အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားပြဿနာများအကြောင်းတစေ့တစောင်း

လူတော်တော်မျာများမှာ ဦးရေပြားနဲ့ပတ်သတ်တဲ့၊ ဆံပင်နဲ့ပတ်သတ်တဲ့ ပြဿနာတွေအသီးသီးရှိကြပါလိမ့်မယ်။ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်လွယ်တာ၊ ဆံပင်တွေကျိုးပြတ်တာ၊ အရှည်နှေးတာ စသည်ဖြင့်ပေါ့။ ဗောက်ထခြင်းဟာလည်း ရှက်ဖို့ကောင်းပြီး စိတ်ညစ်စရာအခြေအနေတစ်ခုပါပဲ။ ဆံပင်နဲ့ဦးရေပြားပြဿနာတွေဟာ စိတ်ရှုပ်ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးပြဿနာကြီးကြီးမားမားတော့ မဖြစ်စေပါဘူး။ ဆံပင်ကျွတ်ခြင်း ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း ဆံပင်တွေကျိုးကြေခြင်းဟာ ကြုံရလေ့ရှိတဲ့ ဦးရေပြားပြဿနာတစ်ခုတွေပါ။ လူအများစုဟာ တစ်ရက်မှာ ဆံပင် ၅၀ မှ ၁၀၀ ထိဆုံးရှုံးနေကြပါတယ်။ အသက်တွေကြီးလာတဲ့အခါ ဆံပင်တွေတဖြေးဖြေးကျဲပါးလာတယ်။ လူတိုင်းတော့မဟုတ်ပေမယ့်ပေါ့…။ မျိုးရိုးဗီဇအရ ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်းတွေဟာ ဆံပင်ပါးရခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်လေ့ရှိပါတယ်။ ထိုဗီဇရှိတဲ့အမျိုးသမီးတွေမှာ ဆံပင်ပါးတတ်ပြီး အမျိုးသားတွေဆိုရင်တော့ လုံးဝကိုထိပ်ပြောင်သွားတော့တာပါပဲ။ ထိုအခြေအနေက ဆယ်ကျော်သက်၊ ၂၀ ဝန်းကျင်၊ ၃၀ ဝန်းကျင်တွေကနေ စတင်နိုင်တယ်။ ဟော်မုန်းတွေပြောင်းလဲမှုကြောင့် ကလေးမွေးပြီး ဒါမှမဟုတ် နို့တိုက်ပြီး ၁လကနေ ၆လအတွင်းမှာလည်း အမျိုးသမီးတွေဆံပင်တွေကျွတ်တတ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း ဆံနုလေးတွေကျွတ်သွားပြီး […]


အခြားအရေပြားပြဿနာများ

ရိုစေးရှား (Rosacea) အကြောင်းတစေ့တစောင်း

ရိုစေးရှား (Rosacea) ဆိုတာ အန္တရာယ်တော့မများတဲ့ နာတာရှည်အရေပြားရောဂါအခြေအနေတစ်ခုပါ။ အန္တရာယ်မများဘူးဆိုပေမယ့် မိမိပုံပန်းသဏ္ဍာန်အပေါ် ယုံကြည်ချက်ပြန်ရှိလာဖို့အတွက် အလျင်အမြန်ကုသတာကောင်းပါလိမ့်မယ်။ ရိုစေးရှား (Rosacea) လက္ခဏာတွေနဲ့အမျိုးအစား Rosacea ရှိတဲ့လူတွေဟာ သူတို့အသားအရေက တခြားလူတွေထက်ပိုပြီးလွယ်လွယ်နဲ့ ခဏခဏနီရဲလာတတ်တာကို သတိထားမိပါလိမ့်မယ်။ မျက်နှာမှာသွေးကြောတွေမြင်နေရတာ၊ ဒါမှမဟုတ် ပြည်တွေစုနေတဲ့အဖုတွေပေါ်လာတာမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။ ထိုအရာတွေက မျက်နှာမှ နားတွေ၊ ရင်ဘက်နဲ့ နောက်ကျောဘက်ဆီထိပျံ့သွားနိုင်ပါတယ်။ ထိုကဲ့သို့ အရေပြားနုတာကြောင့် သူတို့အသားအရေဟာ အလှကုန်ပစ္စည်းတွေကို လိုတာထက်ပိုပြီးတုံ့ပြန်ပါလိမ့်မယ်။ ရိုစေးရှား (Rosacea) လေးမျိုးရှိပါတယ်။ တစ်မျိုးဆီမှာ လက္ခဏာတွေ ကုသမှုတွေ ကွဲပြားကြတယ်။ ဘယ်အမျိုးအစားလဲသိဖို့အတွက်က အရေပြားဆရာဝန်နဲ့တွေ့ပြီး သင့်တော်တဲ့ကုသမှုမျိုးရှာဖို့က အရေးကြီးပါတယ်။ ဘယ်လိုလူမျိုးတွေမှာဖြစ်တတ်လဲ လူတိုင်းမှာရတတ်ပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အသားဖြူတဲ့လူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပြီး လက္ခဏာတွေကတော့ အမျိုးသားတွေမှာ ပိုဆိုးတတ်ပါတယ်။ ဒီရောဂါမှာ […]


အခြားအရေပြားပြဿနာများ

ရိုစေးရှားအရေပြားပြဿနာကို လှုံ့ဆော်ပေးသော အရာများ

ရိုစေးရှား (Rosacea)ကိုဖြစ်စေနိုင်သော အကြောင်းအရာများ ရိုစေးရှား (Rosacea) ဆိုတာ အရေပြားနီရဲတဲ့ အခြေအနေတစ်ခုပါ။ သွေးကြောများ၊ အစက်ငယ်လေးများပေါ်လာတတ်ပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ စူးခြင်းခံစားချက်များနဲ့ တွဲတတ်ပါတယ်။ လက္ခဏာတွေမကြာခဏပေါ်ပြီး အရေပြားကိုရောင်ရမ်းကာ အဖုအထစ်တွေကျန်ခဲ့စေနိုင်ပါတယ်။ ရိုစေးရှား (Rosacea) ဟာ တစ်ခါတရံ အရေပြားဆီသွေးလျှောက်မှုများစေသော အချက်တွေကြောင့် ဖြစ်လာတတ်တာကြောင့် ထိုအချက်တွေကိုရှောင်ကြဉ်ခြင်းဖြင့် လျှော့ချနိုင်ပါလိမ့်မယ်။ ဖြစ်စေနိုင်သော အချက်တချို့ကတော့- အစားအသောက်များ- • အရက် • အပူအစပ်အစားအစာများ • သောက်စရာ အပူများ • စားစရာ အပူများ (အထူးသဖြင့်ရာသီဥတုပူချိန်တွင်) • သံပုရာသီး၊ လိမော်သီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဆီးသီးအနီ၊ စပျစ်သီးခြောက် များကဲ့သို့ တချို့သောအသီးအနှံများ • ရှာလကာရည်စိမ်ထားသောအသားများ • တချို့သောဟင်းသီးဟင်းရွက်များ • နို့နှင့်နို့ထွက်ပစည်း လှုပ်ရှားမှုများ • နေလောင်ခံခြင်း • ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများ • ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်းသွားခြင်း ရာသီဥတုအခြေအနေ • ပူလွန်းခြင်း • အေးလွန်းခြင်း • စွတ်စိုထိုင်းမှိုင်းခြင်း • လေပြင်းခြင်း • နေရောင်ပြင်းခြင်း စိတ်ခံစားချက်များ • စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှု • ရုတ်တရတ်ခံစားချက်ပြောင်းလဲခြင်း- […]


ဝက်ခြံ

cystic acne(ဆစ်စတစ်ဝက်ခြံ) ဆိုတာဘာလဲ, ဘယ်လိုကုမလဲ

အပျိုဖော် လူပျိုဖော်ဝင်ချိန်မှာ ဝက်ခြံတွေပေါက်လာတတ်တာသဘာဝပါ။ ဆယ်ကျော်သက်တွေကြားမှာ အတွေ့ရဆုံးဖြစ်ပြီး ၇၀ မှ ၈၇ ရာခိုင်နှုန်းလောက်ထိ ပျံ့နှံ့မှုရှိပါတယ်။ ဖြစ်ပွားမှုနှုန်းတက်လာပြီး ပိုငယ်တဲ့အရွယ်မှာတောင် ဝက်ခြံပေါက်လာပါပြီ၊ ဒါပေမယ့် အပျိုဖော် လူပျိုဖော်ဝင်ချိန်ကျော်သည်ထိ ဝက်ခြံတွေပေါက်နေတုန်းပဲဆိုရင်တော့ cystic acne လို့ခေါ်တဲ့ ဝက်ခြံတစ်မျိုးဖြစ်နိုင်နေပါပြီ။ ကုသလို့ရတာမို့ ပျောက်အောင်စောင့်မနေပါနဲ့၊ နှစ်နဲ့ချီကြာတတ်တဲ့အတွက် သင်လည်းစောင့်ချင်မှာမဟုတ်ပါဘူး။ cystic acne(ဆစ်စတစ်ဝက်ခြံ) ဆိုတာဘာလဲ တခြားဝက်ခြံတွေလိုပဲ cystic acne ဟာလည်း အပေါက်တွေပိတ်တာကြောင့်ရတာပါ။ ထိုအခါ အဆီတွေ၊ ဖုန်တွေနဲ့ ဆဲလ်အသေတွေက ထိုအပေါက်တွေထဲစုပုံသွားပါတယ်။ တခါတလေ ဘတ်တီးရီးယားတွေလည်းဝင်နေတတ်တယ်။ Cystic acne တနည်း Cyst acne ဟာ ဝက်ခြံတွေထဲမှာ အပြင်းဆုံးဝက်ခြံတစ်မျိုးပါ၊ အဆီတွေ ဆဲလ်အသေတွေပုံလာတဲ့အခါ ဖြစ်တတ်ပါတယ်။ ဘတ်တီးရီးယားတွေ အရေပြားထဲနက်နက်တိုးဝင်သွားတဲ့အခါ ပြည်တွေစုပြီး ရောင်ရမ်းနေတဲ့ အဖုအနီကြီးတွေ ပေါ်လာပါတယ်။ နာတတ် […]


အခြားအရေပြားပြဿနာများ

Rhinophyma(ရိုင်နိုဖိုင်မာ)နှာခေါင်းပုံပျက်ရောဂါ : အခြေခံအချက်များ

Rhinophyma ခေါ် Bulbous Nose ခေါ် Phymatous rosacea ဟာ ရှားပါးသောအရေပြားရောဂါတစ်မျိုးပါ။ နှာခေါင်းမှာ နီရဲကြီးမားပြီး အဖုအထစ်တွေဖြစ်လာခြင်းဖြစ်တယ်။ တိကျတဲ့အကြောင်းအရင်းမသိရသေးဘဲ ပြင်းထန်တဲ့ rosacea(ရိုစာစီရာ) တွေရဲ့ နောက်ဆုံးအဆင့်မှာဖြစ်ပေါ်လေ့ရှိပါတယ်။ Rosacea ဆိုတာ တွေ့ရတတ်တဲ့ နာတာရှည် အရေပြားရောင်ရမ်းတတ်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မျက်နှာမှာမညီမညာအနီရောင်အကွက်တွေပေါ်တတ်တဲ့ အခြေအနေဖြစ်တယ်။ လက္ခဏာများ Rhinophyma ကနှာခေါင်းပုံစံ၊ အရွယ်ကို ပြောင်းလဲစေပါတယ်။ နှာခေါင်းရောင်လာ၊ နီရဲလာပြီး မညီမညာအဖုတွေပေါ်လာတာ သတိထားမိမှာပါ။ အရေပြားအပြင်လွှာကိုထူလာစေပြီး အလွယ်တကူနီရဲစေပါတယ်။ နှာခေါင်းနဲ့ ပါးပြင်မှ သွေးကြောငယ်လေးများရောင်ရမ်းခြင်းကြောင့်ဖြစ်ပြီး အဆီဂလင်းများ၊ ချွေးပေါက်များလည်း များပြားလာပါတယ်။ Rosacea ဆိုးလာတဲ့အဆင့်တွေမှာဖြစ်တတ်ပြီး မကုသဘဲထားပါက ပိုဆိုးတတ်ပါတယ်။ လက္ခဏာတွေ ပျောက်လိုက်၊ ပြန်ပေါ်လိုက်ဖြင့် လှည့်ပတ်နေတတ်တယ်။ ဖြစ်စေသောအကြောင်းများ ဖြစ်စေသောအကြောင်းတွေကို သေချာနားမလည်ထားပါဘူး။ အရင်က အမျိုးသားတွေမျာပိုဖြစ်တာကြောင့် အရက်ကြောင့်လိုထင်ခဲ့ကြပါတယ်။ သို့ပေမယ့် လတ်တလောလေ့လာချက်တွေကတော့ ထိုဆက်သွယ်ချက်ကို မထောက်ခံထားပါဘူး။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Head Lice (ဦးခေါင်းသန်းတွယ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) ကဘာလဲ။ “သန်း” သတ္တဝါဟာ လူ့ဦးရေပြားပေါ်မှာ နေထိုင်ပြီး အလွန်သေးငယ်တဲ့ အင်းဆက်တမျိုးဖြစ်ကာ အစာအာဟာရအဖြစ် လူတွေရဲ့ သွေးကို စုပ်ယူပါတယ်။ ခေါင်းမှာသန်းတွယ်တာကို ဆေးပညာစာလုံးနဲ့ Pediculosis capitis လို့ ခေါ်ပါတယ်။ သန်း ဟာ လူတယောက်ရဲ့ ဆံပင်ကနေ နောက်တယောက်ရဲ့ ဆံပင်ပေါ်ကို တိုက်ရိုက်ကူးနိုင်ပါတယ်။   Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ဦးခေါင်းသန်းတွယ်တာဟာ အလွန်အဖြစ်များပြီး ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် အသက်အရွယ်မရွေး သန်းတွယ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းခံတွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHead Lice (ဦးခေါင်းသန်းတွယ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ အတွေ့ရများတဲ့ လက္ခဏာတွေက သန်းတွယ်ပြီး ၂ပတ်ကနေ ၆ပတ်အကြာမှာ ဦးရေပြား၊လည်ပင်း နဲ့ နားရွက်တွေ ယားတာ။ ဦးရေပြားပေါ်က သန်းဟာ သေးငယ်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

Heat Rash (မိတ်ထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Heat Rash (မိတ်ထွက်ခြင်း) ကဘာလဲ။ အပူလွန်ကဲတာကြောင့် မိတ်ထွက်ခြင်းဟာ အင်မတန်အဖြစ်များပြီး ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ အဖြစ်များလေ့ရှိပါတယ်။ မိတ် ဟာပုံမှန်အားဖြင့် နာကျင်လေ့မရှိပေမယ့် အင်မတန်ယားယံစေတာမို့ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် တချက်တချက် စူးခနဲ နာသလို ခံစားရလေ့ရှိတာကြောင့် သင့်ကို စိုးရိမ်ပူပန်စိတ်တွေ ဖြစ်စေနိုင်ပြီး တချို့ မိတ်ဖုလေးတွေဟာ သွားထိရင် နာတတ်ပါတယ်။ မိတ်ထွက်တာဟာ ပုံမှန်အားဖြင့် အထူးတလည်ကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားလေ့ရှိပေမယ့် အရမ်းကြီးဆိုးရွားလာရင်တော့ ဆေးကုသမှုခံယူဖို့လိုမှာဖြစ်ပြီး အကောင်းဆုံးကုသမှုကတော့ သင့်အရေပြားကို အေးမြအောင်ထားတာနဲ့ တတ်နိုင်သမျှ ချွေးမထွက်အောင် ကာကွယ်တာပဲ ဖြစ်ပါတယ်။   Heat Rash (မိတ်ထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHeat Rash […]


အခြားအရေပြားပြဿနာများ

Tinea Cruris (ပေါင်ခြံပွေး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tinea Cruris (ပေါင်ခြံပွေး) ကဘာလဲ။ မှိုကြောင့်ဖြစ်တဲ့အရေပြားကူးစက်မှုတစ်မျိုး ဖြစ်ပါတယ။် ပေါင်ခြံ၊ မျိုးပွားအင်္ဂါတစ်ဝိုက်၊ ပေါင်အပေါ်ဘက်အတွင်းခြမ်း၊ တင်ပါးတွေမှာတွေ့ရလေ့ရှိပါတယ်။ အတွေ့ရများဆုံးလက္ခဏာကတော့ ဖြစ်တဲ့နေရာမှာစက်ဝိုင်းပုံအနီအဖုအပိမ့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအဖြစ်များလေ့ရှိပါတယ်။ Tinea Cruris (ပေါင်ခြံပွေး) က ဘယ်လောက်အဖြစ်များသလဲ ကျားမမရွေး၊ လူမျိုးမရွေးပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအနေများရင်ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာပိုတွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေဟာပေါင်ခြံနေရာမှာအရေပြားခေါက်တွေ ပိုများပြီးကူးစက်ပိုးတွေကိုအလွယ်တကူလက်ခံနိုင်ပါတယ်။ အတွင်းခံကျပ်ကျပ်၊ အဝတ်အစားကျပ်ကျပ် ဝတ်လေ့ရှိတဲ့လူတွေ၊ ချွေးအများကြီးထွက်လေ့ရှိသူတွေ ၊ ကိုယ်ခံအားကျဆင်းနေသူတွေမှာပိုဖြစ်နိုင်ချေရှိပါတယ်။ လက္ခဏာများTinea Cruris (ပေါင်ခြံပွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့လက္ခဏာတွေကတော့- ကူးစက်ခံရတဲ့နေရာမှာယားခြင်း ပေါင်ခြံ၊ အရေပြားခေါက်၊ ပေါင်အတွင်းဘက် သို့တင်ပါးနေရာတွေမှာ စက်ဝိုင်းပုံအကွက်များ (ကပ်ပယ်အိတ်နဲ့ ယောက်ျားတန်ဆာတွေအပေါ်မှာတော့ တွေ့ရလေ့မရှိပါဘူး။) အဖုပိမ့်တွေရဲ့အနားသတ်ကတိတိကျကျရှိပြီးကြေးခွံတွေ အနာတွေနဲ့တူတဲ့ အဖုတွေတွေ့နိုင်ပါတယ်။ အကွက်ရဲ့အလယ်တည့်တည့်မှာနီညိုရောင်ရှိခြင်းတို့ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများTinea Cruris (ပေါင်ခြံပွေး) […]


အခြားအရေပြားပြဿနာများ

Tinea Pedis (ခြေထောက်ပွေးစွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ကဘာလဲ။ ခြေထောက်အရေပြားပေါ်မှိုစွဲခြင်းဖြစ်ပြီးတစ်ခါတရံမှာခြေသည်းတွေလက်တွေဆီကိုကူးသွားနိုင်ပြီးတစ်ဦးမှတစ်ဦးအလွယ်တကူကူးစက်နိုင်ပါတယ်။ အားကစားသမားတွေမှာအများဆုံးတွေ့ရတတ်လို့ အားကစားခြေထောက်မှိုလို့လည်းခေါ်ကြပါတယ်။ ဖိနပ်၊ခြေအိတ်၊ရေကူးကန်၊အများပိုင်နေရာတွေမှာရှိတဲ့ပစ္စည်းခေတ္တသိမ်းနိုင်တဲ့ဗီရိုတွေ၊အများသုံးရေချိုးခန်းကြမ်းပြင်တွေအစရှိတဲ့ပူနွေးစွတ်စိုတဲ့နေရာတွေမှာတွေ့ရများတတ်ပါတယ်။ Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘယ်အရွယ်မှာမဆိုဖြစ်နိုင်ပြီၤးအရွယ်ရောက်ပြီးသူတွေမှာကလေးတွေထက်ဖြစ်နိုင်ချေပိုရှိပါတယ်။ အမျိုးသားတွေမှာပိုတွေ့ရတတ်ပါတယ်။ ရှူးဖိနပ်ခပ်ကျပ်ကျပ်စီးတဲ့လူတွေအများသုံးရေချိုးခန်းတွေရေကူးကန်တွေအသုံးပြုလေ့ရှိသူတွေမှာပိုတွေ့ရတတ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ခပ်ငယ်ငယ်အမျိုးသားတွေမှာတွေ့ရများဆုံးဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကိုရှောင်ခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ထပ်မံသိရှိလိုသည်များကိုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများTinea Pedis (ခြေထောက်ပွေးစွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ ခြေချောင်းကြားနေရာတွေမှာယားခြင်း၊ပူခြင်း၊စူးခြင်း၊စပ်ဖျဉ်းဖျဉ်းခံစားရခြင်း ခြေထောက်တွင်ယားနာများပေါက်ခြင်း ခြေထောက်အရေပြားများကွဲခြင်း၊ကွာကျခြင်းအထူးသဖြင့်ခြေချောင်းကြားနေရာတွေနဲ့ခြေဖဝါးတွေမှာပိုဖြစ်တတ်ပါတယ်။ ခြေထောက်ဘေးတွေနဲ့ခြေဖဝါးအရေပြားတွေခြောက်သွေ့ပြီးကြမ်းလာခြင်း ခြေသည်းအရောင်ပြောင်းလာခြင်း၊ထူလာခြင်း၊ကြွပ်ဆတ်လာခြင်း ခြေသည်းခွံကျွတ်ထွက်ခြင်း အခြားလက္ခဏာတွေကည်းရှိနေနိုင်ပါသေးတယ်။ လက္ခဏာတွေတစ်ခုခုနဲ့ပတ်သက်ပြီးစိုးရိမ်နေမယ်ဆိုရင်ဆရာဝန်နဲ့သွားပြသင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ဆေးမြီးတိုတွေနဲ့ကုသလို့ ရက်သတ္တပတ်တွေကြာတဲ့အထိမသက်သာဘူးဆိုရင်သွားပြသင့်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင်၊ခြေထောက်ပိုးဝင်နေတယ်လို့သံသယရှိရင် ၊ အလွန်အမင်းရောင်နေခြင်း၊နီနေခြင်း၊ အရည်ထွက်ခြင်း၊ ဖျားနာခြင်းတွေရှိခဲ့မယ်ဆိုရင် အမြန်ဆုံးသွားပြသင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။   အကြောင်းရင်းများTinea Pedis (ခြေထောက်ပွေးစွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ တစ်ရှူးအသေတွေဖြစ်တဲ့အမွေးတွေခြေသည်းတွေနဲ့ အရေပြားအပေါ်ယံလွှာတွေမှာရှင်သန်တဲ့အနုကြည့်မှန်ပြောင်းနဲ့သာမြင်နိုင်တဲ့မှိှုတစ်မျိုးကြောင့်ဖြစ်ပါတယ်။ ခြေထောက် မှိုစွဲခြင်းကိုဖြစ်စေနိုင်တဲ့မှိုအမျိုးအစားတွေကတော့ Trichophyton (T.) rubrum interdigitale (ယခင်ကT. mentagrophytes var. interdigitaleလို့ခေါ်တွင်ခဲ့သည်) Epidermophytonfloccosum ဖြစ်နိုင်ခြေများငါ့ဆီမှာ Tinea Pedis (ခြေထောက်ပွေးစွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက […]


အခြားအရေပြားပြဿနာများ

Urticaria (အင်ပျဉ်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Urticaria (အင်ပျဉ်ထခြင်း) ကဘာလဲ။ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်နေရာထက်ပိုပြီး ပျံ့သွားနိုင်တဲ့ ယားယံစေတဲ့အဖုအပိမ့်ကြီးဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ အသက်အန္တရာယ်မပေးနိုင်ပေမဲ့ ညအိပ်ချိန်(သို့ ) တစ်နေ့လုံးမသက်မသာခံစားရနိုင်ပါတယ်။   Urticaria (အင်ပျဉ်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ မိန်းမတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြာင်းတွေကိုရှောင်ခြင်းဖြင့် မဖြစ်အောင်ကာကွယ်နိုင်ပါတယ။် ယာယီအင်ပျဉ်ထခြင်း ကအဖြစ်များတယ်။ လူ ၅ယောက်မှာတစ်ယောက် ဖြစ်နိုင်ချေရှိပါတယ်။ နာတာရှည် အင်ပျဉ်ထခြင်း ကတော့အဖြစ်နည်းပါတယ်။ ကလေးတွေ၊အသက်၃၀နဲ့ ၆၀ကြား အမျိုးသမီတွေ၊ ဓါတ်မတည့်တဲ့ ရောဂါရှိဖူးသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ လက္ခဏာများUrticaria (အင်ပျဉ်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့ မျက်နှာကိုယ်လုံး၊ လက်မောင်း၊ ခြေထောက်တွေအပေါ်မှာ အနီရောင်အဖြူရောင်အစင်းရာများ အရွယ်အစားပုံစံအမျိုးမျိုးရှိတဲ့အရှိုးရာများ ယားယံခြင်း ဒီလက္ခဏာတွေက မကြာမကြာပြန်ဖြစ်တတ်ပြိးတော့ ကာလကို ခန့်မှန်းလို့မရနိုင်ပါဘူး လနဲ့ နှစ်နဲ့ချီပြိးတော့လည်း ကြာနိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့ အခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ သင့်မှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့သွားပြ ဆွေးနွေးသင့်ပါတယ်။     ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ဖော်ပြပါအခြေအနေတွေမှာ သွားပြသင့်ပါတယ။် နှစ်ရက်အတွင်းမသက်သာခဲ့ရင် ပြင်းထန်ရင် စိတ်သောကဖြစ်စေရင် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်လာခဲ့ရင် အခြားလက္ခဏာတွေနဲ့တွဲဖြစ်ခဲ့ရင် ကုသမှုကြောင့်မသက်သာဘူးဆိုရင် အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။ မူးဝေနေမယ်ဆိုရင် ရင်ဘတ်နေအောင့်လာမယ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း