အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ

လူတွေဟာ သူတို့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ လာရတဲ့ ဘဝမှတ်တိုင်တွေနဲ့ စိတ်ခံစားမှုတွေကို သက်သေထူရန် သူတို့ရဲ့ခန္ဓါကိုယ်မှာ တက်တူးတွေကို ထိုးကြပါတယ်။ တက်တူးထိုးခြင်းဟာ နာကျင်စေတဲ့ အပြင်ရှုပ်ထွေးပြီး သေချာဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က ပြောရမယ်ဆိုရင်လည်း တက်တူးထိုးပြီးတဲ့ အခါမှာ လူအများဟာ ၎င်းကို ပြန်ဖျက်ချင်ကြပါတယ်။ သို့သော် မှန်မှန်ကန်ကန် ဖျက်ဖို့ရာ နည်းလမ်းတွေအကြောင်းကို မစဉ်းစားကြပါဘူး။ ယခုဖော်ပြမယ့် ဆောင်းပါးဟာ တက်တူးအမျိုးအစားနှင့် တက်တူး တွေ အကြောင်းအပြင် ၎င်းကို ဖယ်ရှားဖို့ရာ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို နားလည်စေရန် ပြောပြမှာ ဖြစ်ပါတယ်။ တက်တူးတစ်ခုကို ဘယ်လိုဂရုစိုက်ရမလဲ တက်တူးထိုးပြီးပြီးခြင်းမှာ ချက်ချင်း ဂရုစိုက်ပေးရမည့် အချက်များ တက်တူးထိုးပြီးလို့ ၁ နာရီ နှင့် ၃ နာရီ ကြားမှာ ပတ်တီးစည်းပေးထားခြင်း သို့မဟုတ် အုပ်ပေးထားခြင်း ကိုပြုလုပ်ပေးရပါမယ်။ ဒီပတ်တီးဟာ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြား ခြောက်သွေ့အက်ကွဲခြင်းကို ကုသခြင်း

ရာသီဥတုဟာ လူသားတွေရဲ့ ကျန်းမာရေးကို ပြဿနာများစွာ ဖြစ်ပေါ်စေပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း သို့မဟုတ် ရာသီအလိုက် ဓါတ်မတည့်မှုများ ဖြစ်ပွားခြင်း စတာတွေအပြင် အရေပြားများ ခြောက်သွေ့ အက်ကွဲခြင်းဟာလည်း ရာသီဥတုနှင့် သက်ဆိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာတဲ့ အခါမှာ နာကျင်မှု အပျော့စားကနေ ပြင်းထန်တဲ့ နာကျင်မှုအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ၎င်းကို ဘယ်လို အန္တရာယ်ကင်းစွာ ထိထိရောက်ရောက် ကုသနိုင်မလဲ ဆိုတာက အမှန်တကယ်ကို လိုအပ်နေပါတယ်။   ဘာကြောင့် လူတွေဟာ အရေပြားခြောက်သွေ့ အက်ကွဲကြသလဲ။ အရေပြားဟာ အစိုဓါတ် ပြတ်တောက်သွားတဲ့ အခါ အရေပြားခြောက်သွေ့ အက်ကွဲခြင်းကို ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခြေအနေဟာ များသောအားဖြင့် ဖြေဖဝါးနှင့် လက်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေဟာ […]


ဝက်ခြံ

ဝက်ခြံဖုတွေကြောင့်နီမြန်းနေတာတွေ ညတွင်းချင်း သက်သာအောင် ဘယ်လိုလုပ်မလဲ

ဝက်ခြံကြောင့် အသားနီမြန်းခြင်းကို မြန်မြန်ပျောက်အောင် လုပ်ချင်တဲ့ အကြောင်းရင်းတစ်ခုကတော့သင့်မှာအရေးကြီးတဲ့ ပွဲ (သို့) အစည်းအဝေးတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခါသင့်ကိုဘေးကလူတွေ ဝက်ခြံကြောင့် နီမြန်းခြင်းကိုငေးကြည့်နေမှာကိုလိုလားမှာမဟုတ်ပါဘူး။ ဒီလိုပဲမျက်နှာမှာအနီရောင်အကွက်တွေကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်ချင်မှာလဲမဟုတ်ပါဘူး။ Tetracycline၊ doxycycline၊ minocycline၊ erythromycin စတဲ့ ပိုးသတ်ဆေးတွေဟာဝက်ခြံကြောင့် နီမြန်းခြင်းကိုလျော့ကျစေမှာ ဖြစ်ပေမယ့် ဒီရလဒ်ကို မြင်ရဖို့ အချိန်တော့ ယူရမှာပါ။ ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာဘာလဲ။ ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာအမာရွတ်ထင်ခြင်းမဟုတ်ပါဘူး။ သူဟာရောင်ရမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။ ဝက်ခြံကြောင့် နီမြန်းခြင်းကိုဘယ်လိုများရခဲ့ပါသလဲ။ သူဟာအဆီတွေ မွေးညင်းပေါက်တွေနဲ့ နံရံတစ်လျှောက် ဖြတ်သန်းသွားရာကစတင်ဖြစ်ပေါ်ပါတယ်။ ချွေးပေါက်တွေထဲမှာအဆီဟာဆဲလ်အသေတွေနဲ့ ပေါင်းပြီးချွေးပေါက်ပိတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကပဲဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုပွားစေပြီးတော့ ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းကို ဖြစ်စေပြီးတစ်ရှူးတွေကိုပျက်စီးစေတဲ့ Free radicals တွေကိုထုတ်ပေးပါတယ်။ တကယ်လို့ ဒီလိုတွေ မဖြစ်ဘူးဆိုရင်တော့ အနီကွက်ဟာသူ့ဘာသာသူပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့်လည်းတစ်နှစ်ကျော်တဲ့အထိအရောင် မပြောင်းလဲဘူးဆိုရင်တော့ အမာရွတ်ဖြစ်ကောင်ဖြစ်နိုင်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆန်ဆေးရည် ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

လူအတော်များများက သူတို့ ထမင်းချက်တဲ့အခါ သုံးတဲ့ ဆန်ဆေးရည်ကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ ဆန်ဆေးရည် ကပေးတဲ့ အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ဖြုန်းတီးပစ်နေတာနဲ့ အတူတူပါပဲ။ ဆန်ဆေးရည်မှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဆန်ဆေးရည် ရဲ့ နောက်ကွယ်ကပုံပြင် ဆန်ဆေးရည်ကို နှစ်ပေါင်းများစွာ ကတည်းက အရှေ့ပိုင်း ယဉ်ကျေးမှုတွေမှာ အသိအမှတ် ပြုနေကြပါတယ်။ အရှေ့တိုင်းသူတွေ အသားအရေ လှပတာ အံ့သြစရာမရှိပါဘူး။ အတိတ်ကာလတုန်းက အရှေ့တောင်အာရှ နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ မျက်နှာ နဲ့ ဆံပင်အတွက် ဆန်ဆေးရည်ကို အသုံးပြုကြပြီးဆန်ဆေးရည်နဲ့တောင် ရေစိမ်ချိုးလေ့ ရှိကြပါတယ်။ ဆန်ဆေးရေထဲမှာ Ferulic acid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပြန်လည်ပေါက်ရာတွင် ဘာတွေဖြစ်ပါသလဲ။

လူတိုင်းဆံပင်ပြန်ပေါက်ရာတွင် မတူကြသည်ကိုသိထားပြီးဖြစ်ကြပါလိမ့်မည်။ ဆံပင်ပြန်ပေါက်ခြင်းအဆင့်ဆင့်သည် ပြီးပြည့်စုံရန် ပျမ်းမျှအားဖြင့် ၄လမှ၆လခန့် ကြာမြင့်ပါသည်။ ထို့ကြောင့် စိတ်ရှည်ရန် အရေးကြီးပါသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သောပြောင်းလဲမှုများကိုသတိပြုမိပါလိမ့်မည်။ဤဆောင်းပါးတွင် သင်သိလိုသောဆံပင်ပြန်ပေါက်ပုံအဆင့်ဆင့်ကိုဖေါ်ပြထားပါသည်။ အကယ်၍ သင်သည် ဆံပင်ကျွတ်ခြင်းကိုခံစားနေရပါကဤအရာသည် ပုံမှန်သဘောသာဖြစ်၍ ဆံပင်၏ ပုံမှန်ကြီးထွားပုံသံသရာတွင် ပါဝင်သောအရာသာဖြစ်ပါသည်။ ဆံပင်သည် အဆင့်ဆင့်ပြန်ပေါက်ခြင်းဖြစ်ပြီးရှည်စွာပေါက်လာပြီးနောက် တဖန်ပြန်ကျွတ်ပြန်ပါသည် ထိုနောက် မပြောင်းလဲသောကာလတခုရှိပါသည်။ ဆံပင်ကြီးထွားခြင်းတွင် အနာဂင်(anagen)၊ ကတာဂင်(catagen)နှင့် တီလိုဂင်(telogen)ဟူသောအဆင့် ၃ဆင့်ရှိပါသည်။ ဆံပင်ကြီးထွားလာပုံကိုနားလည်လာအောင် အထက်ပါအဆင့်၃ဆင့် ဖြစ်ပျက်ပုံကိုစမ်းစစ်ကြည့်ပါစို့။ (၁)အနာဂင်အဆင့် အနာဂင်အဆင့်သည် ဆံပင်၏ ပွားများတက်ကြွသောအဆင့်ဖြစ်ပါသည်။ ဆံပင်အမြစ်ရှိ ကလပ်စည်းများသည် လျှင်မြန်စွာပွားများလျက် ရှိပါသည်။ ဆံပင်အသစ်သည် မပွားတော့သည့် သို့မဟုတ် အနာဂင်အဆင့်တွင် မရှိတော့သည့် ဆံပင်စုကိုအပေါ်သို့တွန်းထိုး၍ အပြင်သို့ ထွက်လာပါသည်။ ဤအဆင့်တွင် ဆံပင်သည် ၂၈ရက်တွင် ၁စင်တီမီတာခန့် ရှည်လာပါသည်။ ဦးရေရှိ ဆံပင်သည် ဤပွားများသောအဆင့်တွင် ၂နှစ်မှ ၆နှစ်ထိနေလေ့ရှိပါသည်။ လူတချို့တွင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးများကို ဂရုစိုက်ရန်နည်းလမ်း ၆သွယ်

ယေဘူယျအားဖြင့်လူအများစုသည် လက်သည်းခြေသည်းများကို ပါတီပွဲမတက်ခင်ထိ၊ပြောင်လက်သောလက်သည်းဆိုးဆေးများမဆိုးမိခင်ထိ သတိမပြုမိတတ်ကြပေ။ သို့သော်လည်း မိခင်သဘာဝတရားက လက်သည်းခြေသည်းများကို ပေးအပ်ထားသည်မှာ အကြောင်းရင်းရှိပါသည်။ လက်သည်း ပန်းကုံးလေးများသည်သင်၏လက်ချောင်းလေးများကို အခုအခံအဖြစ် ကာကွယ်ပေးထားသည်။ ခြေထောက် နှင့် လက်တို့ကဲ့သို့ပင် သူတို့သည်လည်း ခန္ဓါကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အောက်ပါတို့သည် သင်၏လက်သည်းပန်းကုံးလေးများကလိုအပ်နေသော ဂရုစိုက်ရန် နည်းလမ်း (၆) ခုဖြစ်သည်။   (၁)လက်သည်းပန်းကုံးလေးများပါအောင် လက်သည်းညှပ်ခြင်းကိုရှောင်ပါ အရေပြားဆရာဝန်များက လက်သည်းပန်ကုံးလေးများပါအောင် မညှပ်သင့်ကြောင်း သေသေချာချာသတိပေးတတ်သည်။ ထိုသို့ညှပ်ပါက မကြာခဏဆွပေးသကဲ့သို့ရှိပြီး ရောဂါပိုးများလည်းဝင်တတ်သောကြောင့်ဖြစ်သည်။ လက်သည်းပန်ကုံးများကို ညှပ်ခြင်းဖြင့် လက်သည်းတွင် အစင်းကြောင်းများဖြစ်ခြင်း၊အဖြူစက်များ အဖြူစင်းများထခြင်း၊ဘက်တီးရီးယားပိုးဝင်ခြင်းစသော ကျန်းမာရေးပြဿနာများအပြင် အနေရခက်သည့်အပြင် အမြင်မတင့်တယ်ခြင်းမျိုးလည်းဖြစ်တတ်သည်။   (၂)လက်သည်းညှပ်ကို အဝေးမှာထားပါ သင်၏လက်သည်းပန်းကုံးများသည်နူးညံ့သော အစိတ်အပိုင်းဖြစ်ပြီးသူတို့ကို ညှပ်ခြင်းဖြင့် မာကျောကြွပ်ဆတ်လာတတ်သည်။ လက်သည်းမညှပ်ရဟု ဆိုလိုက်လျှင် အချို့ က မည်သည်အထိရှည်မည် မသိသော လက်သည်းမျိုးဖြစ်၍ လက်ခံချင်မှ လက်ခံလိမ်မည်။ လက်သည်းညှပ်ခြင်း မညှပ်ခြင်းက လက်သည်း၏ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ထိပ်ပြောင်ခြင်းကိုကာကွယ်ရန်နည်းလမ်းများ

အသက်အရွယ်ရလာသည်နှင့်အမျှ သင့်ဆံပင်၏ထူထဲမှုသည်လည်း တဖြည်းဖြည်းလျော့ပါးလာသည်။ သင့်ဆံပင်ဆံသားစပ်သည်လည်းနောက်သို့ရောက်ရောက်သွားပြီးသင်၏ဦးရေပြားသည်လည်းပါးလှပ်သောဆံပင်ကိုကျော်၍ပိုမိုမြင်လာရသည်။ ယခုဖြစ်စဉ်သည် မျိုးရိုးဗီဇပေါ်မူတည်၍ကြိုတင်သတ်မှတ်ထားပြီးဖြစ်သော်လည်းအောက်ပါနည်းလမ်းနှစ်သွယ်ကိုအသုံးပြု၍ ဆုံးရှုံးခဲ့ပြီးသောဆံပင်များကိုထပ်မံမဆုံးရှုံးတော့ရန်နှင့် ဆံပင်များထပ်မံပေါက်ရန်ကိုသာ ဖြစ်စေနိုင်ပါသည်။ (၁)မီနောက်ဆီဒေးလ်ဟုခေါ်သောဆေးရည် (သို့မဟုတ်) လူးဆေး ( Minoxidil ) သင့်အနေဖြင့်သောက်ဆေးများကိုလည်းမသုံးစွဲဘဲဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ချင်သည်ဆိုလျှင် မီနောက်ဆီဒေးလ်သည်သင်ရှာဖွေနေသောအဖြေဖြစ်လိမ့်မည်။ သင်၏ကျန်ရှိသောဘဝအချိန်များတွင် တစ်နေ့လျှင် ၂ ကြိမ်အသုံးပြုနိုင်ပါသည်။ အဆင်ပြေသည်မှာ ထိုဆေးသည်ဆရာဝန်ညွှန်ကြားချက်မလိုဘဲအသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ပြင်ပိုမိုကောင်းမွန်သည့်အချက်မှာထိုဆေး၌ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါးခြင်းဖြစ်သည်။ ထိုဆေး၏အလုပ်လုပ်ပုံကိုတိကျရှင်းလင်းသည့် သိပ္ပံနည်းကျဖြေရှင်းချက်မရှိသေးပါ။ သို့သော် သုတေသီများကထိုဆေးသည်ဆံရင်းရှိဆံအိတ်များကို ကြီးထွားစေပြီးဆံပင်ရှင်သန်မှုကိုအားပေးသည်ဟုဆိုကြသည်။ မီနောက်ဆီဒေးလ် ကိုအသုံးပြုမည်ဟု ဆန္ဒရှိလျှင်စိတ်ရှည်ဖို့တော့လိုလိမ့်မည်။ သိသာမြင်သာသောပြောင်းလဲမှုဖြစ်ရန် အနည်းဆုံးအချိန် ၄ လခန့်ယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။ အချို့လူများတွင် ထိုဆေးသည်ဦးရေပြားကိုယားယံစေခြင်း ၊ အဖတ်အဖတ်များကွာကျစေခြင်းမျိုးလည်းရှိနိုင်သည်ကိုတွေ့ရသည်။ ထို့ကြောင့် တုန့်ပြန်လွယ်သောအရေပြားရှိသူများသည် သတိပြု၍သုံးစွဲသင့်သည်။   (၂)ဖီနာစထရိုက်ဟုခေါ်သောဆေးပြား ( Finasteride ) အကြောင်းတစ်ခုခုကြောင့် မီနောက်ဆီဒေးလ်ကိုအသုံးမပြုနိုင်သူများအတွက် ဖီနာစထရိုက်သည်သာရွေးချယ်စရာကျန်ပါသည်။ ဖီနာစထရိုက်သည် ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း ( Dihydrotestosterone ) ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း( Dihydrotestosterone […]


ဝက်ခြံ

ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ

ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ ချောမွတ်တဲ့အသားအရည်တွေကိုအမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကိုကုသပေးဖို့လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ကုသမယ်ဆိုရင်တော့ အသားအရည်ကိုပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကိုစားပေးရမှာပါ။ အမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ဆိုရင်တော့ အစားအစာတွေကိုအစီအစဉ်တကျ ညီညီမျှမျှစားသောက်ရမှာပါ။ Zinc (ဇင့်) အသားအရည်ကျန်းမာရေးအတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့်ကမရှိမဖြစ်အရေးပါပါတယ်။ သူကဒဏ်ရာတွေကို ကုသတဲ့နေရာမှာအထောက်အကူပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာပါဝင်တဲ့စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ကြက်ဥစသည်တွေမှာဇင့် ဓါတ်မြောက်များစွာပါဝင်ပါတယ်။ zinc ဓါတ်ကိုပိုပြီးရရှိစားသောက်နိုင်ဖို့အတွက် အနီရောင်အသားတွေကိုများများစားပေးပါ။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာလဲဇင့် ဓါတ်တွေပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာလဲလုံလောက်တဲ့ဇင့် ဓါတ်တွေရှိပါတယ်။ ကုလားပဲ၊ ပဲနီလေး၊ ထောပတ်ပဲ၊ black beanနဲ့ ပဲလိပ်ပြာစတဲ့ပဲတွေမှာဇင့်တွေအလုံအလောက်ပါဝင်ပါတယ်။ ပဲဟင်းကတော့ တကယ်ကိုဇင့်ဓါတ်ကြွယ်ဝတဲ့ဟင်းပါ။ ပဲငါးပိနဲ့ အခြားပဲအမျိုးမျိုးမှာလည်းဇင့်ဓါတ်တွေပါဝင်ပါတယ်။ ပဲပုပ်(soy)ကိုအခြေခံထားတဲ့စားစရာတွေဖြစ်တဲ့ တိုဟူး၊ မီဆို ၊ tempeh ၊ soy cheese နဲ့ meatless entrée ကိုလည်းသင်စားသုံးနိုင်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်သက်သာစေမယ့်အစားအစာ ၇ မျိုး

လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ရဖို့က အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆန္ဒရှိတဲ့အရာပါ။ ဒါပေမယ့် ဆံပင်ကျွတ်ခြင်းနဲ့ဆံသားပျက်စီးခြင်းက အခုတလော အရမ်းအဖြစ်များနေကြတဲ့ ကိစ္စဖြစ်လာပါတယ်။ အသက်ကတဖြည်းဖြည်းကြီးလာတာကြောင့် အရွယ်လေးရလာတာနဲ့အမျှ ဆံပင်တွေ နည်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်စဉ်မှာတည်းက ဆံပင်တွေစနည်းလာပြီဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ သင်သိမှာတော့မဟုတ်ပေမယ့် ဆံကေသာနဲ့ပတ်သက်တဲ့ ဆေးနည်းကို သင်စားသောက်နေတဲ့အာဟာရဓါတ်စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆံပင်ဆိုတာ ရှင်သန်ကြီးထွားမှုမြန်တဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး ကိုယ်စားလိုက်တဲ့အစားအစာ ကိုမူတည်ပြီး သင့်ရဲ့ဆံသားမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားမယ့်အရာတွေကို ရွေးချယ်ဆုံးဖြတ်ပြီး ဆံပင်သန်စွမ်းမှု၊ တောက်ပြောင်ချောမွေ့မှုနဲ့ ဆံပင်ကျန်းမာရေးအလုံးစုံကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာ စေဖို့က သင်စားမယ့် အစားအစာတွေမှာ အရေးပါတဲ့အာဟာရဓါတ်တွေ ညီညွတ်မျှတစွာ ပေါင်းစပ်ပါဝင်နေဖို့လိုပါတယ်။ အရေးကြီးဆုံးအာဟာရကတော့ ပရိုတင်းဓါတ်ဖြစ်ပါတယ်။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားများအတွက် လွယ်ကူတဲ့ အရေပြားထိန်းသိမ်းနည်းများ

အမျိုးသားတွေရဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက ရိုးရှင်းပြီး သမာရိုးကျဖြစ်ကာ လွယ်ကူသင့်ပါတယ်။ အမျိုးသားတွေအနေနဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အမျိုးသမီးတွေလိုမျိုး အဆင့်ဆင့်လိမ်းခြယ်မှု တွေမလိုအပ်သလို ခရင်မ်တွေကိုလည်း အထူကြီးလိမ်းစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် အရိုးသားဆုံးပြောပြရမယ်ဆိုရင်တော့ အရမ်းကြည့်ရဆိုးနေတာမျိုးမဖြစ်စေဘဲ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းစေဖို့အတွက် အချိန်နည်းနည်းလောက်ပေးပြီး အရေပြားကို ထိန်းသိမ်းပေးသင့်ပါတယ်။ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ မလိုအပ်ပါဘူး။ သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့တင် အရေပြားထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဖို့လုံလောက်ပါတယ်။ ကျွမ်းကျင်သူ တွေရဲ့ကျန်းမာ၊ သန့်စင်ပြီး အစိုဓါတ်ထိန်းသိမ်းနည်း အကြံပြုချက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။ ၁။ အရေပြားကိုသန့်စင်ပေးပါ အမျိုးသားများစုဟာ နေ့အချိန်မှာ အရေပြားအချို့နေရာတွေမှာ အဆီပြန်လေ့ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာတောင် အဆီပြန်လေ့ရှိပါတယ်။ အဆီပြန်လွန်းတဲ့အခါ အရေပြားစေးကပ်ပြီး ချွေးပေါက်ပိတ်တာမျိုးတွေကိုဖြစ်ပေါ်စေတဲ့အပြင် သင်တုန်းဓါးနဲ့ အမွေးမျှင်တွေကိုရိတ်တဲ့အခါ ချောချောမွေ့မွေ့ မဖြစ်စေပါဘူး။ ဒါကြောင့်မုတ်ဆိတ်မရိတ်ခင်မှာ ချွေးပေါက်တွေအဆီနဲ့ပိတ်မနေအောင် မျက်နှာသစ်ဆပ်ပြာ၊ ရေတို့နဲ့ မျက်နှာကို အရင်ဆုံး သန့်စင်ပေးပါ။ ၂။ မုတ်ဆိတ်ရိတ်ဖို့အသင့်ပြင်ပါ သင်တုန်းဓါးနဲ့မျက်နှာပေါ်ကအမွေးမျှင်တွေကို မရိတ်ခင်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း