အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဘောက်တွေကို ဘယ်လိုဖယ်ရှားကြမလဲ

ဘောက်တွေကို ဆံပင်ကို ကျန်းမာအောင် ဂရုစိုက်ခြင်းနဲ့ ထိန်းချုပ်နိုင်ပါတယ်။ အိမ်မှာ အသုံးပြုလို့ရတဲ့ ရိုးရှင်းတဲ့ ဆေးတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ သဘာဝဆေးတွေဟာ အာနိသင်ပြဖို့ အချိန်ယူရပေမယ့် ပြဿနာကို လုံးဝ ဖြေရှင်းပေးနိုင်ပါတယ်။ Aspirin Asipirin မှာ ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေနဲ့ တူညီတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Salicyclic acid ပါဝင်ပါတယ်။ ဆေးပြားနှစ်ပြားကို အမှုန့်ကျိတ်ပြီး အသုံးပြုနေကျ ခေါင်းလျှော်ရည် ပမာဏထဲထည့်ပြီး ခေါင်းလျှော်စဉ်မှာ အသုံးပြုသင့်ပါတယ်။ ဒီအရောကို ဆံပင်ပေါ်မှာ တစ်မိနစ်ကနေ နှစ်မိနစ်အထိ ထားသင့်ပြီး ခေါင်းလျှော်ရည်နဲ့ ထပ်လျှော်သင့်ပါတယ်။   ရှာလကာရည် ခေါင်းကိုရှာလကာရည်သုံးပြီး လျှော်ဖို့ဆိုတာ ကြောက်စရာကောင်းတယ်လို့ ထင်ရပမယ့် သူဟာ ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို ဖြေရှင်းပေးတာကြောင့် ထိရောက်တဲ့နည်းတစ်မျိုးပဲဖြစ်ပါတယ်။ အရှင်းဆုံးပြောမယ်ဆိုရင်တော့ ဘောက်တွေဟာ အရေပြားဆဲလ်တွေ အလျင်အမြန် ရင့်ကျက်သေဆုံးပြီး ပုံလာကာ ယားယံမှုကို ဖြစ်ပေါ်စေပါတယ်။ ရှာလကာရည်ဟာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားနှစ်ခွတွေကို ဘယ်လိုဖယ်ရှားကြမလဲ

ဆံပင်ညှပ်ပြီးရင် ဆံပင်နှစ်ခွဖြစ်တာတွေကို ဖယ်ရှားလိုက်နိုင်ပေမယ့် ဒါဟာ ကြာကြာမခံပါဘူး။ သင့်ဆံပင်ကို ဘယ်လောက်ဂရုစိုက်စိုက် ဆံပင်နှစ်ခွဖြစ်ခြင်းတွကိုတော့ ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။ ဆံပင်ပျက်စီးစေတဲ့ အပူနဲ့သုံးရတဲ့ ကိရိယာတွေ၊ ခေါင်းဖီးခြင်း၊ ဆေးဆိုးခြင်းနဲ့ အခြားပါဝင်ပစ္စည်းတွေအကုန်လုံးဟာ ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖြစ်စေပါတယ်။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အကုန်ဖြတ်ထုတ်လိုက်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ညှပ်တဲ့ အချိန်တွေကြားမှာ သူတို့ကို သတိမထားမိစေဖို့ ဂရုစိုက်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သင့်မီးဖိုချောင်ထဲမှာ အလွယ်တကူ ရရှိနိုင်တာကြောင့် အထူးပြုလုပ်ထားတဲ့ hair mask တွေ အဆီတွေကို မလိုအပ်ပါဘူး။   ကိုယ်တိုင်ပြုလုပ်ထားတဲ့ Mask ၁ - အုန်းဆီကုသမှု အုန်းဆီရဲ့ အကျိုးကျေးဇူးတွေ အတော်များများကို ဖေါ်ပြခြင်းဟာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ နောက်ဆုံးလည်း ဖြစ်မှာ မဟုတ်ပါဘူး။ အုန်းဆီရဲ့ အကောင်းဆုံးအာနိသင်ကိုရဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ ၁။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မှန်ကန်တဲ့ ဆံသားထိန်းသိမ်းမှုပစ္စည်းတွေ ဘယ်လိုရွေးချယ်ကြမလဲ

ဆံပင်အတွက် ထုတ်ကုန်တွေဟာ သင့်ဆံပင် ကျန်းမာပျော့ပျောင်းရဲ့လားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဓိကနေရာက ပါဝင်နေကြပါတယ်။ ဒီဆောင်းပါးမှာတော့ တစ်ယောက်ချင်းစီအတွက် ဘယ်လိုမှန်ကန်တဲ့ ထုတ်ကုန်တွေကို ရှာဖွေမလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။ အဆီပြန်တဲ့ ဦးရေပြားအတွက် ဆံပင်ထုတ်ကုန်များ အဆီပြန်တဲ့ ဦးရေပြားအတွက် ရေဓါတ်ဖြည့်ပေးတဲ့၊ ပျော့ပျောင်းစေတဲ့၊ ဆံပင် ကောက်ထားသူတွေအတွက်ရည်ရွယ်ထားတဲ့ ထုတ်ကုန်တွေကို ရှောင်သင့်ပါတယ်။ ဒီထုတ်ကုန်တွေမှာ အရေပြားဆီထွက်ခြင်းကို အားပေးတဲ့ ဆေးတွေ ပါဝင်ပါတယ်။ ထုတ်ကုန် အညွှန်းကို သေချာစွာဖတ်ပါ။ volumizing, balancing, strengthening အစရှိတာတွေ ရေးထားတဲ့ ထုတ်ကုန်တွေကို ဝယ်ယူသင့်ပါတယ်။ ဒီထုတ်ကုန်တွေဟာ အဆီပိုတွေကို ဖယ်ရှားပေးတာမို့ ဦးရေပြားစိုစွတ်မှု နည်းပါးစေပါတယ်။ သင့်အရေပြားဟာ အလွန်အဆီထွက်ရင် clarifying shampoo ကို အသုံးပြုသင့်ပါတယ်။ ဒီထုတ်ကုန်ဟာ ဦးရေပြားက ထွက်တဲ့ အဆီတွေကို အံ့သြဖွယ်ကောင်းလောက်အောင် လျှော့ချပေးပါတယ်။ ဒါပေမယ့် နေ့စဉ်သုံးမယ်ဆိုရင်တော့ […]


အသားအရေ ထိန်းသိမ်းခြင်း

ကျန်းမာသော အသားအရေ ရဖို့အတွက် စားသောက်စရာများ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ ကျန်းမာလှပတဲ့ အသားအရည်ကို ရရှိဖို့အတွက် အရေးကြီးပါတယ်။ အောက်ဖေါ်ပြပါအရာတွေကတော့ အစာအသောက်တွေထဲမှာ ထည့်သွင်းစားသောက်သင့်တဲ့ အရေပြားအတွက် အကျိုးရှိတဲ့ အစာတွေပဲဖြစ်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်စိမ်းမှာ အစွမ်းထက်တဲ့ antioxidant EGCG ပါဝင်ပြီး အရေပြားကို UV rays တွေကနေ ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းကို မျက်နှာပေါ် ပုတ်ပေးခြင်း (သို့) သောက်သုံးခြင်းအားဖြင့် အကျိုး ရှိနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ နေလောင်ဒဏ်ကို ကာကွယ်ပေးရုံသာမက ပျက်စီးသွားတဲ့ အရေပြားတွေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းသောက်သုံးခြင်းဟာ အရေပြားကို ရေဓါတ်ဖြည့်တင်းပေးပြီး နုပျိုစေပါတယ်။ ဒိန်ချဉ် ဒိန်ချဉ်မှာ ပါတဲ့ vitamin A ဟာ collagen ထုတ်လုပ်မှုမှာ အလွန်အရေးပါပါတယ်။ အရေပြားဟာ collagen မရှိရင် ကျုံ့နိုင်ဆန့်နိုင်စွမ်းပျောက်ဆုံးပြီး ထူထဲထဲဖြစ်လာပါ လိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးအာနိသင်ကိုရရှိဖု့ိ […]


အသားအရေ ထိန်းသိမ်းခြင်း

ကျန်းမာသော အသားအရေအတွက် အိမ်သုံးကုထုံးများ

ကျန်းမာတောက်ပတဲ့ အသားအရေရှိခြင်းဟာ လူတိုင်းလိုချင်တဲ့ အရာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပြစ်မျိုးမှဲ့မထင် အသားရေ ရရှိနိုင်ဖို့ အိမ်မှာ ပြုလုပ်နိုင်တဲ့ နည်းတွေကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ပျားရည် အရေပြားကို နူးညံ့ပြီး ရေဓါတ်ထိန်းသိမ်းပေးဖို့ ပျားရည်ကို မျက်နှာပေါင်းတင်ကပ်ခွာ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ပျားရည်ဟာ ရေဓါတ်ထိန်းသိမ်းပေးရုံတင်သာမက ဘက်တီးရီးယားပိုးနဲ့ အခြားရောဂါပိုးတွေကို ထိရောက်စွာ နှိမ်နင်းပေးပါတယ်။ သူဟာ ဝက်ခြံပေါက်နေတဲ့ သူတွေအတွက်လည်း သင့်တော်ပါတယ်။ ပျားရည်ကို သင့်အရေပြားပေါ်ကို လိမ်းပြီး အခြောက်ခံပါ။ ပြီးရင် မျက်နှာကို ရေနွေးနဲ့ သစ်ပါ။ ဒီနည်းကို နေ့စဉ် (သို့) နှစ်ရက်တစ်ခါ အသုံးပြုသင့်ပါတယ်။ နောက်တစ်နည်းကတော့ ပျားရည်ကို နွားနို့ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောပေးနိုင်ပါတယ်။ ဒီနည်းဟာ သင့်အရေပြားကို တောက်ပစေပါတယ်။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်ဟာ အရေပြားအတွက် […]


အသားအရေ ထိန်းသိမ်းခြင်း

သင်က ဘယ်လို အသားအရေမျိုးကို ပိုင်ဆိုင်ထားသလဲ။

ကိုယ့်အရေပြားကို ကိုယ်တိုင် မှန်မှန်ကန်ကန် ဂရုစိုက်နေတယ်ဆိုတာ သေချာပါသလား။ ကိုယ့်အရေပြား အမျိုးအစားကို မသိပဲနဲ့ အရေပြားကို ဂရုစိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သင့်မှာ လှပတဲ့အရေပြား ရှိခဲ့ရင်တောင်မှ ထိခိုက်လွယ်သောအရေပြား၊ ပုံမှန်၊ အဆီပြန်၊ ဒါမှမဟုတ် အသားခြောက်တဲ့ အရေပြား ရှိတယ်ဆိုတာ သိပါမှ ကိုယ်နဲ့သင့်တော်တဲ့ အလှအပ ထုတ်ကုန်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အရေပြား အမျိုးအစား သိရှိနိုင်ရန် အချက်များ ၁။ မျက်နှာသစ်ပါ။ မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းထားရင် မျက်ကပ် ဖျက်တဲ့ ပစ္စည်းတွေနဲ့ ရေကို အသုံးပြုပြီး ဖျက်ပါ။ ၂။ အရေပြားကို တစ်နာရီလောက်ကြာအောင် အခြောက်ခံကြည့်ပါ။ ဒါဟာ သင့်အရေပြားကို သဘာဝအခြေအနေကို ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။ ၃။ မျက်နှာကို သုတ်ဖို့ တစ်ရှူးကို အသုံးပြုပါ။ ၄။ သင့်အရေပြား အမျိုးအစားကို သတ်မှတ်ပါ။ ခြောက်သွေ့သော […]


အခြားအရေပြားပြဿနာများ

သင့်မသုံးဖြစ်သေးသော ထိရောက်သည့် အရေပြားထိန်းသိမ်းသည့် ပစ္စည်း၅မျိုး

အသားအရေထိန်းသိမ်းစောင့်ရှောက်ခြင်းဟုဆိုလိုက်သည်နှင့်လူတွေကဈေးကြီးတဲ့နာမည်ကြီးတဲ့အလှကုန်တွေကိုပဲအာရုံရောက်ကြပါတယ်။ ဒါပေမယ့်ကျွန်တော်တို့သတိမထားမိတဲ့အကျိုးသက်ရောက်လှတဲ့အခြေခံအသုံးအဆောင်ပစ္စည်းတွေရှိနေပါတယ်။ ဒါကြောင့်အသားအရေကြည်လင်လှပအောင်လုပ်ပေးမယ့်အခြေခံပစ္စည်း(၅)မျိုးအကြောင်းကို မျှဝေပေးချင်ပါတယ်။ ၁။ သင်ဘယ်သွားသွားပါတဲ့သင်ကြိုက်နှစ်သက်သောဦးထုပ်တစ်လုံး အကယ်လို့သင်သာနေပူထဲကိုရောက်နေပြီဆိုရင်ဆောင်းရမယ့်ဦးထုပ်ဟာဘေ့စ်ဘောဦးထုပ်ပင်ဖြစ်နေပါစေသင့်ရဲ့ဦးခေါင်းကိုတော့နေရောင်ခြည်နဲ့မထိမိအောင် ကာကွယ်ထားဖို့အရမ်းအရေးကြီးပါတယ်။ ဘေ့စ်ဘောဦးထုပ်ဟာဆိုရင်နှာဖူးနဲ့ခေါင်းကိုနေရောင်ခြည်ကြောင့်ဖြစ်စေတဲ့အညိုအစက်အပျောက်တွေအရေပြားကင်ဆာတွေကနေကာကွယ်ပေးနိုင်ပါတယ်။ ဦးထုပ်ကီးကြီးဝိုင်းဝိုင်းပုံစံမျိုးဆိုရင် မျက်နှာတခုလုံးနဲ့လည်ပင်းကိုပါနေရောင်ခြည်ဒဏ်ကနေကာကွယ်ဖို့ပိုတောင်ကောင်းပါသေးတယ်။ ဒါကြောင့်မို့ခုပဲဆိုင်ကိုသွားပြီးသင်ကြိုက်နှစ်သက်ပြီးတကယ်ဆောင်းမယ့်ဦးထုပ်တလုံးကိုရွေးပြီးဝယ်လိုက်ပါ။ ၂။ ဇင့်ဓါတ်ပါဝင်မှုနှုန်းမြင့်သောနေကာခရမ် သင်ရဲ့အသားအရေကိုကာကွယ်ဖို့သင်လုပ်နိုင်တာတစ်ခုပဲရှိခဲ့လျှင်အဲ့ဒါဟာsuncreamပဖြစ်ပါတယ်။ ဘာလို့ပါလဲ။ ခရမ်းလွန်ရောင်ခြည်ကတိမ်ထူတဲ့နေ့မျိုးတောင်မချန်ပဲနေ့တိုင်းနေ့တိုင်းမှာရှိနေလို့ပါပဲ။ အဲ့ဒီခရမ်းလွန်ရောင်ခြည်ဟာသင့်ရဲ့ကားမှန်ပြူတင်းပေါက်မှန်တွေကနေဖြတ်ပြီးဝင်လာပါတယ်။ နေကာခရမ်တော်တော်များများဟာခရမ်းလွန်ရောင်ခြည်ကိုသေချာမကာကွယ်နိုင်ပါဘူး။ ဘူးမှာရေးထားတာကိုလည်းသေချာဖတ်ဖို့လိုပါတယ်။ ဥပမာ broad spectrumလိုစာပါတဲ့ဟာမျိုးမှာတောင် ခရမ်းလွန်ရောင်ခြည်ကိုမကာကွယ်နိုင်ပါဘူး။ ဇင့်ဓါတ်ဟာခရမ်းလွန်ရောင်ခြည်ကိုအပြည့်အဝကာကွယ်ပေးနိုင်ပြီး နေကာခရမ်တွေရဲ့အဓိကပါဝင်ပစ္စည်းပဲဖြစ်ပါတယ်။ ဒါကြောင့်နေကာခရမ်တွေကိုဝ်တဲ့အခါ သင်နေထိုင်တဲ့နေရာသင်ရဲ့ကားအတွင်းနဲ့အပြင် ခရမ်းလွန်ရောင်ခြည်ရရှိမှုကို မူတည်ပြီးဇင့်ဓါတ်၇ရာခိုင်နှုန်းကနေ၂၀ရာခိုင်နှုန်းအထိပါတဲ့ နေကာခရမ်မျိုးကိုဝယ်သင့်ပါတယ်။ ၃။ ရေကူးအင်္ကျီ ရေကူးအင်္ကျီတွေဟာချစ်စရာကောင်းပါတယ်။ နေရောင်အောက်မှာရေကူးအင်္ကျီဝတ်ထားတဲ့ပုံစံဟာလုံးဝရိုးရှင်းတဲ့ဘဝကိုထင်ဟပ်စေပါတယ်။ သင်အဲ့ဒါကိုဝတ်ဆက်လိုက်ပြီဆိုတာနဲ့မျက်နှာလည်ပင်းနဲ့ခြေထောက်တွေကိုသာနေရောင်ခြည်ဒဏ်ကကာကွယ်ဖို့လိုပါတော့တယ်။ ထို့အပြင်ရေကူးအင်္ကျီဟာသင်ရေအောက်ရောက်သွားတဲ့အခုမှာလည်းရေကာခရမ်တွေလိုပျက်သွားမှာကိုမစိုးရိမ်ရပါဘူး။ ၄။ ကောင်းမွန်တဲ့ခန္ဓါကိုယ်ဂျီးချွတ်ခြင်း။ လူတော်တော်များများဟာသူတို့်ခန္ဓါကိုယ်ပေါ်ကအရေပြားကိုလျစ်လျူရှုတက်ကြပါတယ်။ ဒါပေမယ့်သင်ဟာသင့်ရဲ့မျက်နှာကိုဂရုစိုက်သလိုပဲ ခန္ဓါကိုယ်ကိုလည်းဂရုစိုက်သင့်ပါတယ်။ ရေချိုးပြီးတိုင်းမှာသင့်ရဲ့ခန္ဓါကိုယ်ကိုအစိုဓါတ်ရှိနေအောင်ထိန်းသိမ်းထားရပါမယ်။ ဒါ့အပြင်ကျွန်ုပ်တို့အသက်ကြီးလာနဲ့အမျှဆဲလ်တွေဟာ ပျက်စီးကုန်ကြတဲ့အတွက်ခန္ဓါကိုယ်ဂျီးချွတ်ခြင်းကို တစ်လတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။ epsom saltနဲ့အရင်၁၀မိနစ်ရေချိုးလိုက်ခြင်းဟာပို၍ပင်ကောင်းစေပါသည်။ ထို့နောက်ကျောကုန်းကိုbrushနဲ့တိုက်ချရမှာဖြစ်ပါတယ်။ မကြာခဏဂျီးချွတ်ပေးခြင်းဟာသင့်ရဲ့အရေပြားကိုပိုမိုနူးညံ့စေပြီးယားယံခြင်းတွေကိုလည်းသက်သာစေပါတယ်။ ၅။ နေကာမျက်မှန်များ ကျွန်တော်တို့တွေနေကိုတည့်တည့်မကြည့်ကြပါဘူး။ နေနဲ့ဝေးရာကိုပဲကြည့်လေ့ရှိကြပါတယ်။ ဒါကြောင့်နေရောင်ခြည်ဟာကျွန်ုပ်တို့မျက်နှာဘေးဘက်ကိုပုံမှန်ထိလေ့ရှိပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှနေရောင်ခြည်ရဲ့ထိခိုက်မှုတွေရယ်မောခြင်းတွေအရိုး၊အဆီနဲ့အရေပြားတွေကထောက်ပံ့မှုအားနည်းလာတာတွေပေါင်းစပ်ပြီးမျက်လုံးတစ်ဝိုက်မှာအရေးအကြောင်းတွေဖြစ်ပေါ်လာရပါတယ်။ သင်ဟာမျက်လုံးဘေးဘက်တွေပါအုပ်မိတဲ့နေကာမျက်မှန်မျိုးတပ်ခြင်းဖြင့်နေရောင်ခြည်ရဲ့အန္တရာယ်ကနေကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်မျက်လုံးပတ်လည်အသားအရေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့နေကာခရမ်မျိုးကိုလည်းလိမ်းသင့်ပါတယ်။


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားထူထပ်စေဖို့ နည်းလမ်း ၇ သွယ်

လူတွေဟာ တစ်ချိန်ချိန်မှာ ဆံပင်ကျွတ်ခြင်းကို မလွှဲမရှောင်သာကြုံရမှာပါ။ ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။ ဆံသားဆုံးရှုံးမှုတွေ အများကြီးမဖြစ်ခင်ကတည်းက ကာကွယ်မှုတွေပြုလုပ်ထားသင့်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်း စတင်ပြီဆိုတာနဲ့ အခုဖော်ပြမယ့် နည်းလမ်း ၇ မျိုးအတိုင်းပြုလုပ်ကြရအောင်ပါ။ ဒါက သင့်ဆံပင်တွေ ပြန်လည်ထူထပ်လာဖို့ အထောက်အကူပြုမှာပါ။ ၁။ ဆံသားထူထပ်စေမယ့် ခေါင်းလျှော်ရည်မျိုးကိုသုံးပါ။ Ketoconazole( ဗောက်ပျောက်ဆေးတစ်မျိုး) က ဆံသားတွေကိုထူထပ်တဲ့ပုံပေါက်စေကြောင်း အတည်ပြုပြီးပါပြီ။ ဒါကြောင့် ဒီပစ္စည်းပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးကိုသုံးပါ။ ဆရာဝန်ဆေးစာမပါဘဲ ဝယ်လို့ရတဲ့ Nizoral A-D ဆိုတဲ့ခေါင်းလျှော်ရည်မှာ ketoconazole တွေအများကြီးပါဝင်ပါတယ်။ ဒါက သင့်ဆံသားတွေကို အမြဲတမ်း အကောင်းဆုံးပုံစံဖြစ်နေစေမှာပါ။ အကောင်းဆုံးရလဒ်ရရှိစေဖို့ သင့်ဦးရေပြားကို လေးပုံတစ်ပုံပမာဏခန့်ဖြင့် တစ်ပတ်မှာအကြိမ်ပေါင်းများစွာ စိုရွှဲအောင်လိမ်းပေးနိုင်ပါတယ်။ အလွန်အကျွံအသုံးပြုမယ်ဆိုရင် ဆံသားခြောက်သွေ့ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် တခြားအချိန်တွေမှာတော့ စပ်ဖျဉ်းဖျဉ်းမဖြစ်စေတဲ့ ခေါင်းလျှော်ရည်မျိုးကိုသုံးပေးပါ။ ၂။ သင့်ရဲ့ဘီးကို မြောင်းထဲသို့ပစ်လိုက်ပါ။ ခေါင်းဖြီးခြင်းကြောင့် သင့်ဆံပင်တွေဟာပြားကပ်ပြီး အဆီတွေနဲ့ […]


အသားအရေနှင့် အလှအပ

အတွင်းသို့ပြန်ပေါက်နေသော အမွေးတွေကို ကောင်းမွန်စွာ ဖယ်ရှားရန်နည်းလမ်းများ

အမွေးတွေဟာ အတွင်းသို့်ပြန်ပေါက်ရန် ဖိနှိပ်ခံရသောအခါ အရေပြားအပြင်ဘက်ကို ကောင်းကောင်းမပေါက်နိုင်တော့ဘဲ အတွင်းဘက်ကို ပေါက်သောအမွှေးတွေ ဖြစ်လာတတ်ပြီး နာကျင်စေတဲ့ အနီရောင်အဖုအဖြစ်ပြောင်းလဲကာ ရောဂါပိုးဝင်ရောက်စေနိုင်ပါတယ်။ သင်ဟာ အလှပြင်ဆိုင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ဖယောင်းနှင့်အမွေးချွတ်ခြင်း ပြုလုပ်တဲ့အခါ အတွင်းကိုပြန်ပေါက်တဲ့အမွေးတွေဖြစ်လာတတ်ပါတယ်။ ဖိခြင်းခံရတဲ့နေရာတွေမှာ အတွင်းကိုပေါက်တဲ့ အမွှေးတွေအဖြစ်များတတ်ပါတယ်။( ဥပမာ- အတွင်းခံနေ့တိုင်းဝတ်တဲ့သူမှာ အတွင်းခံကြိုးနေရာမှာ တွေ့ရတတ်ပါတယ်) အတွင်းကိုပြန်ပေါက်တဲ့အမွှေးတွေကို ဖြစ်စေသောအကြောင်းများ လူတိုင်းမှာ အတွင်းကိုပြန်ပေါက်တဲ့ အမွှေးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ အမွှေးကြမ်းပြီးကောက်တဲ့လူတွေမှာ ပိုအဖြစ်များတတ်တယ်။ အမွှေးရိတ်ပြီးတဲ့အချိန် သို့ ညှပ်ပြီးတဲ့အချိန်မှာ ကောက်တဲ့အမွှေးဟာ နောက်ကိုပြန်ကွေးပြီး အရေပြားအောက်ကိုပြန်ဝင်သွားတတ်တယ်။ ဒါ့ပြင် တချို့လိင်နှင့်ဆိုင်သောဟော်မုန်းအထွက်များတဲ့ လူတွေဟာ အမွေးပိုပေါက်တဲ့အတွက် အမွေးရိတ်ပြီးချိန်မှာ အတွင်းသို့ ပြန်ပေါက်တာအဖြစ်များတယ်။ အမွှေးထူထူကောက်ကောက်တွေကို ပိုင်ဆိုင်တဲ့လူမျိုးတွေမှာ Pseudofolliculitis လို့ခေါ်တဲ့ အတွင်းကိုပြန်ပေါက်တဲ့ အမွေးတွေရှိတတ်ကြတယ်။ Razor အဖုလို့ အသိများကြတယ်။ ဒီအဖုလေးတွေဟာ ပါးသိုင်းမွှေးပေါက်တဲ့နေရာမှာ တွေ့ရများပြီး သင်မလိုလားတဲ့အမွေးတွေကို […]


ဝက်ခြံ

ဝက်ခြံဆိုးတွေကို ဘယ်လိုကုသမလဲ။

ဝက်ခြံဆိုတာဟာ လူတော်တော်များ အထူးသဖြင့် လူပျိုဖော်အပျိုဖော်ဝင်တဲ့လူငယ်တွေမှာ အဖြစ်များတဲ့ အရေပြားပြသနာတစ်ခုပါ။ အဲဒီဝက်ခြံတွေဟာ အသက်ကြီးလာတဲ့အခါ ပျောက်သွားကြပါတယ်။ ဒါပေမဲ့ အချို့လူတွေမှာ ဝက်ခြံတွေက သူတို့ရဲ့ အသွင်အပြင်တွေကို ဆိုးဝါးသွားစေတဲ့အထိ ဆိုးဝါးသွားတတ်ကြပါတယ်။ ဒါကြောင့် အဲဒီဆိုးဝါးလှတဲ့ ဝက်ခြံတွေကို ဘယ်လိုကိုသရမလဲ သိဖို့ အရမ်းအရေးကြီးပါတယ်။ ဝက်ခြံဆိုးတွေဆိုတာ ဘာလဲ။ ဝက်ခြံဆိုးတွေဆိုတာ ပြည်တွေနဲ့ ဝက်ခြံတွေကိုဆိုလိုတာပါ။ ယင်းဟာ ဝက်ခြံတွေထဲမှာ အဆိုးဝါးဆုံးဝက်ခြံတစ်ခုဖြစ်ပါတယ်။ အနီရောင် နာကျင်သော ဘုကြီးတွေဟာ မျက်နှာ၊ ကျောကုန်း၊ လက်အပေါ်ဘက်နဲ့ ပခုံးတွေမှာတောင်မှပေါက်နေပြီးရင်တော့ ဝက်ခြံဆိုးတွေ ဖြစ်ဖို့များနေပါပြီ။ အခြားမပြင်းထန်တဲ့ ဝက်ခြံတွေနဲ့ မတူဘဲ ပြည်ဘုဝက်ခြံတွေက အဆီတွေနဲ့ အရေပြားဆဲလ်အသေတွေဟာ ချွေးပေါက်တွေနဲ့ မွေးညင်းပေါက်တွေမှာ စုပုံလာတဲ့အခါမှာ ဖြစ်ပေါ်လာကြတာပါ။ ယောက်ျားလေးအများစုဟာ ယင်းဝက်ခြံဆိုးတွေကို လူပျိုဖော်ဝင်ချိန်မှာ ခံစားကြရပါတယ်။ ဒါပေမဲ့လည်း အချို့ယောက်ျားလေးတွေမှာတော့ ဟော်မုန်းဖောက်ပြန်တာကြောင့် အသက်ကြီးတဲ့အချိန်ထိ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း