အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံအမာရွတ်ပျောက်ခရင်မ်မှာ ဘာတွေပါသလဲ

ဝက်ခြံဆိုးဆိုးရွားရွားပေါက်ပြီးပျောက်သွားတဲ့အခါသင့်မျက်နှာပေါ်မှာအမာရွတ်တွေကျန်ခဲ့ပါလိမ့်မယ်။ ဒီအမာရွတ်တွေဟာသင့်ရုပ်ရည်ကိုထိခိုက်စေတာမို့သင့်အနေနဲ့ဖယ်ရှားပစ်ချင်ပါလိမ့်မယ်။ ဒီအခါအမာရွတ်ပျောက်ခရင်မ်တွေကိုအသုံးပြုကြည့်နိုင်ပါတယ်။ အဆိုပါခရင်မ်တွေမှာအမာရွတ်ကိုသက်သာပျောက်ကင်းစေတဲ့ဓါတ်ပစ္စည်းတွေပါဝင်ပါတယ်။ သင်ဟာအမာရွတ်ပျောက်ခရင်မ်တွေလိမ်းဖို့စဉ်းစားထားပေမယ့်ဘာတွေပါမှန်းမသိလို့လက်တွန့်နေမယ်ဆိုရင်ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ အမာရွတ်ပျောက်ခရင်မ်မှာပါဝင်တဲ့ဓါတ်ပစ္စည်းအချို့ရဲ့အကြောင်းကိုဖော်ပြပေးထားပါတယ်။ ဆီလီကွန် ဆီလီကွန်ဟာဆေးဝါးအဖြစ်အသုံးပြုနိုင်တဲ့သတ္တုတမျိုးဖြစ်ပါတယ်။ ဆီလီကွန်ဟာအရိုးတွေနဲ့နှလုံးရောဂါအတွက်အထူးအကျိုးရှိတဲ့အပြင်တခြားကောင်းကျိုးတွေလည်းရှိပါသေးတယ်။ အမာရွတ်ပျောက်ခရင်မ်မှာပါဝင်တဲ့ဆီလီကွန်ဟာအရေပြားကိုမူလအတိုင်းပြန်ဖြစ်စေဖို့ကူညီပေးနိုင်ပါတယ်။Collagen ဓါတ်ဟာအသားအရေကိုကြာရှည်စွာနုပျိုစေပြီးအဆိုပါ Collagen ဓါတ်ဖြစ်ပေါ်ဖို့အတွက်ဆီလီကွန်ကအားပေးကူညီပါတယ်။ နနွင်းမှုန့် နနွင်းမှုန့်ကိုနနွင်းပင်ကတဆင့်ရရှိပြီးနနွင်းဟာအာရှအစားအစာတွေမှာပွဲတိုင်းကျော်အဖြစ်ပါဝင်လေ့ရှိပါတယ်။ နနွင်းဟာပူခါးတဲ့အရသာရှိပြီးမုန်ညင်း၊ထောပတ်ဒါမှမဟုတ်ဟင်းခတ်အမွှေးအကြိုင်တွေကိုအရောင်ဆိုးဖို့အတွက်အသုံးပြုနိုင်ကာနနွင်းမြစ်ကိုတော့အလှအပရေးရာအတွက်အသုံးပြုနိုင်ပါတယ်။ နနွင်းဟာဓါတ်ရောင်ခြည်/နေရောင်ခြည်တွေကြောင့်အရေပြားရောင်ရမ်းထိခိုက်တာကိုသက်သာအောင်ကုသပေးနိုင်ပါတယ်။ ဒါ့အပြင်အမာရွတ်တွေ ဖြစ်မလာအောင်နဲ့ရှိပြီးသားအမာရွတ်တွေသက်သာသွားအောင်ဒါမှမဟုတ်လုံးဝပျောက်သွားအောင်လုပ်ပေးနိုင်ပါတယ်။ နနွင်းကိုအရေပြားပေါ်တိုက်ရိုက်လိမ်းနိုင်သလိုအမာရွတ်ပျောက်ခရင်မ်တွေရဲ့ပါဝင်ပစ္စည်းတခုအနေနဲ့လည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ် ရှားစောင်းလက်ပတ်ပင်ဟာပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမျိုးမှာပေါက်ရောက်ရှင်သန်ပါတယ်။ ရှားစောင်းလက်ပတ်ကနေဂျဲလ်နဲ့အစေးလေးတွေထုတ်ပေးပါတယ်။ ဒီဂျဲလ်လေးတွေဟာကြည်လင်ပြီးအပင်ရဲ့အတွင်းပိုင်းမှာတွေ့ရသလိုအဝါရောင်ရှိတဲ့အစေးလေးတွေကိုတော့အပေါ်ယံလွှာရဲ့အောက်ဖက်မှာတွေ့ရှိနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ကိုဆေးဝါးအဖြစ်ဒါမှမဟုတ်စားစရာအဖြစ်အသုံးပြုနိုင်ပါတယ်။ ပါးစပ်ကစားလို့ရသလိုအရေပြားပေါ်လိမ်းပေးလို့လည်းရပါတယ်။ အရေပြားပေါ်လိမ်းပေးရင်နေလောင်ဒါဏ်နဲ့အပူလောင်ဒါဏ်တွေကိုလျော့ပါးသက်သာစေပြီးဝက်ခြံကိုကုသပေးနိုင်သလိုအရေပြားကိုမူလအတိုင်း ပြန်ဖြစ်စေကာအရေပြားအစိုဓါတ်ကိုလည်းထိန်းသိမ်းပေးပါတယ်။ ရှားစောင်းလက်ပတ်ဟာအနာကျက်စေပြီးအမာရွတ်ဖြစ်ပေါ်တာကိုကာကွယ်ပေးတဲ့အတွက်အမာရွတ်ပျောက်ခရင်မ်တွေမှာထည့်သွင်းပါဝင်လာလေ့ရှိပါတယ်။ Bromelain (နာနတ်သီးမှာပါဝင်တဲ့အင်ဇိုင်းမ်တမျိုး) Bromelainဟာရောင်ရမ်းတာကိုသက်သာစေခြင်း၊ထိခိုက်ပျက်စီးနေတဲ့အရေပြားတစ်ရှူးတွေကိုဖယ်ရှားပေးနိုင်ခြင်း၊တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေခြင်းစတဲ့အာနိသင်တွေရှိပြီးအမာရွတ်ဖြစ်မလာအောင်ကာကွယ်ပေးနိုင်တာမို့ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ဗီတာမင် K ဆလတ်ရွက်၊ပန်းဂေါ်ဖီစိမ်းအစရှိတဲ့အသီးအရွက်တွေမှာဗီတာမင် K ပါဝင်ပြီးအရေပြားပေါ်ကအမာရွတ်တွေကိုဖယ်ရှားဖို့အတွက်အသုံးပြုနိုင်ပါတယ်။ ဗီတာမင် K ဟာအနာကျက်မြန်စေပြီးအမာရွတ်တွေ ဖြစ်မလာအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် K1 နဲ့ဗီတာမင် K2 ဆိုပြီးဗီတာမင် K နှစ်မျိုးရှိပါတယ်။ ဗီတာမင် K1ဟာအာနိသင်မြန်မြန်ပြပြီးကြာကြာခံကာအန္တရာယ်လည်းကင်းတဲ့အတွက်အသုံးများပါတယ်။ အမာရွတ်ပျောက်ခရင်မ်ဟာအရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးသောအမာရွတ်ပျောက်စေတဲ့နည်းလမ်း ဖြစ်ပါတယ်။ သူတို့ကိုအလွယ်တကူဝယ်ယူနိုင်သလိုဈေးလည်းမကြီးပါဘူး။ ဒါပေမယ့်ခရင်မ်ထဲမှာပါတဲ့အချို့သောဓါတ်ပစ္စည်းတွေဟာသင့်အရေပြားနဲ့မတည့်တာမျိုး ဖြစ်လာစေနိုင်တဲ့အတွက်ဘယ်လိုခရင်မ်ကိုအသုံးပြုရမလဲသိစေဖို့သင့်ဆရာဝန်ဒါမှမဟုတ်အရေပြားဆရာဝန်နဲ့ဦးစွာတိုင်ပင်ဆွေးနွေးပြီးအကြံဉာဏ်တောင်းခံသင့်ပါတယ်။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အသားအရေ ထိန်းသိမ်းခြင်း

သင့် အသားအရေ ကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ

အချို့သောအစားအစာတွေ (ဥပမာလက်ဖက်စိမ်း၊ပန်းသီး၊ခရမ်းချဉ်သီးစသဖြင့်) ဟာကျန်းမာရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေပါတယ်။ သူတို့ဟာအရသာရှိရုံသာမကကျန်းမာရေးအတွက်ရောအလှအပရေးရာအတွက်ပါကောင်းမွန်ပါတယ်။ ဒါကြောင့်သူတို့ကိုသဘာဝအတိုင်း အသားအရေ ကိုထိန်းပေးနိုင်တဲ့အလှကုန်တွေအဖြစ်အသုံးပြုလာနေကြပြီ ဖြစ်ပါတယ်။ သဘာဝပစ္စည်းများ အသားအရေကိုထိန်းသိမ်းပေးနိုင်တဲ့သဘာဝပစ္စည်းတွေကိုဝေးဝေးလံလံလိုက်ရှာနေစရာမလိုပါဘူး။ သင်စားနေကျအစားအစာတွေထဲမှာပဲပါဝင်လို့နေပါတယ်။ ဒါပေမယ့်သူတို့ကိုပုံမှန်အတိုင်းအာဟာရအဖြစ်စားတာနဲ့အသားအရေထိန်းသိမ်းပေးနိုင်တဲ့အလှအပရေးရာပစ္စည်းအဖြစ်သုံးစွဲတာဟာနည်းနည်းတော့ကွဲပြားတဲ့အတွက်သင့်အနေနဲ့သတိထားရပါမယ်။ သင့် အသားအရေ ကိုကျန်းမာလှပစေတဲ့သဘာဝပစ္စည်းအချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။ ပဲပုပ် ပဲပုပ်ဟာအသားအရေကို ဖြူစင်ဝင်းပစေပြီးနီရဲရောင်ရမ်းမှုတွေကိုလျော့နည်းစေကာအမဲစက်များကိုပျောက်ကွယ်မှေးမှိန်သွားစေတဲ့အပြင် collagen ဓါတ်ထုတ်လုပ်မှုကိုလည်းအားပေးပါတယ်။ ပဲပုပ်ဟာ anti-oxidant လို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးလည်းဖြစ်ပါသေးတယ်။ ဒါ့အပြင်အသားအရေညိုမည်းမှုကို ဖြစ်စေတဲ့ melanin ဓါတ်တွေအရေပြားမှာ ဖြစ်ပေါ်လာမှုကိုလည်းပဲပုပ်ကကာကွယ်ပေးနိုင်ပါတယ်။ Maitake(မိုင်းတိက်ခ် မှို) MaitakeမှိုကိုMaitake, Shelf fungi ဒါမှမဟုတ် dancing mushroom လို့အမည်အမျိုးမျိုးနဲ့ခေါ်ဝေါ်လေ့ရှိကြပြီးအာရှတိုက်မှာတွေ့ရလေ့ရှိပါတယ်။Maitakeမှိုဟာအစာအာဟာရအဖြစ်သာမကဆေးဝါးအဖြစ်ပါသုံးစွဲနိုင်ပါတယ်။ အလှအပရေးရာအတွက်လည်းအကျိုးရှိတဲ့မှိုပဲ ဖြစ်ပါတယ်။Maitakeမှိုဟာထိခိုက်လွယ်တဲ့အသားအရေတွေမှာနီရဲရောင်ရမ်းမှုကိုသက်သာပျောက်ကင်းစေနိုင်တဲ့သတ္တိရှိပါတယ်။ အရေပြားအစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်တဲ့အပြင်ဝက်ခြံကုသရာမှာလည်းအကျိုးရှိပါတယ်။Maitakeမှိုဟာအသားအရေကိုဝင်းပဖြူစင်စေပြီးအသားအရေကိုနုပျိုကျန်းမာစေပါတယ်။ ရိုဒီယိုလာပင် (Rhodiola) ရိုဒီယိုလာပင်ရဲ့အမြစ်ကိုဆေးဝါးအဖြစ်သုံးစွဲနိုင်ပါတယ်။ ရိုဒီယိုလာပင်ဟာအားအင်တွေပေးနိုင်တဲ့အပြင်စိတ်ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ ကင်ဆာနဲ့ဆီးချိုလိုမျိုးရောဂါတွေကိုတောင်ကုသနိုင်တယ်လို့ဆိုပါတယ်။proanthocyanidinsလို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးပါဝင်တဲ့အတွက်ရိုဒီယိုလာပင်ဟာအသားအရေကိုနုပျိုစေတယ်လို့သိပ္ပံပညာရှင်တွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရိုဒီယိုလာပင်ဟာထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေကိုကူညီပေးနိုင်သလိုအရေပြားအစိုဓါတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။ အာဂန်ဆီ ရွှေရည်လို့လည်းတင်စားခေါ်ဝေါ်လေ့ရှိတဲ့အာဂန်ဆီဟာအကျိုးထူးများစွာပေးနိုင်တဲ့သဘာဝပစ္စည်းတမျိုး ဖြစ်ပြီးအရေပြားအစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ပစ္စည်း (moisturizer) အနေနဲ့လည်းသုံးနိုင်ပါတယ်။ အာဂန်ဆီမှာ omega-3 fatty acids ပါဝင်ပြီး collagen ဓါတ်ထုတ်လုပ်မှုကိုအားပေးတဲ့အတွက်သင့်အသားအရေအတွက်အထူးကောင်းမွန်ပါတယ် (အထူးသဖြင့်အသက်ကြီးလို့အသားအရေပျက်စီးလာသူတွေအတွက်ပေါ့)။ လက်ဖက်စိမ်း လက်ဖက်စိမ်းဟာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်တာမို့သင့်အသားအရေကိုနုပျိုသန်စွမ်းစေတဲ့အပြင်ခရမ်းလွန်ရောင်ခြည်ကြောင့်ထိခိုက်ထားတဲ့အသားအရေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ လက်ဖက်ဆီ (Tea tree oil) လက်ဖက်ဆီဟာဘက်တီးရီးယား၊fungusမှိုနဲ့ဗိုင်းရပ်စ်တို့ကိုဆန့်ကျင်တိုက်ထုတ်ပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုလည်းသတ်ပစ်နိုင်စွမ်းရှိပါတယ်။ သင်ဟာဝက်ခြံခဏခဏပေါက်တတ်သူ ဖြစ်မယ်ဆိုရင်ဒီလိုမျိုးဝက်ခြံပေါက်တာတွေကိုကာကွယ်နိုင်ဖို့အတွက်လက်ဖက်ဆီကိုမှန်မှန်လိမ်းပေးသင့်ပါတယ်။ ဘယ်အချက်တွေကိုထည့်သွင်းစဉ်းစားရမလဲ။ သဘာဝပစ္စည်းတွေမှာသင့် […]


ဝက်ခြံ

ဝက်ခြံပျောက်ကင်းဖို့အတွက် ဆေးတွေကို ဘယ်လိုပေါင်းစပ်သုံးစွဲမလဲ

ဝက်ခြံကုသရာမှာအရေးပါတဲ့အချက်ကဝက်ခြံတွေကိုအမြန်ပျောက်ကင်းအောင်နဲ့အမာရွတ်တွေမကျန်ခဲ့အောင်ကုသဖို့ပဲ ဖြစ်ပါတယ်။ ဝက်ခြံအမျိုးအစား၊အခြေအနေနဲ့သင့်အရေပြားအနေအထားပေါ်မူတည်ပြီးကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်။ ဆေးတွေကိုတမျိုးတည်းဖြစ်စေ၊ (အာနိသင်ပိုကောင်းစေဖို့အတွက်) ပေါင်းစပ်ပြီးဖြစ်စေသုံးစွဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ဝက်ခြံကုသရာမှာမှာဆေးတွေကိုဘယ်လိုပေါင်းစပ်သုံးစွဲမလဲဆိုတာကိုတင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သင့်အရေပြားဆရာဝန်အနေနဲ့သင့်ဝက်ခြံတွေကိုထိန်းချုပ်နိုင်ဖို့၊အမာရွတ်တွေမကျန်ခဲ့စေဖို့နဲ့အမာရွတ်တွေ ဖြစ်လာရင်လည်းအမြန်ဆုံးသက်သာလျော့ပါးသွားစေဖို့အကူအညီပေးပါလိမ့်မယ်။ လိမ်းဆေးများ ဝက်ခြံတွေကိုကုသဖို့ရာလိမ်းဆေးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတော့သိသာထင်ရှားတဲ့အကျိုးရလာဒ်ကို မြင်ရဦးမှာမဟုတ်ပါဘူး။ ဒါ့အပြင်အရေပြားနီရဲခြင်း၊ခြောက်ကပ်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်းခံစားရဦးမှာ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေခံစားလာရပြီဆိုရင်သင့်အနေနဲ့အရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဆေးပမာဏကိုလျှော့ဖို့ဒါမှမဟုတ်ဆေးပြောင်းဖို့ဆရာဝန်ကအကြံပြုပါလိမ့်မယ်။ သန့်ရှင်းပြီးခြောက်သွေ့တဲ့အရေပြားကိုပဲလိမ်းဆေးလိမ်းသင့်ပါတယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ဆေးတွေက Retinoids (ရက်တီနွိက်ဒ်စ်) : Retinoidsတွေကိုခရင်မ်၊ဂျဲလ်ဒါမှမဟုတ်လိုးရှင်းတွေအဖြစ်သုံးစွဲနိုင်ပြီးမွေးညင်းပေါက်တွေမပိတ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ တပတ်ကိုသုံးခါလောက်လိမ်းပေးရမှာဖြစ်ပြီးတညလုံးလိမ်းထားရမှာ ဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးများ : ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုပဋိဇီဝပိုးသတ်ဆေးတွေကဖယ်ရှားရှင်းလင်းပေးပါတယ်။ အဆိုပါပိုးသတ်ဆေးတွေကိုRetinoidsတွေနဲ့ပူးတွဲသုံးစွဲနိုင်ပါတယ်။benzoyl peroxide နဲ့လည်းအတူတကွသုံးစွဲနိုင်ပြီးဒီလိုသုံးစွဲပေးခြင်းအားဖြင့်ဆေးယဉ်ပါး၊ဆေးမတိုးတော့တာမျိုးတွေကိုလျော့နည်းစေမှာပါ။ Aczone : Aczone (အက်ဇုန်း)တွေကိုretinoidsတွေနဲ့အများဆုံးပေါင်းစပ်သုံးစွဲလေ့ရှိပါတယ်။ သောက်ဆေးများ ဝက်ခြံကုသဖို့ရာသုံးလေ့ရှိတဲ့သောက်ဆေးတွေကအောက်ပါအတိုင်း ဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေ : ဝက်ခြံအခြေအနေဆိုးရင်ပိုးသတ်ဆေးတွေသောက်ဖို့လိုပါလိမ့်မယ်။ ဒီဆေးတွေဟာဘက်တီးရီးယားပိုးမွှားတွေရဲ့ပမာဏကိုလျှော့ချပေးနိုင်ပါတယ်။ လိမ်းဆေးနဲ့သောက်ဆေးကိုတွဲသုံးဖို့သင့်ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။ ဆေးသောက်တဲ့အခါဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးပတ်လည်အောင်ရက်အတိအကျသောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာဆေးယဉ်ပါး၊ဆေးမတိုးတော့တာတွေကိုကာကွယ်နိုင်မှာပါ။ ပိုးသတ်ဆေးတွေကြောင့်မူးဝေထိုင်းမှိုင်းခြင်း၊ဗိုက်အောင့်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးလေးတွေကိုတော့ခံစားကောင်းခံစားရတတ်ပါတယ်။ ဒါ့အပြင်ပဋိဇီဝပိုးသတ်ဆေးတွေကိုကိုယ်ဝန်ဆောင်ချိန်မှာအထူးသတိထားပြီးသောက်သင့်ပါတယ်။ ပဋိသန္ဓေတားဆေးတွေ : မဟော်မုန်းပါဝင်တဲ့သန္ဓေတားဆေးတွေကိုသောက်ဖို့တချို့အရေပြားဆရာဝန်တွေကညွှန်ကြားလေ့ရှိပါတယ်။ ဒီနည်းလမ်းကိုအမျိုးသမီးတွေမှာအများဆုံးအသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့်သန္ဓေတားဆေးတွေဟာခေါင်းကိုက်တာ၊ပျို့အန်တာဒါမှမဟုတ်ကိုယ်အလေးချိန်တက်တာအစရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကိုခံစားရစေနိုင်ပါတယ်။ ကျားဟော်မုန်းဆန့်ကျင်ဆေးတွေ : androgens ဆိုတဲ့ကျားဟော်မုန်းဟာအဆီဂလင်းကနေအဆီထွက်ရှိမှုကိုများပြားစေပြီးအဆိုပါမလိုလားအပ်တဲ့အဆီတွေဟာအရေပြားဆဲလ်သေတွေနဲ့ပူးပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်စေပါတယ်။ ဝက်ခြံအမာရွတ်တွေကိုဘယ်လိုကုသမလဲ။ ဝက်ခြံပျောက်သွားပြီးတဲ့အခါအမာရွတ်တွေကျန်နေတတ်ပါတယ်။ အမာရွတ်အများစုဟာအချိန်ကြာလာတာနဲ့အမျှမှေးမှိန်ပျောက်ကွယ်သွားတတ်ပေမယ့် ပြင်းထန်တဲ့ဝက်ခြံရောဂါတွေကနေကျန်ရစ်ခဲ့တဲ့အမာရွတ်အချို့ကတော့ပျောက်ကွယ်သွားလေ့မရှိပါဘူး။ ဒီအမာရွတ်တွေကိုဂရုမစိုက်ဘဲထားလို့ရသလိုဆေးကုသပေးလို့လည်းရပါတယ်။ ဆေးတွေဟာအမာရွတ်ဖြစ်ပေါ်တာကိုကာကွယ်တားဆီးပေးနိုင်သလို […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေပါ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းတယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲ လိုအပ်တဲ့အရာလို့ သင်ယူဆထားပါသလား။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်နည်းတစ်မျိုးပဲလား။ သင်ဟာ အမျိုးသားဖြစ်တဲ့အတွက် ရုပ်ရည်သွင်ပြင်ကို အရမ်းကြီးဂရုစိုက်စရာမလိုဘူးလို့ ထင်ပါသလား။ သင်ထင်တာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရုပ်ရည်ချောမောကြည့်ကောင်းချင်တာအမှန်ပါ။ ဒီခေတ်ကြီးထဲမှာ သင့်အနေနဲ့ ရုပ်ရည်အလှအပ၊ ခန္ဓာကိုယ်အလှအပကို မထိန်းသိမ်းဘူးဆိုရင်ဆိုးကျိုးတွေအများကြီးကို ခံစားသွားရနိုင်ပြီးအရာရာမှာနောက်ကျကျန်နေမှာပဲ ဖြစ်ပါတယ် (အလုပ်မှာပဲ ဖြစ်ဖြစ်၊ကောင်မလေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့)။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေသာလုပ်ဆောင်သင့်တဲ့အရာမဟုတ်ပါဘူး။ ဆရာဝန်တွေ၊ အလှအပရေးရာဆေးခန်းတွေဆီသွားပြီး နုပျိုအောင်ကြိုးစားနေတဲ့ ဒါမှမဟုတ် အရေပြားပေါ်ကအမာရွတ်တွေကိုဖယ်ရှားပစ်ဖို့အကြံဉာဏ်တောင်းခံနေတဲ့ အမျိုးသားတွေ တဖြည်းဖြည်းနဲ့များလာပြီဖြစ်ပါတယ်။ ရုပ်ရည်ကြည့်ကောင်းချောမောချင်တာဟာ လူ့သဘာဝဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းတာဟာ ရုပ်ရည်ကြည့်ကောင်းဖို့အတွက်သာမကဘဲ သင့်ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်တဲ့ အရေပြားရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာရှိတဲ့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေဟာ အရေပြားအတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးပါတယ်။ သင့်မှာအမျိုးသမီးတွေထက် collagen ဓာတ်ပိုများများရှိတဲ့အတွက် အရေပြားကိုပိုမိုကျန်းမာသန်စွမ်းစေပြီး အရေတွန့်မှုတွေကနေလည်း ကာကွယ်ပေးထားပါသေးတယ်။ ဒါပေမယ့်ဒီလိုအမွှေးအမျှင်တွေပိုများတဲ့အတွက် သင့်မျက်နှာမှာရှိတဲ့ မွေးညှင်းပေါက်တွေကနေ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ

ဝက်ခြံဆိုတာဘက်တီးရီးယားကြောင့် ဖြစ်ပွားလေ့ရှိတဲ့အရေပြားရောဂါတမျိုးဖြစ်ပြီးမျက်နှာ၊လည်ပင်း၊ကျောနဲ့ရင်ဘတ်တွေမှာအဓိက ဖြစ်လေ့ရှိပါတယ်။ ဝက်ခြံရဲ့အထင်ရှားဆုံးသောနောက်ဆက်တွဲ ပြဿနာကအမာရွတ်ကျန်ခဲ့တာဖြစ်ပြီးဒီလိုအမာရွတ်တွေကိုကုသဖို့နှစ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ ဒါကြောင့်ထိရောက်တဲ့ကုသမှုနည်းလမ်းကိုဆုံးဖြတ်နိုင်စေဖို့အတွက်ဝက်ခြံအမာရွတ်တွေဘာလို့ဖြစ်ရတာလဲဆိုတာသိရှိနားလည်ဖို့အရေးကြီးပါတယ်။ ဝက်ခြံအမာရွတ်တွေဘာလို့ကျန်ခဲ့တာလဲ။ အမေရိကန်အရေပြားဗေဒအဖွဲ့ကြီးရဲ့အဆိုအရဝက်ခြံပေါက်နေသူတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းဟာသူတို့ရဲ့အမာရွတ်တွေကြောင့်စိတ်ဆင်းရဲနေကြရတယ်လို့ဆိုပါတယ်။ တကယ်တော့အမာရွတ်ဆိုတာကျွန်တော်တို့ခန္ဓါကိုယ်ကဝက်ခြံပျောက်အောင်တိုက်ထုတ်ပေးလိုက်တဲ့အမှတ်အသားတခု ဖြစ်ပါတယ်။ ဝက်ခြံပေါက်တာဟာလည်းအရေပြားထိခိုက်မှုတမျိုးဖြစ်တာကြောင့်နီရဲရောင်ရမ်းတဲ့အဆင့်ကျော်လွန်လို့ပျောက်ကင်းသွားပြီဆိုရင်အမာရွတ်ဖြစ်ပြီးကျန်ရစ်ခဲ့မှာပါ။ နီရဲရောင်ရမ်းတဲ့ ဖြစ်စဉ်အတွင်းအရေပြားမှာရှိတဲ့ကော်လဂျင်ဓါတ်တွေဖျက်ဆီးခံလိုက်ရပြီးအမာရွတ်တွေ၊အရေပြားချိုင့်ခွက်တွေဖြစ်ပြီးကျန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာအရေပြားတစ်ရှူးတွေရောအရေပြားကိုထောက်ပံ့ပေးထားတဲ့အရာတွေအားလုံးပါပျက်စီးဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ဝက်ခြံအမာရွတ်အများစုဟာမျက်နှာမှာပဲဖြစ်လေ့ရှိတာမို့လူနာအနေနဲ့မိမိကိုယ်ကိုယုံကြည်မှုကျဆင်းစေပါတယ်။ အသက်ကြီးလာလေလေကော်လဂျင်ဓါတ်တွေနှစ်စဉ်ပိုမိုဆုံးရှုံးလေဖြစ်တာမို့အမာရွတ်ဟာပိုပိုပြီးထင်ရှားလာမှာပဲ ဖြစ်ပါတယ်။ ဝက်ခြံအမာရွတ်ဘယ်နှစ်မျိုးရှိသလဲ။ ပုံမှန်ခပ်သေးသေးအမာရွတ်၊အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ဆိုပြီးအတွေ့ရအများဆုံးအမာရွတ်အမျိုးအစားသုံးမျိုးရှိပါတယ်။ လူတယောက်နဲ့တယောက်အမာရွတ်ဖြစ်ပေါ်ပုံကမတူညီနိုင်ပါဘူး။ ၁။ ပုံမှန်ခပ်သေးသေးဝက်ခြံအမာရွတ် ။ ဒါဟာအဖြစ်အများဆုံးဝက်ခြံအမာရွတ်အမျိုးအစား ဖြစ်ပြီးအရေပြားမှာချိုင့်တွေဖြစ်စေတဲ့အမာရွတ်၊လေးထောင့်ပုံစံရှိတဲ့အမာရွတ်နဲ့ခပ်ထူထူလှိုင်းပုံစံရှိပြီးအသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ဆိုပြီးထပ်မံခွဲခြားနိုင်ပါတယ်။ အရေပြားချိုင့်ဖြစ်စေတဲ့အမာရွတ်လေးတွေဟာ၂ မီလီမီတာလောက်ပဲရှိတတ်တဲ့အတွက်သေးငယ်ပြီးခပ်နက်နက်ဖြစ်ကာအင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရှိပါတယ်။ အသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ကတော့၄-၅ မီလီမီတာလောက်ရှိတတ်တဲ့အတွက်အနည်းငယ်ပိုကြီးပြီးအင်္ဂလိပ်အက္ခရာ M ပုံသဏ္ဍာန်ရှိပါတယ်။ လေးထောင့်ပုံစံရှိတဲ့အမာရွတ်ကတော့အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန်ရှိပြီးအောက်ခြေကျယ်ပါတယ်။ ၂။ ကော်လဂျင်ဓါတ်မညီမျှမှု (နည်းလွန်းတာ၊များလွန်းတာတွေ)ကြောင့်အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမာရွတ်အထူအကြီးစားဟာအရေပြားပေါ်မှာထူထဲတဲ့ကော်လဂျင်ဖုတွေ ဖြစ်ပေါ်လာတာကြောင့်ဖြစ်ပြီးအများအားဖြင့်ပန်းရောင်ရှိပါတယ်။ အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ကတော့ခရမ်းရောင်ပုပ်ပုပ်ဖြစ်ပြီးအမာရွတ်အထူအကြီးစားထက်အနည်းငယ်ပိုသေးပါတယ်။ တကယ်လို့သင့်အနေနဲ့ဝက်ခြံတွေပေါက်နေပြီဆိုရင်စနစ်တကျစစ်ဆေးပြီးမှန်ကန်သင့်တော်တဲ့ကုသမှုတွေကိုခံယူနိုင်ဖို့အတွက်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သဘာဝနည်းနဲ့ကုသတာ၊ဆေးဝါးအသုံးပြုပြီးကုသတာဒါမှမဟုတ်လေဆာသုံးပြီးကုသတာစသဖြင့်ကုသနည်းအမျိုးမျိုးရှိပါတယ်။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းခြင်းအကြောင်း အများဆုံးမေးတတ်ကြတဲ့ မေးခွန်းများ

အသားအရေထိန်းသိမ်းခြင်းဟာအမျိုးသားတွေအတွက်ရောအမျိုးသမီးတွေအတွက်ပါအမှန်တကယ်အရေးကြီးပါတယ်။ ရုပ်ရည်နဲ့အသားအရေလှပကောင်းမွန်မှုရှိမရှိဟာနေ့စဉ်လှုပ်ရှားသွားလာမှု၊တဦးနဲ့တဦးဆက်သွယ်ပြောဆိုမှုနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိမှုစတဲ့အချက်တွေပေါ်များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့်လူအများအပြားဟာအရေပြားထိခိုက်မှုဒါဏ်ကိုခံစားနေရပါတယ်။ ဒါကြောင့်မို့အသားအရေထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီးအများဆုံးမေးတတ်ကြတဲ့မေးခွန်းတွေကိုအောက်မှာဖော်ပြပေးထားပါတယ်။ ၁။ အဆီအရမ်းပြန်တာကိုဘယ်လိုထိန်းချုပ်ရမလဲ။ အဆီပြန်တာကိုထိန်းချုပ်ဖို့အတွက်မျက်နှာအလွန်အကျွံမသစ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်အရေပြားကိုအလွန်အကျွံခြောက်သွေ့သွားစေတဲ့အတွက်အစိုဓါတ်ပြန်ထိန်းနိုင်ဖို့ခန္ဓါကိုယ်ကနေအဆီတွေပိုပြီးထုတ်ပေးအောင်ဆွလိုက်သလိုသာ ဖြစ်သွားစေတာမို့ဝက်ခြံတွေကိုပိုဆိုးစေပါတယ်။ ဒါ့ကြောင့်မျက်နှာကိုမှန်ကန်စွာသစ်ရမှာဖြစ်တဲ့အပြင်အရေပြားအစိုဓါတ်ကိုထိန်းပေးထားဖို့လည်းလိုအပ်လှပါတယ်။ ခြောက်သွေ့တဲ့အသားအရေကိုသာမကအဆီပြန်တတ်တဲ့အသားအရေကိုလည်းအစိုဓါတ်ထိန်းပေးဖို့အရေးကြီးပါတယ်။ အစိုဓါတ်ကောင်းစွာရရှိတဲ့အရေပြားဟာကျန်းမာပြီးဘက်တီးရီးယားပိုးမွှားတွေရန်ကလည်းကာကွယ်နိုင်စွမ်းရှိပါတယ်။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ petroleum ဒါမှမဟုတ်အဆီဓါတ်ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုတော့ရှောင်ရှားသင့်ပါတယ်။ သူတို့အတွက်ရေကိုအခြေခံပြီးထုတ်လုပ်ထားကာပျစ်စေးမှုမရှိတဲ့အလှကုန်တွေကသာအသင့်တော်ဆုံး ဖြစ်လို့ပါ။ ၂။ အသားအရေလှပကျန်းမာအောင်ဘယ်လိုအစားအစာမျိုးတွေကိုစားရမလဲ။ ဟော်မုန်းနဲ့မျိုးဗီဇတို့နည်းတူအစားအသောက်ဟာလည်းအသားအရေထိန်းသိမ်းမှုမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ ဒါကြောင့်အောက်ပါအစားအစာတွေကိုပိုမိုစားသုံးသင့်ပါတယ်။ ငါး ။ အိုမီဂါ - ၃နဲ့အိုမီဂါ- ၆ ဖက်တီးအက်ဆစ်တွေပါဝင်တဲ့အတွက်ငါးဟာနီရဲရောင်ရမ်းတာတွေကိုသက်သာစေပြီးဝက်ခြံတွေကိုပါးသွားစေပါတယ်။ ကမာ ။ ကမာကောင်တွေမှာပါဝင်တဲ့ဇင့်ဓါတ်ဟာဝက်ခြံရဲ့ဆိုးကျိုးတွေကိုလျော့ပါးစေပါတယ်။ ဇင့်သတ္တုဓါတ်ကိုနွားကလေးသား၊အသည်း၊အမဲသား၊ရွှေဖရုံသီး၊ကျောက်ဖရုံစေ့နဲ့ဖရဲစေ့တွေမှာတွေ့ရှိရတတ်ပါသေးတယ်။ သစ်သီး ။ လိမ္မော်သီး၊မုန်လာဥနီအစရှိတဲ့လိမ္မော်ရောင်အသီးတွေဟာဗီတာမင်စီဓါတ်ကြွယ်ဝစွာပါဝင်တာမို့အရေပြားရဲ့ကော်လဂျင်ဓါတ်ထုတ်လုပ်မှုကိုများစေပါတယ်။ အမည်းရောင်ဘယ်ရီသီးမှာပါဝင်တဲ့အာဟာရဓါတ်တွေဟာအသားအရေကိုပိုကောင်းစေသလိုအစိမ်းပုပ်ရောင်ရှိတဲ့အရွက်တွေဟာလည်းခန္ဓါကိုယ်တွင်းမှာရှိတဲ့အညစ်အကြေးတွေကိုကူညီဖယ်ရှားပေးနိုင်ပါတယ်။ အောက်ပါအစားအစာတွေကိုတော့ရှောင်ကြဉ်သင့်ပါတယ်။ နွားနို့ ။ ဝက်ခြံတွေအပေါ်နွားနို့ရဲ့အကျိုးသက်ရောက်မှုကို ငြင်းခုန်မှုအချို့ရှိနေပေမယ့်နွားနို့ဟာဟော်မုန်းတွေကိုများစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေပါလိမ့်မယ်။ အင်ဆူလင်ပမာဏလည်း မြင့်တက်လာပြီးအရေပြားကနေအဆီတွေပိုထုတ်လုပ်လာတဲ့အတွက်ဝက်ခြံဖြစ်ဖို့အားပေးစေပါတယ်။ အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေ။ ဒီအစားအစာတွေဟာဟော်မုန်းဓါတ်အပြောင်းအလဲကို ဖြစ်စေတဲ့အပြင်သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်တက်စေပါတယ်။ အသင့်စားအစာတွေ။ အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေနည်းတူအသင့်စားအစာတွေဟာလည်းကျန်းမာရေးအတွက်မသင့်တော်ပါဘူး။ သူတို့ဟာနီရဲရောင်ရမ်းမှုကို ဖြစ်စေတဲ့အတွက်ဝက်ခြံတွေနဲ့အနီဖုတွေထွက်လာစေပါတယ်။ ၃။ ထိခိုက်လွယ်တဲ့အသားအရေကိုဘယ်လိုဂရုတစိုက်ကိုင်တွယ်ထိန်းသိမ်းသင့်သလဲ။ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအဖို့မိမိနဲ့ကိုက်ညီမယ့်အလှကုန်ပစ္စည်းတွေကိုရွေးချယ်ရတာတကယ်ကိုခေါင်းခဲစရာပါ။ ထိခိုက်လွယ်တဲ့အသားအရေကိုထိန်းသိမ်းရာမှာအရေးကြီးဆုံးအချက်ကတော့ ပြင်းထန်မှုမရှိတဲ့ခပ်ပျော့ပျော့ကုန်ပစ္စည်းကိုရွေးချယ်မိဖို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုဦးစားပေးရွေးချယ်သင့်ပါတယ်။ ဒါပေမယ့်တခုသတိထားရမှာကသဘာဝပစ္စည်းအချို့ဟာလူတိုင်းနဲ့တည့်မှာမဟုတ်ဘဲတချို့လူတွေမှာဓါတ်မတည့်တဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်။ ၄။ ပုံမှန်အသားအရေထိန်းသိမ်းမှုမှာဘယ်အရာတွေကအရေးပါသလဲ။ ကြိုတင်ကာကွယ်ခြင်းနဲ့ဆေးကြောသန့်စင်ခြင်းဟာပုံမှန်အသားအရေထိန်းသိမ်းမှုမှာအရေးကြီးဆုံးသောအချက်တွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေပေါက်ပွားတာနဲ့မလိုလားအပ်တဲ့အဆီတွေထွက်ရှိတာကိုကာကွယ်နိုင်ဖို့အတွက်ညအိပ်ယာမဝင်ခင်တိုင်းမှာမျက်နှာကိုသေချာစွာဆေးကြောသန့်စင်ရပါမယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

လှပသောအသားအရေအတွက် ဗီတာမင်နဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ

အသားအရေလှပနုပျိုသန့်စင်နေအောင်ထိန်းသိမ်းထားနိုင်ဖို့အရေးကြီးဆုံးအချက်သုံးချက်ရှိပါတယ်။ ဒါတွေကတော့ ဆေးလိပ်မသောက်ဖို့၊ခရမ်းလွန်ရောင်ခြည်ရန်ကနေကာကွယ်ဖို့၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုသင့်တင့်လျောက်ပတ်စွာစားဖို့ပဲ ဖြစ်ပါတယ်။ အသားအရေလှပကျန်းမာဖို့အတွက် နေ့စဉ်စားသုံးသင့်တဲ့အာဟာရတွေကို အောက်မှာမျှဝေပေးထားပါတယ်။ ဗီတာမင်စီနဲ့အီး ဗီတာမင် စီနဲ့ဗီတာမင် အီး တွေဟာအသားအရေကို နေရောင်ခြည်ဒါဏ်ကနေကာကွယ်ပေးနိုင်တဲ့အတွက်အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါသေးတယ်။ ဒါ့အပြင်အိုမင်းရင့်ရော်မှုနဲ့အရေတွန့်တာတွေကိုလည်း နှေးကွေးစေပါတယ်။ အဆိုပါဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေဟာသဘာဝရဲ့အသားအရေထိန်းသိမ်းမှုစနစ်ကိုအားကောင်းမြန်ဆန်စေပြီးအရေပြားထိခိုက်မှုတွေကိုလည်းတိုက်ရိုက်တားဆီးဆန့်ကျင်ပေးပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်သူ Karen E. Burke ကတော့အကောင်းဆုံးအာနိသင်သက်ရောက်မှုကိုရရှိဖို့အတွက်ဗီတာမင်စီ 1000-3000 မီလီဂရမ်နဲ့ဗီတာမင်အီး 4000 IU လောက်လိုအပ်တယ်လို့ဆိုပါတယ်။ ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီစိမ်း၊အာလူး၊ဥနီအစရှိတဲ့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်မှာဗီတာမင်စီ နဲ့ ဗီတာမင်အီးတို့ကြွယ်ဝစွာပါဝင်တယ်လို့ဆိုပါတယ Coenzyme Q10 Coenzyme Q10 ဟာအရေပြားကင်ဆာကိုကာကွယ်ပေးနိုင်ပြီးဆဲလ်တွေကြီးထွားမှုကိုကူညီအားပေးတဲ့အာနိသင်ရှိကာသဘာဝအလျောက်ခန္ဓါကိုယ်ထဲမှာရှိနေတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲကတခုပဲ ဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ Coenzyme Q10 ပမာဏဟာတဖြည်းဖြည်းကျဆင်းလို့လာပြီးအိုမင်းရင့်ရော်လာရပါတော့တယ်။ လေ့လာမှုတွေအရ Coenzyme Q10 ဟာအရေတွန့်မှုကိုသိသာထင်ရှားစွာ လျှော့ချပေးတယ်လို့သိရပါတယ်။ လေ့လာမှုအများစုမှာအသုံးပြုတဲ့ Coenzyme Q10 ရဲ့ ပြင်းအားကတော့ 0.3% ပဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့ Coenzyme Q10 ပမာဏက […]


အသားအရေ ထိန်းသိမ်းခြင်း

အသက်ရလာလျှင် ဖြစ်ပေါ်လာသည့် အစက်အပြောက်များကို မည်သို့ ထိန်းသိမ်းမည်နည်း

မှတ်တမ်းများအရ အသက် ၄၀ ကျော်လာလျှင် မျက်နှာပေါ်တွင် အစက်ပြောက်များ ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ပြောသော်လည်း အသက်အရွယ်မရွေး ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ဖြစ်ပေါ်ခြင်းသည် ပျောက်ကင်းရန် အချိန်ယူရသော်လည်း ပျောက်ကင်းအောင် ကုသရန် နည်းလမ်းပေါင်းများစွာ ရှိပါသည်။ အသားအရေကိုလည်း မထိခိုက်နိုင်ပါ။ အသက်ကြီးလာလျှင် ဖြစ်ပေါ်လာနိုင်သော အစက်အပြောက်များမှာ အဘယ်နည်း။ ဘယ်လို ထိန်းသိမ်းရမည် ဆိုတာကို မရှင်းခင် ဘယ်လို ဖြစ်ပေါ်လာသည်ကို ဦးစွာသိသင့်ပါသည်။ ထိုအစက်များမှာ အညိုစက်များ၊ နေလောင်စက်များ စသည်တို့သည် အသက်ကြီးလာသည် နှင့်အမျှ တဖြည်းဖြည်း ပေါ်လာတတ်သော အရာများ ဖြစ်ပါသည်။ အစပိုင်းတွင် သေးသေးလေး ဖြစ်သော်လည်း နောက်ပိုင်းတွင် ကြီးလာနိုင်ပါသည်။ အရောင်မှာလည်း အရောင်ဖျော့မှ အရောင်ရင့်သို့ ပြောင်းလဲသွားနိုင်ပါသည်။ ကရတင် ဟုခေါ်သော ရောင်ခြယ်တစ်မျိုးသည် အကာအကွယ်အဖြစ် ပြုလုပ်ပေးပါသည်။ မလနင်ဟုခေါ်သော […]


အသားအရေ ထိန်းသိမ်းခြင်း

လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း

လေဆာဖြင့် အသားအရေ ပြန်လည် ပြုပြင်ခြင်းသည် ဝက်ခြံနှင့် အမာရွတ်များ ကုသရန်အတွက် အသုံးပြုပါသည်။ ပျက်စီးနေသော အသားအလွှာများကို လေဆာအလင်းများဖြင့် ကုသပေးပါသည်။ လေဆာဖြင့် ကုသခြင်းသည် တရားဝင် ဘွဲ့လက်မှတ် ရရှိထားသော ဆရာဝန်နှင့် ပြုလုပ်ပါက ဘေးအန္တရာယ် ကင်းပါသည်။ သို့သော် လေဆာဖြင့် ကုသခြင်း၏ ကောင်းကျိုး ဆိုးကျိုးများကို သိထားသင့်ပါသည်။ ဘယ်လိုလူများသည် လေဆာဖြင့် ကုသသင့်သနည်း။ လေဆာဖြင့် အသားအရေ ကုသခြင်းသည် ပုံမှန်အားဖြင့် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း တချို့သော လူများတွင် အနည်းငယ် တွေ့ရတတ်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ အောက်ဖော်ပြပါ ရောဂါများရှိလျှင် လေဆာဖြင့် ကုသနည်းကို မသုံးသင့်ပါ။ • ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ • ဓါတ်မတည့်လွယ်သော အသားအရေများ • လတ်တလောအတွင်း ရေယုန်ပေါက်ခြင်း • ဝက်ခြံအတွက် ဆေးသောက်နေရခြင်း • ဆီးချိုရှိခြင်း၊ တစ်သျှုး […]


အသားအရေ ထိန်းသိမ်းခြင်း

လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း

အသားအရေ ထိန်းသိမ်းခြင်းသည် မိန်းကလေးများ တွင်သာမက ယောက်ျားလေးများ အတွက်လည်း အရေးကြီးပါသည်။ အထူးသဖြင့် အသားအရေ တွန့်သူများ အမာရွတ်ရှိသူများသည် အသားအရေ ချောမွေ့စေရန် ပို၍ နုပျိုစေရန် ကုသမှု ရယူကြပါသည်။ တိုးတက်လာသော နည်းပညာကြောင့် လေဆာဖြင့် ကုသခြင်းသည် အမာရွတ် ဖျောက်ရန် အသုံးပြုရာတွင် အလွန်ပင် ကျော်ကြားလာပါသည်။ အဆီပြန်သူများ ချွေးပေါက် ကျယ်သူများလည်း ကုသမှု ခံယူနိုင်ပါသည်။ ကုသရန်ရွေးချယ်ရန် နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ဆရာဝန်နှင့် တိုင်ပင်၍ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ပါ။ လေဆာဖြင့် ကုသခြင်းသည် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သနည်း။ လေဆာဖြင့် ကုသခြင်းသည် အမာရွတ်များ အသားတွန့်ခြင်းများ အသားအရေ မညီညာခြင်းများအတွက် ကော်လဂျင်ဓါတ် ဖြည့်ဆည်းပေး၍ ကုသပေးပါသည်။ လေဆာ အမျိုးအစားများစွာ ရှိပါသည်။ လေဆာဖြင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း