အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။   အဆင့် ၁။ သင့် အသားရေအမျိုးအစားကို သိအောင်လုပ်ပါ အဆီပြန်သော အသားရေများတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။ ခြောက်သွေ့သော အသားရေဆိုလျှင် အဖတ်များကွာကျပြီး ကြမ်းတမ်းသည်။ အလယ်လတ်အနေအထားရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့်မေးစေ့များတွင် အဆီပြန်တတ်သူများဖြစ်သည်။ အချို့သည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။ ပုံမှန်အသားရေအမျိုးအစားရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ မနုနယ်သော […]


ဝက်ခြံ

ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။   သင့်မျက်နှာကို သန့်စင်စွာထားပါ။ · သင့်မှာ ဝက်ခြံရှိရှိ မရှိရှိ တနေ့လျှင်မျက်နှာ ၂ကြိမ်သစ်ရန် အရေ:ကြီးသည်။ ၎င်းသည် သင့် အရေပြားရှိ အညစ်အကြေးများကို သန့်စင်ပေးခြင်း၊ အဆီပြန်ခြင်းကိုသက်သာစေခြင်း နှင့် အရေပြားဆဲလ်အသေများကိုဖယ်ရှားပေးခြင်းဖြင့် သင့်အတွက်ကျန်းမာသော အသားရေကို ရရှိစေလိမ့်မည်။ · မျက်နှာသစ်ရန် မပူလွန်းသော ကြက်သီးနွေးရေနှင့် မျက်နှာသစ်ဆေးကို အသုံးပြုသင့်သည်။ အမွှေးအကြိုင်ပါဝင်သော ကိုယ်တိုက်ဆပ်ပြာများသည် သင့် မျက်နှာအသားရေကို ပိုထိခိုက်စေပါသည်။ သင့်မျက်နှာကို တဘက် သို့မဟုတ် ကြမ်းတမ်းသော အဝတ်တို့ဖြင့် ပွတ်တိုက်ခြင်းမပြုရ။ […]


အသားအရေ ထိန်းသိမ်းခြင်း

နွေရာသီတွင် အရေပြားခြောက်သွေ့ခြင်းနှင့် အသားပက်ခြင်းတို့ကို ကာကွယ်ရန် အရေပြားထိန်းသိမ်းနည်း ၅ ချက်

သင့်တွင် အသားပက်ခြင်း ၊အသားရေခြောက်ခြင်း စသည့်ပြသနာများနှင့် ရင်ဆိုင်နေရပါသလား။ သို့မဟုတ်နွေရာသီတွင် သင့် အသားရေကို ဘယ်လိုဂရုစိုက်ရမလဲ တွေးပူနေပါသလား။ အကယ်၍သင်သည် အသားရေထိန်းသိမ်းမှုဆိုင်ရာတွင် အခက်အခဲရှိနေပါက အောက်ဖော်ပြပါ အချက်များက သင့်အတွက်အထောက်အကူဖြစ်စေလိမ့်မည်။ ပူအိုက်သော ရာသီတွင် အသားရေထိန်းသိမ်းနည်းများ ၁။ ရေပူနှင့်ကြာရှည်စွာရေချိုးခြင်းကို ရှောင်ကျဉ်ပါ။ အလုပ်ပင်ပန်းသည့်နေ့ရက်များတွင် ရေပူနှင့် စိမ်ပြေနပြေရေချိုးခြင်းသည် သင့်အတွက်အပန်းပြေလိမ်မည်။ သို့သော် ၎င်းသည် သင့်အရေပြားတွင် ရှိသင့်သော အဆီဓါတ်များကို ဖယ်ရှားပေးသည့်အတွက် ကြက်သီးနွေးရေနှင့် ချိုးခြင်းလောက် သင့်အရေပြားအတွက်မကောင်းပါ။ အရေပြားတွင် သဘာဝအဆီဓါတ်ရှိမှသာ သင့် အရေပြားစိုပြေနေမည်ဖြစ်သည်။ ထို့ကြောင့် ရေနွေးဖြင့် တနေ့လျှင် ၅-၁၀ မိနစ်ခန့်သာရေချိုးသင့်သည်။   ၂။ ညင်သာစွာ သန့်စင်ပါ။ နွေရာသီတွင် ရာသီဥတုကြောင့် ချွေးထွက်များပြီး ဖုန်ထူသောအခါ သင့်ကိုယ်သင်သန့်စင်ရန်ပိုလိုအပ်သည်ဟု ထင်ပါလိမ့်မည်။ ပိုးသတ်ဆေးနှင့် အနံ့ပြင်းပြင်းပါသော ဆပ်ပြာများသည် သင့်အရေပြားရှိသဘာဝဆီများကို ခမ်းခြောက်စေသည်။ ထို့ကြောင့် အညစ်အကြေးများကို သန့်စင်ရန် ရိုးရိုးဆပ်ပြာကိုသာ သုံးပါ။ ဆပ်ပြာမပါသော၊ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်များကို ကာကွယ်ပေးသည့် အစားအစာ ၅ မျိုး

သင်စားနေသော အစားအစာများသည် သင့်ကျန်းမာရေးနှင့် ရုပ်ရည်သွင်ပြင်ပေါ်ကို များစွာအကျိုးသက်ရောက်မှုရှိပါသည်။ သင့်တွင်ဝက်ခြံ၊ ဝက်ခြံအမာရွတ်များရှိပါက ဠင်းတို့ကို ကာကွယ်ရန်နှင့်ကုသရန် နည်းလမ်းများကို သင်သိချင်နေပါလိမ့်မည်။ အောက်ပါအစားအစာ ၅ မျိုးသည် သင့်အတွက် အမာရွတ်များကို သက်သာစေမည့် အစားအစာများဖြစ်ပါသည်။ (၁) ဗီတာမင် စီ ဗီတာမင် စီသည် ဓါတ်တိုးဆန့်ကျင်ပစ္စည်း တမျိုးဖြစ်သည်။ ၎င်းသည် သင့်ကို အနာကျက်စေပြီးခန္ဒါကိုယ်ရှိကြွက်သားများနှင့် တစ်သျုးများကို အကျိုးပြုပေးသည်။ ထို့အပြင် ဝက်ခြံကြောင့် ပျက်စီးသွားသော သင့်အသားရေကို အနာမြန်မြန်ကျက်စေရန် ကူညီပေးသည်။ အနာမကျက်ပဲ အနာရင်းနေပါက သင့်အမာရွတ်များကို ပိုဆိုးသွားစေနိုင်သည်။ ဗီတာမင် စီသည် အရေပြားကိုတင်းရင်းစေသော ချောမွေ့စေသော ကော်လဂျင်ဓါတ်ကို ပိုထုတ်ပေးသည်။ ဗီတာမင် စီကို အသီးအနှံ အတော်များများတွင်တွေ့နိုင်သည်။ ချဉ်သော အသီးများသည် ဗီတာမင် စီ ဓါတ်ကြွယ်ဝသည်။ ဥပမာ- လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး၊ စပျစ်သီး။ […]


ဝက်ခြံ

ဝက်ခြံညှစ်ခြင်း - ဘာကြောင့်ညှစ်တာလဲ

ဆရာဝန်၊ အရေပြားဆရာဝန်နှင့် အင်တာနက်ပေါ်မှ ဆောင်းပါးများက ဝက်ခြံများကို မညှစ်ရန် အမြဲအကြံပေးသော်လည်း လူတွေက ဘာလို့ထိုအမှားကို ဆက်လုပ်နေကြသလဲ။ နောက်ပြီး ဝက်ခြံမညှစ်မိစေရန် ဘယ်လိုတားမြစ်ရမလဲ သင်သိချင်ပါသလား။ အောက်ပါ ဆောင်းပါးကိုဖတ်လျှင် သင်လိုအပ်နေသော အချက်များကို သိရလိမ့်မည်။   ဝက်ခြံများကိုမညှစ်သင့်မှန်းသိသော်လည်း ဘာကြောင့် ညှစ်နေရသလဲ။ ကျွနုပ်တို့သည် ကျွနုပ်တို့အရေပြားတွင်မရှိစေချင်သော အရာများကို ဖယ်ထုတ်ရန်ကြိုးစားတတ်ကြသည်။ ကျွနုပ်တို့အရေပြားကို ပိုးသားလေးကဲ့သို့ ချောမွတ်လိုကြသည်။ ကျွနုပ်တို့မှာ အစက်အပြောက်၊ ဝက်ခြံ နှင့် ဆားဝက်ခြံများရှိလာလျှင်လည်း ဖယ်ထုတ်ဖို့ကြိုးစားကြသည်။ တခါတရံသင့်မျက်နှာကို ဂရုတစိုက်ကြည့်ရန် အချိန်မရှိစေဦးတော့ ၊ ကြည့်လိုက်သည့် အချိန် သင့်တွင်ဖြစ်နေသော ဝက်ခြံများကြိ ညှစ်ထုတ်လိုက်ခြင်းက သင့်အတွက် စိတ်သက်သာရာတခုဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ အချို့ကမူ ဝက်ခြံညှစ်လိုက်လျှင် ပြည်များထွက်သွားပြီး နီရဲရောင်ရမ်းမှုများလျော့သွားကာ ပိုကောင်းသွားမည်ဟုထင်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ရုံသာမက အန္တရာယ်လည်းရှိနိုင်ပါသည်။   ဝက်ခြံညှစ်ခြင်းသည် ကောင်းလား ဆိုးလား။ ဝက်ခြံညှစ်လိုက်လျှင် သင့်ဝက်ခြံအနာသည် ပြင်ပလေထုထဲရှိ ဖုန်မှုန့် ဘက်တီးရီးယားတို့နှင့်ထိတွေ့၇သည်။ […]


ဝက်ခြံ

ဝက်ခြံအနာကျက်ပြီးနောက်ကျန်ခဲ့သော အနီစက်များကို လျော့နည်းစေရန်

ဝက်ခြံပေါက်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အရေပြားပြဿနာ တခုဖြစ်သော်လည်း ဆိုးရွားသော ကျန်းမာရေးပြသနာတခုမဟုတ်ပါ။ သို့သော် ဝက်ခြံပေါက်ပြီးလျှင်ကျန်ခဲ့သော အမာရွတ် အနီစက်များက သင့်ကိုယ်သင် ယုံကြည်မှုကျဆင်းစေပါသည်။ လူအတော်များများသည် ထိုပြသနာနှင့် ကြုံဖူးကြသည် ဖြစ်ရာ အောက်ပါအချက်များကို အကြံပေးမျှဝေလိုက်ရပါသည်။ ဆေးဖြင့်ကုသခြင်း ဝက်ခြံသည် ဆယ်ကျော်သက် အရွယ်တွင်ပေါက်လေ့ရှိသည်။ သို့သော် ဆယ်ကျော်သက်နောက်ပိုင်းတွင်လည်းပေါက်လေ့ရှိပါသည်။ ဝက်ခြံပေါက်လျှင် နီရဲ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပြည်ဖုကြီးဖြစ်ခြင်း၊ ဆားဝက်ခြံငယ်လေးများဖြစ်ခြင်း စသည်တို့ဖြစ်တတ်ကြသည်။ အများစုကို ကုရလွယ်သော်လည်း အမာရွတ်နှင့် အနီစက်များသည် ဝက်ခြံပျောက်ပြီး ကြာရှည်စွာကျန်နေတတ်ကြသည်။ သင်သည် အရေပြားဆရာဝန်နှင့် သွားပြပြီး အချို့သောညွှန်ကြားမှုများကို လိုက်နာသင့်ပေသည်။ အရေပြားဆရာဝန်က သင့်အရေပြားတွင်ရှိသော ဝက်ခြံဖြစ်စေသည့် ဘက်တီးရီးယားများကို သေစေရန် ပိုးသတ်ဆေးပေးလိမ့်မည်။ ဝက်ခြံနည်းလာလေလေ အနီစက်များလည်းတဖြေးဖြေးလျော့နည်းသွားမည်ဖြစ်သည်။ တခါတရံတွင် ပိုးသတ်ဆေးများကို retinol , benzyl peroxide တို့နှင့်တွဲသုံးခြင်းဖြင့် အာနိသင်ပိုရှိစေပြီး ဆေးယဉ်ပါးမှုပြသနာကိုလည်း လျော့နည်းစေသည်။ သင်သည် […]


ဝက်ခြံ

ဝက်ခြံဖြစ်ပြီးနောက် ကျန်ရစ်သော အမာရွတ်ပုံစံ ၂မျိုး

ဝက်ခြံအမာရွတ်များသည် ဝက်ခြံဖြစ်ပြီးနှစ်ပေါင်းများစွာ အထိ ကျန်ရှိနေနိုင်ပါသည်။ ပထမအဆင့် ဝက်ခြံပေါက်မည်။ ဒုတိယ သင်သည် အမာရွတ်များနှင့် ရင်ဆိုင်ရမည်။ ထိုအမာရွတ်များကိုကုသရန် သင့်အမာရွတ်ပုံစံများကို ရှင်းလင်းစွာသိထားသင့်သည်။ ဝက်ခြံ အမာရွတ်ဟူသည် ဝက်ခြံပေါက်ပြီး အနာကျက်နေသော အချိန်တွင် အရေပြားပျက်စီးသွားသောကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ ဝက်ခြံ အမာရွတ်တွင် သေးကျုံ့သွားသော အမာရွတ်နှင့် ပိုကြီးလာသော ကီးလွိုက်အမာရွတ်ဟူ၍ ၂ မျိုးရှိသည်။   သေးကျုံ့သွားသော အမာရွတ် သေးကျုံ့သွားသော အမာရွတ်များသည် ပိုကြီးလာသော ကီးလွိုက်အမာရွတ်များထက် ပိုအဖြစ်များသည်။ ယင်းတွင် အောက်ဖော်ပြပါအတိုင်း အမျိုးအစား ၃ မျိုးရှိပါသည်။   ၁။ Rolling scars ထိုအမာရွတ်များသည် ၄-၅ မီလီမီတာခန့်ရှိပါသည်။ လုံးဝန်းသောပုံစံနှင့် ပြေလျောသော အနားသတ်တို့ရှိကြသည်။ ထိုအမာရွတ်များသည် သင့် မျက်နှညပေါ်တွင် ဒလှိမ့်တုံးနှင့် လှိမ့်ထားသလို သို့မဟုတ် M ပုံသဏ္ဍာန်ရှိကြသည်။ ဠင်းပုံစံ အမာရွတ်များသည် ကာလရှာကြည်စွာရောင်ရမ်းနေသော ဝက်ခြံများကြောင့်ဖြစ်ရသည်။ လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေနဲ့ပတ်သက်လို့ သင်သတိထားသင့်တဲ့အချက်တွေ

ဝက်ခြံအမာရွတ်ကို ကြားဖူးပါသလား။ ၎င်းကို မကြားဖူးလျှင် အောက်ပါ ဆောင်းပါးတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသည်။ အမာရွတ်ဆိုသည်မှာ အဘယ်နည်း အရေပြားသည် ခန္ဓါကိုယ်၏ နေရာအားလုံးကို ဖုံးအုပ်ထားသော အရာဖြစ်သည်။ ပိုးသားကဲ့သို့ဖြစ်ပြီး အနည်းငယ် စုတ်ပြဲသွားလျှင် ပြောင်းလဲသွားနိုင်ပါသည်။ မီးလောင်ခြင်း၊ ဒဏ်ရာရခြင်းတို့သည် အရေပြားတွင် အမာရွတ် ဖြစ်စေပါသည်။ အမာရွတ်ဖြစ်ခြင်းသည် သဘာဝအတိုင်း အနာကျက်စေသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဆဲလ်များကောင်းစွာ မကြီးထွားလာသောအခါ ဖြစ်သည်။ ၎င်းသည် ဒဏ်ရာရခြင်း၏ သက်သေတစ်ခုအဖြစ် ကျန်ရစ်သည်။ ဝက်ခြံ အမာရွတ်သည် အဘယ်နည်း ဝက်ခြံအမာရွတ်သည် ဝက်ခြံ ပျောက်သွားသောအခါ ကျန်ရစ်တတ်သည့် အမာရွတ်ဖြစ်သည်။ ဂရုစိုက်၍ ထိရောက်စွာ ကုသလျှင်ပင် အမာရွတ် ကျန်နိုင်သည်။ ပထမဆုံး အနေဖြင့် သင်သည် ဝက်ခြံကို ကောင်းစွာ ဂရုစိုက်ပြီး ဆိုးရွားမလာစေရန် ကာကွယ်ရမည်။ ဒုတိယအနေဖြင့် နောက်ဆက်တွဲ ရလဒ်ကို သတိပြုရမည်။ […]


ဝက်ခြံ

ဝက်ခြံပေါက်လွယ်တဲ့ သင့်အရေပြားကို မဆွမိအောင် ဘယ်လိုကာကွယ်ရမလဲ။

သင့်တွင် ဝက်ခြံထွက်တတ်သော အသားအရေရှိပါက ဝက်ခြံကို ကုသပြီး သင့်အရေပြားကို မထိခိုက်မည့် အသားအရေ ထိန်းသိမ်းသော အလှကုန်များကို အသုံးပြုသင့်ပါသည်။ အောက်ပါတို့သည် ဝက်ခြံထွက်သော အသားအရေကို ပိုဆိုးမလာစေရန် ကူညီပေးမည့် အကြံပေးချက်များ ဖြစ်ပါသည်။ လူအများစုသည် သူတို့၏ ဝက်ခြံထွက်တတ်သော အသားအရေကို ကုသရန်အတွက် ပိုက်ဆံ အမြောက်အများ ကုန်ကျခံကြသည်။   အသားအရေ ထိန်းသိမ်းသည့် အလှကုန်များတွင် အကောင်းဆုံး အမျိုးအစားသည် ဘာဖြစ်ပါသလဲ။ သင့်အသားအရေသည် ဝက်ခြံပေါက်တတ်သော အသားအရေဖြစ်ပါက အသားအရေ ထိန်းသိမ်းသော အလှကုန်များကို သေချာစွာ ရွေးချယ်သင့်ပါသည်။ ထိုအလှကုန်များကို ဆေးဆိုင်များနှင့် ဈေးထဲရှိ အလှကုန်ဆိုင်များတွင် ဝယ်နိုင်ပါသည်။ သင့် အသားအရေနှင့် သင့်လျော်သော အလှကုန်ကို သုံးစွဲနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ အောက်ပါတို့သည် အကြံပြုချက် တချို့ဖြစ်ပါသည်။   မျက်နှာသစ်ဆေး ပုံမှန်ဆပ်ပြာများသည် pH levels များသောကြောင့် […]


ဝက်ခြံ

အရွယ်ရောက်ပြီးသူများတွင် အဘယ့်ကြောင့် ဝက်ခြံအမာရွတ် ဆက်ရှိနေပါသနည်း

ဝက်ခြံသည် သင့်ပုံပန်းသွင်ပြင်နှင့် သင့်ယုံကြည်မှုကို ထိခိုက်စေနိုင်သော အရေပြားရောဂါ ဖြစ်ပါသည်။ သေချာစွာ မကုသသော ဝက်ခြံသည် သင့် အရေပြားပေါ်တွင် အမာရွတ် ဖြစ်ကျန်နိုင်ပါသည်။ ဝက်ခြံအမာရွတ် အမာရွတ်များသည် ဝက်ခြံမှရသော မလိုလားအပ်သော ရလဒ်များ ဖြစ်သည်။ သင့်အရေပြားပေါ်မှ ဝက်ခြံ အမာရွတ်သည် သင်ငယ်စဉ် ဆယ်ကျော်သက် အရွယ်မှ ဝက်ခြံကြောင့် ဖြစ်နိုင်သကဲ့သို့ ယခုဖြစ်သော ဝက်ခြံမှရသော အမာရွတ်လည်း ဖြစ်နိုင်ပါသည်။ ဝက်ခြံ အမျိုးအစားများစွာ ရှိသည့်အတွက် အမာရွတ်လည်း အမျိုးမျိုး ဖြစ်နိုင်ပါသည်။ အမာရွတ်အများစုသည် ဝက်ခြံဖြစ်ပြီး ရက်အနည်းငယ်၊ သီတင်းပတ် အနည်းငယ်၊ လအနည်းငယ် အကြာတွင် ပျောက်သွားတတ်သည်။ ပိုဆိုးသော အမာရွတ်များသည် အရည်အိတ်များ ဖြစ်ခြင်း၊ အဖုအကျိတ်လိုမျိုး ဖြစ်ခြင်း ကဲ့သို့သော ပြင်းထန်သော ဝက်ခြံပေါက်ခြင်းမှ ဖြစ်သည်။ ဝက်ခြံ အမာရွတ်သည် အချိုင့်ပုံစံ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း