အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သန်း ကိုက်တာကို ဘယ်လိုကုသမလဲ

အဓိပ္ပါယ်ဖွင့်ဆိုချက်သန်းဆိုတဲ့ သတ္တဝါဟာ လူတွေကို အတော်ဒုက္ခပေးပါတယ်။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေမှာပါ။ ကြားရတာ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သန်းကိုက်တာဟာလည်း ကျန်းမာရေးပြဿနာတခုပါပဲ။ ဒီလို အခြေအနေမျိုးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာသိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ သန်း အကိုက်ခံရရင် ဦးစွာ လုပ်ရမယ့်အချက်တွေ• တွယ်နေတဲ့ သန်းကို မြန်မြန်ဖယ်နိုင်လေ ကောင်းလေပါပဲ။ • ထိပ်ချွန်ရှိတဲ့ ဇာဂနာကို သုံးပြီး ဖယ်ပါ။ တကယ်လို့ ဇာဂနာ မလွယ်ရင်လည်း လက်နဲ့ပဲ ဖယ်ပေါ့။ လက်အိတ်စွပ်ဖို့ မမေ့ပါနဲ့။ လက်အိတ်မရှိရင် တခုခုနဲ့တော့ အုပ်ပြီးကိုင်ပါ။ အဓိက က သန်းကို လက်ဗလာနဲ့ မကိုင်မိ၊မထိမိ စေဖို့ပါ။ • မီးရှို့ပစ်တာ ဒါမှမဟုတ် vaseline ချောဆီ၊အရက်၊အရက်ပျံ ဒါမှမဟုတ် လက်သည်းဆိုးဆေးတွေကို သုံးပြီး သန်းကို ဖယ်ပစ်တာ၊သတ်ပစ်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်ရင် သင့်အနာပိုးဝင်ဖို့ […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ကပ်ကြာကြာခံစေမယ့် လျှို့ဝှက်နည်းလမ်းများ

မိတ်ကပ်လိမ်းခြယ်ခြင်းအတွက် အမျိုးသမီးတိုင်းရဲ့ အကြီးမားဆုံး စိတ်ပူမှုဟာ တစ်နေကုန်ခံအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ နှုတ်ခမ်းနီထပ်ဆိုးလိုက်လို့ရပေမယ့် အခြားအရာတွေဖြစ်တဲ့ contouring(ပါးရိုး၊မေးရိုးစသဖြင့်ဖော်ခြင်း)၊ သို့မဟုတ် အောက်ခံမိတ်ကပ်ပြန်လည်ပြင်ဆင်ခြင်းတွေဟာ ပိုမိုရှုပ်ထွေးပြီး အချိန်စားပါတယ်။ ဒီဆောင်းပါးမှာတော့ စာဖတ်သူတွေကို မိတ်ကပ်တွေကြာကြာခံအောင်လုပ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်။ အဆီမပါတဲ့ ပစ္စည်းတွေသုံးစွဲပါ။ အဆီပါဝင်တဲ့ ပစ္စည်းတွေဟာ ပိုပြီးမြန်ဆန်စွာပျောက်ကွယ်လွင့်ပါးသွားနိုင်ပါတယ်။ တကယ်လို့သင့်မှာ အဆီကိုအခြေခံပြီးထုတ်ထားတဲ့ပစ္စည်းတွေကိုသုံးတာကသာ အသင့်လျော်ဆုံးဖြစ်မယ့် ခြောက်သွေ့တဲ့အသားအရည်ရှိနေရင်တော့ oil-free formulas (အဆီမပါတဲ့ ဖော်မြူလာ) တွေကိုမသုံးခင်မှာ အစိုဓါတ်ထိန်းမယ့်အဆင့်တွေကို ပိုပြီးဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။   ပရိုင်မာ (မိတ်ကပ်အောက်ဆုံး အခံ) သုံးပါ။ မိတ်ကပ်တွေပိုပြီးကြာကြာခံဖို့အတွက် ပရိုင်မာ က ထိပ်တန်းဦးစားပေးပါပဲ။ ပရိုင်မာ က မိတ်ကပ်လိမ်းခြယ်မှုအဆင့်တွေအားလုံးအတွက် အကောင်းဆုံးပြင်ဆင်မှုကိုပေးစွမ်းနိုင်ပြီး အစိုဓါတ်တွေကိုထိန်းသိမ်းပေးနိုင်ကာ ချောမွတ်ညီညာတဲ့မျက်နှာအနေအထားကို ပိုင်ဆိုင်နိုင်စေပါတယ်။ ဒါ့အပြင် သူက အဆီတွေဝင်းနေတာမျိုးမဖြစ်စေဘဲ အောက်ခံမိတ်ကပ်ကို ကြာရှည်ခံစေပါတယ်။ ပရိုင်မာ တွေဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်ကျယ်နေတာတွေ၊ ဝက်ခြံအစက်အပြောက်တွေကို ဖုံးကွယ်ပေးနိုင်ပြီး […]


အခြားအရေပြားပြဿနာများ

သင်လုပ်မိနိုင်တဲ့ ရာသီအသားအရေထိန်းသိမ်းမှု အမှား ၈ချက်

နွေရာသီရောက်ဖို့ အတော်ကို နီးလာပါပြီ။ ဆိုလိုတာက ရေခဲမုန့်တွေနဲ့ ရေကူးကန်သွားဖို့ကာလကိုရောက်လာပါပြီ။ ဒါပေမယ့် သင်ကဂရုမစိုက်မိဘူးဆိုရင် နွေရာသီက နေလောင်ခြင်းနဲ့ ဆိုးရွားတဲ့ နေလောင်ဒဏ်ခံရတဲ့လိုင်းတွေ (tan lines) တွေကို ဖြစ်စေနိုင်ပါတယ်။ SPF ပါတဲ့ နှုတ်ခမ်းနီဆိုးဆေးအဆီ နဲ့ မကြာခဏ နေရောင်ကာလိမ်းဆေးတွေလိမ်းပေးတာတေအပြင် လူတွေဟာ သူတို့ကိုယ်တိုင်တောင် သတိမထားမိဘဲ အသားအရည်ထိန်းသိမ်းမှုအမှားတွေကို လုပ်လေ့ရှိကြပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ အဆိုပါအမှားတွေပါပဲ။ အမွေးရိတ်ပြီး ချက်ချင်း ရေချိုးခြင်း နွေရာသီမှာ ခြေထောက်တွေ၊ ချိုင်းကြားတွေနဲ့ bikini line တွေ အမွေးရိတ်ခြင်းကို ကျွန်မတို့ အလွန်တရာလုပ်လေ့ရှိပါတယ်။ တကယ်တမ်းတော့ ရေမချိုးခင်ရိတ်တာထက် ရေချိုးပြီးမှရိတ်တာက ပိုကောင်းတာပါ။ အမွေးရိတ်ခြင်းဟာ သင်လုပ်လိုက်တဲ့ ပထမဆုံးအလုပ်တစ်ခု မဖြစ်သင့်ပါဘူး။ သင်ဘာမှ စမလုပ်သေးခင် သင့်အသားအရည်နဲ့ အမွေးကို ရေနွေးနဲ့ ရေနွေးငွေ့တွေသုံးပြီး ရေဓါတ်ဖြည့်ပေးပါ။ ဒါဟာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အရောင်ချွတ်ပြီးတဲ့အခါမှာ ဘာတွေသိဖို့လိုအပ်သလဲ။

ကျွန်တော်တို့ထဲမှာ အနက်ရောင်မဟုတ်ဘဲ အရောင်ပါတဲ့ဆံပင်တွေနဲ့ သဘာဝအတိုင်းမွေးဖွားလာတဲ့သူဟာ လူနည်းစုပဲရှိတာပါ။ အခြားသူတွေကတော့ ဒီလိုပြည့်စုံတဲ့ဆံပင်မျိုးကိုလိုချင်ရင် ဆံပင်အရောင်ချွတ်ပြီးဆိုးကြရပါတယ်။ မကောင်းတာကတော့ ဒီလိုဆေးဆိုးပြီးချွတ်တာဟာ ဆံပင်ရဲ့ သန်စွမ်းမှုကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်အရောင်ချွတ်ပြီးရင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာက မဖြစ်မနေသိထားဖို့လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပေါ့။ ခေါင်းကို အကန့်အသတ်နဲ့ပဲလျှော်ပါ။ ပုံမှန်ခေါင်းလျှော်နေကျအတိုင်းမလျှော်ပါနဲ့။ ပထမဆုံးတော့ ဆံပင်အရောင်ချွတ်ပြီး ၃ရက်လောက်မှာ ခေါင်းလုံးဝမလျှော်ပါနဲ့။ တကယ်လို့ဆံပင်က အဆီတွေပြန်ပြီး စေးကပ်နေမယ်ဆိုရင် dry shampoo က ကူညီနိုင်ပါလိမ့်မယ်။ ဆံပင်ကို အစိုဓာတ်ပိုဖြည့်ပေးပါ။ ဆံပင်အရောင်ချွတ်ပြီးရင် ဆံပင်ကသူ့ရဲ့ သဘာဝအကာအကွယ်တွေကို ဆုံးရှုံးသွားတာကြောင့် အလွန်အကျွံခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ပိုပြီးဖြည့်ပေးဖို့လိုတာပါ။ တစ်ပတ်တစ်ခါ ကိုယ့်ဆံပင်နဲ့အဆင်ပြေမယ့် ပေါင်းဆေး(deep conditioner) သုံးပေးပါ။ ဒါ့အပြင် deep conditioner ကို သင်သုံးနေကျ ပျော့ဆေးနဲ့ ပေါင်းစပ်ပြီးသုံးပေးတာက အကောင်းဆုံးရလဒ်ကိုရစေနိုင်ပါတယ်။ ဆံပင်အပူပေးတာလျှော့ပါ။ ဆံပင်ခြောက်စက် (hair dryer) တွေ၊ အပူချောင်းတွေနဲ့ဖြောင့်စက်တွေမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

အုန်းဆီ - အလှအပရေးရာ လျိှု့ဝှက်ချက်

ဟောလိဝုဒ် ကြယ်ပွင့်တွေဟာ အုန်းဆီနဲ့ ပတ်သက်ရင် သဲသဲလှုပ်ဖြစ်တတ်ကြတယ်ဆိုတာ လူသိများတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ Angellina Jolie ဟာ သူမရဲ့တစ်နေ့တာကို အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ စတင်ပါတယ်။ Miranda Kerr ကတော့ သူမရဲ့ လက်ဖက်စိမ်းထဲမှာ အုန်းဆီကိုထည့်ပြီး မနက်တိုင်း တစ်ဇွန်းသောက်ပါတယ်။ Poppy Delevingne ကတော့ အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးဖို့ မအိပ်ခင် အသုံးပြုပါတယ်။ အခြားလည်း အများကြီး ရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးတွေကတောင် သူ့ကို အသုံးပြုနေကြပါတယ်။ ဒါကြောင့် အကုန်အကျသက်သာတဲ့ သဘာဝအုန်းဆီကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ဖေါ်ပြလိုက်ပါတယ်။ ၁။ ဆံပင် ပျော့ဆေး - အခန်းအပူချိန် (သို့) အပူပေးပြီး သင့်ဆံပင်ကို အုန်းဆီနဲ့ နှစ်နာရီကြာအောင် စိမ်ထားပေးခြင်းဟာ ဆံပင်ကို ပိုမို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင့်ဆံသားကို ပျက်စီးစေသော ခေါင်းလျှော်နည်း ၅ မျိုး

သင်ဟာ ဆံပင်ကို ပုံသွင်းဖို့ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို အသုံးပြုနေပါလိမ့်မယ်။ သင့်ဆံပင်ဟာ တစ်နေကုန် ပုံမကျ ပန်းမကျဖြစ်နေတာဟာ အံ့သြစရာတော့ မရှိပါဘူး။ ဆံပင်ဟာ ပျက်စီးနိုင်ပြီးတော့ နှစ်ခွတွေဖြစ်ပြီး ထိန်းမရနိုင်အောင် ရှုပ်ထွေးလာပါလိမ့်မယ်။ အသက်ကြီးလာတာနဲ့ အမျှ ဆံပင်ပါးလာပြီး အရောင်မွဲလာပါလိမ့်မယ်။ ဒါပေမယ့်လည်း ဆံပင်ပျက်စီးမှုကို ပြန်ကောင်းအောင် လုပ်လို့ရပါတယ်။ အောက်ဖေါ်ပြပါ အမှားတွေ ကျူးလွန်မိခြင်းကနေ ရှောင်ကြဉ်သင့်ပြီး ဆံပင်ပညာရှင်တွေ အကြံပေးထားတဲ့ အချက်တွေကိုလိုက်နာခြင်းဟာ ဆံပင်ကို ပြန်ကောင်းလာစေမှာပါ။   ၁။ နေ့တိုင်းလိုလို ခေါင်းလျှော်ခြင်း ပုံမှန်အားဖြင့် ခေါင်းကို လိုအပ်တဲ့အခါမှ လျှော်သင့်ပါတယ်။ ဆံပင်ပညာရှင်တွေကတော့ လိုအပ်မှဆိုတာ နှစ်ရက်သုံးရက်တစ်ခါ ဆိုလိုပါတယ်။ ဆံပင်ကို ကျန်းမာသန်စွမ်းပြီးတောက်ပစေတဲ့ အဆီတွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆံပင်ဆိုးထားတဲ့သူတွေအတွက် မှန်ကန်ပေမယ့် နေ့တိုင်းခေါင်းလျှော်ခြင်းဟာ ဆံပင်ရဲ့ အရောင်ကို ထိုင်းမှိုင်းစေပါတယ်။ အခြားအချက်တွေလည်း ပါဝင်ပါသေးတယ်။ တကယ်လို့ တစ်နေကုန် […]


အသားအရေ ထိန်းသိမ်းခြင်း

အတွင်းဘက်သို့ပေါက်နေသော အမွေး ingrown hair ကုသဖို့ နည်းလမ်း ၆သွယ်

အတွင်းဘက်ကို ပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ အရေပြားပေါ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အဖုတွေအဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီအဖုတွေဟာ ဝက်ခြံတွေနဲ့တူနိုင်ပြီး အတွင်းမှာ ပြည်တွေလည်းရှိတတ်ပါတယ်။ ဒီအဖုတွေဟာ ကောက်ကွေးနေတဲ့အမွေးတွေဖြစ်ပြီး အရေပြားအပြင်ကိုထွက်လာရမယ့်အစား အမြစ်ရှိရာအရေပြားအလွှာထဲ တိုးဝင်သွားပါတယ်။ လိမ်ကောက်နေတဲ့ အမွေးတွေ ဆံပင်တွေရှိတဲ့သူတွေဆီမှာ အဖြစ်များပါတယ်။ အတွင်းဘက်ကိုပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး အများအားဖြင့်တော့ အင်္ဂါဇာတ်တွေမှာဖြစ်လေ့ရှိပါတယ်။   အတွင်းဘက်ကိုပေါက်နေတဲ့ အမွေး (ingrown hair)တွေကို ဘာတွေကဖြစ်စေတာလဲ။ သင်က အများအားဖြင့် ဖယောင်းနဲ့အမွေးနှုတ်ခြင်း၊ ရိတ်ခြင်း၊ နှုတ်ခြင်းတွေလုပ်လေ့ရှိတယ်ဆိုရင် အမွေးမြုံ တွေဖြစ်လာနိုင်ချေပိုများပါတယ်။ အမွေးအမျှင်ဖယ်ရှားခြင်းနည်းလမ်းထဲက ဘယ်နည်းလမ်းကိုပဲသုံးသည်ဖြစ်စေ အမွေးကတော့ဖြည်းဖြည်းချင်းပြန်ပေါက်လာမှာပါပဲ။ အမွေးအများစုပြန်ထွက်လာတဲ့အခါ ပြဿနာမရှိနိုင်ပေမယ့် အမွေးတိုတာတွေ သို့မဟုတ် ကောက်နေတဲ့အမွေးတွေအတွက်ကတော့ အမွေးတွေဟာ အတွင်းဘက်ကိုပြန်ပြီးကောက်ဝင်ကာ အသားထဲပြန်ဝင်သွားနိုင်ပါတယ်။ ဒါကို ingrown hair လို့ခေါ်ပါတယ်။ အမွေးဟာ အတွင်းဘက်ကိုပြန်ဝင်ပြီးရှည်လာတဲ့အခါမှာ ခန္ဓါကိုယ်ကသူ့ကို ပြင်ပအရာဝတ္ထု တစ်ခုအဖြစ်သတ်မှတ်လိုက်ပြီး တိုက်ခိုက်ဖို့ခုခံအား စနစ်ကိုစပြီးအသက်သွင်းပါတယ်။ […]


ဝက်ခြံ

ဆယ်ကျော်သက်အရွယ်ဝက်ခြံပေါက်ခြင်း၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့ရမလဲ

အပျိုဖော်၊ လူပျိုဖော်ဝင်ရင် ဆယ်ကျော်သက် အတော်များများဟာ ဝက်ခြံပေါက်ခြင်းကို ခံစားရကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကျော်လွန် သွားတာနဲ့ အမျှ ဝက်ခြံတွေဟာ သဘာဝအတိုင်း ပျောက်သွားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါက်ခြင်းဟာ အလွန်ဆိုးဝါးပြီး ဆေးကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။   ဆယ်ကျော်သက်တွေမှာ ဘာလို့ ဝက်ခြံပေါက်တာလဲ။ ဆယ်ကျော်သက်တွေဟာ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွေမှာ အဆီထွက်ခြင်း ပိုမိုများပြားလာပြီး ချွေးပေါက်တွေ ပိတ်နိုင်ပါတယ်။ အဆီဟာ ဟော်မုန်းနဲ့ လူပျိုဖော်ဝင်ချိန်မှာ တိုးလာတဲ့ ဟော်မုန်း androgens တွေကြောင့် ပိုထွက်တာ ဖြစ်ပါတယ်။   ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံ အမျိုးအစားတွေက ဘာတွေလဲ။ ဝက်ခြံတွေကို မျက်နှာ၊ နောက်ကျော၊ လည်ပင်း၊ ပုခုံးတွေမှာ အတွေ့များတတ်ပြီး အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Whiteheads - သူတို့ဟာ အဆီတွေ ချွေးပေါက်အတွင်း ဖြစ်ပေါ်လာလို့ ဖြစ်တာဖြစ်ပြီး […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း

လက်သည်းညှပ်ခြင်း ပြုလုပ်မယ်ဆိုရင် လူတွေဟာ ပန်းကုန်းတွေကိုပါ ညှပ်လိုက်ကြပါတယ်။ ဒါပေမယ့် သူဟာ လက်သည်းခြေသည်းတွေရဲ့ ကျန်းမာစွာ ကြီးထွားလာနိုင်မှုကို ကာကွယ်ပေးတာကြောင့် အရေးကြီးပါတယ်။ တကယ်တော့ ပန်းကုန်းဆိုတာ အရေပြားတစ်မျိုးပဲဖြစ်ပါတယ်။ သူဟာ အရေပြားကို ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးမယ့် ပါးလွှာတဲ့ အလွှာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းပန်းကုန်းတွေကို သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို သေချာစွာ ကာကွယ်ပေးဖို့ အောက်ဖေါ်ပြပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ပန်းကုန်းတွေကို ချန်ထားပါ။ အရေပြား ဆရာဝန်တွေက လက်သည်းပန်းကုန်းတွေကို ညှပ်ပစ်ခြင်းဟာ လက်သည်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ပန်းကုန်းတွေဟာ လက်သည်းနဲ့ eponychium ကြားက နေရာကို ပိတ်ထားပေးပြီး သူ့ကို ဖယ်ရှားလိုက်ခြင်းဟာ ရောဂါပိုးဝင်ခြင်းနဲ့ ယားယံခြင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။ လက်သည်းပန်းပန်ုးတွေကို ညှပ်လိုက်ခြင်းဟာ အခြားလက်သည်းပြဿနာတွေဖြစ်တဲ့ အဖြူရောင်အကြောင်းများ၊ အဖြူရောင်အကွက်များကို […]


အခြားအရေပြားပြဿနာများ

မိတ်ကပ် ပရိုင်မာ ကို ဘယ်လို မှန်မှန်ကန်ကန် လိမ်းကြမလဲ

နှုတ်ခမ်းနီနဲ့ အိုင်းလိုင်နာတို့လိုမျိုးပဲ မိတ်ကပ် ပရိုင်မာဟာ အမျိုးသမီးတွေ လှပမှုရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပရိုင်မာနဲ့ သူ့ရဲ့ မှော်ဆန်တဲ့ အချက်တွေအကြောင်းကို မသိတဲ့သူ အများအပြားရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ပရိုင်မာကို ပညာရှင်တစ်ယောက်လိုမျိုး ဘယ်လိုလိမ်းခြယ်ရမလဲဆိုတာကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။   မိတ်ကပ် ပရိုင်မာဆိုတာ ဘာလဲ။ မိတ်ကပ် ပရိုင်မာဟာ မျက်နှာမိတ်ကပ်အောက်ခံအဖြစ် အသုံးပြုပြီးတော့ အဆီထွက်ခြင်းကို ကာကွယ်ပေးကာ အောက်ခံမိတ်ကပ်ကို ချောမွေ့ပြီး အချိန်အကြာကြီးခံစေပါတယ်။ ပရိုင်မာ လိမ်းပေးခြင်းအားဖြင့် အောက်ခံမိတ်ကပ်နဲ့ moisturizer တို့မှာ ကပ်စရာ အလွှာတစ်ခု ရှိသွားတာကြောင့် တစ်နေကုန်ခံပါတယ်။ ဒါ့ပြင် ပရိုင်မာဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်တွေ၊ ဝက်ခြံအမာရွတ်တွေကို ဖုံးကွယ်နိုင်ပြီးတော့ ပြီးပြည့်စုံတဲ့ မျက်နှာ အရေပြား အလှကို ပေးစွမ်းနိုင်ပါတယ်။ မိတ်ကပ် ပရိုင်မာကို အခုအခါ ခရင်ပုံစံ၊ ဂျယ်ပုံစံနဲ့ ပေါင်ဒါပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။ ပရိုင်မာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း