အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

သင့်ဝက်ခြံကို ပိုဆိုးလာစေမယ့် အမူအကျင့် ၇ မျိုး

ဝက်ခြံကို ကုသဖို့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာရဲ့လား။ ဝက်ခြံပျောက်အောင် အားလုံးလုပ်ပြီးပြီလို့သင်ယူဆပါသလား။ ဒါပေ မယ့် အချို့သော အမူအကျင့်တွေဟာ သင်ကြိုးစားထားသမျှကို သဲထဲရေသွန် ဖြစ်သွားစေနိုင်ပါတယ်။ ကဲ သင့်ဝက်ခြံတွေကို ပိုဆိုးသွား စေနိုင်မယ့် အကျင့်ဆိုး ၇ မျိုးကို ကြည့်လိုက်ရအောင်။ ၁။ မျက်နှာနဲ့ ညစ်ပတ်တဲ့ အရာတွေ ထိတွေ့ခြင်း။ သင့်မျက်နှာကို လက်ညစ်ပတ်ကြီးနဲ့ ကိုင်ရင် မျက်နှာအရေပြားပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာပါလိမ့်မယ်။ လက်နဲ့မကိုင်ဘူး၊ မထိဘူးဆိုရင်လည်း တခြားအရာတွေကို သတိထားရပါဦးမယ်။ လက်ကိုင်ဖုန်း၊မိတ်ကပ်ဘရပ်ရှ် အစရှိတဲ့ အရာတွေကို မျက်နှာနဲ့ ကပ်တဲ့အခါ မျက်နှာက အဆီနဲ့ ချွေးတွေဟာ အဆိုပါ အရာဝတ္ထုပေါ်ကို ရောက်ရှိသွားမှာ ဖြစ်ပြီး မသန့်စင်ဘဲ ဒီတိုင်းထားမယ်ဆိုရင်နောက်တစ်ကြိမ်ဒီအရာတွေနဲ့ သင့်မျက်နှာထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေ သင့်မျက်နှာအရေပြားပေါ်မှာ ပေါက်ပွားလာမှာဖြစ်တဲ့အတွက် ဝက်ခြံအများအပြားထွက်စေပါလိမ့်မယ်။ ဒါကြောင့် […]


အခြားအရေပြားပြဿနာများ

အဆီခဲကို ဘယ်လိုကုသနိုင်မလဲ

၁။ အဆီခဲဆိုသည်မှာ အဘယ်နည်း။ အဆီပိုဆိုသည်မှာ ကျန်းမာရေး အခြေအနေကို ခေါ်ဆိုခြင်း မဟုတ်ပါ။ အရေပြားအောက်မှ အဆီခဲကို ခေါ်ပါသည်။ အရေပြားအောက်မှ အဆီများ တိုးထွက်လာခြင်းကို အဆီခဲဟု ခေါ်ပါသည်။ အန္တရာယ် မဖြစ်စေနိုင်သော်လည်း စိတ်မသက်မသာ ခံစားရနိုင်ပါသည်။ ခြေထောက်၊ ပေါင်၊ တင်ပါး၊ ဗိုက် စသည့်နေရာများတွင် အဆီခဲဖြစ်နိုင်ခြေ များပြားပါသည်။ အဆီခဲသည် အဝလွန်သော လူများတွင်သာ ဖြစ်ပွားခြင်း မဟုတ်ပါ။ အဆီခဲသည် အသက်အရွယ်မျိုးစုံ ကျား၊ မ မရွေး ဖြစ်ပေါ်တတ်ပါသည်။ သို့သော် မိန်းကလေးများသည် ယောက်ျားလေးများထက် ဖြစ်ပွားနှုန်းများသည်ကို မြင်တွေ့ရပါသည်။ ၂။ ဘာတွေက အဆီခဲဖြစ်ပေါ်စေနိုင်သလဲ။ အဆီခဲဖြစ်ပေါ်နိုင်သော အချက်အလက် များစွာရှိပါသည်။ အစားအသောက် မမှန်ခြင်း အားကစား မလုပ်ခြင်း ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း အသားအရေ အမျိုးအစား ဓါတုဖြစ်စဉ် မတည်ငြိမ်မှုတို့ ဖြစ်ပါတယ်။ အဆီခဲအကြောင်း သိထားခြင်းဖြင့် ကုသရေးတွင် အကျိုးထူးစေပါသည်။   ၃။ အဆီခဲ […]


အခြားအရေပြားပြဿနာများ

အာရှလူမျိုးများရဲ့ အသားအရေမှာ ဝက်ခြံပေါက်တဲ့အခါ ဘယ်လိုကုသမလဲ

ရာသီဥတုကွဲပြားမှု၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် အခြားသောအရာများ၏ ကွဲပြားမှုများကြောင့် ကျွန်ုပ်တို့ အာရှလူမျိုးများ၏ အသားအရေဟာ အခြားနေရာမှ လူမျိုးများနှင့် ကွဲပြားရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံနှင့် ပတ်သက်ပြီး နောက်ထပ်ပြုလုပ်ရမယ့် အရာတွေအများကြီး ရှိပါတယ်။ အခြားလူမျိုးများရဲ့ အသားအရေ များအတွက် ထုတ်လုပ်ပေးထားသော အလှကုန်တွေဟာ အာရှလူမျိုးများရဲ့ အသားအရေတွက် အသုံးဝင်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အာရှအသားအရေပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ ကုသနိုင်မယ့် နည်းလမ်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အာရှလူမျိုးများရဲ့ အသားအရေဆိုင်ရာ ကွာခြားချက်တွေက ဘာတွေလဲ။ အရေပြားဟာ ပတ်ဝန်းကျင် ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နေထိုင်ရပြီး အရေပြားထဲမှ ရောင်ခြယ်ဖွဲ့စည်းပုံများကြောင့် အာရှလူမျိုးများရဲ့ အသားအရေဟာ အခြားလူမျိုးများထက်စာရင် အဆီပိုပြန်ပြီး ရောင်ခြယ်ပါဝင်နှုန်းမြင့်ပါတယ်။ အာရှအသားအရေဟာ သဘာဝမှာကိုက အဆီပိုထုတ်တဲ့ အတွက်ဝက်ခြံ ပိုဖြစ်လွယ်ပါတယ်။ အများစုကိုကြည့်ရင် အာရှလူမျိုးများ ဝက်ခြံပေါက်တဲ့အခါ နီရဲပြီး မာထန်တဲ့အဖုအထစ်တွေ […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသမီးများ အမွေးရိတ်ဖို့ နည်းလမ်းကောင်းများ

အမျိုးသမီးတွေအတွက် ကြည့်ကောင်းစေဖို့ အမွေးရိတ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမွေးရိတ်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။   အမွေးရိတ်ဖို့ နည်းလမ်းများ အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ အမွေးမရိတ်ခင် ထိခိုက်ပြတ်ရှမှုတွေကို ကာကွယ်ဖို့ အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ သဘာဝ အဆီတွေ ဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတွေဟာ သင့်အရေပြားပေါ်မှာ ဘရိတ်ဓါးနဲ့ ရိတ်ခြင်းကို ပိုမိုချောမွေ့စေပါတယ်။ သင့်မှာ အချိန်ရှိရင် ဘရိတ်ဓါးကို ပိတ်စေနိုင်တဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့ ချေးချွတ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။   ဘရိတ်ဓါးကို မကြာခဏ လဲလှယ်သင့်ပါတယ်။ တုံးနေတဲ့ ဘရိတ်ဓါးဟာ ပြတ်ရှမှုတွေကို ဖြစ်စေနိုင်ပြီး ဟောင်းနွမ်းနေတဲ့ ဘရိတ်ဓါးဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အမျိုးသမီးတွေဟာ ဘရိတ်ဓါးကို သုံးခါကနေ ငါးခါအထိသာ အသုံးပြုသင့်ပြီး ဈေးပေါတဲ့ ဓါးကိုလည်း မဝယ်သင့်ပါဘူး။   အောက်ကို အရင်ရိတ်ပြီးမှ အပေါ်ကိုပြန်တက်ပါ။ အရေပြားကိုချေးချွတ်ပြီး ပျော့ပြောင်းအောင်လုပ်ပြီးရင်တော့ […]


အသားအရေ ထိန်းသိမ်းခြင်း

လှပကျော့ရှင်းသော လည်တိုင်ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းများ

လှပတဲ့ လည်တိုင်တွေကို ရရှိစေဖို့အတွက် ကောင်းမွန်တဲ့ မျိုးရိုးဗီဇရှိရုံနဲ့ မလုံလောက်ပါဘူး။ သေချာအောင်ပြောရရင် လည်တိုင်ချောမွေ့လှပလိုရင် ဒီလိုဖြစ်အောင် အားထုတ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။ အဆီ အဆီတွေမှာ လည်ပင်းအရေပြားကို နုပျိုစေတဲ့ အရာဝတ္ထုတွေ ပါဝင်ပါတယ်။ ဒါပေမယ့် လည်တိုင်ကို လှပစေဖို့ ဘယ်လိုဆီတွေကို အသုံးပြုသလဲဆိုတာ အရေးကြီးပါတယ်။ အဆီတိုင်းကတော့ အကျိုးမရှိပါဘူး။ မှန်ကန်တဲ့ အဆီကိုရွေးချယ်ဖို့အတွက် အဆီတွေဟာ ပျစ်မပျစ်၊ သန့်မသန့်လည်း အရေးကြီးပါတယ်။ ဥပမာ - အုန်းဆီဟာ တကယ်တော့ ပျစ်ပေမယ့် အနည်းငယ်ကို နှိပ်နယ်ဖို့အတွက် (သို့) ရေဓါတ်ဖြည့်တင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ပမာဏ အနည်းငယ်ကိုသာယူပြီး ရေနဲ့ရောဂါ အရေပြားအတွက် အကျိုးရှိတဲ့ အရာဝတ္ထုကို ဖန်တီးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အုန်းဆီကို မကြိုက်ရင် သံလွင်ဆီ၊ ယူကလစ်တက်စ်အဆီ၊ နှင်းဆီ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ

နားဖေါက်ခြင်း (သို့) မျက်နှာမှာ ဖေါက်ထွင်းပြီး အလှဆင်ခြင်းတွေ ပိုမိုခေတ်စားလာကြပါတယ်။ ဒါပေမယ့် သူတို့ဟာ လှပသလောက် အရေပြား ဖေါက်ထွင်းမှု အပြီးမှာတော့ ဂရုစိုက်ဖို့အထူး လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ နာကျင်မှု သက်သာစေဖို့ နဲ့ ဂရုစိုက်ရမယ့် လမ်းညွှန်မှုတွေကို ဖေါ်ပြမှာ ဖြစ်တာမို့ ကိုယ်လုပ်နေတာ ဘာတွေမှားယွင်းနေလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဂရုပြုဖွယ် လမ်းအသွယ်သွယ် ကာကွယ်ပါ။ ကာကွယ်တဲ့ နည်းလမ်းတစ်ခုအဖြစ် အရေပြားဖေါက်မယ့်သူကို သေနတ်အစား အပ်ကိုအသုံးပြုဖို့ စေခိုင်းပါ။ သေနတ်ဟာ ဖိအားနဲ့ နားဖေါက်တာဖြစ်တာမို့ တစ်ရှူးတွေကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ပြီးတော့ ပလပ်စတစ် အပိုင်းတွေ ပါတဲ့ သေနတ်တစ်ခုကို ပိုးသတ်ဖို့လည်း ခက်ခဲပါတယ်။ သို့ဖြစ်၍ အပ်နဲ့ဆိုရင်တော့ ပိုးသတ်လို့လည်းရ၊ တိကျမှုကိုလည်း ပိုမို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ ခွဲစိတ်ဓါးလိုမျိုးပဲ တိကျတဲ့ ခွဲကြောင်းရာဖြစ်ပေါ်စေပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ကပ်က ချွေးပေါက်တွေကို ဘယ်လိုထိခိုက်စေသလဲ

ပုံမှန်အားဖြင့် မိတ်ကပ်တွေက သင့်အသားအရေကို ထိခိုက်စေတာရှားပါတယ်။ ဒါပေမယ့် ထိရှလွယ်တဲ့အသားအရေပိုင်ရှင်တွေကျတော့ အလှကုန်ပစ္စည်းတွေကို ခဏခဏသုံးစွဲလွန်းရင် မလိုလားအပ်တဲ့အကျိုးဆက်တွေ ဥပမာ- ချွေးထွက်ပေါက်တွေပိတ်တာမျိုးကို ဖြစ်စေပါတယ်။ ချွေးပေါက်ပိတ်တာဟာ ဝက်ခြံတွေအများအပြားထွက်ရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့သင့်အနေနဲ့တသက်လုံးမိတ်ကပ်မလိမ်းရတော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ချွေးပေါက်တွေအပေါ်သက်ရောက်တဲ့မိတ်ကပ်ရဲ့ အကျိုးဆက်တွေကို သိထားမယ်ဆိုရင် ဒီကိစ္စကိုအကောင်းဆုံး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိစေမှာ ဖြစ်ပါတယ်။ သင့်အသားအရေနဲ့မိတ်ကပ် မျက်နှာလိမ်းမိတ်ကပ်တွေက ပုံစံအမျိုးမျိုးရှိပါတယ်။ (အမှုန့်၊ ဂျဲလ်၊ လိုးရှင်း၊ ခရင်မ်၊ အဆီ၊ အရည်စသဖြင့်ပေါ့)။ မိတ်ကပ်လိမ်းလိုက်တဲ့အခါ မျက်နှာပြင်ပေါ်မှာရှိတဲ့အပြစ်အနာအဆာတွေကို ဖုံးကွယ်ထားနိုင်တာမို့ ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မိတ်ကပ်တွေဟာ သင့်ရဲ့ချွေးပေါက်တွေထဲမှာ ပိတ်ဆို့လာနိုင်ပါတယ် (အထူးသဖြင့် အောက်ခံမိတ်ကပ်၊ ပေါင်ဒါနဲ့ပါးနီတို့ကိုသုံးရင်)။ ကောင်းပြီ။ ချွေးပေါက်တွေထဲ ပိတ်တော့ဘာဖြစ်လဲ။ တကယ်လို့သင့်မျက်နှာက အဆီပြန်တတ်တယ်ဆိုရင် ဝက်ခြံလည်း ခဏခဏထွက်တတ်လိမ့်မယ်လို့အဓိပ္ပါယ်ပေါက်ပါတယ်။ မျက်နှာအဆီပြန်ရတာဟာ အဆီတွေအလွန်အကျွံထွက်လို့ ဖြစ်ပြီး ဒီအဆီတွေ ချွေးပေါက်တွေထဲပိတ်ဆို့တဲ့အခါ ဝက်ခြံတွေပေါက်လာပါတော့တယ်။ တကယ်လို့ […]


အခြားအရေပြားပြဿနာများ

အာရှအသားအရေ နှင့် တင်းတိပ်

အာရှသူတွေဟာ တခြားနိုင်ငံကအမျိုးသမီးတွေထက် ဘာလို့များ တင်းတိပ်တွေ ပိုထွက်လေ့ရှိတာလဲလို့ သင့်အနေနဲ့တွေးမိဖူးပါသလား။ ပြီးတော့ ဒါမျိုးတင်းတိပ်ထွက်တာဟာ ကုသလို့ရတဲ့နည်းလမ်းတွေများရှိသလားလို့ရော စဉ်းစားဖူးပါသလား။ အာရှသူတွေနဲ့တင်းတိပ် အာရှသူတွေရဲ့အသားအရေဟာ အခြားလူမျိုးတွေထက်နုနယ်ပြီး ထိခိုက်လွယ်ပါတယ်။ အမာရွတ်တွေဘာတွေလည်း ထင်လွယ်ပါတယ်။ အကြီးမားဆုံး ပြဿနာတစ်ခုက အသားအရေမှာ အမည်းစက်တွေ ဖြစ်တာပါပဲ၊ အထူးသဖြင့် တင်းတိပ်ပေါ့။ အာရှသူတွေမှာ တင်းတိပ်ဟာ အင်မတန်အဖြစ်များပါတယ်။ တင်းတိပ်ဆိုတာဘာလဲ။ တကယ်လို့သင်မျက်နှာ၊ ပါး၊ မေးစေ့၊ နဖူးစတဲ့နေရာတွေမှာ အညိုရောင်၊ အညိုရောင်ရင့်ရင့်အကွက်တွေ ဖြစ်နေပြီဆိုရင် ဒါဟာတင်းတိပ်ပါပဲ။ တင်းတိပ်ဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလနဲ့ကလေးမွေးပြီးချိန်တွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အာရှအသားအရေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့အလှကုန်ပစ္စည်းတွေမှာ အရောင်တောက်စေတဲ့၊ ဖြူစေတဲ့ပစ္စည်းတွေ အများအပြားပါဝင်တာပဲ ဖြစ်ပါတယ်။ အာရှသူတွေဘာလို့တင်းတိပ် ဖြစ်ရတာလဲ။ အာရှသား/သူတွေမှာ မယ်လနင် (melanin)လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းထုတ်လုပ်မှုများတာကြောင့် ဖြစ်တယ်လို့လေ့လာမှုအချို့ကဆိုပါတယ်။ မယ်လနင် ဆိုတာဟာလူတွေရဲ့အသားအရေကိုနေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်တဲ့သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ အသားညိုတဲ့၊ မည်းတဲ့သူတွေဟာ အသားလတ်တဲ့၊ ဖြူတဲ့လူတွေထက် မယ်လနင်ဓါတ်ပိုပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ခြင်းနှင့် အသားအရေအိုမင်းရင့်ရော်ခြင်း

နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်ခြင်းနဲ့ အသားအရေအိုမင်းရင့်ရော်ခြင်း ဟာ အဖြစ်အများဆုံးသော အရေပြားပြဿနာတွေ ဖြစ်ကြပါတယ်။ အသက်ကြီးပြီး အသားအရေအိုမင်းရင့်ရော်လာတဲ့အခါ နေရောင်ကြောင့် အသားအရေထိခိုက်တာကို ပိုဆိုးလာစေပါတယ်။ ဘာလို့လဲဆိုတော့ အရေပြားက ပိုပြီးထိခိုက်လွယ်လာလို့ ဖြစ်ပါတယ်။ နေရောင်ကြောင့် အသားအရေထိခိုက်တာနဲ့ အသားအရေအိုမင်းရင့်ရော်လာတဲ့အကြောင်းကို ပိုမိုသိရှိနိုင်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ နေလောင်ခြင်းနဲ့ပတ်သက်ပြီး သိထားသင့်သည်များ နေရောင်ကြောင့် အသားအရေထိခိုက်ခြင်းဆိုတာ ဘာလဲ။ နေမင်းကြီးရဲ့အနွေးဓာတ်နဲ့အလင်းဓာတ်က သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုရော၊ စိတ်ပိုင်းဆိုင်ရာခံစားမှုကိုပါ အများကြီးအကျိုးရှိစေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့လွန်းရင်လည်း သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ နေရဲ့အပူရှိန်က သင့်အရေပြားကို ခြောက်သွေ့စေပြီး သဘာဝအတိုင်း ပုံမှန်ထွက်ရှိရမယ့် အဆီတွေ ထွက်မလာနိုင်တော့ပါဘူး။ ဒါ့အပြင် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာလည်း နေလောင်ဒဏ်ကို ဖြစ်စေပြီး ရေရှည်မှာ သင့်အရေပြားရဲ့အစိတ်အပိုင်းတွေကို ထိခိုက်စေပါလိမ့်မယ်။ နေရောင်ကြောင့် အသားအရေထိခိုက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ပထမဆုံးခံစားရတဲ့လက္ခဏာကတော့ […]


အခြားအရေပြားပြဿနာများ

Albinism (မွေးရာပါ အသားအရောင်နှင့် ဆံပင်ဖြူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Albinism (မွေးရာပါ အသားအရောင်နှင့် ဆံပင်ဖြူခြင်း) ကဘာလဲ။ မွေးရာပါ အသားအရောင် နှင့်ဆံပင်များဖြူခြင်း ဆိုသည်မှာ အသားအရေ၊ဆံပင်နဲ့မျက်လုံးအရောင်တွေကို သတ်မှတ်ပေးတဲ့ melain (မယ်လနင်) ထုတ်လုပ်မှုနည်း၍သော်လည်းကောင်း၊ လုံးဝမထုတ်နိုင်၍သော်လည်းကောင်းဖြစ်ရသော မျိုးရိုးလိုက်ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ရလဒ်ကတော့ ဒီလိုမျိုးရောဂါရှိတဲ့လူတွေဟာ ဆံပင်၊အသားအရေနှင့် မျက်လုံးများအရောင်ဖျော့ခြင်း သို့မဟုတ် အရောင်လုံးဝမရှိခြင်းတို့ဖြစ်ကြပါတယ်။ ဒီလိုမတူညီတဲ့အသွင်အပြင်ရှိခြင်း ဟာသူတို့ကို လူ့ပတ်ဝန်းကျင်ကနေ သီးခြားဖြစ်နေစေပြီး ခွဲခြားခြင်းခံရစေပါတယ်။ ဒီလိုလူအများစုဟာနေရောင်ခြည်ဒဏ်ကို မခံနိုင်ကြပါဘူး။ ပြီးတော့ သူတို့ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြပါတယ်။ အမှန်တကယ်တော့ ဒီလိုမွေးရာပါ ရောဂါမျိုးကို ပျောက်ကင်းအောင် မကုသနိုင်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ အဆင့်ဆင့်စောင့်ရှောက်မှုတွေယူ၍ အသားအရေကို ကာကွယ်နိုင်ပြီး သူတို့ရဲ့အမြင်အာရုံ ကောင်းမွန်အောင်လုပ်ပေးနိုင်ပါတယ်။ Albinism (မွေးရာပါ အသားအရောင်နှင့် ဆံပင်ဖြူခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီလိုရောဂါဟာ အဖြစ်များလေ့ရှိပါတယ်။ မည်သည့် အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ချေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း