အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေနှင့် အလှအပ

အရေးအကြောင်းတွေ ဘယ်လိုဖြစ်လာတာလဲ

အရေးအကြောင်းတွေဟာ ဘာတွေလဲ။ အရေးအကြောင်းတွေဟာ အသက်ကြီးလာလို့ သဘာဝအလျောက် ဖြစ်လာတာဖြစ်ပြီး နေနဲ့ ထိတွေ့မှုများတဲ့ အရေပြားမှာ အများဆုံးဖြစ်တတ်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ လက်မောင်းတွေမှာ ပိုအဖြစ်များပါတယ်။ မျိုးရိုးဗီဇကလည်း အရေပြားရဲ့ တည်ဆောက်ပုံနဲ့ အသားကို လွှမ်းမိုးမှုရှိပေမယ့် နေရောင်ထိတွေ့ခြင်းဟာတော့ အရေးအကြောင်းတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲဖြစ်ပါတယ် (အထူးသဖြင့် အသားဖြူတဲ့ သူတွေမှာ ပိုဆိုးပါတယ်။) အခြား အချက်တွေဖြစ်တဲ့ ညစ်ညမ်းစေတဲ့ ပစ္စည်းတွေနဲ့ ဆေးလိပ်သောက်ခြင်းတွေကလည်း အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ တကယ်လို့ အရေးအကြောင်းတွေက သင့်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် သူတို့ကို ချောမွေ့သွားစေဖို့ (သို့) သိပ်မမြင်သာစေဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။ ဆေး၊ အရေပြား ပြန်လည်တည်ဆောက်မှု နည်းလမ်းများ၊ fillers၊ ဆေးထိုးခြင်းနဲ့ ခွဲစိတ်ခြင်းတို့ဟာ အရေးအကြောင်းကို ထိရောက်စွာ ကုသပေးနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။ အကြောင်းရင်း အရေးအကြောင်းတွေဟာ ဘာကြောင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဓါတုကုထုံးခံယူနေချိန်မှာဆံပင်ကျွတ်တာတွေကို ဘယ်လိုရင်ဆိုင်မလဲ

ကင်ဆာဆေးသွင်းကုသတဲ့ ဆေးတွေဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေတာမို့ သင့်ပုံပန်းသွင်ပြင်ရယ် သင့်ကိုယ်သင် ထင်တဲ့ အတွေးတွေရယ်ကို ပြောင်းလဲစေပါတယ်။ ဒါပေမယ့် ကုသမှု အတွင်း (သို့) အပြီးမှာ ဆံပင်ပြန်ပေါက်လာပါလိမ့်မယ်။ ဒီအချိန်အတွင်းမှာ အချို့အချက်တွေဟာ ဆံပင်ကို ဒီအခြေအနေကို ထိန်းချုပ်ဖို့ ကာကွယ်ပေးပြီး သင့်ကိုယ်သင် ပိုသက်တောင့်သက်သာ ဖြစ်လာပါလိမ့်မယ်။ ဖြစ်နိုင်တဲ့ ဆံပင်ပြောင်းလဲမှုတွေကို သိရှိပါ။ ကင်ဆာဆေးသွင်းကုသမှု မပြုလုပ်ခင် သင့်ဆရာဝန်ကို ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို မေးမြန်းသင့်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းဟာ ကိုယ်ခန္ဓါအတွင်းမှာ ကြီးထွားလာတဲ့ ဆဲလ်တွေကို တားမြစ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေကိုသာမက သင့်ဆံပင်အရင်းမှာ ရှိတဲ့ ပုံမှန်ဆဲလ်တွေကိုပါ တားမြစ်ပါတယ်။ အချို့သူတွေဟာ ဆံပင်အကုန်ကျွတ်သွားပေမယ့် အချို့ကတော့ အနည်းငယ်သာ ကျွတ်ပါတယ်။ သင့်ဆံပင်ဘယ်လိုပြောင်းလဲမယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုအခြေအနေကြုံရပါစေ ကြိုတင်ပြင်ဆင် ထားဖို့ လိုအပ်ပါတယ်။ သင့်ဆံပင်ကို ဂရုစိုက်ပါ။ ခေါင်းကို ပျော့တဲ့ […]


ဝက်ခြံ

ဝက်ခြံအကြောင်းသိသင့်တဲ့အချက်ငါးချက်

ဝက်ခြံဆိုတာဘာလဲ ဝက်ခြံပေါက်တယ်ဆိုတာကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာပုံမှန်ဇီဝကမ္မဗေဒကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေကြီးကောင်ဝင်လာပြီ၊လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင်ဝက်ခြံတွေစထွက်လာပါပြီ။ သားတို့သမီးတို့ငယ်ငယ်တုန်းကပထမဆုံးဝက်ခြံပေါက်တုန်းကဆိုရင်အဖေအမေဆီ၊အကိုတွေအမတွေဆီဒါမှမဟုတ်သူငယ်ချင်းတွေဆီပြေးပြီးဘာလုပ်ရမလဲလို့အလန့်တကြားမေးကောင်းမေးခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့်အဲ့သလိုမျိုးတခြားသူတွေကိုမမေးခင်၊ဒါမှမဟုတ်ဝက်ခြံကိုအားပါးတရညှစ်မထုတ်ခင်ဝက်ခြံနဲ့ပတ်သက်ပြီးသားတို့သမီးတို့သိထားတယ်လို့ထင်ပေမယ့်မှားယွင်းနေတဲ့အချက်ကလေးတွေကိုဖတ်ကြည့်လိုက်ပါဦး။   အမှား။။ ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာအကောင်းဆုံးပဲ။ အမှန်။။ မှန်ရှေ့ကနေအခုခွာလိုက်ပါ။ တချို့လူတွေကမင်းကိုပြောပါလိမ့်မယ်၊ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာပိုကောင်းတယ်၊ဒါမှမသိသာတော့မှာ၊မြန်မြန်သက်သာသွားမှာစသဖြင့်ပေါ့။ ဒါတွေအကုန်လုံးကအမှားတွေချည်းပါပဲ။ ဝက်ခြံကိုညှစ်တာ၊ကလိနေတာ၊ဆိတ်ဆွနေတာဟာရောဂါပိုးမွှားတွေကိုမင်းရဲ့အရေပြားဟိုးအောက်ထဲကိုအားပါးတရထိုးထည့်နေသလိုဖြစ်စေတာကြောင့်မသက်သာစေတဲ့အပြင်ပိုပြီးနီလာ၊နာလာစေမှာဖြစ်ပြီးအခန့်မသင့်ရင်အနာဆိုးဆိုးရွားရွားတောင်ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ဝက်ခြံညှစ်ခြင်းဟာဘယ်တော့မှမပျောက်တော့မယ့်အမာရွတ်တွေကိုလည်း ဖြစ်စေမှာပါ။ တကယ်လို့ဝက်ခြံပေါက်တာဟာသားတို့သမီးတို့အလှပြရမယ့်အခမ်းအနားတခုနဲ့တိုက်တိုက်ဆိုင်ဆိုင်ကြီးဖြစ်နေတယ်ဆိုရင်ဖေဖေမေမေတို့နဲ့တိုင်ပင်ပြီး ပြနေကျမိသားစုဆရာဝန်ဒါမှမဟုတ်အရေပြားနဲ့အလှအပရေးရာဆရာဝန်နဲ့ ပြနိုင်ပါတယ်။ ဆရာဝန်ကကူညီပေးမှာပါ။   အမှား။။ စိတ်ဖိစီးမှုများရင်ဝက်ခြံပေါက်တယ်။ အမှန်။။ မနက်ဖြန်ဖြေရမယ့်စာမေးပွဲဒါမှဟုတ်နောက်အပတ်မှာကစားရမယ့်အားကစားပွဲကြီးဟာသားတို့သမီးတို့အသားအရေကိုဒုက္ခပေးမယ်လို့စိုးရိမ်ပူပန်နေပါသလား။ မပူပါနဲ့။ ကလေးဘဝရဲ့စိတ်ဖိစီးမှုလောက်နဲ့တော့ဝက်ခြံမပေါက်ပါဘူး။ အကယ်၍သားတို့သမီးတို့အနေနဲ့တကယ့်အကြီးစားစိတ်ဖိစီးမှုတွေကြုံရတဲ့အခါကျရင် (ဥပမာ။။ အိမ်ပြောင်းရတာ၊မိဘတွေအိမ်ထောင်ရေးအဆင်မပြေတာ) သားတို့သမီးတို့ခန္ဓါကိုယ်ကနေဆီဘမ်(sebum)လို့ခေါ်တဲ့အဆီတမျိုးကိုပိုပြီးထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာတောင်ဝက်ခြံကျိန်းသေပေါက်ထွက်ပြီလို့ပြောလို့မရသေးဖူးနော်။   အမှား။။ နေပူဆာလှုံရင်ဝက်ခြံပျောက်တယ်။ အမှန်။။ နေပူဆာလှုံတာနဲ့ဝက်ခြံနဲ့ဘာမှမဆိုင်ပါဘူး။ နေလောင်ပြီးခဏလောက်အသားညိုသွားရင်ဝက်ခြံကသိပ်မသိသာတော့တာမျိုးတော့ရှိတာပေါ့။ ဒါပေမယ့်နေလောင်တာပျောက်သွားပြီးအသားပြန်ဖြူလာရင်သားတို့သမီးတို့ရဲ့ဝက်ခြံကရှိနေဦးမှာပဲ။ ဒါ့အပြင်လုံလောက်တဲ့အကာအကွယ်မပါဘဲနေရောင်ထဲမှာအကြာကြီးနေမယ်ဆိုရင်အသားအရေကိုခြောက်သွေ့ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့အသက်ကြီးလာတဲ့အခါအရေးအကြောင်းတွေပေါ်လာတာ၊အရေပြားကင်ဆာစတာတွေကိုပါ ဖြစ်ဖို့အခွင့်အလမ်းကပိုများလာမှာအသေအချာပါပဲ။ သားတို့သမီးတို့အပြင်မထွက်ခင်တိုင်း SPF(Sun protection factor) အနည်းဆုံး၃၀ပါတဲ့နေလောင်ခံခရင်မ်ကိုလည်းလိမ်းဖို့မမေ့ကြပါနဲ့။ နေလောင်ခံခရင်မ်လိမ်းတဲ့အခါ ဝက်ခြံမဖြစ်စေပါ (nonacnegenic)လို့ ဗူးမှာအမှတ်အသားပါတဲ့ခရင်မ်ကို ရွေးလိမ်းကြပါ။ အဓိပ္ပါယ်ကချွေးပေါက်တွေကိုမပိတ်စေတဲ့အတွက်ဝက်ခြံကိုပိုမဆိုးစေဖူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါ့အပြင်လှပပြီးမြင်သူတိုင်းငေးရမယ့်အသားအရေမျိုးကိုပိုင်ဆိုင်စေဖို့အတွက်အပြင်ထွက်တိုင်းထွက်တိုင်းမှာဦးထုပ်ဆောင်းဖို့ဒါမှမဟုတ်နေကာမျက်မှန်တပ်ဖို့မမေ့ကြပါနဲ့။ ပြီးတော့ကမ်းခြေမှာဒါမှမဟုတ်ရေကူးကန်ဘေးမှာခုံလေးချပြီးရုပ်ရှင်ထဲကလိုနေပူဆာလှုံချင်တယ်ဆိုရင်သားတို့သမီးတို့သိထားရမှာကအဲ့ဒီလိုလုပ်တာကပိုက်ဆံကုန်တယ်၊ပျင်းဖို့လည်းကောင်းတယ်၊ ပြီးတော့အဓိကအချက်ကဒီလိုနေဆာလှုံတာဟာအရေပြားကင်ဆာဖြစ်ဖို့အခွင့်အလမ်းလည်းပိုများတယ်ဆိုတာပါပဲ။   အမှား။။ မျက်နှာခဏခဏသစ်ရင်ဝက်ခြံမဖြစ်ဘူး။ အမှန်။။ မျက်နှာကိုပုံမှန်သစ်ပေးခြင်းဟာမျက်နှာမှာရှိတဲ့အညစ်အကြေးတွေ၊ပိုလျှံနေတဲ့အဆီတွေနဲ့အရေပြားဆဲလ်အဟောင်းတွေကိုဖယ်ရှားပေးတဲ့အတွက်ယေဘုယျအားဖြင့်ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့လိုတာထက်ပိုပြီးမျက်နှာခဏခဏသစ်တာ၊မျက်နှာအရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာတွေဟာမျက်နှာအရေပြားကိုခြောက်သွေ့စေပြီးပျက်စီးစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေဖို့ပဲရှိပါတယ်။ ဒါဆိုရင်အသားအရေထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းကဘာတွေလဲ။ ယေဘုယျအားဖြင့်မျက်နှာကိုတစ်နေ့နှစ်ခါထက်ပိုမများစေဘဲဆပ်ပြာအပျော့စားဒါမှာမဟုတ်မျက်နှာသစ်ဆေးနဲ့ညင်သာစွာသစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာမျက်နှာကိုနူးညံ့တဲ့မျက်နှာသုတ်ပုဝါလေးနဲ့မျက်နှာကိုအသာအယာတို့ပေးရပါမယ်။ ဂျီးချွတ်ပွတ်တိုက်တာသားတို့သမီးတို့ရဲ့ဝက်ခြံကိုပိုဆိုးစေတဲ့အတွက်ရှောင်ကြဉ်ရပါမယ်။ အရက်ပြန်ပါဝင်တဲ့အလှကုန်ပစ္စည်းတွေဟာလည်းအသားအရေကိုခြောက်သွေ့ထိခိုက်စေတဲ့အတွက်အသုံးမပြုသင့်ပါဘူး။   အမှား။။ ဝက်ခြံမထွက်ချင်ရင်မိတ်ကပ်မလိမ်းနဲ့။ အမှန်။။ ငယ်ရွယ်နုပျိုသူတွေအဖို့မိတ်ကပ်မလိမ်းဘဲနဲ့လည်းကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့မိတ်ကပ်တွေ၊အလှကုန်တွေသုံးရတာကြိုက်တယ်ဆိုရင် "အဆီဓါတ်မပါဝင်ပါ"၊ "ချွေးပေါက်မပိတ်စေပါ"၊"ဝက်ခြံကိုပိုမဆိုးစေပါ" […]


အခြားအရေပြားပြဿနာများ

နေလောင်ခံခရင်မ် ရွေးချယ်တဲ့အခါ သိထားသင့်တဲ့ အချက်၇ချက်

ရေသွားကူးမှ ဒါမှမဟုတ် ကမ်းခြေသွားမှ နေလောင်ခံခရင်မ် လိမ်းရမယ်ဆိုတဲ့ ခေတ်ကုန်သွားပါပြီ။ လေ့လာတွေ့ရှိချက်တွေအရ နေလောင်ခံခရင်မ် နေ့စဉ်လိမ်းခြင်းဟာ အရေပြားကင်ဆာကို ကာကွယ်ပေးရုံသာမက အရေပြားကိုလည်းနုပျိုကျန်းမာစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တခြားသော နေ့စဉ်ဝယ်နေရတဲ့ လူသုံးကုန်ပစ္စည်းတွေလိုပဲ နေလောင်ခံခရင်မ် ဝယ်တာဟာလည်း အရေးပါလာပါပြီ။ နေလောင်ခံခရင်မ် ဝယ်ယူတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက သင့်ကို ကူညီပေးပါလိမ့်မယ်။   နေလောင်ဒါဏ် ကာကွယ်ပေးနိုင်တဲ့ အဆင့်ကို ကြည့်ပြီးရွေးချယ်ပါ။ သင်ဝယ်ယူတဲ့ နေလောင်ခံခရင်မ် ဟာ ခရမ်းလွန်ရောင်ခြည် A ကိုရော Bကိုပါ ကာကွယ်ပေးနိုင်ရပါမယ်။(UVB and UVA)။ SPF ကလည်း ၃၀နဲ့ အထက် ရှိရပါမယ်။ ကိုယ့်ရဲ့ နေထိုင်သွားလာလှုပ်ရှားမှုနဲ့ ကိုက်ညီရပါမယ်။ တခြားတခြားသော အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေလိုပါပဲ။ နေလောင်ခံခရင်မ် တွေလုပ်ပေးနိုင်တဲ့ အချက်၃ချက်ရှိပါတယ်။ ဒါတွေကတော့ သုံးစွဲရတာ အဆင်ပြေစိတ်ကျေနပ်မှု၊အသားအရေ လှပစေမှု […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်ကွင်းတစ်ဝိုက်လိမ်းဖို့အကောင်းဆုံး ခရင်မ်eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်

မျက်ကွင်းတဝိုက်လိမ်းဖို့အကောင်းဆုံး ခရင်မ်(eye cream) ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက် သင့်အနေနဲ့မျက်နှာကို moisturizer လိမ်းပြီးပြီဆိုရင် မျက်ကွင်းတဝိုက်ကို ခရင်မ် သက်သက်ထပ်လိမ်းဖို့ မလိုဖူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ မျက်လုံးပတ်လည်မှာရှိတဲ့ အသားအရေဟာ အင်မတန်နူးညံ့တာမို့ သူတို့ကိုလည်း ကျန်းမာသန်စွမ်းအောင် ရေဓာတ် အနည်းငယ် ထပ်ဖြည့်ပေးဖို့ လိုပါတယ်။ အခုအောက်မှာ ပြောပြမှာကတော့ မျက်လုံးတဝိုက်ကို ခရင်မ်လိမ်းပေးခြင်းအားဖြင့် ရလာနိုင်မယ့် အကျိုးကျေးဇူးတွေအပြင် ဘယ်လိုပစ္စည်းတွေကို ရွေးချယ်သင့်တယ်ဆိုတာကိုပါ ပြောပြပေးမှာ ဖြစ်ပါတယ်။ eye creamကို ဘာလို့ သုံးသင့်တာလဲ? ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီပါဘူး။ မျက်လုံးပတ်ချာလည်မှာ ရှိတဲ့ အရေပြားဟာ အတော်လေးပါးတဲ့အပြင် အနားမှာရှိတဲ့ ကြွက်သားတွေဟာလည်း သေးငယ်တဲ့အတွက် မျက်ရစ်ဖောင်းတာ၊မျက်ကွင်းညိုတာ၊အရေတွန့်တာ စတဲ့ ပြဿနာတွေ အင်မတန်ဖြစ်လွယ်ပါတယ်။ ဒါ့အပြင် အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတဲ့ အဆီဂလင်းတွေဟာလည်း မျက်လုံးနားတဝိုက်မှာ နည်းနည်းပဲရှိတဲ့အတွက် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာပေါ်မှ မလိုလားတဲ့ အမွေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း

မျက်နှာပေါ်မှ မလိုလားတဲ့ အမေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း၅ခု ကျွန်တော်တို့အားလုံးမှာ မလိုလားတဲ့ မျက်နှာပေါ်ကအမွှေးအမျှင်တွေရှိတတ်ကြပါတယ်။ တစ်ခါတလေမှာအမွှေးတွေက ပါးပေါ် သို့မဟုတ် မေးစေ့ စတဲ့ တကယ့်နေရာတွေမှာမှပေါက်တတ်ကြပါတယ်။ ဒီမလိုချင်တဲ့အမွှေးတွေကို သင့်အသားအရေကို မထိခိုက်စေဘဲဖယ်ရှားနိုင်ဖို့က မသေချာပါဘူး။ သင်လုပ်သင့်တဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့ နည်းလမ်း ၅ခုကို အောက်မှာဖော်ပြထားပေးပါတယ်။ Waxing လုပ်ခြင်း (ဖယောင်းကိုအသုံးပြုပြီး အမွှေးအမျှင်ဖယ်ရှားခြင်း) မျက်နှာရဲ့ဘယ်အစိတ်အပိုင်းကိုမဆိုWaxing လုပ်လို့အဆင်ပြေပြီး အမွှေးအမျှင်ကင်းတဲ့ အသားအရေကို ၄ပတ်ကနေ ၈ပတ်လောက်ထိ သင်ပိုင်ဆိုင်နိုင်မှာပါ။ သေသေချာချာလေးကြိုတင်ပြင်ဆင်ထားဖို့နဲ့ လုပ်ပြီးတဲ့အချိန်မှာ အသားအရေကိုဂရုစိုက်ဖို့ မမေ့ပါနဲ့။ waxing လုပ်ပြီးပြီဆိုရင် သင့်ရဲ့အရေပြားအပေါ်ဆုံးက ကာကွယ်ပေးနိုင်တဲ့အလွှာကိုဆုံးရှုံးထားတဲ့အတွက် chemical တွေ ဆဲလ်သေတွေဖယ်ရှားပေးနိုင်တဲ့ပစ္စည်းတွေကိုသုံးခြင်းနဲ့ နေပူဒဏ်ခံခြင်းကိုရှောင်ကြဉ်ပါ။ သင်ဟာ ကျွမ်းကျင်ပညာရှင် တွေဆီမှာ waxing လုပ်တာပဲဖြစ်ဖြစ် သင်ကိုယ်တိုင် လုပ်တာပဲဖြစ်ဖြစ် အထိအခိုက်လွယ် (sensitive) တဲ့ အသားအရေအတွက်ထုတ်ထားတဲ့ ဖယောင်းကိုသာရွေးချယ်ပါ။ sensitive ဖြစ်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

နေ့စဉ် ပုံမှန် ခန္ဓါကိုယ်အရေပြား ထိန်းသိမ်းနည်း

သင့်အရေပြားဟာ ကိုယ်ခန္ဓါပေါ်မှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သူဟာ ဖျားနာမှုတွေ၊ ရောဂါပိုးဝင်မှုတွေကို ပထမဆုံးကာကွယ်ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာအောင် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ သင့်မျက်နှာအတွက် ပုံမှန်ပြုလုပ်နေကျ အရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါအရေပြားအတွက်ရော။ ကိုယ်ခန္ဓါအရေပြားကိုလည်း ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ လည်ပင်းနဲ့ ရင်ဘတ် မျက်နှာမှာသုံးတဲ့ ထုတ်ကုန်တွေကို လည်ပင်းနဲ့ ရင်ဘတ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို ဂရုစိုက်ခြင်းဟာ မေးစေ့မှာတွင် အဆုံးမသတ်သွားသင့်ပါဘူး။ လည်ပင်းနဲ့ ရင်ဘတ်အရေပြားကို သန့်စင်ခြင်းနဲ့ ရေဓါတ်ဖြည့်တင်းပေးတဲ့ အကျင့်မရှိခဲ့ရင်တော့ အခုစတင် ပြုလုပ်သင့်ပါတယ်။ လည်ပင်းအရေပြားဟာ မျက်နှာအရေပြားထက် ပိုမိုပါးလွှာတာကြောင့် အသက်ကြီးရင့်လာမှုကို ပိုမိုသိသာစေပါတယ်။ အရေးအကြောင်းတွေနဲ့ အရေပြားတွဲကျလာမှုကို ကာကွယ်ဖို့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ခရင်မ် တွေကိုလည်း လိမ်းသင့်ပါတယ်။ လက် လက်ဟာ အသက်ကြီးရင့်လာမှုကို ဖေါ်ပြတဲ့ အသိသာဆုံး အရာတစ်ခု […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားများအတွက် လွယ်ကူတဲ့ အရေပြားထိန်းသိမ်းနည်းများ

အမျိုးသားတွေရဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက ရိုးရှင်းပြီး သမာရိုးကျဖြစ်ကာ လွယ်ကူသင့်ပါတယ်။ အမျိုးသားတွေအနေနဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အမျိုးသမီးတွေလိုမျိုး အဆင့်ဆင့်လိမ်းခြယ်မှု တွေမလိုအပ်သလို ခရင်မ်တွေကိုလည်း အထူကြီးလိမ်းစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် အရိုးသားဆုံးပြောပြရမယ်ဆိုရင်တော့ အရမ်းကြည့်ရဆိုးနေတာမျိုးမဖြစ်စေဘဲ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းစေဖို့အတွက် အချိန်နည်းနည်းလောက်ပေးပြီး အရေပြားကို ထိန်းသိမ်းပေးသင့်ပါတယ်။ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ မလိုအပ်ပါဘူး။ သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့တင် အရေပြားထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဖို့လုံလောက်ပါတယ်။ ကျွမ်းကျင်သူ တွေရဲ့ကျန်းမာ၊ သန့်စင်ပြီး အစိုဓါတ်ထိန်းသိမ်းနည်း အကြံပြုချက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။ ၁။ အရေပြားကိုသန့်စင်ပေးပါ အမျိုးသားများစုဟာ နေ့အချိန်မှာ အရေပြားအချို့နေရာတွေမှာ အဆီပြန်လေ့ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာတောင် အဆီပြန်လေ့ရှိပါတယ်။ အဆီပြန်လွန်းတဲ့အခါ အရေပြားစေးကပ်ပြီး ချွေးပေါက်ပိတ်တာမျိုးတွေကိုဖြစ်ပေါ်စေတဲ့အပြင် သင်တုန်းဓါးနဲ့ အမွေးမျှင်တွေကိုရိတ်တဲ့အခါ ချောချောမွေ့မွေ့ မဖြစ်စေပါဘူး။ ဒါကြောင့်မုတ်ဆိတ်မရိတ်ခင်မှာ ချွေးပေါက်တွေအဆီနဲ့ပိတ်မနေအောင် မျက်နှာသစ်ဆပ်ပြာ၊ ရေတို့နဲ့ မျက်နှာကို အရင်ဆုံး သန့်စင်ပေးပါ။ ၂။ မုတ်ဆိတ်ရိတ်ဖို့အသင့်ပြင်ပါ သင်တုန်းဓါးနဲ့မျက်နှာပေါ်ကအမွေးမျှင်တွေကို မရိတ်ခင်မှာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ

ပိုးသားလိုနူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်ရဖို့က မိန်းကလေးတွေရဲ့အိပ်မက်ပါ။ ဒါပေမယ့် ပြုလုပ်ရလည်း လွယ်ကူပြီး သုံးစွဲရင်လည်း ထိရောက်မှုရှိတဲ့ အိမ်တွင်းဆေးနည်းတွေ အများကြီးရှိတဲ့အတွက် ဒီလို ဆံသားကို ပိုင်ဆိုင်ဖို့က ထင်သလောက် မခက်ခဲပါဘူး။ အောက်ပါ ဆောင်းပါးကတော့ နူးညံ့တဲ့ ဆံပင်တွေ အတွက် အိမ်တွင်းသုံး နည်းလမ်းတွေ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။ ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ ကတော့ ၁။ ကြက်ဥ ဆံပင်ပေါင်းတင်ဖို့အတွက် ကြက်ဥတစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ( ဒါမှမဟုတ် မက်မွန်စေ့ဆီ) နဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့လိုပါတယ်။ ဒါတွေကို ရောစပ်ပြီး ဦးရေနဲ့ ဆံသားကို လိမ်းပေးပါ။ ပြီးရင် ဆံပင်ကို မျက်နှာသုတ်ပဝါနဲ့ ပတ်ထားပြီး မိနစ် ၃၀ ခန့်ထားပါ။ ပြီးမှ ရေအေးနဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အဆီပြန်တဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းကြမလဲ

လှပပြီး စတိုင်ကျတဲ့ ဆံပင်ဟာ သင့်ကို သပ်ရပ်စနစ်ကျသူအဖြစ် ညွှန်ပြပါတယ်။ ဒါပေမယ့် သင့်မှာ အဆီပြန်တဲ့ ဆံပင်ရှိနေခဲ့ရင် သင့်ဆံပင်ကို တစ်နေကုန် တောက်ပသန့်ရှင်းအောင် ထားဖို့ ခက်ခဲပါတယ်။ ဒီဆောင်းပါးမှာတော့ အဆီပြန်တဲ့ ဆံပင်ကို ဘယ်လိုဂရုစိုက်မလဲဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ ဆံပင်ကို လက်နဲ့ထိခြင်း၊ ဖီးခြင်းတွေကို ရှောင်ကျဉ်သင့်ပါတယ်။ ဆံပင်တွေကို လက်နဲ့ ထိခြင်းဟာ ပြဿနာအခံကို ထင်တာထက်ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ ဥပမာ အဆီပါတဲ့ ဟင်းတွေကို ပြင်ဆင်ပြီး ဆံပင်ကို လက်နဲ့ ထိလိုက်တယ်ဆိုရင် ဒီအဆီတွေဟာ ဆံပင်ထဲကိုရောက်သွားပါလိမ့်မယ်။ ဒီလိုပဲ မိတ်ကပ်လိမ်းနေစဉ် အဆီပါတဲ့ အလှပြင်ပစ္စည်းတွေဟာ လက်မှာ ကပ်နေနိုင်တာကြောင့် ဒါဟာလည်း ဆံပင်ထဲရောက်သွားနိုင်ပါတယ်။ ဒီအခြေအနေကို ရှောင်ကျဉ်ဖို့ မိတ်ကပ် မလိမ်းစဉ် သင့်ဆံပင်ကို အနောက်မှာ သပ်ရပ်စွာ ချည်နှောင်ထားသင့်ပါတယ်။ ဆံပင်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း