အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

စိတ်ဖိစီးမှုတွေက ဝက်ခြံပေါက်စေနိုင်သလား

စနေ၊တနင်္ဂနွေတော့ရောက်လာပါရဲ့၊တပတ်လုံးပင်ပန်းနွမ်းနယ်ထားပြီးစာမေးပွဲ၊ရုံးအလုပ်၊ပရောဂျက်အပြီးလုပ်ရမယ့်အလုပ်တွေကလည်းနှိပ်စက်နေတဲ့အတွက်စိုးရိမ်ပူပန်မှုတွေကလည်းရှိနေပါသေးတယ်။ ထိုအချိန်မျိုးမှာသင့်မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်လာတတ်တာမျိုး ဖြစ်ဖူးပါသလား။ အရေပြားပြဿနာတွေနဲ့စိုးရိမ်ပူပန်မှုတွေဟာတပြိုင်တည်းလိုလိုပေါ်လာတတ်တယ်ဆိုတာ (သို့) ဝက်ခြံတွေဟာသင့်ပြဿနာတွေရဲ့အမှတ်အသားတစ်ခုဖြစ်တယ်ဆိုတာသင်သိပါသလား။ အရေပြားရောဂါဆိုင်ရာပါမောက္ခတဦးရဲ့အဆိုအရစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေဟာဝက်ခြံအသစ်ထွက်လာတာနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းတော့မရှိဘဲသူတို့ဟာရှိပြီးသားအရေပြားပြဿနာတွေကိုပိုဆိုးစေတာလို့ဆိုပါတယ်။ ဒါ့အပြင်ကျောင်းသားတွေအနေနဲ့စာမေးပွဲရက်တွေအတွင်းမှာဝက်ခြံပြဿနာကနေထွက်ပြေးဖို့အင်မတန်ခဲယဉ်းတယ်ဆိုတာနဲ့ဒီပြဿနာတွေဟာ နွေရာသီကျောင်းပိတ်ရက်လိုမျိုးဖိအားမရှိတဲ့အချိန်တွေမှာထက်ပိုပြီးဆိုးတယ်လို့သုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရသိရပါတယ်။ စိတ်ဖိစီးမှုများနေချိန်မှာသူတို့ရဲ့ဆဲလ်တွေဟာ sebum လို့ခေါ်တဲ့အဆီတွေကိုပုံမှန်ထက်ပိုထုတ်လေ့ရှိပါတယ်။ အလုပ်၊အိမ်ထောင်ရေး၊စီးပွားရေးနဲ့ပညာရေးအဆင်မပြေမှုတွေကကာလရှည်စိတ်ဖိစီးမှုကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်အက်ဒရီနယ်ဂလင်းကိုပါသွားဆွနိုင်ပြီးအဆိုပါဂလင်းကထုတ်ပေးတဲ့ဟော်မုန်းတွေဟာအဆီထုတ်တဲ့ဂလင်းတွေအပေါ်သက်ရောက်မှုရှိပါတယ်။ ဒီအဆီတွေဟာအရေပြားဆဲလ်သေတွေ၊ဘက်တီးရီးယားတွေနဲ့ပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်လာစေပါတယ်။ ဒါ့အပြင်စိတ်ဖိစီးမှုတွေများခြင်းဟာသွေးပေါင်တက်စေပြီးသွေးကြောတွေကိုကျယ်လာစေတာကြောင့်အရေပြားနီရဲရောင်ရမ်းတာတွေကိုလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေဟာအစာအာဟာရဓါတ်တွေစုပ်ယူမှုကိုလျော့နည်းသွားစေတာကြောင့်ကိုယ်ခံအားစနစ်အားနည်းပြီးဝက်ခြံပျောက်ဖို့အချိန်ကြာစေပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့စိတ်ဖိစီးမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုလျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း (ယောဂ၊အပြေး၊အားကစားလုပ်၊အားကစားခန်းမမှာကစားစသည်)။ ကဖင်းဓါတ်နဲ့သကြားဓါတ်တွေလျှော့စားခြင်း။ အသီးအနှံတွေနဲ့အမျှင်ဓါတ်ပါသောဟင်းသီးဟင်းရွက်တွေများများစားခြင်း။ အသားအရေထိန်းသိမ်းခြင်း။ အိပ်ရေးဝဝအိပ်ခြင်း (တစ်ညကို၇-၈နာရီလောက်အိပ်ရပါမယ်)။ ဝက်ခြံဆိုတာဒီနေ့ကုမနက်ဖြန်ပျောက်ဆိုတဲ့အမျိုးတော့မဟုတ်ပါဘူး။ အခြေအနေဆိုးတဲ့လူနာတွေမှာဆိုရင်retinoids၊ပဋိဇီဝပိုးသတ်ဆေးနဲ့တခြားဆေးတွေသုံးပြီးကုသဖို့လည်းလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒါကြောင့်သင့်အနေနဲ့စိတ်ဖိစီးမှုတွေနည်းနိုင်သမျှနည်းအောင်နေထိုင်ရမှာဖြစ်ပြီးဝက်ခြံတွေစထွက်လာပြီဆိုရင်လည်းစိတ်ဖိစီးမှုတွေကိုအမြန်ဆုံးလျှော့ချနိုင်ဖို့ရာအတွက်ဆရာဝန်နဲ့အမြန်ဆုံးပြသရမှာပဲ ဖြစ်ပါတယ်။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အသားအရေ ထိန်းသိမ်းခြင်း

လက်ရှိသုံးနေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေက သင်နဲ့အဆင်ပြေရဲ့လား

လက်ရှိသုံးနေတဲ့အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကသင်နဲ့အဆင်ပြေရဲ့လားလို့တခါတရံတွေးကောင်းတွေးမိမှာပါ။ တချို့အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုသုံးလိုက်ကာမှပိုဆိုးသွားတာမျိုးတွေ ဖြစ်လာမလား။ ဒါပေမယ့်သင့်အနေနဲ့အလှကုန်ပစ္စည်းတခုကိုသုံးစွဲတဲ့အခါဒီပစ္စည်းရဲ့ရည်ရွယ်ချက်ကိုသိရှိနားလည်ရမှာဖြစ်ပြီးဘာလို့သင်မျှော်လင့်ထားသလိုအာနိသင်မပြတာလဲဆိုတာကိုလည်းသိရှိဖို့အလွန်အရေးကြီးပါတယ်။ ဖြစ်နိုင်တဲ့အကျိုးအာနိသင်နဲ့မဖြစ်နိုင်တဲ့အကျိုးအာနိသင်တွေကိုခွဲခြားနားလည်ထားဖို့လိုပါလိမ့်မယ်။ သင်လိုချင်တဲ့ရလာဒ်အတိအကျကိုကြိုတင်သတ်မှတ်ထားဖို့ကလည်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့လက်တွေ့နဲ့မကိုက်ညီတဲ့ ဖြစ်ချင်ဇောဆန္ဒဟာငွေကုန်လူပန်းဖြစ်တာပဲအဖတ်တင်ပြီးဘာအကျိုးမှထူးလာမှာမဟုတ်လို့ပါပဲ။ အကောင်းဆုံးသောနည်းကတော့ ဖြစ်နိုင်ချေရှိတဲ့(ဝါ)လက်တွေ့ကျတဲ့ပန်းတိုင်ရည်မှန်းချက်ကိုသတ်မှတ်ပြီးသင့်တော်တဲ့အသားအရေထိန်းသိမ်းနည်းကိုပုံမှန်ပြုလုပ်သွားတာပဲ ဖြစ်ပါတယ်။ သင်လက်ရှိသုံးနေတဲ့အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေဟာဘယ်လောက်များအကျိုးရှိထိရောက်မလဲဆိုတာအောက်ဖော်ပြပါအချက်လေးတွေနဲ့ချိန်ထိုးပြီးကြည့်လိုက်ပါဦး။   ကြော်အောင်ညာတဲ့ကြော်ငြာတွေပြောသမျှမယုံပါနဲ့။ ကြော်ငြာတွေဟာမကြာခဏဆိုသလိုမဖြစ်နိုင်တာတွေ၊မှားယွင်းတဲ့အချက်တွေနဲ့လှည့်ဖျားပြီးကြော်ငြာလေ့ရှိပါတယ်။ဥပမာတံဆိပ်တခုဆိုရင်အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်တယ်ဆိုတဲ့အရေပြားအစိုဓါတ်ထိန်းပစ္စည်း (moisturizer) ကိုကြော်ငြာပါတယ်။ ဒါပေမယ့်အဆိုပါပစ္စည်းမှာနေလောင်ဒါဏ်ကိုကာကွယ်ပေးနိုင်တဲ့အရာ (ဒါမှမဟုတ် SPF 30) လုံးဝပါမလာပါဘူး။ ဒီနေရာမှာသိထားသင့်တာကသင့်အနေနဲ့ SPF 30 ဒါမှမဟုတ်ဒီထက်များများပါတဲ့နေလောင်ခံခရင်မ်ကို (ဘယ်လိုရာသီဥတုအခြေအနေမှာပဲ ဖြစ်ဖြစ်) မသုံးစွဲဖူးဆိုရင်အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေပျောက်သွားစရာဘာအကြောင်းမှမရှိတဲ့အပြင်ပိုလို့တောင်ဆိုးသွားဦးမယ်ဆိုတာပါပဲ။   အာဟာရတမျိုးတည်းစားပြီးဒါမှမဟုတ်အလှကုန်တမျိုးတည်းသုံးပြီးအံ့ဩဘနန်းအကျိုးရလာဒ်တွေကိုမမျှော်လင့်ပါနဲ့။ တမျိုးတည်းနဲ့အားလုံးပြီးပြည့်စုံအောင်လုပ်ပေးနိုင်မယ့်အာဟာရဓါတ်ဒါမှမဟုတ်အလှကုန်ပစ္စည်းရယ်လို့မရှိတာတော့အမှန်ပါပဲ။ ကျန်းမာလှပတဲ့အသားအရေကိုရရှိဖို့ဆိုရင်အာဟာရပြည့်ဝတဲ့အစားအစာအမျိုးမျိုးကိုစားပြီးမရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်အများအပြားကို ဖြည့်တင်းပေးဖို့လိုပါလိမ့်မယ်။ သင့်အရေပြားလိုအပ်သမျှအရာအားလုံးကိုပစ္စည်းတမျိုးတည်းကနေရဖို့ကတော့မဖြစ်နိုင်ပါဘူး။ သင့်အသားအရေကိုအမှန်တကယ်ပိုမိုကောင်းမွန်လာစေဖို့အတွက်ဆိုရင်အရေပြားအတွက်လိုအပ်တဲ့အာဟာရဓါတ်များစွာကိုပေးစွမ်းနိုင်တဲ့အလှကုန်ပစ္စည်းအမျိုးမျိုးကိုသင့်တော်သလိုပူးတွဲသုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။   အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတခုခုကိုအသုံးမပြုခင်အသေအချာစဉ်းစားပါ။ ပုံမှန်အသားအရေထိန်းသိမ်းမှုပြုလုပ်သူတိုင်းဟာလိုချင်တဲ့၊မျှော်လင့်တဲ့ရလာဒ်အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ နည်းလမ်းတခုနဲ့တခုဟာလည်းအကျိုးသက်ရောက်ပုံမတူညီပါဘူး။ အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေဟာသင့်ရဲ့အရေပြားပြဿနာတွေကိုကူညီဖြေရှင်းပေးပြီးလိုအပ်တဲ့အာဟာရဓါတ်တွေကိုထောက်ပံ့ပေးကာနေလောင်ဒါဏ်ကလည်းကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင်မတူညီတဲ့အသားအရေထိန်းသိမ်းမှုနည်းစနစ်တွေကတဆင့်အရေပြားအစိုဓါတ်ထိန်းပေးခြင်း၊အိုမင်းရင့်ရော်မှုကိုလျှော့ချပေးခြင်းဒါမှမဟုတ်အသားဖြူလာခြင်းစတဲ့အကျိုးအာနိသင်တွေကိုလည်းပေးစွမ်းနိုင်ပါသေးတယ်။   အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးပါ။ အကောင်းဆုံးအာနိသင်နဲ့ရလာဒ်ကိုရရှိနိုင်ဖို့အတွက်သင့်အနေနဲ့အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးဖို့လိုပါလိမ့်မယ်။ တချို့အလှကုန်တွေကတနေ့ကိုနှစ်ခါအသုံးပြုဖို့လိုမှာဖြစ်ပေမယ့်တချို့ကျပြန်တော့တနေ့တခါသုံးစွဲဖို့ပဲလိုတာမျိုးတွေလည်းရှိပါတယ်။ မျက်နှာသန့်စင်ရည်၊နှင်းဆီပွင့်ဖတ်တွေကတဆင့်ထုတ်လုပ်ထားတဲ့ rose water နဲ့အစိုဓါတ်ထိန်းပေးပြီးမွေးညင်းပေါက်တွေကိုကျဉ်းစေနိုင်တဲ့ serum အရည်စတဲ့အလှကုန်တွေဟာတနေ့ကိုနှစ်ကြိမ်လောက်အသုံးပြုရလေ့ရှိပြီးနေလောင်ခံခရင်မ်၊အစိုဓါတ်ထိန်းညလိမ်းခရင်မ်နဲ့ဂျီးချွတ်ပေးနိုင်တဲ့ခရင်မ်တွေကိုတော့တနေ့တခါအသုံးပြုရင်လုံလောက်ပါပြီ။   အခုရေတွင်းတူးအခုရေကြည်မသောက်ချင်ပါနဲ့။ နေလောင်ဒါဏ်တွေနဲ့အရေးအကြောင်းတွေကိုပျောက်ကင်းအောင်ကုဖို့အချိန်အတိုင်းအတာတခုတော့လိုပါလိမ့်မယ်။ ဒါကြောင့်ညတွင်းချင်းကြီးအစွမ်းတွေပြဖို့တော့မမျှော်လင့်ပါနဲ့။ နေ့ချင်းညချင်းအစွမ်းပြတဲ့တချို့သောအလှကုန်ပစ္စည်းတွေ (ဥပမာ AHA ဒါမှမဟုတ် BHA တို့လိုဂျီးချွတ်ပေးတဲ့ခရင်မ်တွေ) ရှိပေမယ့်လည်းယေဘုယျအားဖြင့်အလှကုန်ပစ္စည်းတိုင်းဟာအာနိသင်ပြဖို့အချိန်အနည်းငယ်တော့လိုမှာဖြစ်ပါတယ်။   အရမ်းပြင်းလွန်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ဒါမှမဟုတ်အရေပြားကိုထိခိုက်စေတဲ့အလှကုန်ပစ္စည်းတံဆိပ်တွေကိုရှောင်ပါ။ အသားအရေထိန်းသိမ်းရာမှာအသုံးပြုတဲ့ပစ္စည်းတွေအနေနဲ့နူးညံ့ပြီးအသားအရေကိုမထိခိုက်စေဖို့ကအရေးအကြီးဆုံး ဖြစ်ပါတယ်။ တကယ်လို့သင်အသုံးပြုနေတဲ့တံဆိပ်ဟာသင့်အရေပြားနဲ့မတည့်ဘူးဒါမှမဟုတ်သင့်ပတ်ဝန်းကျင်အနေအထားနဲ့မသင့်တော်ဖူးလို့ယူဆရင်အသုံးပြုတာကိုချက်ချင်းရပ်ပါ။ ဘာလို့လဲဆိုတော့ဒီလိုမျိုးပစ္စည်းတွေဟာကောင်းကျိုးထက်ဆိုးကျိုးကိုသာပိုဖြစ်စေလို့ပါပဲ (အရေပြားမူလအတိုင်း ပြန်ကောင်းမှာ၊အသစ်ဖြစ်လာမှာကိုတားဆီးပါလိမ့်မယ်)။ ဒါ့အပြင်သင့်အနေနဲ့အရေပြားကိုထိခိုက်စေတဲ့ပါဝင်ပစ္စည်းတွေကိုလည်းရှောင်ကြဉ်ရပါမယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ်အသားအရေထိန်းသိမ်းတာဟာ အရေးပါတဲ့ အချက်တချက်ဖြစ်ပါတယ်။ အသားအရေကောင်းစွာ ထိန်းသိမ်းခြင်းဟာ နူးညံ့ချောမွတ်တဲ့ အသားအရေကို ပေးစွမ်းနိုင်ရုံသာမက အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါသေးတယ်။ ဒီဆောင်းပါးမှာ ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်ကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ အဆင့် ၁ : မျက်နှာအရေပြားကို သန့်စင်ပါ။ မျက်နှာသစ်ခြင်းဟာ အသားအရေထိန်းသိမ်းရာမှာ သင့်အနေနဲ့ လျစ်လျူမရှုသင့်တဲ့ ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။ မျက်နှာသစ်ခြင်းဟာ အညစ်အကြေး၊အဆီ၊အရေပြားဆဲလ်အသေတွေ နဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးတာမို့ ဝက်ခြံတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ မျက်နှာကို အလွန်အကျွံမသစ်သင့်ပါဘူး။ ပုံမှန်အားဖြင့် မနက်အိပ်ယာထတခါ နဲ့ ညအိပ်ယာမဝင်ခင် တခါ သစ်ရင် လုံလောက်ပြီ ဖြစ်ပါတယ်။ ပထမဆုံးသတိထားရမယ့် အချက်အနေနဲ့ ဝက်ခြံတွေကို ခဏခဏ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ သင့်လက်မှာ […]


ဝက်ခြံ

ဝက်ခြံကြောင့်ဖြစ်တဲ့ အမည်းစက်တွေကို ဘယ်လိုရင်ဆိုင်မလဲ

ဝက်ခြံ ဒါမှမဟုတ် အရေပြားမှာဖြစ်တဲ့ ဒဏ်ရာတွေကတဆင့် ကြွင်းကျန်ရစ်တဲ့ အမာရွတ်တွေ၊အမည်းစက်တွေဟာ ယေဘုယျအားဖြင့် အချိန်ကြာလာတာနဲ့အမျှ အလိုလို ပျောက်ကွယ်သွားလေ့ ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအမည်းစက်တွေ လုံးဝပျောက်ကွယ်သွားဖို့ နှစ်နဲ့ချီပြီးတော့လည်း ကြာတတ်ပြန်ပါတယ်။ ဓာတ်မတည့်ခြင်း ဒါမှမဟုတ် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမည်းစက်တွေကတော့ အလိုလိုပျောက်မသွားရုံသာမက အချိန်ကြာလာလေ ပိုလို့ဆိုးလာလေတောင် ဖြစ်သွားနိုင်ပါတယ်။ စိတ်ရှည်ပါ။ · ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းဖို့ အဓိကသော့ချက်က စိတ်ရှည်ဖို့ပဲ ဖြစ်ပါတယ်။ ဝက်ခြံဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာလို့ အမာရွတ်တွေထွက်လာပြီဆိုရင် အဆိုပါနေရာကို သွေးနဲ့အာဟာရတွေ ထောက်ပံ့ပေးဖို့အတွက် သွေးကြောအသစ်တွေ ရောက်ရှိလို့ လာပါပြီ။ ဒါကြောင့် ဖြစ်ခါစ အမာရွတ်အများစုဟာ ပန်းရောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ · လအနည်းငယ်ကြာတဲ့အခါ collagen (ကော်လဂျင်) ဓာတ်တွေ စတင်ဖြစ်ပေါ်လာပြီး အမာရွတ်ဖြစ်နေတဲ့ နေရာမှာ စုပုံလို့ လာပါတယ်။ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ်

သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ကောင်းကောင်းဂရုမစိုက်ဖူးဆိုရင် သင့်ဝက်ခြံဟာ နောက်ဆက်တွဲ ပြဿနာများစွာကို သယ်ဆောင်လာနိုင်ပါတယ်။ သင့်ဝက်ခြံဟာ အမာရွတ်ဖြစ်သွားနိုင်ပြီး နေလောင်ဒါဏ်ခံရရင် ပိုဆိုးလာနိုင်ပါတယ်။ ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ် ဆိုတာ လူနာအများအပြား ကြုံတွေ့ရလေ့ရှိတဲ့ အရေပြားပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေ ဘာလို့ဖြစ်ရတာလဲ ဆိုတာရယ်၊ဒီပြဿနာတွေက သင့်အသားအရေကို ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာရယ်ကို သိထားမယ်ဆိုရင် သင့်အနေနဲ့ သူတို့ကို မှန်ကန်ထိရောက်စွာ ကုသနိုင်မှာပဲ ဖြစ်ပါတယ်။   ဝက်ခြံအမာရွတ်တွေနဲ့ နေလောင်ဒဏ်အကြောင်း သိကောင်းစရာများ နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံတွေ ပျောက်သွားတဲ့အခါ ဝက်ခြံအမာရွတ်တွေ ဖြစ်လာပါတယ်။ အဆီတွေ၊အရေပြားဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ ဝက်ခြံတွေ ဖြစ်တာဟာ အရေပြားကို ထိခိုက်စေတာမို့ သင့်ခန္ဓါကိုယ်က ဒါကိုပြန်ပြင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလို ပြန်ပြင်လိုက်တဲ့အတွက် အမာရွတ်တစ်ရှူးတွေ ပေါ်ပေါက်လာပြီး သင့်ရဲ့မူလအရေပြားတစ်ရှူးနဲ့ တူမှာမဟုတ်တော့ဘဲ ဝက်ခြံအမာရွတ်တွေ […]


ဝက်ခြံ

ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဘယ်လို ဖယ်ရှားမလဲ

ဝက်ခြံအမာရွတ်များသည် ဝက်ခြံဖြစ်ပြီးနှစ်ပေါင်းများစွာ အထိကျန်ရှိနေနိုင်ပါသည်။ ထိုအခါ မိမိကိုယ်ကို ယုံကည်ကြည်မှုကျဆင်းခြင်းနှင့် စိတ်အားငယ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ သို့သော် သင့်တော်သောကုသမှုများခံယူပါက သင့်ကိုချက်ချင်း ပျောက်ကင်းသွားစေနိုင်သလို အမာရွတ်များ သေးငယ်သွားအောင်ကူညီပေးနိုင်ပါသည်။   ၁။ ဓါတုဗေဒနည်းဖြင့် ချေးချွတ်ခြင်း ၎င်းသည် အမာရွတ်ဖြစ်နေသော အရေပြားအပါ်လွှာကိုဖျက်ဆီးပစ်လိုက်ပြီး အရေပြားအသစ်ပွားလာစေရန် ဓါတုဗေပစ္စည်းတမျိုးအသုံးပြုခြင်းဖြစ်သည်။ အသက်ကြီး၍အရေပြားပျက်စီးလာခြင်း၊ ချိုင့်ခွက်များရှိခြင်းနှင့် ဝက်ခြံအမာရွတ်များအတွက် ထိုနည်းကိုအသုံးပြုနိုင်သည်။ အသုံးပြုသော ဓါတုပစ္စည်းများမှာအောက်ပါအတိုင်းဖြစ်သည်။ Glycolic အက်ဆစ် - ၎င်းသည်အသီးများနှင့် နို့မှရရှိသော Alpha hydroxyl acid အမျိုးအစားဖြစ်ပြီး အရေပြားအပေါ်ယံလွှာကိုပါးသွားစေပြီး အမာရွတ်ကိုဖျော့သွားစေသည်။ အချို့သူများတွင် ဓါတ်မတည့်မှုအနည်းငယ်ကိုတွေ့ရသော်လည်း ကြီးမားသောဆိုးကျိုးများတွေ့ရလေ့မရှိပါ။ Jessner’s အရည် - ၎င်းသည် Salicylic acid, resorcinol နှင့် lactic acid တို့ပေါင်းစပ်ထားသော အရည်တမျိုးဖြစ်ပြီး ရောဂါပိုးဝင်နေသောဝက်ခြံနေရာကိုသာလျှင်လိမ်းပေးရသည်။ အနာကျက်ရန် ၆ လတာမျှကြာမြင့်သည်။ Trichloroaceetic […]


ဝက်ခြံ

ဆယ်ကျော်သက်များတွင် ပေါက်သော ဝက်ခြံအကြောင်းသိကောင်းစရာ

မြီးကောင်ပေါက်အချိန်တွင် ဝက်ခြံကြောင့် ပြသနာများစွာရှိတတ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်အရွယ်တွင် ပုံမှန်ဖြစ်သော ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ခြင်းဖြစ်သည်။ အထူးသဖြင့် ယောကျာ်းလေးများတွင် ဖြစ်တတ်ပြီး အသက် ၂၀ ျော်လျှင် ပြန်ပျောက်တတ်သွားတတ်သည်။ သို့သော် အမာရွတ်များကျန်ခဲ့တတ်သည်။ ဝက်ခြံကို အရေပြားဆရာဝန်များက ကုသကြပါသည်။ ဝက်ခြံကုရာတွင် ဝက်ခြံပျောက်ရန်နှင့် ထပ်မဖြစ်စေရန် ၂မျိုးရည်ရွယ်ပါသည်။ ဆယ်ကျော်သက်များသည် အောက်ပါသတိထားရမည့် အချက်များဖြင့် မိမိ အရေပြားကိုဂရုစိုက်သင့်သည်။ ၁။ နေ့စဉ် ဂရုစိုက်မှု · သင့်တော်သော မျက်နှာသစ်ဆေးဖြင့် တနေ့၂ ကြိမ် မျက်နှာသစ်ပါ။ အဆီများသော အသားရေပိုင်ရှင်များသည် သူတို့အတွက်အထူးထုတ်လုပ်ထားသော မျက်နှာသစ်ဆေးများကိုသုံးရမည်။ ဝက်ခြံကိုပြန့်မသွားစေရန် ညင်သာစွာပွတ်သစ်ရန် လိုအပ်သည်။ · မျက်နှာသစ်ပြီးပြီးချင်း အစိုဓါတ်ထိန်းခရင်မ်လိမ်းပေးခြင်းသည် အရေပြားကိုအားပြည့်စေပြီး ရေဓါတ်ကို ဖြည့်ပေးနိုင်သည်။ ကျန်းမာသောအရေပြားသည် ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်ပြီး အသားရေတင်းရင်းစေသော ကော်လဂျင်ဓါတ်ကိုပိုများပြားစေသည်။ · အစိုဓါတ်ထိန်းခရင်မ်လိမ်းပြီး ဝက်ခြံပေါ်တွင်ဆေးလိမ်းပေးပါက ဝက်ခြံကိုသက်သာစေပြီး ဘေးတဝိုက်တွင် ထပ်မဖြစ်လာစေရန် […]


ဝက်ခြံ

မိတ်ကပ်သုံးစွဲမှုသည် ဝက်ခြံကုသမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသလား

မကြာသေးမီက လေ့လာချက်များအရ ဘရာဇီးနိုင်ငံမှအမျိုးသမီးများ၏ ၄၅%သည် အလှကုန်ပစ္စည်းများကြောင့် အရေပြားရောဂါများ ခံစားနေကြရပြီး ၁၄% ခန့်သည် အလှကုန်ပစ္စည်းသုံး၍ဖြစ်သော ဝက်ခြံကြောင့်အရေပြားပျက်စီးမှုများဖြစ်နေသည်ကိုတွေ့ရသည်။ မိတ်ကပ်ပစ္စည်းများသုံးခြင်းသည် ဝက်ခြံကိုဖြစ်စေသည်။ သို့သော် ၎င်းတို့ကိုရှောင်ကြဉ်ခြင်းဖြင့်လည်း အသားရေပျက်စီးမှုကို လျှော့ချနိုင်ပါသည်။ အများစုက အလှကုန်ပစ္စည်းများသည် ဝက်ခြံပေါက်စေနိုင်ကြောင်းလက်ခံထားကြသည်။ အောက်ပါအချက်များသည် သင့်အရေပြားကို ထိန်းသိမ်းနိုင်ရန်ကူညီပေးလိမ့်မည်။ မိတ်ကပ်လိမ်းလျှင် ဝက်ခြံပေါက်ရခြင်းအကြောင်းရင်းများ အဓိကကြောင်းရင်းသည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းအချို့တွင်ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် မွေးညင်းပေါက်များကိုပိတ်စေကာ ထိုအပေါက်များထဲမှ အဆီနှင့် အရေပြားဆဲလ်အသေများကိုမစွန့်ထုတ်နိုင်သောကြောင့် ဝက်ခြံပိုဖြစ်လာရခြင်းဖြစ်သည်။ မွေးညင်းပေါက်များ ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများသည် အရေပြားလွှာထဲတွင်ခိုအောင်းကာ ရောင်ရမ်းမှုကိုဖြစ်စေသည်။ အချို့သော မိတ်ကပ်များသည် ဂျုံမှရသော ဆီတစ်မျိုး၊ အနီရောင်ရေမှော် ၊ ရေညှိနှင့် Sodium chloride / potassium Chloride တို့ပါဝင်ပြီး ၎င်းတို့သည် မွေးညင်းပေါက်ပိတ်ခြင်းနှင့် အရေပြားဓာတ်မတည့်မှုဖြစ်ကာရောင်ရမ်းခြင်းတို့ဖြစ်စေကာ ဝက်ခြံပိုပေါက်စေပါသည်။ မိတ်ကပ်ကြောင့်ဖြစ်သော ဝက်ခြံများကို […]


ဝက်ခြံ

အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော ဝက်ခြံအမာရွတ်များပျောက်ကင်းစေရန် ထိရောက်သောနည်းလမ်းများ

အလယ်လတ်နှင့် ပြင်းထန်အဆင့်ရှိ ဝက်ခြံများသည် အမာရွတ်များထင်ကျန်ခဲ့တတ်ကြသည်။ ဠင်းတို့ကို ဝက်ခြံချိုင့်ခွက်များဟုခေါ်သည်။ ဝက်ခြံပေါက်သောနေရာမှအရေပြား ပျက်စီးသွားခြင်းကြောင့် ထိုချိုင့်ခွက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၎င်းတို့သည် အမြင်ဆိုးသော်လည်း ကုသ၍ရနိုင်ကြောင်း အမေရိကန်နိုင်ငံမှ အရေပြားဆရာဝန်များကဆိုထားသည်။ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများစွာရှိပါသည်။ အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်များမှလွဲ၍ အခြားဖုထစ်နေသောအမာရွတ်များကို ဆိုးကျိုးမရှိဘဲဖယ်ရှားနိုင်ပါသည်။ လူတဦးနှင့် တဦးကုသမှုပုံစံခြင်းမတူညီပါ။ အမျိုးမျိုးသော နည်းလမ်းများဖြင့် အရွယ်ရောက်ပြီးသောလူများ၏ ဝက်ခြံအမာရွတ်များကို ကုသနိုင်ပါသည်။   အရေပြားဆရာဝန်များမှ ထောက်ခံထားသော ကုသမှုများ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများရရှိရန် ဆရာဝန်နှင့် ပထမဦးစွာတိုင်ပင်သင့်ပါသည်။ ထိုအခါ ဆရာဝန်က သင့် အရေပြားနှင့် အမာရွတ်ပုံစံကိုသေချာစွာ သ်ရှိနိုင်ပေလိမ့်မည်။ သင့်ကိုဝက်ခြံပြသနာနှင့် ပက်သက်၍ခံစားရပုံနှင့် ဖြစ်စဉ်အချို့ကိုမေးမြန်းနိုင်သည်။ ဆရာဝန်နှင့် သွားမပြမီ သင်သည် ဘာကြောင့်ဝက်ခြံကိုကုဖို့လိုအပ်တယ်ထင်လဲ။ ဝက်ခြံကုပြီးရင် သင့်အသားအရေကို ဘယ်အတိုင်းအတာအထိကောင်းဖို့မျှော်လင့်ထားသလဲ။ သင်သည် ကုသမှုနှင့် ပက်သက်ပြီး ပိုက်ဆံဘယ်လောက်အသုံးပြုမလဲ။ စသဖြင့် ကြိုစဉ်းစားထားပါ။ အထက်ပါ အချက်များအပေါ်မူတည်ပြီး သင့်အရေပြားဆရာဝန်က […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားများအတွက် အသားရေကိုထိန်းသိမ်းရန် လမ်းညွှန်ချက်များ

ယခုခေတ်တွင် အမျိုးသားများသည်လည်း မျက်နှာ အသားအရေထိန်းသိမ်းရန် လိုအပ်လာကြပါသည်။ အမှန်ဆိုရလျှင် အမျိုးသားအများစုသည် သူတို့၏ အသားအရေနှင့် ပက်သက်ပြီး အလေးအနက်ထားလာကြသည်ကို တွေ့ရသည်။ အောက်ပါတို့သည် အမျိုးသားများ၏ မျက်နှာ အရေပြားထိန်းသိမ်းမှုနှင့် ပက်သက်သော ရှာဖွေတွေ့ရှိမှုအချို့ဖြစ်ပါသည်။ အောက်ပါတို့သည် သင့်အတွက် လွယ်ကူ လျှင်မြန်သော နည်းလမ်းအချို့ဖြစ်ပါသည်။   အသားရေထိန်းသိမ်းသော ပစ္စည်းရွေးချယ်ခြင်း · ကိုယ်တိုက်ဆပ်ပြာနှင့် လက်ဆေးဆပ်ပြာများဝယ်လျှင် အစိုဓါတ်ထိန်းပစ္စည်းပါသော အမျိုးအစားကို ရွေးချယ်ပါ်။ · မျက်နှာအတွက် နေရောင်ကိုကာပေးသော ပစ္စည်းပါသည့် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။ · နေရောင်ကိုကာပေးသောခရင်မ်ကို SPF 15 နှင့် အထက်ကိုသာ အမြဲရွေးချယ်သုံးစွဲပါ။ · သင်သည် အသားရေခြောက်သူတဦးဖြစ်လျှင်ကိုယ်တွင်လိမ်းရန် နွေရာသီတွင် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။ · အသားရေအလွန်ခြောက်သူများ အတွက် ပိုစေးပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးက ပိုကောင်းပါသည်။ · ဆောင်းရာသီတွင် ပိုပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးကို ရွေးချယ်ပါ။   ဆပ်ပြာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း