အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Alkanna (အဲလ်ကန်နာ)

အသုံးပြုပုံများအဲလ်ကန်နာ ကို ဘာအတွက်အသုံးပြုကြသလဲ Alkanna ဟာ အပင်တစ်မျိုးဖြစ်ပြီး ဝမ်းလျှောခြင်းနဲ့ အစာအိမ် အနာဖြစ်ခြင်းတွေ အတွက် အသုံးပြုနိုင်ပါတယ်။ သူ့ကို အနာကျက်ဖို့နဲ့ အရေပြားရောဂါတွေကို ကုသဖို့ အရေပြားပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပါတယ်။ Alkanna ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Alkanna ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Alkanna မှာ ပါတဲ့ ဓါတုပစ္စည်းတွေဟာ antioxdiants အစွမ်းရှိပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအဲလ်ကန်နာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ […]


အခြားအရေပြားပြဿနာများ

Skin Aging (အရေပြားအိုမင်းခြင်း)

Skin Aging ဆိုတာဘာလဲ။ အရေပြားကျန်းမာရေးကို အချက်အတော်များများက သက်ရောက်မှု ရှိပါတယ်။ အသက်ကြီးခြင်း၊ နေထိခြင်း၊ ရာသီဥတု ဆိုးရွားခြင်း၊ အကျင့်ဆိုးများပဲဖြစ်ပါတယ်။ ရာသီဥတုနဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်လို့ မရပေမယ့် သင်ပြောင်းလဲနိုင်တဲ့ အရာတွေရှိပါတယ်။ သင့်လူမှုနေထိုင်မှု ဘဝပုံစံ၊ အစားအသောက်၊ မျိုးရိုးဗီဇနဲ့ အခြား အကျင့်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေအကုန်လုံးက ဆဲလ်ပျက်စီးမှုကို ဖြစ်စေပြီး အရွယ်မတိုင်မီ အရေးအကြောင်းပေါ်ခြင်းနဲ့ အသက်ကြီးလို့ အစက်အပြောက်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အခြားအရေပြား အိုမင်းခြင်းကို ဖြစ်စေတဲ့အချက်တွေကတော့ စိတ်ဖိစီးခြင်း၊ ဆွဲငင်အား၊ နေ့စဉ် မျက်နှာလုပ်ရှားမှု၊ အဝလွန်ခြင်းနဲ့ အိပ်တဲ့ ပုံစံတွေပဲဖြစ်ပါတယ်။   Skin Aging ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အရေပြားအိုမင်းခြင်းဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုခေတ်မှာ ညစ်ညမ်းမှုတွေများလာတာကြောင့် အရေပြားအိုမင်းခြင်းဟာ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုမို လျင်မြန်စွာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Dyshidrosis (နှင်းခူစို)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dyshidrosis (နှင်းခူစို) ကဘာလဲ။ နှင်းခူစိုသည်လက်ဖဝါး ခြေဖဝါးများပေါ်တွင်အရည်ကြည်ဖုလေးများပေါက်သော အရေပြားရောင်ရမ်းမှုဖြစ်စဉ် တမျိုးဖြစ်ပါသည်။ ထိုအရည်ကြည်ဖုလေးများသည် ၁-၂ မီလီမီတာရှိပြီး ၃ပတ်အကြာတွင် အနာကျက်သွားပါသည်။ အနာကျက်ပြီးနောက်နီရဲနေခြင်းမျိုးမရှိသော်လည်း ပြန်ဖြစ်နိုင်ချေရှိပါသည်။ မကြာခဏ ပြန်ဖြစ်သောအခါ အရေပြားအက်ကွဲကြောင်းများဖြစ်ခြင်း၊ ထူပြင်းလာခြင်းတို့ဖြစ်နိုင်ပါသည်။ Dyshidrosis (နှင်းခူစို) က ဘယ်လောက်အဖြစ်များသလဲ နှင်းခူစိုသည် လက်အရေပြားရောင်ရမ်းသော ရောဂါများတွင် တတိယအဖြစ်များဆုံးရောဂါဖြစ်ပြီး အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆပို အဖြစ်များကြောင်းတွေ့ရသည်။ နှင်းခူစိုဖြစ်သော သူတဝက်ခန့်သည် အရေပြားဓါတ်မတည့်ခြင်းကြောင့် ယားယံခြင်းများနှင့် တွဲလေ့ရှိကြောင်းလည်းတွေ့ရသည်။၎င်းသည်လည်း အတွေ့ရများသော နှင်းခူမျိုးပင်ဖြစ်ပါသည်။ သို့သော်နှင်းခူသည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများDyshidrosis (နှင်းခူစို) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့သော အရည်ကြည်ဖုများကို အောက်ပါအတိုင်းတွေ့ရသည်။ ၃မီလီမီတာထက်သေးသော အဖုများ သည်လက်ချောင်းခြေချောင်းများ၏ ထိပ်၊ ဘေး နှင့် လက်ဖဝါး၊ ခြေဖဝါးများတွင်တွေ့ရသည်။ အရည်နောက်ပြီး အရေပြားထဲနက်သော အဖုများ သည်အသားနှင့် တပြေးတည်း သိုကမဟုတ် အနည်းငယ်သာကြွတက်နေခြင်းကြောင့် အလွယ်တကူပေါက်သွားခြင်းမျိုးမရှိပေ။ […]


ဝက်ခြံ

Blackheads (ဆားဝက်ခြံ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blackheads (ဆားဝက်ခြံ) ကဘာလဲ။ ဆားဝက်ခြံတွေဆိုတာဟာ open comedo လို့ခေါ်တဲ့ အရေပြားပေါ်မှ မွေးညင်းပေါက်တွေ ပိတ်နေသောကြောင့် ဆူထွက်နေသော အဖုလေးတွေပါ။ ဘက်တီးရီးယားတွေ ဆဲလ်သေတွေ အဆီတွေနဲ့ ပိတ်နေတဲ့ အခါမှာ ဖြစ်ပွားတတ်ပါတယ်။ ဖုန်မှုန့်တွေနဲ့ ပိတ်နေတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ အဆီနဲ့ ဘက်တီးရီးယားတွေနဲ့ ပိတ်ပြီး လေနဲ့ထိတဲ့အခါမှာ အနက်ရောင်ပြောင်းသွားတာပါ။ Closed comedo လို့ခေါ်တဲ့ ပြည်တည်ဖုတွေနဲ့ ကွဲပြားခြားနားပါတယ်။ ဆားဝက်ခြံတွေဟာ ဝက်ခြံတွေရဲ့ အဖြစ်များတဲ့ လက္ခဏာဖြစ်ပြီး များသောအားဖြင့် မျက်နှာပေါ်မှာ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံ ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ လက်နဲ့ ပခုံးပေါ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ Blackheads (ဆားဝက်ခြံ) က ဘယ်လောက်အဖြစ်များသလဲ ဆားဝက်ခြံတွေက ဝက်ခြံပေါက်တဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။ မိန်းမတွေက ယောက်ျားတွေထက်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဝက်ခြံအပေါက်များတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ […]


အခြားအရေပြားပြဿနာများ

Callous (အသားမာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Callous (အသားမာများ) ကဘာလဲ။ အသားမာဆွေဆိုတာ သင့်ရဲ့အရေပြားဟာ ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကိုကာကွယ်ရင်း အရေပြားဟာ မာပြီး ထူလာခြင်းဖြစ်ပါတယ် ။ အများအားဖြင့် ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့လက်ချောင်းတွေမှာအဖြစ်များပါတယ် ။ Callous (အသားမာများ) က ဘယ်လောက်အဖြစ်များသလဲ ဒီလိုအသားမာတွေဟာ အဖြစ်များကြပါတယ် ။ အသက်အရွယ်တိုင်းလည်းဖြစ်နိုင်ပါတယ် ။ အန္တာရာယ်ရှိသည်များကို လျှော့ချရင်း အသားမာများကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်ထပ်ပြီး သိရဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် လက္ခဏာများCallous (အသားမာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ အသားမာတွေဟာ ထိရုံ ၊မြင်ရုံနဲ့သိနိုင်ပါတယ် ။ အောက်ဖော်ပြပါ လက္ခဏာတွေနဲ့စမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ အဖြစ်အများဆုံးလက္ခဏာတွေကတော့….. – အရေပြားဟာ ထူပြီး ကြမ်းနေခြင်း ၊ – မာပြီးတော့ ခုံးနေခြင်း ၊ – အရေပြားရဲ့အောက်မှာတင်းမာမှု သို့ နာကျင်မှုခံစားရခြင်း ၊ – အရေပြားဟာ အပေါက်ကလေးများဖြစ်နေ၍ ခြောက်သွေ့နေခြင်း ။ အသားမာတွေဟာ များသောအားဖြင့် မနာကျင်ကြပါဘူး […]


အခြားအရေပြားပြဿနာများ

အတွင်းပြန်ပေါက်မွှေးကို နှုတ်ဆက်ဖို့ နည်းလမ်း ၆ မျိုး

အတွင်းဘက်ကို ပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ အရေပြားပေါ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အဖုတွေအဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီအဖုတွေဟာ ဝက်ခြံတွေနဲ့တူနိုင်ပြီး အတွင်းမှာ ပြည်တွေလည်းရှိတတ်ပါတယ်။ ဒီအဖုတွေဟာ ကောက်ကွေးနေတဲ့အမွေးတွေဖြစ်ပြီး အရေပြားအပြင်ကိုထွက်လာရမယ့်အစား အမြစ်ရှိရာအရေပြားအလွှာထဲ တိုးဝင်သွားပါတယ်။ လိမ်ကောက်နေတဲ့ အမွေးတွေ ဆံပင်တွေရှိတဲ့သူတွေဆီမှာ အဖြစ်များပါတယ်။ အတွင်းဘက်ကိုပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး အများအားဖြင့်တော့ အင်္ဂါဇာတ်တွေမှာဖြစ်လေ့ရှိပါတယ်။   အတွင်းဘက်ကိုပေါက်နေတဲ့ အမွေး (ingrown hair)တွေကို ဘာတွေကဖြစ်စေတာလဲ။ သင်က အများအားဖြင့် ဖယောင်းနဲ့အမွေးနှုတ်ခြင်း၊ ရိတ်ခြင်း၊ နှုတ်ခြင်းတွေလုပ်လေ့ရှိတယ်ဆိုရင် အမွေးမြုံ တွေဖြစ်လာနိုင်ချေပိုများပါတယ်။ အမွေးအမျှင်ဖယ်ရှားခြင်းနည်းလမ်းထဲက ဘယ်နည်းလမ်းကိုပဲသုံးသည်ဖြစ်စေ အမွေးကတော့ဖြည်းဖြည်းချင်းပြန်ပေါက်လာမှာပါပဲ။ အမွေးအများစုပြန်ထွက်လာတဲ့အခါ ပြဿနာမရှိနိုင်ပေမယ့် အမွေးတိုတာတွေ သို့မဟုတ် ကောက်နေတဲ့အမွေးတွေအတွက်ကတော့ အမွေးတွေဟာ အတွင်းဘက်ကိုပြန်ပြီးကောက်ဝင်ကာ အသားထဲပြန်ဝင်သွားနိုင်ပါတယ်။ ဒါကို ingrown hair လို့ခေါ်ပါတယ်။ အမွေးဟာ အတွင်းဘက်ကိုပြန်ဝင်ပြီးရှည်လာတဲ့အခါမှာ ခန္ဓါကိုယ်ကသူ့ကို ပြင်ပအရာဝတ္ထု […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အရေပြားနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲံ ဗီတာမင်ဒီ

ဗီတာမင် ဒီက အရိုးနဲ့ အရပ်အမြင့်အတွက်သာ အသုံးဝင်တယ်လို့ အချိန်အတော်ကြာအောင် သိထားခဲ့ပါတယ်။ လူတိုင်းက ကြီးထွားမှု ဖြစ်စဉ်မှာ ဗီတာမင် ဒီ လုံလောက်စွာ မရှိခဲ့ရင် အရပ်ပုလိမ့်မယ်လို့ပဲ သိထားကြပါတယ်။ သို့သော်လည်း သုတေသနများစွာက ဗီတာမင် ဒီ ဟာ သင့်အသားအရည်နဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူပြုတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့တာဟာ အရိုးကြီးထွားမှုကိုပဲ နှောင့်နှေးစေတာ မဟုတ်ပါဘူး။ သင့်အသားအရည်နဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေပါတယ်။ ဗီတာမင် ဒီနဲ့ သင့်အသားအရည် ဗီတာမင် ဒီကို လုံလောက်စွာ စားသုံးပေးခြင်းဖြင့် ဝက်ခြံပေါက်ခြင်းကို လျော့နည်းစေပြီး ကော်လာဂျင်ဓါတ် (အရေပြား တင်းရင်းစေသော ဓါတ်) ထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါကြောင့် အသားအရည် တင်းရင်းမှုနဲ့ အသားရောင် ညီမျှမှုကို […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ကပ် ဘယ်လို မှန်ကန်စွာဖျက်မလဲ

skin care လုပ်ရာမှာ တိုနာတို့ အစိုဓါတ်ထိန်းခရင်မ်တို့ နေလောင်ခံလိမ်းဆေးတို့ သုံးတာအပြင် မိတ်ကပ်သေချာဖျက်ဖို့လည်း အရေးကြီးပါတယ်။ မိတ်ကပ်ကို အကြာကြီးလိမ်းထားရင် အသားအရည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် cosmetic တွေ မျက်နှာပေါ်ကရှင်းလင်းနေမှ သက်တောင့်သက်သာရှိစေပြီး စိတ်ဖိအားတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ မိတ်ကပ်ဖျက်ရာမှာ အကျိုးရှိပြီး စိတ်ချရတဲ့နည်းလမ်းတွေရှိပါတယ်။ မိတ်ကပ်ကို သဘာဝကျကျ ဖယ်ရှားပေးဖို့အကောင်းဆုံးနည်းလမ်းတစ်ချို့ရှိပါတယ်။   ၁။ baby wipe ပုံမှန်မိတ်ကပ်ဖျက်ဆေးအများစုဟာ အသားအရည်ကို ခြောက်သွေ့စေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက်ထုတ်ထားတဲ့ baby wipe လေးတွေကို ရွေးချယ်အသုံးပြုပါ။ သူက အသားအရည်နူးညံ့စေပါတယ်။   ၂။ အုန်းဆီ အုန်းဆီကလည်း မိတ်ကပ်ဖျက်ဖို့ အကောင်းဆုံးအကြံတစ်ခုပါ။ ဖျက်ရခက်တဲ့ မိတ်ကပ်တွေနဲ့ ရေစိုခံမိတ်ကပ်တွေကိုတောင်မှ လွယ်လွယ်ကူကူဖျက်နိုင်ပါတယ်။ အစိုဓါတ်ကိုလည်းကောင်းစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ အုန်းဆီကို ဝါဂွမ်းနဲ့ပဲဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် အသုံးပြုနိုင်ပြီး မျက်နှာကို ဆပ်ပြာ သို့မဟုတ် မျက်နှာသစ်ဆေးနဲ့ ထပ်မံဆေးကြောလိုက်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ

တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ တက်တူးဆိုတာက ခန္ဓါကိုယ်ပေါ်မှာ မင်ရည်နဲ့အပ်ကိုအသုံးပြုပြီး အရေပြားအလယ်လွှာထဲထိရောက်အောင် ထိုးသွင်းတဲ့ဖန်တီးမှုအနုပညာတစ်ရပ်ပါ။ တက်တူးထိုးတာက အခုခေတ်မှာလူငယ်တွေအကြားရေပန်စား လာနေတဲ့ ဝါသနာတစ်ခုလည်းဖြစ်ပါတယ်။ အလှအပပိုင်းမှာအသုံးပြုနေတဲ့ Permanent makeup ဆိုတာကလည်းတက်တူး ထိုးမှုတစ်ရပ်ပါပဲ။ မပျက်တဲ့မင်တွေကို မျက်လုံးလိုင်နာ(eye liner)၊ နှုတ်ခမ်းလိုင်နာ (lip liner) ၊ မျက်ခုံးမွှေးဆွဲတံတွေနဲ့ အခြားအလှပြင်ပစ္စည်းတွေ မှာပါထည့်သွင်းအသုံးပြုလာနေကြပါတယ်။ တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှုရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။   အဆိပ်ဖြစ်တဲ့မင် - တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ သြစတြေးလျအစိုးရက ထောက်ပံ့ပေးထားတဲ့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓါတုပစ္စည်းက ၈၃ ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။ တက်တူးမင်တွေက […]


ဝက်ခြံ

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား

ဝက်ခြံပေါက်ခြင်းသည် သေစေလောက်သော ပြဿနာ မဟုတ်သော်လည်း ဝက်ခြံပေါက်ပြီးကျန်ခဲ့သော အမာရွတ်များသည် သင့် ရုပ်ရည်ကိုထိခိုက်စေသည်။ ထိုအမာရွတ်များကို ကုသရန် အိမ်တွင်းကုထုံးများဖြင့်သော်လည်းကောင်း အရေပြားဆရာဝန်ကိုသွားပြခြင်းဖြင့်သော်လည်းကောင်းကုသနိုင်သည်။   အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား။ ဝက်ခြံပေါက်ပြီးလျှင် အမာရွတ်များကျန်ခဲ့တတ်သည်။ ဝက်ခြံကို နောက်ဆက်တွဲဆိုးကျိုးများမရှိအောင် ကုနိုင်သော်လည်း အမာရွတ်များကိုမူ အပြီးပျောက်ရန်ကုဖို့ရာ မလွယ်ပါ။ ဝက်ခြံပေါက်လျှင် ရက်သတ္တပတ် အနည်းငယ်သာကြာမြင့်သော်လည်း ဝက်ခြံအမာရွတ်များသည် တသက်လုံးမပျောက်ဘဲရှိနေတတ်သည်။ သို့သော် သင့်တွင် ဝက်ခြံအမာရွတ်များရှိနေပါက မစိုးရိမ်ပါနှင့်။ ယခုခေတ်တွင် ကုသနိုင်သော ဝက်ခြံအမာရွတ်များ၏ အရောင်နှင့် ပုံစံကို ပြောင်းလဲနိုင်သောနည်းလမ်းများစွာရှိပါသည်။ သင်အသုံးပြုနေသော မိတ်ကပ်ဖြင့်လည်း သင့် အမာရွတ်ကိုမမြင်ရအောင်ဖုံးနိုင်ပါသည်။   ဝက်ခြံအမာရွတ်အတွက် ကုသမှုများ ယင်းကုသမှုများသည် အောက်ဖော်ပြပါ အချက်များအပေါ်မူတည်ပြီး လူတဦးနှင့် တဦး ကွဲပြားနိုင်သည်။ အသက် ကျန်းမာရေးအခြေအနေ ယခင် ဆေးမှတ်တမ်း ဝက်ခြံအမာရွတ်အမျိုးအစား […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း