အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ဒဏ်ကာကွယ်ခြင်း အရေးကြီးပုံ

မိဘများသည် မိမိ၏ကလေးများကို အပြင်ထွက်ရန်ပြောလေ့ရှိကြသည်။ ကျွန်တော်တို့လည်း နေရောင်ခြည်ထဲထွက်ရသည်ကို ကြိုက်ကြသည်။ နေရောင်ခြည်သည် ခန္ဒါကိုယ်အရိုးများကို သန်မာစေသော ဗီတာမင်D ကိုပေးစွမ်းပါသည်။ သို့သော် နေရောင်ခြည်ထဲအချိန်ကြာစွာနေလျှင် နေလောင်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နေရောင်ခြည်ထဲတွင် ယူဗီရောင်ခြည်ပါဝင်သောကြောင့်ဖြစ်ပါသည်။ ယူဗီရောင်ခြည်သည် အသားအရည်ထိခိုက်ရုံသာမက မျက်စိ ကိုယ်ခံအားနှင့် အရေပြားကင်ဆာရောဂါများလည်းဖြစ်တတ်ပါသည်။ ထို့ကြောင့် ယူဗီရောင်ခြည်မှကာကွယ်ရန် အရေးကြီးပါသည်။ အောက်ဖော်ပြပါ အချက်များနှင့် ကာကွယ်နိုင်ပါသည်။   ယူဗီရောင်ခြည်ပါဝင်နှုန်းတိုင်း ကိရိယာ ရှေးဦးစွာ နေရောင်ခြည်သည်မည်သည့်အချိန်တွင် အမြင့်ဆုံးဖြစ်သည်ဆိုသည်ကို သိထားရပါမည်။ သိထားမှသာ အန ္တရာယ်ရှိနိုင်သည့် ရောင်ခြည်မျိုးကိုရှောင်ရှားနိုင်ပါသည်။ ယူဗီပါဝင်နှုန်းကိရိယာ နှင့် တိုင်လျှင် နေရောင်ခြည်ပါဝင်သောရောင်ခြည်များ၏ပြင်းအားကို တိုင်းနိုင်မည်ဖြစ်ပါသည်။ ယူဗီရောင်ခြည်တွင် ပြင်းအား ၄မျိုးရှိပါသည်။ အနိမ်းဆုံးအဆင့် (၁-၂) ၊ အလယ်အလတ်အဆင့်(၃-၅)၊ အမြင့်အဆင့် (၆-၇)၊ အမြင့်ဆုံးအဆင့် (၈-၁၀)၊ လွန်ကဲအဆင့် (၁၁ နှင့် အထက်) တို့ဖြစ်ပါသည်။ […]


အခြားအရေပြားပြဿနာများ

အရေပြားပြဿနာများ၏ အခေါ်အဝေါ်များ

ပြည်တည်နာ ပြည်တည်နေသောအနာဖုဖြစ်သည်။ အချို့ ပြည်တည်နာများသည် နာကျင်ပြီး ထိပ်ဝတွင်ပြည်များစုဝေးနေသည်ကိုမြင်ရသော်လည်း အချို့မှာမူ အနာနက်၍ ကြာလာသော် အကျိတ်ပုံစံဖြစ်သွားတတ်သည်။ ထိုအခါ ကင်ဆာကျိတ်နှင့်ခွဲခြားရန်အသားစယူစစ်ဆေးရန်လိုအပ်သည်။ ကျုံ့ခြင်း အရေပြားပေါ်တွင် တနေရာတည်းတွင်ကွက်၍ ကျုံ့သွားခြင်းမျိုးဖြစ်သည်။ ထိုနေရာသည် ချိုင့်ဝင်သွားခြင်းမျိုးအထိဖြစ်နိုင်သည်။ မူမမှန်ခြင်း ထိုအသုံးအနှုန်းကိုရောဂါရှာဖွေရာတွင်တွေ့ရှိချက်အချို့ကိုဖော်ပြရာ၌ ဆရာဝန်များနှင့် ရောဂါဗေဒပညာရှင်များက အသုံးပြုကြသည်။ ကင်ဆာဖြစ်နေသည်ဟု တထစ်ချဆိုလိုခြင်းမဟုတ်ပါ။ ရေကြည်ဖုကြီး ဝ.၅ စင်တီမီတာထက်ကြီးပြီးအရည်ကြည်ရှိသောအဖုဖြစ်သည်။ အနာဖေး သွေး / သွေးရည်ကြည်မှခြောက်သွားလျှင် ဖြစ်လာသောအဖတ်များဖြစ်သည်။ အရည်အိတ် အရေပြားတွင်ဖြစ်သောအရည် သို့မဟုတ် အခဲပါဝင်သောအိတ်မျိုးဖြစ်သည်။ မူမမှန်သောဆဲလ်ကြီးထွားမှု ၎င်းသည် အဆင့်အားဖြင့်ပြောရလျှင် အလယ်လတ်အဆင့်မူမမှန် ဆဲလ်ကြီးထွားခြင်းဖြစ်သည်။ ခန္ဓါကိုယ်ရှိအဂါၤများ၏ နံရံတွင်ကာထားသောအလွှာ(Epithelium) တို့ပွားများလာကာအချို့သည် ကင်ဆာတစ်သျှုးများဖြစ်သွားကြပြီး အချို့မှာပုံမှန်အတိုင်းမပြောင်းလဲဘဲ ရှိတတ်ကြသည်။ သို့သော် ဆရာဝန်အားလုံးက ထိုအယူဆကို တပြေးညီလက်ခံထားသည်တော့ မဟုတ်ချေ။ အရေပြားအပေါ်ယံလွှာ (Epithelium) ခန္ဓါကိုယ်ရှိနံရံများနှင့် အခေါင်းပေါက်များကို ကာထားသောအလွှာတစ်ရှူးတစ်မျိုးဖြစ်သည်။ ပွန်းရှခြင်း အရေပြား၏အပေါ်ယံလွှာပဲ့သွားခြင်းဖြစ်၍အမာရွတ်မကျန်ဘဲပြန်ကောင်းသည်။ အသားလောင်ခြင်း ကုတ်ဖဲ့ရာမှ အသားများနီရဲလောင်ခြင်း၊ ထိုမှတဆင့် အနာဖြစ်ခြင်းဖြစ်သည်။ အသားအက်ကွဲခြင်း အရေပြားဘေးဘက်သို့မဟုတ်ဘဲအောက်ဘက်သို့ကွဲကြောင်းဖြစ်ခြင်းဖြစ်သည်။ Granuloma ၎င်းသည် Macrophage ဟုခေါ်သောသွေးဖြူဥဆဲလ်တစ်မျိုးပေါင်းစည်းပြီး ကြီးမားသောဆဲလ် (giant cell) ဖြစ်ပေါ်သောရောင်ရမ်းခြင်းအမျိုးအစားတစ်ခု ဖြစ်သည်။ ထိုရောင်ရမ်းခြင်းမျိုးသည်အထူးသဖြင့် တီဘီရောဂါ၊ […]


အခြားအရေပြားပြဿနာများ

နှင်းကိုက်နာ ။ ဘယ်လိုရှာဖွေ၊ကုသ၊ကာကွယ်မလဲ

အေးလွန်းတဲ့အခါ ရေတွေ ရေခဲအဖြစ်ပြောင်းသွားသလို ‘နှင်းကိုက်တယ်’ ဆိုတာလည်း လက်ချောင်းလေးတွေ၊ လက်၊ ခြေချောင်း၊ ခြေထောက်တွေ ကာကွယ်မထားဘဲ အေးခဲနေတဲ့ရာသီဥတုထဲ ထွက်မိတဲ့အခါဖြစ်တတ်ပါတယ်။ အများစုကတော့ အရေပြားလောက်ပဲထိခိုက်တာဖြစ်ပြီး ပြင်းထန်ရင်တော့ တစ်သျှူးအသေတွေပိုနက်သွားကာ ချက်ခြင်းကုသမှုခံယူဖို့လိုပါတယ်။ နှင်းကိုက်နာလက္ခဏာများ နှင်းကိုက်နာရဲ့ရှေ့ပြေးတွေကတော့ အေးလွန်းတဲ့ရာသီဥတုမှာ အရေပြားနီရဲရောင်ရမ်းလာခြင်းပါ။ အကာအကွယ်မရှိထားတဲ့ အရေပြားဘယ်လောက်ထိခိုက်သွားလဲပေါ်မှာမူတည်ပြီး နှင်းကိုက်နာသုံးဆင့်ခွဲနိုင်ပါတယ်။ • အစောဆုံးအခြေအနေဟာ အရေပြားအပေါ်ယံသာထိခိုက်ပြီး အရေပြားအရောင်ပြောင်းကာ ယားယံခြင်း၊ အပ်များထိုးသကဲ့သို့ စူးခြင်းတွေသာရှိနိုင်ပါတယ်။ • ပိုဆိုးလာတဲ့အခြေအနေမှာ ကြွက်သားတွေ၊ အရိုးတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ထိုအလယ်အလတ်အဆင့်မှာ အရေပြားဟာတင်းပြောင်လာပြီး အရည်ကြည်ဖုတွေပေါက်လာပါလိမ့်မယ်။ ပိုဆိုးလာတာနဲ့အမျှ ထိုနေရာကိုမခံစားနိုင်တော့တာကြောင့် တချို့လူတွေက နှင်းကိုက်နေကြောင်းမသိတော့တာလည်း ဖြစ်လာနိုင်ပါတယ်။ • နောက်ဆုံးအဆင့်မှာတော့ အရေပြားမည်းညစ်သွားပါတော့တယ်။ အရေပြားအရောင်ပြောင်းခြင်းဟာ နှင်းကိုက်ခြင်းရဲ့အဖြစ်များဆုံး လက္ခဏာတွေပါ။ နှင်းကိုက်ခြင်းကို ဘယ်လိုရှောင်ရမလဲ ဒါတွေကတော့ အရေပြားဆရာဝန်တွေညွှန်းထားတဲ့ အကြံပေးချက်တချို့ပါ။ ခေါင်းကိုကာထားပါ ။ ။တင်းကြပ်တဲ့အဝတ်အစားတွေက နှင်းကိုက်နာရနိုင်ချေများသလိုပဲ ပေါ့ပါးချောင်ချိတဲ့အဝတ်အစားတွေက လေပူတွေကိုထိန်းထားဖို့ကူညီပေးပြီး အဆင်ပြေစေမှာပါ။ အရေပြားဆရာဝန်တွေက […]


အခြားအရေပြားပြဿနာများ

မိတ်ထွက်ခြင်း ။ ကုသခြင်း နှင့် ကာကွယ်ခြင်း

မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ ချွေးပေါက်တွေပိတ်ဆို့မှုကြောင့် ပိုဖြစ်တတ်ပါတယ်။ ဘယ်လိုကုသမလဲ မိတ်ဖု အစက်တွေပေါ်လာတဲ့နေရာကို ခြောက်သွေ့အေးမြအောင်ထားနိုင်ရင် အများစုဟာရက်အနည်းငယ်အကြာမှာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ကလေးငယ်လေးတွေမှာ ထိုမိတ်ဖုတွေပေါ်ရင် အဝတ်အစားများဖယ်ပစ်ခြင်း၊ ဒါမှမဟုတ် အဝတ်ပွပွဝတ်ပေးပြီး အေးမြတဲ့နေရာမှာထားသင့်ပါတယ်။ ပုဝါမသုံးဘဲအရေပြားကို ပုံမှန်ခြောက်သွေ့စေပြီး ချွေးပေါက်ပိတ်နိုင်တဲ့ လိမ်းဆေးများလည်းရှောင်သင့်ပါတယ်။ လူကြီးတွေမှာလက္ခဏာမပြင်းရင်တော့ ကလေးငယ်လေးတွေလိုပဲ ကုသမှုတူပါတယ်။ အေးမြတဲ့ပတ်ဝန်းကျင်ရအောင် လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲနေတာ၊ ပန်ကာဖွင့်တာ၊ ရေအေးအေးနဲ့ချိုးတာ၊ လေတိုက်ရာအရပ်မှာနေပြီး သာမန်လေဖြင့် အရေပြားခြောက်သွေ့စေတာတွေ လုပ်လို့ရတယ်။ အရေပြားအေးမြခြောက်သွေ့သွားတာနဲ့ အနီစက်တွေလျင်မြန်စွာပျောက်သွားတတ်ပါတယ်။ ဆိုးရင်တော့ ရောဂါပိုးဝင်မှုကိုကာကွယ်ဖို့နဲ့ သက်တောင့်သက်သာမရှိမှုကိုသက်သာစေဖို့ အရေပြားကိုလိမ်းလို့ရမယ့် လိမ်းဆေးတစ်မျိုးလိမ်းပေးဖို့ လိုပါလိမ့်မယ်။ ယားယံမှုအတွက် Calamine လိုးရှင်းနဲ့ ချွေးပြွန်တွေကိုကာကွယ်ဖို့ Anhydrous lanolin တွေကသင့်တော်ပါတယ်။ ရက်အနည်းငယ်အတွင်းမပျောက်ရင်၊ ဒါမှမဟုတ် ရောဂါပိုးဝင်သွားရင်တော့ သေချာဆေးကုသဖို့လိုပါလိမ့်မယ်။ ဖျားမယ်၊ နေထိုင်မကောင်းဖြစ်မယ်၊ ဒါမှမဟုတ် အနီစက်တွေဟာ ပဋိဇီဝဆေးသောက်ပြီးမှပေါ်လာတာဆိုရင်တော့ […]


အခြားအရေပြားပြဿနာများ

ပေါင်ခြံယားခြင်း

Jock itch ဆိုတာဟာ တကယ်တော့ ဘတ်တီးရီးယား သို့မဟုတ် မှိုတစ်မျိုးမျိုးကြောင့်ဖြစ်တတ်တဲ့ များပြားလှတဲ့ အရေပြား၊ လက်သည်းခြေသည်းတွေမှာ ပိုးဝင်ခြင်းတွေထဲက တစ်မျိုးဖြစ်တယ်။ ပွေးပုံစံတစ်မျိုးဖြစ်ပါတယ်။ ထိုမှိုမျိုးဟာ ဆဲလ်အသေတွေရှိတဲ့ အရေပြားလွှာမှာနေပြီး နီရဲကာအရေပြားစတွေလန်နေတတ်တဲ့၊ ဒါမှမဟုတ် အနားသတ်မှာအဖုသေးသေးလေးတွေရှိနေတဲ့ ယားယံတဲ့အကွက်တွေဖြစ်လာစေပါတယ်။ ဘယ်လောက်ဖြစ်လေ့ရှိလဲ ကမ္ဘာအနှံ့မှာ ဖြစ်လေ့ဖြစ်ထအရမ်းရှိတဲ့ အခြေအနေပါ။ တခါတလေ ပူနွေးစိုစွတ်ပြီး သန့်ရှင်းမှုညံ့ဖျင်းတတ်တဲ့ ပတ်ဝန်းကျင်နဲ့၊ လူပေါင်းစုံအသုံးပြုတတ်တဲ့ အများသုံးရေချိုးခန်း၊ အများသုံးအဝတ်လဲခန်းလို နေရာမျိုးတွေမှာကူးစက်ရောဂါတစ်မျိုးလိုတောင် ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်လေးတွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ တခြားအချက်အလက်တွေသိဖို့ ဆရာဝန်နဲ့လည်းဆွေးနွေးတိုင်ပင်နိုင်တယ်။   လက္ခဏာများ ပေါင်အတွင်းဘက်လိုမျိုး စိုစွတ်တတ်တဲ့နေရာတွေမှာ ယားယံတဲ့အနီရောင်အကွက်တွေဖြစ်လာတတ်ပြီး တင်ပါးနဲ့စအိုဝတဝိုက်ကိုပျံ့သွားနိုင်ပါတယ်။ ပေါင်ခြံ၊ ကပ်ပယ်အိတ်တို့လိုမျိုး အရေပြားခေါက်နေတဲ့နေရာတွေမှာလည်း စဖြစ်တတ်တယ်။ ချွေးတွေစိုပြီး သန့်ရှင်းမှုမရှိတတ်တဲ့ လေ့ကျင့်ခန်းလုပ်ရာမှာဝတ်တဲ့အင်္ကျီတွေ၊ မသန့်ရှင်းတဲ့အတွင်းခံတွေကြောင့်ရနိုင်ပါတယ်။ ဒါပေမယ့် ယောက်ျား မိန်းမလိင်အင်္ဂါတဝိုက်နဲ့ စအိုဝတဝိုက်မှာ တွေ့ခဲပါတယ်။ တချို့တလေမှာ ယားယံတဲ့အကွက်တစ်ကွက်ပဲရှိတတ်ပြီး တချို့ကတော့ အစွန်းတွေစုပေါင်းသွားကာ ကြီးမားတဲ့အကွက်တွေ […]


အခြားအရေပြားပြဿနာများ

အရေပြားထိခိုက်စေတတ်သော အရာများကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

သင်ပြောင်းသုံးလိုက်တဲ့ဆပ်ပြာအသစ်၊ မိတ်ကပ်အသစ်၊ လိုးရှင်း ခရင်အသစ်တွေက သင့်အရေပြားကို နီရဲယားယံစေနေပါသလား။ လက်ဝတ်လက်စားတွေ၊ ဆေးပတ်တီးတွေက အရေပြားရောင်ရမ်းလာစေပါလား၊ ဒီလိုဆိုရင်တော့ သင့်မှာ contact dermatitis လို့ခေါ်တဲ့ အရာတချို့နဲထိတွေ့မိတဲ့အခါ အရေပြားရောင်ရမ်းလာတဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။ သေချာပေါက်ဒါကိုမလိုလားဘူးပေါ့။ ဒါဆိုရင် ဘယ်လိုလုပ်မလဲကြည့်ရလိုက်ရအောင်။ သင့်အရေပြားကိုထိခိုက်စေတဲ့အရာကိုရှာပါ ပစ္စည်းတစ်ခုခုကိုထိတွေ့ပြီးတဲ့အခါ အနီဖုတွေပေါ်မယ်၊ ယားမယ်၊ ပူစပ်ပူလောင်ဖြစ်မယ်၊ နီရဲလာမယ်ဆိုရင်တော့ ထိုပစ္စည်းကိုရှောင်သင့်ပါပြီ။ ထိုကဲ့သို့ တရားခံကိုရှာရတာက အမြဲတမ်းတော့မလွယ်လောက်ပါဘူး။ ဥပမာ- မျက်နှာအသားအရေက ခြောက်သွေ့ပြီးယားယံလာတဲ့အခါ မျက်နှာသုံးပစ္စည်းတစ်မျိုးမျိုးကိုအပြစ်တင်မိပါလိမ့်မယ်၊ ဒါပေမယ့် တကယ်တော့ လက်အတွက် အသုံးပြုတဲ့ ပစ္စည်းတခုခုကြောင့် ဖြစ်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။ လက်အသားအရေကိုမထိခိုက်ဘဲ မျက်နှာကိုသွားထိခိုက်တာမျိုးပေါ့၊ ဒါမှမဟုတ် အရေပြားကိုထိခိုက်စေတာဘာလဲဆိုတာ စဉ်းစားလို့မရနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်နေနိုင်တယ်။ တကယ်လို့အကြောင်းအရင်းကိုရှာမရရင် အရေပြားဆရာဝန်နဲ့သွားပြပါ၊ သင့်အလုပ်အကိုင်၊ အိမ်သုံးပစ္စည်းတွေ၊ ဆေးတွေ၊ အလှကုန်တွေနဲ့ သင့်ကျန်းမာရေးရာဇဝင်ကိုမေးပြီး စဉ်းစားပေးပါလိမ့်မယ်။ အကြောင်းအရင်းကိုသိရဖို့ တချို့စမ်းသပ်မှုလေးတွေလည်း လုပ်ရနိုင်ပါတယ်။ Contact dermatitis (ထိတွေ့မှုကြောင့် […]


အခြားအရေပြားပြဿနာများ

သင့်ကလေးအရေပြားကို ထိခိုက်စေသောအရာများမှ ကာကွယ်ပေးခြင်း

သင့်ကလေးရဲ့အရေပြားဟာ သင့်ထက်ပိုပြီးနူးညံ့၊ ထိခိုက်လွယ်ပါတယ်။ အရေပြားလေးတွေပိုပါးပြီး ရောဂါပိုးဝင်လွယ်တယ်။ အိမ်ဟာ ကလေးအတွက် အန္တရာယ်အကင်းဆုံးနေရာလို့ထင်နေတယ်မို့လား၊ တကယ်တော့ သင့်ကလေးဟာ အိမ်မှာပဲ အမျိုးမျိုးသော ပစ္စည်းတွေကြောင့် အရေပြားထိခိုက်မှုတွေရနိုင်ပါတယ်။ သင့်ကလေးကိုကာကွယ်နိုင်မယ့် နည်းလမ်းများကို အောက်တွင်ဖော်ပြလိုက်ပါတယ်။ ၁။ ရနံ့ကင်းသောပစ္စည်းများသုံးပါ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ လိုးရှင်းတွေဟာ ရနံ့အမျိုးမျိုးပါပါတယ်။ ထိုရနံ့တွေဟာ အဝတ်တွေကိုမွှေးနိုင်စေသလို၊ သင့်ကလေးကိုလည်း ရနံ့လေးသင်းနေစေမှာပါ။ ဒါပေမယ့် ရနံ့တွေဟာဓါတ်မတည့်ခြင်းတွေဖြစ်နိုင်စေသလို ဒါတွေဟာ အရေပြားခြောက်သွေ့ယားယံစေနိင်တဲ့ ဓါတုပစ္စည်းတွေနဲ့ထုတ်ဖော်ထားတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ရနံ့ကင်းတဲ့အသုံးအဆောင်လေးတွေ သုံးပေးသင့်ပါတယ်။ ဒါတွေဟာ ရနံ့ပါတာတွေနဲ့ အကျိုးကတူတူပါပဲ။ အဝတ်တွေကိုပိုပြီးနူးညံ့စေချင်ရင် နောက်ဆုံးရေထဲကို ရှာလကာရှည်နည်းနည်း ထည့်ပေးလို့ရပါတယ်။ ၂။ အမြှုပ်နည်းတဲ့ဆပ်ပြာသုံးပါ ဆပ်ပြာတွေဟာ သင့်ကလေးငယ်ကိုသန့်စင်ပေးဖို့ သုံးတာတွေပါ။ ဒါပေမယ့် ထိုဆပ်ပြာတွေက ကလေးအရေပြားကိုခြောက်သွေ့ယားယံစေပြီး ထိခိုက်စေပါတယ်။ အမြှုပ်ကင်းသော သို့မဟုတ် နည်းသော ပစ္စည်းများကိုသုံးကြည့်ပါ။ မသေချာသည်များရှိပါက အရေပြားဆရာဝန်နဲ့ဆွေးနွေးကြည့်နိုင်ပါတယ်။ ၃။ သစ်သီးတွေကိုသတိထားပါ သစ်သီးတွေမှာပါတဲ့ အမျှင်ဓါတ်နဲ့ […]


အခြားအရေပြားပြဿနာများ

ခရုသင်း၊သမင်ဖြူအကြောင်း သိကောင်းစရာ

ခရုသင်းသမင်ဖြူဆိုတာဘာလဲ။ ခရုသင်းသမင်ဖြူသည် အရေပြားပေါ်တွင် အကွက်လိုက်အရောင်ပြောင်းသွားသောရောဂါဖြစ်သည်။ အရေပြားအရောင်ပျောက်/ဖျော့သောနှုန်းကိုခန့်မှန်း၍မရပါ။ ဆံပင်၊ ခံတွင်းနှင့် မျက်လုံးအပါအဝင် ခန္ဓါကိုယ်၏ အရေပြားမည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ ခရုသင်းသမင်ဖြူမည်သည့်အသားအရေမျိုးတွင်မဆိုဖြစ်နိုင်ပြီးအသားညိုသူများတွင်ပိုသိသာသည်။ ထိုရောဂါသည် အသက်အန္တရာယ်မရှိပါ။ ကူးစက်တတ်သောရောဂါမျိုးလည်းမဟုတ်ပါ။ သို့သော်လည်းသင့်အတွက် အနေခက်စေလိမ့်မည်။ ရောဂါလက္ခဏာများ ခရုသင်းသမင်ဖြူဘာကြောင့်ဖြစ်ရလဲ။ အရေပြား၏ရောင်ခြယ်ပစ္စည်းတမျိုးဖြစ်သောမယ်လနင် (Melanin)မရှိသောနေရာများတွင်ကွက်၍ ခရုသင်းသမင်ဖြူဖြစ်ရခြင်းဖြစ်သည်။ မယ်လနင်ကို Melanocyte ဟုခေါ်သောအရေပြားဆဲလ်တမျိုးမှထုတ်ပေးပြီး၎င်းသည် အသားရေအရောင် နှင့် နေရောင်ဒဏ်မှကာကွယ်နိုင်ရန်အကူအညီပေးသည်။ Melanin မရှိရခြင်းအကြောင်းကိုတိကျစွာမသိသေးသော်လည်း ခန္ဓါကိုယ်၏ခုခံအားစနစ် နှင့် အရေပြားရှိအာရုံကြောများမူမမှန်ခြင်းကြောင့်ဖြစ်သည်ဟုယူဆပါသည်။ မိသားစုဝင်ထဲတွင် ရောဂါဖြစ်ဖူးသူရှိလျှင် ၊ ခန္ဓါကိုယ်၏ခုခံအားစနစ်မူမမှန်ခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲသောရောဂါရှိလျှင်ခရုသင်းသမင်ဖြူဖြစ်နိုင်ချေပိုများသည်။ ခရုသင်းသမင်ဖြူသည် ကူးစက်တတ်သောရောဂါမဟုတ်သည့်အတွက် ရောဂါရှိသူနှင့် ထိတွေ့ရုံမျှနှင့်မကူးစက်ပါ။ သင့်ဆံပင်၊ ခံတွင်းနှင့် မျက်လုံးများအရောင်ဖျော့လာသည်ဟုသံသယရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။   ခရုသင်းသမင်ဖြူကိုဘယ်လိုကုသမလဲ။ နဂိုအရေပြားအရာင်ရရှိရန် ကုသနည်းများစွာရှိသော်လည်းရလဒ်ကိုခန့်မှန်း၍မရနိုင်ပါ။ ဘေးထွက်ဆိုးကျိုးများလည်းခံစားရနိုင်ပါသည်။ ထို့ကြောင့် သင့်ဆရာဝန်က ပထမဦးစွာနေပူစာလှုံခြင်းနှင့် မိတ်ကပ်အချို့ကိုအသုံးပြုရန် အကြံဉာဏ်ပေးကောင်းပေးနိုင်ပါသည်။ ဆေးသို့မဟုတ် အခြားသောနည်းများဖြင့်ကုသမည်ဆိုလျှင် သိသာသောအကျိုးရလဒ်ရရန် လအတန်ကြာမြင့်ပါလိမ့်မည်။ အကျိုးမထူးခင်ပင် သင်သည် အခြားသောနည်းလမ်းတမျိုးဖြင့် ပြောင်း၍ကုသကောင်းကုသနေနိုင်သည်။ ဆေးများ ခရုသင်းသမင်ဖြူသည် Melanin မရှိခြင်းကြောင့်ဖြစ်ရာတွင်၎င်းကိုရပ်တန့်စေသောဆေးမရှိပါ။ သို့သော် အချို့ဆေးများသည် […]


အခြားအရေပြားပြဿနာများ

ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့်အဖုများပေါက်ခြင်း

Autoimmune ရောဂါတွေဆိုတာ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မိမိတစ်သျှူးတွေကို မှားယွင်းတိုက်ခိုက်တဲ့အခြေအနေပါ။ အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီး ထိုအခြေအနေက ကိုယ်တွင်းအင်္ဂါတွေ၊ အရိုး၊ အဆစ်၊ ကြွက်သားနဲ့ တခြားတစ်သျှူးများအပါအဝင် ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်း အများအပြားကိုထိခိုက်စေနိုင်ပါတယ်။ ထို autoimmune ရောဂါတွေရဲ့ အများအားဖြင့် တိုက်ခိုက်ခံရတာတော့ အရေပြားဖြစ်တယ်၊ ထိုကနေ အရည်ဖုတွေပေါ်တတ်တဲ့ အခြေအနေတစ်ရပ်ဆီ ဦးတည်သွားပါတော့တယ်။ Autoimmune ရောဂါဆိုတာဘာလဲ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ ပုံမှန်အားဖြင့် ခန္ဓါကိုယ်အတွက် အန္တရာယ်ဖြစ်စေမယ့် ပြင်ပအရာတွေ၊ အဆိပ်ဖြစ်စေတဲ့ပစ္စည်းတွေကို ချေမှုန်းပစ်ဖို့၊ ဒါမှမဟုတ် အားလျော့သွားစေဖို့ ပဋိဇီဝပစ္စည်းလို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ပရိုတင်းတွေထုတ်ပေးလေ့ရှိပါတယ်။ ထိုခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မှားယွင်းပြီး ကျန်းမာနေတဲ့ တစ်သျှူးတွေကိုတိုက်ခိုက်မိတဲ့အခါ အရည်ကြည်ဖုတွေလို အဖုတွေ အရေပြားနဲ့တခြားအမြှေးပါးတွေမှာ ပေါ်လာပါတော့တယ်။ ဒီ autoimmnue blistering diseases (ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့် အဖုတွေပေါက်ရတဲ့အခြေအနေ) မှာဆိုရင် အရေပြားအလွှာလေးတွေ […]


အခြားအရေပြားပြဿနာများ

Dermatitis herpetiformis(DH) လို့ခေါ်တဲ့ ယားယံတတ်တဲ့အနီရောင်အရည်ကြည်ဖုလေးတွေပေါက်ခြင်း

Dermatitis herpetiformis ဆိုတာဘာလဲ Dermatitis herpetiformis(DH) လို့ခေါ်တဲ့ ယားယံတတ်တဲ့အနီရောင်အရည်ကြည်ဖုလေးတွေပေါက်ခြင်း တစ်မျိုးဟာ ဒီတိုင်းငြိမ်နေဖို့ ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ အဖုလေးတွေနဲ့ ယားယံခြင်းတွေဟာ တံတောင်ဆစ်၊ ဒူး၊ ဦးရေပြား၊ ကျော၊ တင်ပါး တို့မှာပေါ်လေ့ရှိပါတယ်။ Gluten လို့ခေါ်တဲ့ ကစီဓါတ်တစ်မျိုးနဲ့ မတည့်တာဖြစ်နိုင်ပြီး ပိုပြီးစိုးရိမ်စရာရှိတဲ့ အူဆိုင်ရာပြဿနာတစ်ခုခု (celiac disease) နဲ့ ဆိုင်နေနိုင်ပါတယ်။ DH ကို Duhring’s disease ဒါမှမဟုတ် gluten rash လို့လည်းခေါ်လေ့ရှိပါတယ်။ ထိုကဲ့သို့ရောဂါရှိသူဟာ စားသောက်မှုမှာ gluten(ဂလူတန်) ကိုသေချာရှောင်သင့်ပါတယ်။   ဘယ်လောက်အဖြစ်များလဲ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပေမယ့် အမျိုးသားတွေမှာ ပိုအဖြစ်များတာပါ။ အသက်၂၀၊ ၃၀ ဝန်းကျင်မှာစတင်တွေ့လာရတတ်ပြီး၊ ကလေးဘဝကတည်းက စတင်တာလည်းဖြစ်နိုင်ပါတယ်။ ဥရောပသားတွေမှာ တွေ့ရများတတ်ပြီး အာရှနဲ့ အာဖရိက လူမျိုးတွေမှာ သိပ်တွေ့ရလေ့မရှိပါဘူး။ ဖြစ်နိုင်ချေတက်စေတဲ့ အချက်တွေကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်မှာပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း