲ့တွဲဆက်ထားပြီးအရေပြားပေါ်မှာ ရှိနေတာပါ။ လက်သည်းလေး ပြီးပြည့်စုံစွာကြီးထွားလာဖို့ အချိန် ၆လခန့်ယူရပြီး အမျိုးသားတွေရဲ့ လက်သည်းက အမျိုးသမီးတွေရဲ့ လက်သည်းထက် ပိုရှည်လွယ်ပါတယ်။ အရေပြားလိုပါပဲ၊ လက်သည်းကျန်းမာဖို့ အောက်ဆီဂျင်လိုပါတယ်။ လက်သည်းထဲမှာရှိတဲ့ keratin က သူတို့ထဲကို ရေတွေဖြတ်သန်း စီးဆင်းစေပါတယ်။ ပုံမမှန်လက်သည်းခွံတွေနဲ့ အရေခွံကွာခြင်း၊ ကွဲအက်ခြင်း၊ အရောင်မညီခြင်းတွေက ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ သင်္ကေတပါ။ အဝါရောင် လက်သည်းတွေက ဆိုရီရေးစစ်ရောဂါသို့မဟုတ် မှိုစွဲကပ်ခြင်းကို ပြပါတယ်။ အဆုတ်ရောဂါတစ်ခုခု သို့မဟုတ် ဆေးလိပ်သောက်ခြင်း တွေကြောင့်လည်း […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ

အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ ဖြူဝင်းတဲ့အသားအရည်ကိုရဖို့ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ နေရောင်ခြည်နဲ့များများထိတွေ့မှုကိုရှောင်ပါ။ ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်း နေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။ သဘာဝအသားဖြူဆပ်ပြာတွေကိုသုံးမယ်ဆိုရင် အသားအရည်ပေါ်မှာရှိတဲ့ ဆဲလ်သေအလွှာတွေကိုဖယ်ရှားဖို့အတွက် ချေးချွတ်ဖို့မမေ့ပါနဲ့။ ဖုန်တွေ၊ဘက်တီးရီးယားတွေနဲ့အဆီတွေကိုဖယ်ရှားဖို့ နေ့ဘက်မှာမျက်နှာပုံမှန်သစ်ပေးကြည့်ပါ။ အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ ချေးချွတ်ပြီးရင် အစိုဓါတ်ထိန်းဆေးလိမ်းပါ။ အသားခြောက်တဲ့သူတွေကတော့ လှပတဲ့အသားအရည်ရအောင် Vaseline အနည်းငယ်သုံးပေးနိုင်ပါတယ်။ Petroleum Jelly ကလည်း ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အခြေအနေကနေ အသားအရည်ကိုကာကွယ်ပေးဖို့ မရှိမဖြစ်ပါပဲ။ ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေပေါ်လိုက်ပြီး အကောင်းဆုံးအောက်ခံမိတ်ကပ်ရွေးချယ်ခြင်း

သင့်အသားအရောင်ပေါ်လိုက်ပြီး အောက်ခံမိတ်ကပ် ရွေးချယ်တာအပြင် သင့်အသားအရည်အတွက် အကောင်းဆုံးဖြစ်ပြီး သင့်အကြိုက်နဲ့လည်းကိုက်ညီမဲ့ အမျိုးအစား ကိုရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။ ဥပမာ သင်ကအဆီပြန်တတ်တယ်ဆိုရင် အသားခြောက်တဲ့လူတွေညွှန်းလိုက်တဲ့ အောက်ခံမိတ်ကပ်ကိုသင်သုံးချင်မှာမဟုတ်ပါဘူး။ တကယ်လို့သင့်မှာ ဝက်ခြံတွေရှိနေရင် သို့မဟုတ် rosacea ကဲ့သို့မျက်နာနီတတ်သောအရေပြားရောဂါတစ်မျိုးဖြစ်နေမယ်ဆိုရင် အနည်းငယ်သာဖုံးပေးနိုင်မဲ့ အောက်ခံမိတ်ကပ်( sheer coverage foundation)ကိုအသုံးပြုလိုမှာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ပုံမှန်အသားအရည်ရှိပြီး အသားရောင်ကလည်းညီနေမယ်ဆိုရင် ထူပိန်းပိန်းဖြစ်နေမယ့် အောက်ခံမိတ်ကပ်မျိုးကို သုံးလိုမှာမဟုတ်ပါဘူး။ ဒီလိုဆို အောက်ခံမိတ်ကပ် အမျိုးမျိုးကဘာတွေလဲ၊ သင်ဘယ်လိုရွေးချယ်မလဲ။ အောက်မှာဖော်ပြထားတာတွေကတော့ သင်မိတ်ကပ်ဝယ်တဲ့အခါ တွေ့နိုင်မဲ့ အမျိုးအစားတွေပါ။ သင့်အသားအရည်အမျိုးအစားကိုနားလည်ခြင်း၊ coverage လုပ်လိုတဲ့အနေအထားကိုသိရှိထားခြင်း နဲ့ သင့်အကြိုက်ကိုလိုက်ပြီးရွေးချယ်ခြင်းက သင်နဲ့အသုံးတည့်မဲ့ အောက်ခံမိတ်ကပ်ကိုရွေးချယ်နိုင်မဲ့ သော့ချက်တွေပါ။ အောက်ခံမိတ်ကပ် ၅မျိုးရှိပါတယ်။ တစ်ခုချင်းစီဟာ အသားအရည်ပုံစံတစ်မျိုးစီအတွက် အထူးဖော်စပ်ထုတ်လုပ်ထားတာတွေပါ။   Cream Foundation(မိတ်ကပ်ခရင်မ်) ဒီအမျိုးအစားတွေက ပုံမှန်အသားအရည်၊ ပေါင်းစပ်အသားအရည်နဲ့ ခြောက်သွေ့တဲ့အသားအရည်အတွက်ပါ။ အသားအရောင်မညီတဲ့လူတွေနဲ့ heavier coverage […]


ဝက်ခြံ

ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ

ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ ချောမွတ်တဲ့ အသားအရည်တွေကို အမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကို ကုသပေးဖို့ လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ ကုသမယ်ဆိုရင်တော့ အသားအရည် ကို ပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကို စားပေးရမှာပါ။ အမြန်ဆုံး ပြန်ကောင်းလာဖို့အတွက် ဆိုရင်တော့ အစားအစာတွေကို အစီအစဉ်တကျ ညီညီမျှမျှ စားသောက်ရမှာပါ။   (၁)Zinc (ဇင့်) အသားအရည် ကျန်းမာရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့် က မရှိမဖြစ် အရေးပါပါတယ်။ သူက ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အထောက်အကူ ပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာ ပါဝင်တဲ့ စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ ကြက်ဥစသည်တွေမှာ ဇင့် ဓါတ် မြောက်များစွာ ပါဝင်ပါတယ်။ zinc ဓါတ်ကို ပိုပြီးရရှိ […]


အသားအရေ ထိန်းသိမ်းခြင်း

ခြောက်သွေ့တဲ့အသားအရေကို ပြန်လည်ကောင်းမွန်လာစေမယ့် အစားအစာများ

ဆောင်းရာသီရဲ့ ပိုအေးတဲ့အပူချိန်ဟာ အသားအရည်တွေကို ပျက်စီးစေပါတယ်။ နွေရာသီနဲ့စာရင် လေထုထဲမှာ ရေငွေ့ပါဝင်နှုန်း ပိုနည်းလာတဲ့အတွက် အသားအရည်ဟာ ပိုပြီးခြောက်သွေ့ယားယံပြီး သက်တောင့်သက်သာ မဖြစ်တာမျိုးကို ခံစား လာရစေပါတယ်။ တစ်ခါတလေမှာ နီရဲပြီး အရေခွံကွာတာမျိုးတွေတောင် ဖြစ်တတ်ပါသေးတယ်။ Moisturizerတွေ များများသုံးခြင်း၊ အပူအအေး ချိန်ညှိခြင်းနဲ့ ရေငွေ့ပေးစက်တွေကို အသုံးပြုခြင်းတွေအပြင် အောက်ပါအစားအစာများကို စားသုံးခြင်းက ခြောက်သွေ့နေတဲ့ အသားအရည်ကို ပြန်ကောင်းလာစေပါတယ်။ ရေ အစားအစာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သင့်အသားအရည် ခြောက်သွေ့ခြင်းမဖြစ်ဖို့ ထိန်းသိမ်းခြင်းအတွက် အကောင်းဆုံးနည်းလမ်းက ရေဓါတ်ဖြည့်တာပါပဲ။ ရေသောက်ခြင်းဟာ အရည်ပြားသွေးလည်ပတ်မှုကို မြှင့်တင်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်ပါ။ stat calculator ကိုသုံးပြီး သင် ရေဘယ်လောက် သောက်သင့်သလဲ ဆိုတာကို တွက်ချက်ကြည့်ပါ။ ရေသောက်ခြင်းအပြင် ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သိး၊ နာနတ်သီး၊celery နဲ့ သခွားသီးစတဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အဆီပြန်တဲ့ ဆံသားအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များ

ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များ အဆီပြန်တဲ့ဆံပင် သို့မဟုတ် အဆီပြန်တဲ့ ဦးရေပြားဟာ ကြည့်လို့လည်းအဆင်မပြေ နေရထိုင်ရလည်းအအဆင်မပြေဖြစ်စေပြီး အနံ့ကလည်း အဆင်မပြေလှပါဘူး။ ဒီလိုဖြစ်ခြင်းက သင့်နဖူးပြင်မှာ ဝက်ခြံတွေ ပိုဖြစ်စေနိုင်ပြီး သင့်ကိုယ်သင် ယုံကြည်မှုလည်းလျော့နည်းစေပါတယ်။ သင့်ရဲ့အဆီပြန်ပြီး ညစ်ပေနေတဲ့ဦးရေပြားဘဝကို အဆုံးသတ်လိုက်ဖို့အချိန်တန်ပါပြီ။ ဘာလို့အဆီပြန်တဲ့ဆံပင်ရှိနေတာလဲ။ အဆီပြန်နေတဲ့ခေါင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာသိဖို့ ပထမဆုံးအချက်က ဘာလို့အဆီတွေပြန်တဲ့ဦးရေပြားရှိနေရသလဲဆိုတာကို နားလည်ရမှာပါ။ တစ်ခါတလေ ဒီပြဿနာဟာ အပျိုဖော်ဝင်စပြုခြင်း၊ အပျိုဖြစ်ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ခါတလေမှာ သွေးဆုံးခြင်း စတဲ့ ယာယီဟော်မုန်းပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ အခြေခံအားဖြင့် သင့်ခန္ဓာကိုယ်က ဟော်မုန်းတွေစီးဆင်းနေတာကို တုံ့ပြန်ဖို့ အဆီတွေ(သင့်ဦးရေပြားက ပုံမှန်ထုတ်ပေးနေကျ အဆီတွေ) ကိုပိုပြီးထုတ်ပေးပါတယ်။ တချို့အခြေအနေမှာ အဆီပိုတွေအမြဲတမ်းထုတ်ပေးတယ်ဆိုတာ သင်ကိုယ်တိုင်ကြောင့်ပါ။ တစ်ခါတလေတော့လည်း ဒါက သင်အသုံးပြုတဲ့ ဆံသားထိန်းသိမ်းတဲ့ပစ္စည်းတွေက သင်နဲ့အဆင်မပြေတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်တာက ယာယီပဲဆိုရင် သို့မဟုတ် ချက်ချင်းကြီးဖြစ်လာတာမျိုးဆိုရင် သင့်မှာဟော်မုန်းပြဿနာရှိမရှိ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ အဆီပြန်တဲ့ဆံသားအတွက် နည်းလမ်းကောင်း များ ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည်ဟာ […]


ဝက်ခြံ

ဝက်ခြံ နဲ့ အမဲစက် တွေကို သက်သာလျော့ပါးစေမယ့် အိမ်တွင်းဆေးဝါးများ

ဝက်ခြံ နဲ့ အမဲစက် တွေဆိုတာ မိန်းကလေးတိုင်းအတွက်တော့ အကြီးမားဆုံး ရန်သူပါပဲ။ ဝက်ခြံပေါက်ပြီးလို့ပျောက်သွားရင်တောင်မှ သူ့ရဲ့ စိတ်ပျက်ဖွယ် အကျိုးသက်ရောက်မှုတွေက ကျန်နေပါသေးတယ်။ ဝက်ခြံတွေဟာ နာကျင်မှုတွေ၊ တဖြည်းဖြည်းနဲ့ဖျော့သွားနိုင်တဲ့ သို့မဟုတ် ပိုဆိုးလာနိုင်တဲ့ အနီရောင်ဖုတွေနဲ့ ပျောက်ကင်းအောင် နှစ်အတန်ကြာ အချိန်ယူရတဲ့ အညိုရင့်ရောင် အစက်အပြောက်တွေ ကျန်ရှိစေနိုင်ပါတယ်။ ဝက်ခြံအစက်အပြောက်တွေဟာ ဝက်ခြံပျောက်သွားပေမဲ့ ရောင်ခြယ်ပစ္စည်းတွေက အဲ့ဒီနေရာမှာ ကျန်နေပြီးအမဲစက်တွေ ဖြစ်လာအောင်လုပ်နေတဲ့ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဓါတုပစ္စည်းတွေကို အသုံးပြုမယ့်အစား အချို့ အိမ်တွင်းသုံးပစ္စည်း လေးတွေကို ဆေး အဖြစ် စမ်းသုံးကြည့်ပါ။ အိမ်တွင်းဆေးဝါးကို အသုံးပြုခြင်းဟာ ဓါတုပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေထက် အများကြီး ဈေးပိုချိုပြီး သင့်အခြေအနေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုကောင်းလာအောင် ကုသပေးနိုင်ပါတယ်။ သင့်အသားအရည်ကို ဂရုစိုက်ခြင်းဟာ အရမ်းကိုအရေးကြီးပါတယ်။ သင့်အသားအရည်က အမဲစက်တွေ အညိုစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေ မျက်နှာပေါ် မကျန်တော့အောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း