အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

Eczema (နှင်းခူ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eczema (နှင်းခူ) ကဘာလဲ။ နှင်းခူဆိုတာ အရေပြားရောင်ရမ်းတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အတိအကျပြောရရင် နှင်းခူဟာ အရေပြားကို ယားယံ၊နီရဲ၊ခြောက်သွေ့စေပြီး အက်ကွဲခြင်း၊သားရေပြားလို မာခေါက်ခေါက်ဖြစ်ခြင်းမျိုးကိုတောင် ဖြစ်စေနိုင်ပါတယ်။ နှင်းခူဟာ ခန္ဓါကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ Eczema (နှင်းခူ) က ဘယ်လောက်အဖြစ်များသလဲ။ နှင်းခူဖြစ်စေတဲ့ အကြောင်းရာတွေကတော့ စိတ်ဖိစီးမှုများခြင်း အရေပြားထိခိုက်စေတဲ့ အရာတွေနဲ့ ထိတွေ့မိခြင်း အပူ နဲ့ ချွေးထွက်များခြင်း အေးပြီး ခြောက်သွေ့တဲ့ ရာသီဥတု။ အသားခြောက်ခြင်း   ဘယ်သူတွေမှာ နှင်းခူဖြစ်နိုင်ချေ ပိုများသလဲ။ နှင်းခူဖြစ်နိုင်ချေ ပိုများစေတဲ့ အချက်တွေကတော့ မိသားစုထဲမှာ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် အရင်က နှင်းခူ၊ဓါတ်မတည့်တာ၊ နဲ့ ပန်းနာရင်ကျပ် ဖြစ်ဖူးတာ။ ကိုယ်တိုင်က ကျန်းမာရေးဝန်ထမ်းဖြစ်နေတာ စတဲ့ အချက်တွေ ဖြစ်ပါတယ်။   ကလေးတွေမှာ နှင်းခူပိုဖြစ်စေတဲ့ အချက်တွေက မြို့ပြမှာ နေထိုင်တာ။ အာဖရိကန်-အမေရိကန် ကပြားဖြစ်တာ။ မိဘတွေရဲ့ ပညာအရည်အချင်း မြင့်မားတာ။ ကလေးထိန်းကျောင်းမှာ ထားတာ။ attention-deficit/hyperactivity disorder (ADHD) အတက်ကြွလွန်အာရုံမစူးစိုက်နိုင်သော ရောဂါတမျိုးရှိတာ။   လက္ခဏာများEczema (နှင်းခူ) ရဲ့လက္ခဏာတွေကဘာတွေလဲ နှင်းခူရဲ့ […]


အခြားအရေပြားပြဿနာများ

Freckles (မှဲ့ခြောက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Freckles (မှဲ့ခြောက်) ကဘာလဲ။ မှဲ့ခြောက်ဆိုတာ အရေပြားပေါ်ရှိ သေးငယ်သော အညိုရောင်အစက်များ ဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် အနီရောင်၊ အဝါရောင်၊ သံချေးရောင်၊ အညိုဖျော့ရောင်၊ အညိုရောင်မှတစ်ဆင့် အမဲရောင်သို့ပြောင်သွားတတ်ပါတယ်။ မှဲ့ခြောက်ဟာ နေရောင်နှင့် ထိတွေ့မှုများသောနေရာများတွင် ပိုတွေ့ရများပါတယ်။ မှဲ့ခြောက်တွေဟာ တခါတရံကျလျှင် စုပြီးအကွက်များအဖြစ် ပါးပြင်၊ နှာခေါင်း၊ လက်မောင်းနှင့် ပခုံးပေါ်တွင် တွေ့ရများပါတယ်။ မှဲ့ခြောက်တွေက အရေပြားကင်ဆာအဖြစ်ပြောင်းခြင်း၊ အသက်အန္တရာယ်ဖြစ်စေခြင်း မရှိပါ။ အဖြစ်များတဲ့ မှဲ့ခြောက် ၂မျိုးမှာ သဘာဝအတိုင်းဖြစ်သောမှဲ့ခြောက်နှင့် နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တို့ဖြစ်ကြပါတယ်။ နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တွေဟာ ပိုမဲပြီး ပိုလည်းကြီးတတ်ပါတယ်။ မကြာခဏ နေလောင်ခံရသော လူတွေရဲ့ ပုခုံးနှင့် ကျောဘက်အပေါ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ Freckles (မှဲ့ခြောက်) က ဘယ်လောက်အဖြစ်များသလဲ မှဲ့ခြောက်တွေဟာ အလွန်အဖြစ်များပါတယ်။ အသက် ၁-၂နှစ် ကလေးများမှာတောင် ဖြစ်တတ်ပါတယ်။ မှဲ့ခြောက်ဟာ အသားဖြူတဲ့သူများနှင့် ဆံပင်နီသော […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသား အသားအရေ ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီး သင်မသိသေးသော (၁၁)ချက်

အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသားတွေမှာလည်း အရေးကြီးပါတယ်။ သင်ဟာ အမျိုးသားတစ်ဦးဖြစ်တဲ့အတွက် အသားအရေထိန်းသိမ်းခြင်းဟာ သင်နဲ့ မဆိုင်ဖူးလို့ ထင်နေပါသလား။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေအတွက်ပဲလို့ ယူဆထားပါသလား။ သင့်အနေနဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် အားကစားလုပ်တာမှာသာ စိတ်နှစ်ထားပါသလား။ ဒါပေမယ့် သင့်အနေနဲ့ ရုပ်ရည် ကြည့်ကောင်းချင်တယ် ဒါမှမဟုတ် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသားအရေထိန်းသိမ်းတာကို အခုပဲ စလုပ်သင့်ပါပြီ။ ၁။ အမျိုးသားတွေအနေနဲ့ moisturizer (အစိုဓါတ်ထိန်းပေးတဲ့ ပစ္စည်းတွေ) သုံးစရာ မလိုဘူး။ သင့်အနေနဲ့ moisturizer သုံးစရာမလိုဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် moisturizer မသုံးလည်း အဆင်ပြေနိုင်ပေမယ့် အသားအရေခြောက်သွေ့တတ်သူဆိုရင်တော့ moisturizer အသုံးပြုခြင်းဟာ သင့်အသားအရေအတွက် ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသားအရေ ခြောက်သွေ့ခြင်းဟာ နှင်းခူဖြစ်ဖို့ အခွင့်အလမ်း ပိုများစေတဲ့အပြင် […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ လှပဖို့ စားသင့်တဲ့ အစားအစာများ

သင်စားလိုက်တဲ့ အစားအစာတွေဟာ သင့်အပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးရှိတာမို့ အသားအရေ ကျန်းမာလှပဖို့အတွက် အစားအသောက်တွေကို မှန်မှန်ကန်ကန် ရွေးချယ်စားသောက်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ တခါတရံမှာ အသားအရေလှဖို့အတွက် အလှကုန်ပစ္စည်းတွေအသုံးပြုတာထက်စာရင် အစားအသောက် မှန်ကန်စွာ စားသောက်တာက ပိုပြီး အကျိုးဖြစ်ထွန်းစေတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မေးစရာ ရှိလာတာက အသားအရေ လှဖို့အတွက် ဘယ်လိုအစားအသောက်မျိုးတွေကို စားရမှာလဲ။ သင့်အသားအရေဟာ အလှတရားရဲ့ အရေးပါတဲ့ မျက်နှာစာပါ။ လူတိုင်းဟာ သင့်ကိုတွေ့တာနဲ့ အသားအရေကို လှမ်းကြည့်လေ့ရှိတာမို့ အသားအရေ လှပအောင် ထိန်းသိမ်းဖို့ အရမ်း အရေးကြီးပါတယ်။ အစားအစာတွေကို မှန်ကန်သင့်တော်စွာ ရွေးချယ်စားသုံးမယ်ဆိုရင် သင်မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှပဖို့အတွက် အောက်ပါ အစားအသောက်တွေကို နေ့စဉ်စားသင့်ပါတယ်။ အဆီလျှော့ထားသော/အဆီမပါဝင်သော နို့နဲ့ နို့ထွက်ပစ္စည်းများ ဒီပစ္စည်းတွေမှာ ဝက်ခြံကို […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

ဝက်ခြံတွေဟာ အရေပြားရောဂါတမျိုး ဖြစ်ပြီး ပျောက်သွားတဲ့အခါမှာလည်း အမာရွတ်တွေ ကျန်ခဲ့စေနိုင်တဲ့အတွက် သင့်အသားအရေရဲ့ အလှအပနဲ့ နူးညံ့ချောမွေ့မှုတို့ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို ကာကွယ်နိုင်ဖို့အတွက် သင့်အသားအရေကို ထိန်းသိမ်းခြင်းဟာ အရေးပါလာပါတယ်။ ဒီတော့ ဝက်ခြံကင်းပြီး ကျန်းမာစေဖို့အတွက် သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုပြီး ဝက်ခြံကို ကာကွယ်နိုင်ပါတယ်။ သင့်မျက်နှာအရေပြားကို စနစ်တကျ ဆေးကြောသန့်စင်ပါ။ သင့်အနေနဲ့ ဝက်ခြံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသားအရေကို အမြဲတမ်း သန့်ရှင်းအောင် ထားဖို့က အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ ဒါဟာ အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်ရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။ အဆီနဲ့ အရေပြားဆဲလ်သေတွေ ရောနှောပြီး ချွေးထွက်ပေါက်တွေကို ပိတ်ဆို့ကာ ဝက်ခြံဖြစ်စေနိုင်တဲ့အတွက် သင့်မျက်နှာအရေပြားကို စင်ကြယ်အောင် စနစ်တကျ ဆေးကြောသန့်စင်မှသာ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေကုသမှု နည်းလမ်းများ

ဝက်ခြံအမာရွတ်တွေပေါ်လာရင် သူသူကိုယ်ကိုယ် ပျောက်ကင်းအောင် ကုသချင်မှာ သဘာဝပါ။ ဒီအမာရွတ်တွေဟာ ဝက်ခြံပေါက်ခဲ့တဲ့ကာလတွေကို ပြန်သတိပေးနေသလို ဖြစ်တဲ့အပြင် ရုပ်ရည်ကိုလည်း ထိခိုက်စေပါတယ်။ ကံကောင်းတာက ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကုသမှုနည်းလမ်းတွေ ရှိနေတာပါပဲ။ ကုသမှုနည်းလမ်းတွေ အမြောက်အများရှိပြီး ရေပန်းအစားဆုံး နည်းတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ဆေးဝါးများ အသုံးပြုခြင်း (ဆရာဝန်ညွှန်းသောဆေး (သို့) ဆေးစာမလိုသောဆေး) ဒီဆေးဝါးတွေဟာ သင့်ရဲ့ ဝက်ခြံအမာရွတ်ကို လုံးဝပျောက်သွားအောင် ဒါမှမဟုတ် မှိန်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဆေးတွေဟာ ဈေးမကြီးသလို အလွယ်တကူလည်း ဝယ်ယူရရှိနိုင်ပါတယ်။ တကယ်လို့ သင့်အမာရွတ် နီရဲရောင်ရမ်းနေတယ်ဆိုရင် သက်သာသွားအောင် အဆိုပါဆေးတွေက ကူညီပေးနိုင်သလို အမာရွတ်တွေကြောင့် မည်းနေတဲ့ နေရာတွေကိုလည်း မူလအသားရောင် ပြန်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဝက်ခြံအခြေအနေ ဆိုးရွားလာရင်တော့ ပိုပြီးသင့်တော်တဲ့ ဆေးဝါးတွေကို သုံးစွဲဖို့လိုလာပြီဖြစ်တဲ့အတွက် အရေပြားအထူးကုဆရာဝန်နဲ့ သွားရောက်ပြသရမှာ ဖြစ်ပါတယ်။ အရည်ကပ်ခွာ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေနဲ့ ကြက်ဆူဆီ

ကြက်ဆူဆီ ဆိုတာ ဘာလဲ။ ကြက်ဆူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး ဒီအပင်ကရတဲ့ အစေ့တွေကို ကြက်ဆူဆီထုတ်လုပ်ဖို့အတွက် အသုံးပြုပါတယ်။ ကြက်ဆူဆီဟာ သင့်အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ များစွာ အကျိုးရှိလှပါတယ်။ ကြက်ဆူဆီကို ပဋိသန္ဓေတားဆေးအဖြစ် အချို့က အသုံးပြုကြပါသေးတယ်။ ဒါတင်မကသေးပါဘူး။ ကြက်ဆူဆီကို ကလေးမီးဖွားတဲ့အချိန်မှာ အသုံးပြုနိုင်သလို မီးဖွားပြီးချိန်မှာလည်း မိခင်နို့ကောင်းကောင်းထွက်ဖို့အတွက် အသုံးပြုနိုင်ပါသေးတယ်။ တချို့တွေကျပြန်တော့ မျက်လုံးထဲဝင်နေတဲ့ အမှုန်အမွှားစတွေကို ဖယ်ထုတ်ဖို့ ကြက်ဆူဆီကို အသုံးပြုကြပါတယ်။ တကယ်တော့ ကုန်ကျစရိတ်သက်သာပြီး အကျိုးသက်ရောက်မှုကောင်းတဲ့ အလှအပထိန်းသိမ်းရေးပစ္စည်းအဖြစ် ကြက်ဆူဆီကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ ကြက်ဆူဆီကို လိမ်းပေးမယ်ဆိုရင် သင့်အသားအရေကို ကျန်းမာလှပနုပျိုစေမှာပဲ ဖြစ်ပါတယ်။ ဝက်ခြံကုသရာမှာ ဒါမှမဟုတ် အမာရွတ်တွေ ဖယ်ရှားပစ်ရာမှာလည်း ကြက်ဆူဆီကို သုံးနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေကို ကြက်ဆူဆီက ဘယ်လိုသက်သာစေသလဲ။ ကြက်ဆူဆီမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ လေ့လာချက်တွေအရ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေဟာ […]


ဝက်ခြံ

ဝက်ခြံကုသရာမှာ ပြုလုပ်တတ်ကြတဲ့ အမှား(၇)ချက်

ဝက်ခြံကုသမှုဟာ ရှုပ်ထွေးပါတယ်။ ဒါကြောင့် ဝက်ခြံကုသနည်းတွေကို ရှင်းလင်းသေချာစွာ သိရှိပြီး မှန်မှန်ကန်ကန် ပြုလုပ်နိုင်ဖို့ အရေးကြီးလှပါတယ်။ သင့်မှာ အရေပြားဆရာဝန်ကောင်းကောင်း ရှိသည့်တိုင် ဝက်ခြံကို မိမိဖာသာ အိမ်မှာကုသတဲ့အခါ အချို့သော အမှားလေးတွေကို ကျူးလွန်မိလေ့ ရှိပါတယ်။ ဟုတ်ပြီ။ ဒါဖြင့် သင်ပြုလုပ်မိနိုင်တဲ့ အမှား၇ချက်နဲ့ ဒီအမှားတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို လေ့လာကြည့်ကြစို့။ ၁။ အလွန်အကျွံလုပ်ခြင်း သင့်အနေနဲ့ ကုသမှုတခုကို ပြုလုပ်လိုက်လို့ အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုရင် ဒါကို တတ်နိုင်သမျှ များများလုပ်တော့မယ် ဒါမှမဟုတ် နည်းလမ်း နှစ်မျိုး၊သုံးမျိုးပေါင်းပြီး ကုသမယ်ဆိုရင် မြန်မြန်ပျောက်မယ် စသဖြင့် ထင်မြင်ယူဆတတ်ပါတယ်။ ဒါဟာ မှားပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံဟာ အလကားမဟုတ်ပါဘူး။ အလွန်အကျွံကုသခြင်းဟာ သင့်အရေပြားအတွက် မကောင်းပါဘူး။ ဆရာဝန်က အထူးတလည် ညွှန်ကြားထားတဲ့ အခြေအနေမျိုးမှတပါး ယေဘုယျအားဖြင့် ကုသနည်းတမျိုးတည်းကိုပဲ အသုံးပြုရမှာ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေကို ဘယ်လိုကုသမလဲ

ဝက်ခြံဟာ အဖြစ်အများဆုံးသော အရေပြားရောဂါတွေထဲက တစ်ခုဖြစ်ပြီး ပျောက်သွားတဲ့အခါမှာလည်း အရေပြားပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့လေ့ရှိပါတယ်။ ယေဘုယျအားဖြင့် အမာရွတ်တွေဟာ ကျန်းမာရေးအတွက် ဘာပြဿနာမှ မရှိပေမယ့် သင့်အနေနဲ့ အမာရွတ်တွေကို မျက်နှာမှာ မြင်ချင်မှာ မဟုတ်ပါဘူး။ အခုပြောပြပေးမှာကတော့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုကုသမလဲဆိုတဲ့ အချက်တွေကိုပဲ ဖြစ်ပါတယ်။ ဝက်ခြံပေါက်တဲ့အခါ သင့်အရေပြားဟာ ထိခိုက်ဒဏ်ရာ ရသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာတွေမှန်သမျှဟာ အမာရွတ် ကျန်ခဲ့လေ့ရှိပါတယ်။ သင့်အနေနဲ့ ဝက်ခြံကို ဘယ်လိုကုသခဲ့သလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး အမာရွတ်ရဲ့ ပုံစံကွာခြားမှု ရှိနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေကို အကောင်းဆုံး ကုသနိုင်တဲ့နည်းကတော့ အစကတည်းက ဖြစ်မလာအောင် ကြိုတင်ကာကွယ်တာပဲ ဖြစ်ပါတယ်။ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။ ဝက်ခြံကို အမြဲသန့်ရှင်းနေပါစေ။ ဘက်တီးရီးယားတွေနဲ့ အခြားပိုးမွှားတွေရန်က ကာကွယ်နိုင်ဖို့အတွက် ဝက်ခြံကို ရေအေးအေးနဲ့ ဆပ်ပြာအပျော့စားကို သုံးပြီး ဆေးကြောသန့်စင်ပေးပါ။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေနဲ့ […]


ဝက်ခြံ

ဝက်ခြံအမာရွတ် သက်သာပျောက်ကင်းစေတဲ့ ဓါတုပစ္စည်းများ

ဝက်ခြံကြောင့် သင့်အရေပြားမှာ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ ချောမွေ့တဲ့အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ဖြစ်ပေါ်လာပြီဆိုရင် သင့်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော ဓါတုဗေဒပစ္စည်းတွေဟာ ဝက်ခြံအမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကော်တီဆုန်း နဲ့အမာရွတ်ပျောက်ခရင်မ် ဝက်ခြံအမာရွတ်တွေ နီရဲရောင်ရမ်းတာကို သက်သာစေဖို့အတွက် ကော်တီဆုန်း (Cortisone) ကို အသုံးပြုနိုင်ပါတယ်။ ကော်တီဆုန်းပါဝင်တဲ့ ခရင်မ်တွေကို နီးစပ်ရာ ဆေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ Kojic acid၊ arbutin နဲ့ ဗီတာမင်စီတို့ပါဝင်တဲ့ အမာရွတ်ပျောက်ခရင်မ်တွေဟာလည်း သင့်အသားအရေကို မူလအရောင် ပြန်ဖြစ်စေပါတယ်(အထူးသဖြင့် ဝက်ခြံကြောင့် မည်းနေတဲ့ နေရာတွေကိုပေါ့)။ အရည်ကပ်ခွာ(Chemical peels) ဒီနည်းဟာ ဝက်ခြံကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်တဲ့အတွက် သူတို့ကို ဝက်ခြံကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီကုသမှုပုံစံမှာဆိုရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း